Football Score
ဘောလုံးပွဲများတိုက်ရိုက်ကြည့်မယ်ဆို Page Follow လုပ်ခဲ့နော်
03/09/2026
မန်ချက်စတာယူနိုက်တက် ဂန္ဓဝင်ကစားသမား ၄ ဦး ရန်ကုန်မြို့ကို လာမယ်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားများဖြစ်ကြတဲ့ ပက်ထရစ် အီဗရာ၊ ဒီမီတာ ဘာဘာတော့ဗ် ၊ အန်ဒါဆန်နဲ့ ရိုင်းယန် ဂစ်တို့ဟာ လာမယ့် အောက်တိုဘာလအကုန်တွင် ရန်ကုန်မြို့ကို လာရောက်မည်ဖြစ်ကြောင်း သိရပါတယ်။
သရဲနီ ဂန္ဓဝင် ကစားသမား ၄ ဦး ပါဝင်မယ့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဖန်တွေအတွက်တော့ ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါဘဲ ရရှိမယ့် အခွင့်အရေးတစ်ခုအဖြစ် ရှိနေပါတယ်။
01/09/2026
မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘ၀ အောင်မြင်မှုများ 🇦🇷
🏆 ကမ္ဘာ့ဖလား
🏆 ကိုပါအမေရိကဖလား ၂ ကြိမ်
🏆 ဖိုင်နယ်လစ္စမာ
🥇 အိုလံပစ်ရွှေတံဆိပ်
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး လက်ရွေးစင်ကစားသမားဘဝ ဖြတ်သန်းမှုတွေထဲကတစ်ခုပါပဲ။ 🐐🏆
01/09/2026
ထရာဇွန်စပေါ်အသင်းရှုံးပြန်ပါပြီ ။ ဒါက ထူးဆန်းတာတော့မဟုတ်ပါဘူး ၊ ထရာဇွန်စပေါ်ကို ရွေးချယ်ခဲ့တဲ့ မိုဆာလာကမှ ထူးဆန်းတာပါ ။ အခုညပွဲမှာလည်း မိုဆာလာ ဂိုးသွင်းခဲ့ပါတယ် ၊ ဒါပေမယ့် ထရာဇွန်စပေါ်ကတော့ ရှုံးခဲ့တာပါ ။
အခြားပွဲမှာတော့ ဘက်ဆစ်တပ်အသင်းက ၆ ဂိုးသွင်းပြီး ဗလာဟိုဗစ် ဟက်ထရစ်ရခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပွဲစဉ်ကို ရှုံးခဲ့တာကြောင့် အဆင့် ၁ ကိုတော့ မရယူထားနိုင်ပါဘူး ။ အဖွင့်ပွဲစဉ်ကို သရေကျခဲ့တဲ့ ဂါလာတာစာရေးအသင်းကပဲ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတာပါ ။ ဒါက တူရကီလိဂ်ရဲ့ တကယ့်အနေအထားပါပဲ ။
01/09/2026
ဘာစီလိုနာ
လာလီဂါ ကစားပွဲ - ၃ ပွဲ
နိုင်ပွဲ - ၃ ပွဲ
သွင်းဂိုး - ၁၂ ဂိုး
ပေးဂိုး - ၂ ဂိုး
ရီးရဲမက်ဒရစ်
လာလီဂါကစားပွဲ - ၃ ပွဲ
နိုင်ပွဲ - ၃ ပွဲ
သွင်းဂိုး - ၁၀ ဂိုး
ပေးဂိုး - ၂ ဂိုး
ဒီနှစ်သင်းကို ဘယ်သူတွေ ရပ်တန့်နိုင်မှာလဲ . . .
01/09/2026
အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲစဉ်တပွဲကို အနိုင်ကစားခဲ့ပါပြီ ။ အိုလီဝက်ကင်းစ်နဲ့ အီမီလ် မာတီနက်ဇ်တို့ မရှိတော့ပေမယ့် ဗီလာအသင်းဟာ အာဆင်နယ်ကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့တာပါ ။ အနိုင်ဂိုးကိုတော့ ဆာကာက သွင်းယူပေးခဲ့ပါတယ် ။ အခုဆိုရင် အာဆင်နယ်လည်း ၂ ပွဲကစား ၊ ၂ ပွဲနိုင် ၊ ပေးဂိုးမရှိတဲ့ ၆ မှတ်အပြည့်ရရှိထားခဲ့ပါပြီ ။
လာမယ့်ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ ။
01/09/2026
🚨🇦🇷 BREAKING NEWS: လီယွန်နယ်မက်ဆီက အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။
မက်ဆီက“ဗိုလ်လုပွဲ ပြီးကတည်းက အချိန်တွေ အတော်ကြာ ကုန်လွန်ခဲ့ပြီး သေချာ စဉ်းစားခဲ့ပြီးနောက်၊ ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူတော့မယ်ဆိုတာကို လူတိုင်းဆီ အသိပေးချင်ပါတယ်...
ဒါက ရင်ထဲမှာ အလွန် နာကျင်ခဲ့ရသလို အခုထိလည်း နာကျင်နေရဆဲ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမဲ့ အသင့်တော်ဆုံး အချိန်ပဲဆိုတာ ကျွန်တော် နားလည်ပါတယ်။
ကျွန်တော်တို့ အရာရာကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် မဟုတ်ဘဲ အဲဒီ မတိုင်ခင်ကတည်းက ကျွန်တော် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်လို့ သစ္စာဆိုရဲပါတယ်။ ခင်ဗျားတို့ဆီ ပျော်ရွှင်မှုတွေ ယူဆောင်ပေးဖို့နဲ့ ဘောလုံးကတစ်ဆင့် အာဂျင်တီးနား နိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူစေဖို့အတွက် ဒီဂျာစီ အင်္ကျီအတွက် ကျွန်တော် အမြဲတမ်း တိုက်ပွဲဝင်ခဲ့ပြီး အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။
အချိန်တွေ အများကြီး မကျန်တော့သလို၊ ကဏ္ဍ အသီးသီးဟာလည်း ပြီးဆုံးခြင်းဆီ ရောက်ရှိလာနေပါပြီ။ ဒါက ကျွန်တော့်ကို အလွန် နာကျင်စေတဲ့ အရာတစ်ခုပါ။ လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတာကို ကျွန်တော် ချစ်တယ်၊ ချစ်ခဲ့တယ်၊ နောင်လည်း အမြဲတမ်း ချစ်နေဦးမှာပါ။ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးပါပြီ၊ ထပ်ပြီး ပေးဆပ်စရာ ဘာမှ မကျန်တော့ပါဘူး။
ဒါ့အပြင် ဒီနေရာမှာ ပါဝင်ဖို့ ထိုက်တန်တဲ့ ထူးချွန်တဲ့ လူငယ် ကစားသမားတွေလည်း ထွက်ပေါ်လာနေပါပြီ။
ဒီ အနှစ် ၂၀ အတွင်း ချစ်ခြင်းမေတ္တာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကွင်းထဲကနေ ခင်ဗျားတို့ရဲ့ အသံတွေကို ကြားရတာကို ကျွန်တော် လွမ်းနေတော့မှာပါ။ အခုတော့ ကျွန်တော်ဟာ ခင်ဗျားတို့ထဲက တစ်ယောက် ဖြစ်လာမှာဖြစ်ပြီး အကောင်းဆုံး အချိန်တွေမှာရော၊ အထူးသဖြင့် ဆိုးရွားတဲ့ အချိန်တွေမှာပါ အပြင်ကနေ အမြဲတမ်း အားပေးနေပါတော့မယ်။
ဒအမြဲတမ်း ကျွန်တော့်ဘေးမှာ ရှိနေပေးခဲ့ပြီး လှပသော်လည်း ခက်ခဲတဲ့ ဒီခရီးစဉ်တစ်လျှောက် အတူရှိပေးခဲ့တဲ့ ကျွန်တော့်ရဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အတူတကွ ဖြတ်သန်းခွင့် ရခဲ့တဲ့ နည်းပြတိုင်း၊ အသင်းဖော်တိုင်းနဲ့ တာဝန်ရှိသူတိုင်းကို ကျေးဇူးတင်ပါတယ်။ မမေ့နိုင်စရာ အမှတ်တရတွေနဲ့ အခိုက်အတန့်တွေကို ကျွန်တော်နဲ့အတူ ယူဆောင်သွားပါမယ်။
ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့အတူ ကျွန်တော်တို့ တစ်ချိန်က အိမ်မက် မက်ခဲ့ဖူးတဲ့ အခိုက်အတန့်တွေကို ခင်ဗျားတို့ဆီ ပေးအပ်နိုင်ခဲ့တယ်ဆိုတာကို သိရှိရင်း အေးချမ်းမှု၊ ဂုဏ်ယူမှုတွေနဲ့အတူ ကျွန်တော် ထွက်ခွာသွားပါတယ်။ ခင်ဗျားတို့နဲ့အတူ ဒါတွေ အားလုံးကို အတူတကွ ဖြတ်သန်းခဲ့ရတာ တကယ့်ကို ရူးသွပ်စရာ ကောင်းခဲ့ပါတယ်။ ခင်ဗျားတို့ကို ချစ်ပါတယ်။
ကျွန်တော့်ကို အာဂျင်တီးနား နိုင်ငံသားတစ်ဦး ဖြစ်စေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
“Vamos Argentina!
ဒီစာသားတွေကို ဗိုလ်လုပွဲ ပြီးပြီးချင်း နှစ်ရက်အကြာ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျွန်တော် ရေးသားခဲ့တာပါ။ ဒီနေ့မှာတော့ ကျွန်တော့်အဖေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပြီးမှာ ဒီဆုံးဖြတ်ချက်အပေါ် အရင်ကထက်တောင် ပိုပြီး ခိုင်မာစွာ ယုံကြည်မိပါတယ်”လို့ ရေးသားထားခဲ့ပါတယ်။
31/08/2026
♦️ ဗီလာ 🆚 အာဆင်နယ်♦️(ယနေ့ည1:30)
တိုက်ရိုက် Live ကြည့်ရန် 👇👇👇
https://t.me/ibet789luckysports
31/08/2026
ကာရင် ဘန်ဇီးမားတယောက် အယ်လ်ဟီလေအသင်းကနေ ထွက်ခွာခဲ့ပါပြီ ။ အိုလီ ဝက်ကင်းစ်နဲ့ မာတင်နယ်လီတို့ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိအပြီးမှာတော့ ဒါဟာ သူထွက်ခွာရမယ့်အချိန်ဆိုတာကို ဘန်ဇီးမား ကောင်းကောင်းနားလည်ခဲ့ပါတယ် ။ ဒါကြောင့် ကလပ်အသင်းနဲ့ ၂ ဦး ၂ ဘက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်တာပါ ။
လက်ရှိမှာတော့ ၃၈ နှစ်ရှိနေပြီဖြစ်တဲ့ ၂၀၂၂ ရွှေဘောလုံးဆုရှင်ကြီးဟာ အနာဂါတ်အတွက် အချိန်ယူ စဉ်းစားနေပါတယ် ။ အသင်းတသင်းသင်းမှာ ဆက်ကစားမလား ၊ ဘောလုံးကစားတာကနေ အနားယူမလားဆိုတာကိုပေါ့ . . . ။ ဘန်ဇီးမားကို မြက်ခင်းစိမ်းတွေပေါ်မှာ ဆက်လက်မြင်တွေ့ချင်ကြသေးလားဗျာ ။
31/08/2026
ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းကတော့ မနှစ်တုန်းကလိုပဲ အသင်းကြီးတွေကို ယှဉ်ပြိုင်ကစားနိုင်စွမ်းရှိတယ်ဆိုတာကို နာပိုလီအသင်းကို အဝေးကွင်းမှာအနိုင်ကစားပြီး ပြသလိုက်ပါတယ် ။ ဒါဟာ သူတို့အသင်းအတွက် စီးရီးအေရာသီသစ်ရဲ့ ပထမဆုံးနိုင်ပွဲလည်း ဖြစ်လာခဲ့တာပါ ။ ကိုမိုအသင်းအတွက် ခရိုအေးရှားလူငယ်တောင်ပံကစားသမားလေး မာတင် ဘတ်တူရီနာ ပုံစံကောင်းပြသခဲ့ပြီး ၁ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးပေးသွားခဲ့ပါတယ် ။ နာပိုလီအတွက် သွင်းဂိုးကိုတော့ ဟွိုင်လန်းက သွင်းယူပေးသွားခဲ့တာပါ ။ လက်ရှိမှာတော့ ကိုမိုအသင်းဟာ ၂ ပွဲကစား ၊ ရမှတ် ၄ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ် ။
30/08/2026
မန်ယူကစားသမားဘဝ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက်ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်
ပထမဆုံးဟက်ထရစ်ကို ၂၀၂၁ ခုနှစ်တုန်းက လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းယူခဲ့တာပါ ။ အခုညကတော့ ဒုတိယအကြိမ်ဖြစ်စေခဲ့ပါတယ် ။ လက်ရှိမှာတော့ ဘရူနိုဟာ ပေါလ်စခိုးရဲ့ ဟက်ထရစ်အရေအတွက်နဲ့ တူညီသွားပြီး မန်ယူကွင်းလယ်လူတွေထဲမှာ ဟက်ထရစ်အများဆုံးသွင်းယူသူ ဖြစ်လာခဲ့ပါတယ် ။
Bravo!
Category
Website
Address
Yangon
05241
Alerts
Be the first to know and let us send you an email when Football Score posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.