KAWI
Live Kawitively.
25/07/2026
ဘော်ဒါတို့ရေ KAWI ရဲ့ GASB အစီအစဉ်မှာ ထပ်တိုးပါဝင်လာမယ့် အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ guest speaker တစ်ဦးကို ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။
အခုအသစ်ထပ်တိုးလာသူကတော့ freelance illustrator နှင့် visual artist တစ်ယောက်အနေနဲ့ ၁၂ နှစ်တိုင်တိုင် အတွေ့အကြုံရှိတဲ့ မသည်းဦးသဇင်ပဲ ဖြစ်ပါတယ်။ LASALLE ကနေ Fine Arts diploma in Graphic Novels ကိုရရှိထားပြီး နိုင်ငံတကာပြပွဲတွေ၊ လှုပ်ရှားမှုတွေ၊ ထုတ်ဝေမှုတွေနဲ့ အနုပညာ အလုပ်ရုံဆွေးနွေးပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
အစ်မရဲ့ ဖန်တီးမှုတွေမှာ femininity၊ womanhood၊ အမျိုးသမီးတွေနဲ့ သဘာဝတရားကြားက နက်နဲတဲ့ ဆက်နွှယ်မှုတွေ၊ လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို လှပစွာ ပုံဖော်ပြသထားပါတယ်။ သာမန်ဖြစ်ရပ်လေးတွေထဲကနေ အထူးခြားဆုံး အကြံဉာဏ်တွေ ပေါ်ထွက်လာတတ်တယ်လို့ ခံယူထားပြီး၊ သုတေသနအချက်အလက်တွေကို စိတ်ကူးဉာဏ်ဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်ဖန်တီးတတ်သူလည်း ဖြစ်ပါတယ်။ သူမအတွက်တော့ အနုပညာဆိုတာ လူတွေကြားမှာ စာနာမှု၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်အမှန်တရားတွေကို ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးတဲ့ အဖိုးတန်နေရာတစ်ခုပါပဲ။
ဘော်ဒါတို့လည်း KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series မှာ သူများအတွေ့အကြုံတွေကိုကို လာနားထောင်ရင်း ပျောက်ဆုံးနေတဲ့ကိုယ့်ကိုကိုယ်ပြန်ရှာလိုက်တော့နော်။
[english version below]
Hello! We’d love to introduce another super interesting guest speaker joining KAWI’s GASB program.
The new addition is Ma Thee Oo Thazin, a visual artist from Myanmar with 12 years of experience as a freelance illustrator and visual artist. Holding a Fine Arts diploma in Graphic Novels from LASALLE, her career spans international exhibitions, grants, publications, and art workshops.
Her practice centers on femininity, womanhood, and the intricate relationships between women, nature, and their roles in society. Weaving researched fact with imaginative craft, Thee Oo believes the most extraordinary ideas emerge from the ordinary. She views art-making as a vital space for empathy, justice, and transformational storytelling that connects personal truths to the wider world.
Come listen to others' experiences and rediscover our lost selves at KAWI’s “GO AWAY, SUNDAY BLUES!” Guest Speaker Series!
25/06/2026
ကြာသပတေးနေ့မှာ စိတ်က Weekend ရောက်နေပြီလား? ဆန်းဒေးဘီလူးကြီးကိုတိုက်ဖို့ Deadline ကဒီညနော်…
ကြာသပတေးနေ့ ရောက်ပြီဆိုရင်တော့ ကိုယ်ကသာ ရုံးခန်းထဲမှာ၊ ကွန်ပျူတာရှေ့မှာ ထိုင်နေရတာ စိတ်ကတော့ စနေ၊ တနင်္ဂနွေဆီ အလိုလို ရောက်နှင့်နေတတ်ကြတယ်ဟုတ်?
ဒါပေမဲ့ ခဏလောက် စဉ်းစားကြည့်ရအောင်။ ၅ ရက်လုံး ပင်ပန်းသမျှကို ပိတ်ရက်လေးနဲ့ အစားထိုးဖို့ ကြိုးစားရင်း၊ တနင်္ဂနွေရောက်ရင် စိတ်ဓာတ်ကျရတဲ့ "Sunday Blues" သံသရာထဲမှာပဲ အပတ်တိုင်း လည်နေတော့မလား?
ငါ တကယ်ကော ဘာဖြစ်ချင်တာလဲ၊ အခု လုပ်နေတဲ့အလုပ်က ကိုယ့်အတွက် တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာကို ပြန်ဆန်းစစ်ပြီး ဒီ Endless Loop ကြီးကို ဖောက်ထွက်ဖို့ အချိန်တန်ပါပြီ။ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ဖို့ KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series က စောင့်ကြိုနေပါတယ်။
KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series
ကာလ: ဇွန်လ ၂၆ မှ ဩဂုတ်လ ၂၁ အထိ (အပတ်စဉ် သောကြာ နှင့် တနင်္ဂနွေနေ့များ)
ဘာတွေ ထူးခြားမလဲ: အကျပ်အတည်းတွေကြားကနေ ပုံစံခွက်တွေကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့ မြန်မာပညာရှင် (၁၂) ယောက်ကျော်က သူတို့ရဲ့ ဘဝအလှည့်အပြောင်းတွေနဲ့ Real-life Career အတွေ့အကြုံတွေကို အပွင့်လင်းဆုံး ဆွေးနွေးမျှဝေပေးသွားမှာပါ။
⚠️ အရေးကြီးဆုံး သတိပေးချက်
Session အားလုံးကို Full Access ရရှိဖို့အတွက် ဒီနေ့ ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) ညသန်းခေါင် ဟာ နောက်ဆုံးအချိန်ပါပဲ။ ဒီနေ့ည ကျော်သွားရင်တော့ တချို့ session တွေကို Public ပေးမတက်တော့ဘဲ Private ပိတ်သွားမှာမလို့... အခုပဲ အောက်က Comment က Link မှာ အမြန်ဆုံး Register လုပ်လိုက်တော့နော်!
[Eng Ver]
Is your mind already on the weekend this Thursday? The deadline to fight off the "Sunday Blues" monster is tonight!
When Thursday comes around, even though your body is stuck in the office sitting in front of a computer... your mind has automatically drifted off to Saturday and Sunday already, right?
But let's pause and think for a moment. Are you going to keep spinning every week in this vicious cycle of "Sunday Blues"—trying to compensate for 5 exhausting workdays with just a short weekend, only to feel dread all over again by Sunday?
It's time to break free from this endless loop by re-evaluating questions like "What do I really want?" and "Does the work I'm doing right now actually have meaning for me?" KAWI's “GO AWAY, SUNDAY BLUES!” Guest Speaker Series is here to help you rediscover your lost self and your career goals.
KAWI’s “GO AWAY, SUNDAY BLUES!” Guest Speaker Series
Duration: June 26 to August 21 (Every Friday and Sunday)
What to expect: Over 12 Burmese professionals who have broken out of conventional molds to boldly forge their own paths amidst ongoing crises will openly and candidly share their life turnarounds and real-life career experiences.
⚠️ Urgent Reminder: Tonight, Thursday, June 25th at midnight, is the absolute deadline to secure Full Access to all sessions. Once tonight passes, certain sessions will no longer be open to the public and will become private... so hurry up and register via the link in the comments right now!
24/06/2026
ဗုဒ္ဓဟူးနေ့မှာ ပိတ်ရက်ပဲမျှော်မနေဘဲ ဆန်းဒေးဘီလူးကြီးကိုတိုက်ဖို့ June 25 အမီ Register လုပ်ကြဦးနော်…
ဗုဒ္ဓဟူးနေ့ရောက်လာပြီဆိုတော့ ဒီအပတ်တဝက်တော့ ကျိုးသွားပြီ။ နောက်နှစ်ရက်တက်ပြီးရင် ရုံးပိတ်ရက် ရောက်တော့မယ်။ ရုံးပိတ်ရက်ရောက်မှ အဝအိပ်မယ်၊ အခန်းရှင်းမယ်။ ပြီးတော့ ရည်းစားလေးနဲ့လည်း အစဥ်လာမပျက် dateရဦးမယ်။ ခုလာမယ့်နှစ်ရက်ကိုတော့ မိုးတွင်းကာလ နွားကြီးများလို ရုန်းလိုက်တာပေါ့။
တကယ်တမ်း စဥ်းစားကြည့်တော့လည်း အပတ်တိုင်း ဒီလိုကြီး ဖြတ်သန်းရတာ ဘဝကြီးက အဓိပ္ပာယ်မဲ့နေသလိုလိုပါပဲ။ ငါးရက်အလုပ်လုပ်မယ်၊ နှစ်ရက်နားမယ်။ နားတဲ့နှစ်ရက်ဆိုတာလဲ ရေပွက်ပမာ ခဏတာပဲ။ ကိုယ်တကယ်ဘာဖြစ်ချင်လဲ၊ ကိုယ်အခုလုပ်နေတာ အဓိပ္ပာယ်ရှိရဲ့လားဆိုတာကို ဆန်းစစ်ဖို့တော့လိုနေပြီ။
ဘော်ဒါတို့လည်း ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့ချင်တယ်ဆိုရင်တော့ KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series ကိုလာပြီး နားထောင်ဆွေးနွေးဖို့ အပြေးလေး register လုပ်လိုက်ကြတော့နော်။
KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series
ကာလ: ဇွန်လ ၂၆ ရက်ကနေ မှ သြဂုတ်လ ၂၁ အထိ အပတ်စဥ် သောကြာ၊ တနင်္ဂနွေ။
ဘာတွေပါမလဲ: လက်ရှိ မြန်မာ့လူမှုစီးပွားအခြေအနေအကျပ်အတည်းတွေကြားထဲကနေ၊ ပုံစံခွက်တွေကြားကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင်ခရီးလမ်းကို လျှောက်လှမ်းနေတဲ့ မြန်မာပညာရှင် (၁၂) ယောက်+ က သူတို့ရဲ့ တသမတ်တည်းမဟုတ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ သက်မွေးဝမ်းကြောင်း အတွေ့အကြုံတွေကို ရှယ်ပလန်နဲ့ အဝအပြဲ မျှဝေပေးသွားမှာပါ။
Guest Speaker အားလုံးရဲ့ session တွေကို တက်ဖို့ဆိုရင်တော့ Jun 25 ညသန်းခေါင်မတိုင်ခင် register လုပ်ထားဖို့လိုပါတယ်နော်။ Jun 15 နောက်ပိုင်းမှာတော့ တချို့သော session တွေကိုသာ public ကို အပတ်စဥ် တနင်္လာနေ့မှာ register ပြန်ဖွင့်ပေးပြီး၊ တချို့ session တွေကိုတော့ private သီးသန့်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် session တွေအားလုံးကို တက်လို့ရအောင် Jun 25 မတိုင်ခင် Comment ထဲက Link လေးမှာ စာရင်းပေးသွားလိုက်တော့နော်…
[English Version Below]
Don't just wait for the weekend on a Wednesday; register by June 25 to defeat the "Sunday Blues"...
Wednesday is here, so half the week is already behind us. Just two more days of work and the weekend will be here. Once the weekend arrives, I’ll sleep in and clean my room. And, as per tradition, I have to go on a date with my partner. For these next two days, let's push through it like beasts at the start of the rainy season.
When you really think about it, living like this every week makes life feel a bit meaningless. We work five days and rest for two. And those two days of rest are as fleeting as bubbles in water. It’s time to analyze what we truly want and whether what we are currently doing actually holds any meaning.
If you, my friends, want to rediscover your lost selves, hurry up and register to come and listen to discussions at KAWI's “GO AWAY, SUNDAY BLUES!” Guest Speaker Series.
KAWI’s “GO AWAY, SUNDAY BLUES!” Guest Speaker Series
Duration: Weekly, every Friday and Sunday from June 26 to August 21.
What’s included: Over 12 Burmese professionals who have broken out of molds and forged their own paths amidst Myanmar’s current socio-economic crises will openly and candidly share their non-linear transitions and career experiences.
To attend all Guest Speaker sessions, you need to register before midnight on June 25. After June 25, registration for some sessions will be opened to the public weekly on Mondays, while other sessions will be kept private. Therefore, to ensure you can attend all sessions, please register via the link in the comments before June 25!
A few sessions will be private once full-series registration is closed. Full-series registration closes on June 25th, 11:59 PM MMT.
23/06/2026
Monday ကိုကျော်လွှားခဲ့ပြီ...
မနေ့က တနင်္လာနေ့ တစ်ရက်ကိုတော့ ပင်ပင်ပန်းပန်းဖြတ်သန်းခဲ့ပြီးပြီ။ ရုံးကနေ အိမ်ပြန်ရောက်တော့ အသက်တောင် မရှုချင်ဘူး။ ဒီနေ့အင်္ဂါနေ့ဆိုတော့ လေးရက်တိတိ ရုံးသွားရဦးမယ်။ တွေးတာနဲ့ အတွင်းအားတွေ ဆယ်ဘဝစာလောက် ဆုတ်ယုတ်ခန်းခြောက်လာသလိုပဲ။
တစ်ပတ်မှာငါးရက် အလုပ်သာလုပ်နေရတယ်၊ ဒါက ကိုယ်တကယ်လုပ်ချင်တဲ့အရာလား။ အခုအပင်ပန်းခံ လုပ်နေရတဲ့အရာတွေက ကိုယ့်အတွက် နောက်ငါးနှစ်၊ဆယ်နှစ်၊ ဆယ့်ငါးနှစ်မှာ အဓိပ္ပာယ်ရှိဦးမလားဆိုတာ မသေချာဘူး။ ကိုယ်ကိုကိုယ်ပျောက်ဆုံးနေသလိုလို နေ့တိုင်းလုပ်နေရတာတွေကြောင့် မွန်းကြပ်လာသလိုလိုဖြစ်လာတယ်။ အသက်ရှုပေါက် ပျောက်နေရသလိုပါပဲ။
အဲ့လိုမွန်းကြပ်နေရင်တော့ ကိုယ့်ကိုယ်ကို တကယ် ဘာဖြစ်ချင်လဲဆိုတာ ရှာဖွေဖို့ KAWI ဆီလာခဲ့နော်။ ဒီအပတ်တွေထဲမှာ ဘော်ဒါတို့ရဲ့ Sunday Blues တွေကို မေ့ပစ်လိုက်လို့ရမယ့် အစီအစဉ်အလန်းကြီးတစ်ခု ရှိတယ်နော်။
KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series
ကာလ: ဇွန်လ ၂၆ ရက်ကနေ မှ သြဂုတ်လ ၂၁ အထိ အပတ်စဥ် သောကြာ၊ တနင်္ဂနွေ။
ဘာတွေပါမလဲ: လက်ရှိ မြန်မာ့လူမှုစီးပွားအခြေအနေအကျပ်အတည်းတွေကြားထဲကနေ၊ ပုံစံခွက်တွေကြားကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင်ခရီးလမ်းကို လျှောက်လှမ်းနေတဲ့ မြန်မာပညာရှင် (၁၂) ယောက်+ က သူတို့ရဲ့ တသမတ်တည်းမဟုတ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ သက်မွေးဝမ်းကြောင်း အတွေ့အကြုံတွေကို ရှယ်ပလန်နဲ့ အဝအပြဲ မျှဝေပေးသွားမှာပါ။
အင်္ဂါနေ့မှာ နောက်ထပ်အလုပ်သွားရမယ့် လေးရက်ကို ကြေကွဲနေရမယ့်အစား ကိုယ်တကယ်ဘာဖြစ်ချင်လဲဆိုတာကို KAWI နဲ့ တူတူရှာဖွေကြဖို့အတွက် Comment ထဲက Link လေးမှာ စာရင်းပေးသွားလိုက်တော့နော်…
[English Version Below]
Monday has been conquered…
I’ve finally made it through a tiring Monday. When I got home from work, I felt like I couldn't even catch my breath. Since it’s Tuesday today, I still have four full days of work ahead of me. Just thinking about it feels like my inner strength has been drained for ten lifetimes.
I spend five days a week working, but is this really what I want to do? I’m not even sure if what I’m exhausting myself for now will still hold any meaning for me in five, ten, or fifteen years. I feel like I’m losing myself; the daily grind makes me feel so suffocated, like I’m struggling to breathe.
If you are feeling this trapped, come to KAWI to discover what you truly want to be. We have an amazing program coming up in the next few weeks that will help you forget your "Sunday Blues."
KAWI’s “GO AWAY, SUNDAY BLUES!” Guest Speaker Series
Duration: Every Friday and Sunday, from June 26th to August 21st.
What to Expect: Over 12 Burmese professionals who have broken out of traditional molds to carve their own paths amidst the current socio-economic crises in Myanmar will be sharing their non-linear career journeys and life experiences in an open and unfiltered way.
Instead of dreading the four days of work left this week, come join us at KAWI to find out what you truly want to do. Sign up via the link in the comments!
22/06/2026
Monday မနက် Alarm သံကြားတာနဲ့ လူဖြစ်ရတာ နောင်တရသွားလား?
ရုံးဖွင့်ရက်တိုင်း content writer တစ်ယောက်အနေနဲ့ မနာလိုမိသူရှိသည်။ တခြားသူတော့မဟုတ် အိမ်က ကြောင်လေး မိနီဖြစ်သည်။ ကြောင်လေး မိနီသည် တနင်္လာနေ့ရောက်လည်း ရုံးသွားစရာမလို။ ကြောင်စာလေး စားလိုက်၊ စာရေးခုံပေါ်မှာလှဲအိပ်လိုက်၊ ငယ်ကျွန်ကြီး ချွေးနှဲစာဖြင့်ဝယ်ထားတဲ့ ဆိုဖာကို ကုတ်ဖဲ့ဖျက်ဆီးလိုက်နဲ့ ဇိမ်ကျလှသည်။
အထူးသဖြင့် ဒီအပတ်တင်ရမယ့် content တွေ အချိန်မီ မပြီးလျှင် “မပေးပေး ပေးပေး content တွေ ချက်ချင်းပေး” ဆိုပြီး သရဲမရဲစီးသလို တောင်းမည့် လုပ်ဖော်ကိုင်ဖက်များလည်းမရှိ။
မိနီလိုကြောင်မဟုတ်ပဲ လူဖြစ်ခဲ့တော့ ဝဋ်ကြွေးတွေက အလုပ်လုပ်ပြီး ဆပ်ရဦးမည်။ မနေ့ညက ဆန်းဒေးဘီလူးကြီး ကိုက်လိုက်လို့ အိပ်မပျော်တဲ့အပြင် ဒီနေ့ တနင်္လာမနက်မှာလည်း Alarm သံကြားလိုက်ကတည်းက တစ်ပတ်စာ အားအင်ကုန်ဆုံးသွားခဲ့ပြီ။ ခြေနှစ်ချောင်းနှင့် နားရွက်တို (လူ) ဖြစ်ရသည်မှာ လွယ်တော့မလွယ်။
ဘော်ဒါတို့လည်း admin လိုပဲ အိပ်ချင်မူးတူးနဲ့ ရုန်းကန်ပြီး သွားနေရတဲ့ ကျောင်းတွေ၊ အလုပ်တွေ၊ စာအလွတ်ကျက်စနစ်တွေနဲ့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ပုံစံခွက်ကြီး ပိတ်မိတာကို စိတ်ကုန်နေပြီလား။
ဒါဆိုရင်တော့ အဲဒီ့ပုံစံခွက်ကြီးကို ရိုက်ချိုးပြီး ကိုယ့်ကိုယ်ကိုယ် တကယ် ဘာဖြစ်ချင်လဲဆိုတာ ရှာဖွေဖို့ KAWI ဆီလာခဲ့နော်။ ဒီအပတ်တွေထဲမှာ ဘော်ဒါတို့ရဲ့ Sunday Blues တွေကို မေ့ပစ်လိုက်လို့ရမယ့် အစီအစဉ်အလန်းကြီးတစ်ခု ရှိတယ်နော်။
KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series
ကာလ: ဇွန်လ ၂၆ ရက်ကနေ မှ သြဂုတ်လ ၂၁ အထိ အပတ်စဥ် သောကြာ၊ တနင်္ဂနွေ။
ဘာတွေပါမလဲ: လက်ရှိ မြန်မာ့လူမှုစီးပွားအခြေအနေအကျပ်အတည်းတွေကြားထဲကနေ၊ ပုံစံခွက်တွေကြားကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင်ခရီးလမ်းကို လျှောက်လှမ်းနေတဲ့ မြန်မာပညာရှင် (၁၂) ယောက်+ က သူတို့ရဲ့ တသမတ်တည်းမဟုတ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ သက်မွေးဝမ်းကြောင်း အတွေ့အကြုံတွေကို ရှယ်ပလန်နဲ့ အဝအပြဲ မျှဝေပေးသွားမှာပါ။
တနင်္လာနေ့မှာ လူဖြစ်ရမှာ နောင်တရနေမယ့်အစား ကိုယ်တကယ်ဘာဖြစ်ချင်လဲဆိုတာကို KAWI နဲ့ တူတူရှာဖွေကြဖို့အတွက် Comment ထဲက Link လေးမှာ စာရင်းပေးသွားလိုက်တော့နော်…။
[Eng Ver]
Do you instantly regret existence the moment you hear a Monday morning alarm?
Every single weekday, as a content writer, there is one individual I am intensely jealous of. No, it’s not another human—it’s my cat, Mi Ni. Even when Monday rolls around, Mi Ni doesn't have to go to the office. She just snacks on cat food, stretches out across my desk for a nap, and scratches up the sofa bought with her human servant's hard-earned money. She's living the absolute dream.
Best of all, she doesn't have coworkers breathing down her neck like demanding spirits, yelling, "Whether you wanna give or not, hand over those contents right now!" if this week's posts aren't finished on time.
But since I was born a human and not a cat like Mi Ni, I guess I have to keep working to pay off my karmic debts. To make matters worse, after being bitten by the "Sunday Blues" monster and tossing and turning all last night, my entire week's worth of energy completely vanished the second my alarm went off this Monday morning.
Are you guys, just like your admin, sick and tired of dragging yourselves half-asleep to school or work? Are you tired of being trapped in a rigid, cookie-cutter mold defined by rote learning and societal expectations?
If so, it’s time to smash that mold and discover what you truly want to do. Come join KAWI! We’ve got an awesome program coming up over the next few weeks that will make you completely forget your Sunday Blues.
KAWI's “GO AWAY, SUNDAY BLUES!” Guest Speaker Series
Duration: June 26th to August 21st (Every Friday and Sunday)
What to expect: 12+ Burmese professionals who have broken out of conventional molds amidst Myanmar’s current sociopolitical crises to forge their own paths will be generously and unreservedly sharing their unconventional career trajectories, twists, turns, and life experiences.
Instead of regretting being human every Monday morning, sign up via the link in the comments and let's discover who you truly want to be together with KAWI! 🚀
21/06/2026
တနင်္ဂနွေနေ့ ရောက်တာနဲ့ မနက်ဖြန်အလုပ်သွားရတော့မယ့် ဘဝကြီးကို စိတ်ကုန်ဖူးလား...။
တနင်္ဂနွေနေ့ နေ့လည်လောက်ရောက်တာနဲ့ “ဟာ..weekend ကြီးကကုန်တော့မယ်၊ မနက်ဖြန်အလုပ်သွားရတော့မယ်၊ ငါလည်းကောင်းကောင်းမနားလိုက်ရဘူး” ဆိုပြီး စိတ်ထဲတနုံနုံ့နဲ့ လေးလံလာတာလိုလို၊ လောကကြီးကို စိတ်ကုန်လာတာလိုလို၊ တောထွက်ချင်လာတာလိုလို၊ နတ်ရွာစံချင်တာလိုလို ဖြစ်ကြဖူးလား။
Weekend ကုန်ခါနီးပြီး အလုပ်ခွင် ဒါမှမဟုတ် ကျောင်းပြန်တက်ရတော့မယ့် Routine ကြီးကို တွေးပြီး စိုးရိမ်စိတ်ဝင်၊ စိတ်ဓာတ်ကျလာတတ်တဲ့ အခြေအနေကို ခေတ်ဆန်ဆန်နဲ့ စိတ်ပညာအရ Sunday Blues လို့ခေါ်ပါတယ်။ လူတိုင်းလိုလို ဒီ Loop ကြီးထဲ ပိတ်မိပြီး “ငါ ဘာလို့ ဒီလောက် ရုန်းကန်နေရတာလဲ” ဆိုတဲ့ မေးခွန်းကြီးနဲ့ တနင်္ဂနွေတွေမှာ နေမပျော်ဖြစ်တတ်ကြတာ အမှန်ပါပဲ။
အဓိကကတော့ လူ့အသိုင်းအဝိုင်းနဲ့ ပညာရေးစနစ်ကြီးက သတ်မှတ်ထားတဲ့ "စာအလွတ်ကျက်၊ လစာကောင်းတဲ့ အလုပ်တစ်ခုရအောင်လုပ်၊ လူရာဝင်တယ်ဆိုတဲ့ Career လမ်းကြောင်းထဲ အတင်းတိုးဝင်" ဆိုတဲ့ ပုံစံခွက်ကြီးအောက်မှာ ပင်ပန်းပြီး ငြီးငွေ့နေကြလို့ပါပဲ။
ကဲ…အခုတော့ အဲဒီ့ပုံစံခွက်ကြီးကို ရိုက်ချိုးပြီး ကိုယ့်ကိုယ်ကိုယ် တကယ် ဘာဖြစ်ချင်လဲဆိုတာ ရှာဖွေဖို့ KAWI ပြန်လာခဲ့ပြီ။ ဒီအပတ်တွေထဲမှာ ဘော်ဒါတို့ရဲ့ Sunday Blues တွေကို မေ့ပစ်လိုက်လို့ရမယ့် အစီအစဉ်အလန်းကြီးတစ်ခု ရှိတယ်နော်။
KAWI ရဲ့ “GO AWAY, SUNDAY BLUES!” Guest Speaker Series
ကာလ: ဇွန်လ ၂၆ ရက်ကနေ မှ သြဂုတ်လ ၂၁ အထိ အပတ်စဥ် သောကြာ၊ တနင်္ဂနွေ
ဘာတွေပါမလဲ: လက်ရှိ မြန်မာ့လူမှုစီးပွားအခြေအနေအကျပ်အတည်းတွေကြားထဲကနေ၊ ပုံစံခွက်တွေကြားကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင်ခရီးလမ်းကို လျှောက်လှမ်းနေတဲ့ မြန်မာပညာရှင် (၁၂) ယောက်+ က သူတို့ရဲ့ တသမတ်တည်းမဟုတ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ သက်မွေးဝမ်းကြောင်း အတွေ့အကြုံတွေကို ရှယ်ပလန်နဲ့ အဝအပြဲ မျှဝေပေးသွားမှာပါ။
တနင်္ဂနွေမှာ ဆန်းဒေးဘီလူးကြီးနဲ့ တိုင်ပတ်နေမယ့်အစား ကိုယ်တကယ်ဘာဖြစ်ချင်လဲကို KAWI နဲ့ တူတူရှာဖွေကြဖို့အတွက် Comment က link လေးမှာ စာရင်းပေးသွားလိုက်တော့နော်…။
[Eng Version]
Have you ever felt utterly sick of life the moment Sunday arrives, knowing you have to go back to work tomorrow?
Around Sunday afternoon, have you ever experienced a heavy, lingering dread? Thinking to yourself, "Ah, the weekend is almost over, I have to go to work tomorrow, and I barely even got to rest!" You start feeling completely fed up with the world, wanting to escape to a remote forest, or honestly, just wishing you could peacefully pass away.
That state of anxiety and depression that creeps in as the weekend winds down when you think about returning to the relentless routine of work or school is modernly known in psychology as the "Sunday Blues." Truth be told, almost everyone gets trapped in this endless loop, spending their Sundays in a funk, plagued by the big question: "Why am I struggling so much?"
Ultimately, it's because we are exhausted and bored of being forced into the rigid, cookie-cutter mold defined by society and the education system: "Memorize your lessons, land a high-paying job, and force your way into a career path just to be socially accepted."
Well... KAWI is back to help you break out of that mold and discover what you truly want out of life! Over the coming weeks, we have an awesome program lined up to help you forget all about your Sunday Blues.
KAWI's GO AWAY SUNDAY BLUES Guest Speaker Series
Duration: Every Friday and Sunday, from June 26 to August 21
What to Expect: 12+ Myanmar professionals who have broken free from conventional molds and navigated through the current socio-economic crises in Myanmar to forge their own paths will be sharing their non-linear career journeys, major transitions, and professional experiences in full, unfiltered detail!
Instead of wrestling with the Sunday Blues every weekend, come discover what you truly want to do in life together with KAWI. Sign up now using the link in the comment box!
20/06/2026
What do we need on Sundays?
More teasers in the story—go peek!
16/03/2026
အလွင့်မှာ ဘယ်လိုလွင့်ခဲ့ကြလဲ...
ပြီးခဲ့တဲ့ရက်တွေမှာ မန္တလေးက KAWI ရဲ့ ဘော်ဒါတွေစုပြီး ပုံစံခွက် နေ့စဥ်ဘဝကြီးထဲကနေ ခဏလောက် လွင့်ထွက်ခဲ့ကြတယ်။ အလွင့်က ရိုးရိုးသင်တန်းတွေလို ထိုင်နားထောင်နေရုံတင်မဟုတ်ဘဲ Studio တစ်ခုလို၊ Lab တစ်ခုလိုမျိုး ကိုယ့်ဘဝကို လွင့်မျောရင်း ရှာဖွေခဲ့ကြတာပါ။ အလွင့်ရဲ့ လှုပ်ရှားမှုလေးတွေမှာ ဓာတ်ဖမ်းခဲ့သမျှထဲကနေ ကောင်းနိုးရာရာလေးတွေ ပြန်မျှဝေပေးလိုက်ပါတယ်။
ပတ်ဝန်းကျင်ကို ခံစားခြင်း - မျက်စိနဲ့ကြည့်ရုံတင်မဟုတ်ဘဲ Environmental Soundscaping နဲ့ Scent Walking တွေလုပ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံစားခဲ့ကြတယ်။
မြို့ပြစူးစမ်းလေ့လာရေး - နန်းရှေ့စျေးကနေ အမျိုးသားကဇာတ်ရုံအထိ မန္တလေးမြို့ရဲ့ နေရာအနှံ့ကို သွားပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ရင်း မြို့ပြလူနေမှုဘဝတွေကို စူးစမ်းခဲ့ကြတယ်။
“ပညာတတ်" ဆိုတဲ့ အဓိပ္ပာယ် - ပညာတတ်ဆိုတာ ဘာလဲဆိုတာကို နက်နက်နဲနဲ ဆွေးနွေးခဲ့ကြသလို၊ AI အကြောင်းကိုလည်း Teachable Machine Learning နဲ့ လက်တွေ့ စမ်းသပ်ကြည့်ခဲ့ကြတယ်။
ကိုယ်ပိုင်လက္ခဏာကို ရှာဖွေခြင်း - Labor Auction နဲ့ Intersectionality Walk လို လှုပ်ရှားမှုတွေကနေ လူ့အဖွဲ့အစည်းကြားထဲမှာ ကိုယ့်ရဲ့ အမှတ်သရုပ်လက္ခဏာ၊ တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတဲ့ အလုပ်ဆိုတာ ဘာလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။
အကြိုက်ဆုံး အပိုင်းတွေဖြစ်တဲ့ ရွှံ့စေးလက်မှုအနုပညာ (Claymaking) နဲ့ နောက်ဆုံးနေ့ Exhibition ပုံရိပ်တွေကိုတော့ နောက်အပတ်ထဲမှာ တင်ပေးသွားမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်! 😉
How did we "drift" at Ah Lwint?
Over the past few days, the KAWI crew in Mandalay gathered to break free from the "daily mold" of conventional paths. Ah Lwint wasn't just a regular workshop where you sit and listen; it was a mix of a studio and a lab where we explored and "drifted" to find our own purpose. Here are some of our favorite captured moments from the journey:
Sensing the Environment: We did more than just look; we truly felt our surroundings through Environmental Soundscaping and Scent Walking.
Urban Exploration: From Nan Shay Market to the National Theatre, we explored various spots in Mandalay, documenting urban life through photos and videos.
Redefining "Educated": We had deep discussions about what it really means to be "educated" and got hands-on with AI through Teachable Machine Learning to see how it actually works.
Discovering Identity: Through activities like the Labor Auction and Intersectionality Walk, we explored our personal identities, values, and what meaningful work looks like within our society.
Stay tuned! We’ll be sharing photos of our favorite parts—the Claymaking and the final day Exhibition—next week! 😉
06/03/2026
ပုံစံခွက်တွေထဲကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေခဲ့ကြတဲ့ (၄) ရက်တာ "Ah Lwint" ခရီးစဥ်ကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီနော်!
(၄) ရက်တိုင်တိုင် ပျော်ပျော်ပါးပါးနဲ့ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေတာတွေ၊ မြို့ပြလေ့လာရေး၊ AI အကြောင်းတွေကနေ ကိုယ်ပိုင်လမ်းကြောင်း Exhibition အထိ အားလုံးရဲ့ Energy တွေနဲ့ ဖန်တီးမှုတွေက တကယ်ကို အမိုက်စားပါပဲ။
ဒီ ၄ ရက်တာအတွင်းမှာ အတူတူဖန်တီးဖြစ်ခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ပါဝင်သူတွေရဲ့ ရင်တွင်းစကားသံလေးတွေ ကို လာမယ့် အပတ်တွေအတွင်းမှာ Page ကနေ ဆက်တိုက် မျှဝေပေးသွားမှာမို့ စောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးနော်...
အားလုံးပဲ နောက်ထပ် အစီအစဉ်တွေမှာ ပြန်တွေ့ကြမယ်!
The 4-day "Ah Lwint" journey—where we broke out of the mold and rediscovered ourselves—has successfully come to an end!
A huge thank you to all the friends who joined in with such fun and active participation throughout the four days. From self-discovery, urban exploration, and learning about AI, all the way to the Personal Path Exhibition, everyone's energy and creativity were absolutely amazing!
In the coming weeks, we will be continuously sharing the memorable photos we created together over these 4 days, along with the heartfelt reflections from our participants right here on the Page. So, don't forget to stay tuned...
See you all at our next events!
Category
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when KAWI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.