Tea 'n Toast - Learning

Tea 'n Toast - Learning

Share

A supportive branch of Tea 'n Toast.

04/03/2026

ငြင်းတယ်ဆိုတာက "No" တစ်လုံးတည်းနဲ့တင် မပြီးဘူးနော်! ✨✋

ကိုယ်က မအားလို့ဖြစ်ဖြစ်၊ အစီအစဉ်တစ်ခုကို ယဉ်ယဉ်ကျေးကျေး ငြင်းချင်လို့ဖြစ်ဖြစ် "No" တစ်လုံးတည်းနဲ့ပဲ ပြောလိုက်ရင် တစ်ဖက်လူ စိတ်ခုသွားမလားဆိုပြီး အားနာတတ်ကြတယ်မလား။

တကယ့် Real World မှာ Native Speaker တွေ သုံးလေ့ရှိတဲ့ အင်္ဂလိပ်လို "အထှာကျကျ" ငြင်းဆိုနည်း (၃) မျိုးကို အတူတူ ကြည့်လိုက်ရအောင်။ 👇

1️⃣ "I'm a bit tied up right now." 🔗
(အခုလောလောဆယ် အလုပ်လေးတွေ နည်းနည်း လက်မလည်ဖြစ်နေလို့ပါ)
💡 Usage: "Busy" ဖြစ်နေတာကို အလုပ်ကိစ္စကြောင့်လို့ အလိုက်တသိ ပြောချင်တဲ့အခါ သုံးပါတယ်။

2️⃣ "I'll have to pass this time, but thanks for asking!" 🎫
(ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပါဦး/ကျော်လိုက်ပါဦးမယ်၊ မေးပေးတာ ကျေးဇူးတင်ပါတယ်)
💡 Usage: တစ်ခုခု ကမ်းလှမ်းခံရတဲ့အခါ (ဥပမာ- မုန့်စားဖို့၊ အပြင်သွားဖို့) ကိုယ်က မလုပ်ဖြစ်တော့ရင် သုံးပါတယ်။

3️⃣ "Can I take a rain check?" 🌧️
(ဒီနေ့တော့ မဖြစ်နိုင်လို့ နောက်တစ်ခါမှ (ရွှေ့ပြီး) ချိန်းကြမလား)
💡 Usage: အခုချက်ချင်း မအားပေမဲ့ နောက်တစ်ခါမှာတော့ သေချာပေါက် လုပ်ချင်တဲ့ စိတ်ဆန္ဒရှိကြောင်း ပြတဲ့နေရာမှာ သုံးပါတယ်။

စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ အပြင်လောကမှာ တကယ်သုံးနေတဲ့ Natural English ကို ကိုယ့်ရဲ့ ကိုယ်ပိုင် Style အဖြစ် အထှာကျကျ ပြောတတ်ချင်တဲ့သူတွေအတွက် Spoken English ကို အသားပေး focusထားတဲ့ အတန်းတစ်တန်း မကြာခင်ဖွင့်ပါတော့မယ်ဗျို့ ✌️

ဒီအတန်းလေးအကြောင်း အသေးစိတ်ကို အရင်ဆုံး သိခွင့်ရချင်တယ်ဆိုရင်တော့ Comment မှာ "Real World English" လို့ ရေးခဲ့ပေးပါဦး။ အသေးစိတ် သိရတာနဲ့ အရင်ဆုံး လာပြောပြပေးပါ့မယ်ခင်ဗျာ။


#အင်္ဂလိပ်စပီကင်

28/02/2026

ကျွန်တော်တို့ Tea 'n Toast - Learning အဖွဲ့သားတွေဆီကနေ ပေးချင်တဲ့ နောက်ထပ် လက်ဆောင်တစ်ခုကတော့... 🎁☕️

IELTS လေ့လာနေသူတွေအတွက် အဖိုးတန်လှတဲ့ Mike Morony ရဲ့ 3 Days Training Class ပဲ ဖြစ်ပါတယ်။ အတွေ့အကြုံရင့် ဆရာတစ်ယောက်ဆီကနေ စာမေးပွဲအတွက် လိုအပ်တဲ့ နည်းဗျူဟာတွေကို အခမဲ့ (Venue Fees သာပေးရန်) သင်ယူခွင့်ရမယ့် အခွင့်အရေးပါ။

ဒီအတန်းမှာ IELTSအတွက် Speaking ရော Writing ကိုပါ အဓိကထား သင်ကြားပေးသွားမှာဖြစ်ပြီး လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🗓 Date: March 3, 4, 6 (Tue, Wed, Fri)
⏰ Time: 11:00 AM – 1:00 PM
📍 Location: Build Myanmar Community Centre 2, Myaynigon

📌 Special Note: သင်တန်းကြေး လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ Venue Fees (15,000 Kyats) သီးသန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းထားသူများသာ တက်ရောက်ခွင့်ရမှာမို့ အခုပဲ အောက်က Link မှာ Register လုပ်ထားလိုက်တော့နော်!

(Venue Fees - 15,000Kyatsသည် Tea 'n Toast - Learningဘက်ကကော Tr. Mike Morony ဘက်ကပါ ကောက်ခံရယူခြင်းမဟုတ်ပါခင်ဗျာ။)

🔗 Register Here:

https://forms.gle/JTWuu4VdPKkG9Bdu7


"

01/01/2026

အခွင့်အရေး Vs အခွင့်
Right Vs Privilege

13/12/2025

"စကားသံတွေထက် လုပ်ရပ်တွေရဲ့ အသံက ပိုကျယ်ပါတယ်။"

The Duck Test - How to see through people's lies and labels?

09/12/2025

စကားပြောနေရင်း ငုတ်တုတ်မေ့သွားတတ်သူတွေအတွက် 😜

Infinite Small Talk: Never Run Out Of Things To Say.

By Alinkar.

05/12/2025

English Speakingကို Confidentရှိရှိပြောတတ်ဖို့ ဘိုလိုတွေမွှတ်နေစရာ မလိုပါဘူး။ 🫶

💯 SPEAK CONFIDENTLY - The beginner's guide to communicate with limited English.

- Biggie
The Founder of Tea 'n Toast.

03/12/2025

Tea 'n Toast - English Club ရဲ့ Founder ကိုBiggie/ Zaw Naing Win အနေနဲ့ Tea 'n Toast နဲ့အတူ လူထုအကျိုးပြုprogramတွေ စတင်လာခဲ့တာ သုံးနှစ်ကျော်လာခဲ့ပါပြီ။ ဒီအတောအတွင်း Tea 'n Toast က English Club‌တွေကို online ရော in-personမှာပါ တစ်ပတ်ကိုလေးရက်အထိ အခမဲ့ပြုလုပ်ခဲ့ပြီးတော့ ရာပေါင်းများစွာရှိတဲ့ များပြားတဲ့လူငယ်တွေကို အကျိုးပြုလာခဲ့ပြီးပါပြီ။ ‌
Tea 'n Toastရဲ့ ရှေ့ဆက်မဲ့ ရည်မှန်းချက်တွေ မျှော်မှန်းချက်တွေအပါအ၀င် Tea 'n Toast - English Clubက ဆောင်ရွက်နေတဲ့ လူထုအကျိုးပြုလုပ်ငန်းတွေအပေါ်ထားရှိတဲ့ Tea 'n Toast ရဲ့ ကတိက၀တ်တွေကို ဒီvideoကနေတဆင့် ပြောကြားထားပါတယ်။

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Tea 'n Toast - Learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.