EduWay

EduWay

Share

Educational Support

30/06/2026

G12 အောင်စာရင်းတွေလဲ ထွက်ပြီဆိုတော့ ကိုယ်ရည်မှန်းတဲ့အတိုင်း ထွက်လာကြသလို မမျှော်မှန်းတဲ့ ရလဒ်တွေ ရလာတဲ့အခါမှာလဲ အဲ့အပေါ်မှာ ဝမ်းနည်းတသ ဖြစ်ကြတယ်။ အဲ့ခါ ကလေးတွေ၊ မိဘတွေအနေနဲ့ အရင်ဆုံးလုပ်ရမှာက အမှတ်စာရင်းကြည့်ရပါမယ်။

အမှတ်စာရင်းကို ဘယ်ချိန်မှာ ကြည့်လို့ရလဲ? မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ တရားဝင်ထုတ်ပြန်မှသာ ထုတ်ကြည့်လို့ရပါမယ်။ အောင်စာရင်းထွက်ပြီး အနည်းဆုံး ၃ ရက် ၄ရက်မှ အများဆုံး ၁ ပတ်အတွင်း ထုတ်လို့ရနိုင်ပါတယ်။ အောင်မြင်တဲ့ကလေးတွေအနေနဲ့ တက္ကသိုလ်တွေ ဝင်ခွင့်လျှောက်တဲ့အခါ လိုအပ်နိုင်တာမလို့ ၃ စောင်လောက် ထုတ်ထားသင့်ပါတယ်။ ကိုယ်တိုင်သွားထုတ်မယ့်သူများအနေနဲ့-

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)
ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော် နှင့်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးခွဲ)
အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ တို့မှာ သွားရောက်ထုတ်ယူလို့ရနိုင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး မည်သည့်စာစစ်ဌာနက အောင်မြင်သူမဆို အဲ့နှစ်နေရာမှာသာ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ထုတ်လို့ရမှာဖြစ်ပါတယ်။

အမှတ်စာရင်းထုတ်ယူရန် အခက်အခဲရှိတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး စာစစ်ဌာနများမှ အောင်မြင်/ ကျရှုံးသည့် အမှတ်စာရင်းများအား Eduway Educational Support တွင် ကိုယ်စားထုတ်ပေးမည်ဖြစ်တဲ့အတွက် ကြိုတင်စာရင်းပေးနိုင်ပါပြီရှင်။

ဆက်သွယ်ရန်
Phone- 09 6711 577 95
Viber- 09 976 631 200

Photos from EduWay 's post 16/10/2025

(၁၆.၁၀.၂၀၂၅) ရက်နေ့ထုတ်ပေးဖြစ်တဲ့အောင်လက်မှတ်တွေပါ။လူတစ်ဦးလျှင်အောင်လက်မှတ်တစ်စောင်သာရတာဖြစ်လို့သွားထုတ်ရန်အခက်အခဲရှိသူများကိုယ်စားဆောင်ရွက်ပေးပါသည်။

-ဘွဲ့လက်မှတ်ထုတ်ပေးခြင်း (အသစ်/ပျောက်ဆုံး)
-ဘွဲ့ဖောင်တင်ပေးခြင်း
-တက္ကသိုလ်အမှတ်စာရင်း (Transcript) ထုတ်ပေးခြင်း
-တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း
-G10/ G12 အောင်လက်မှတ်လျှောက်ပေးခြင်း

ဆက်သွယ်ရန်
Ph & Viber- 09 976631200
#အောင်လက်မှတ်
#အမှတ်စာရင်း

Photos from EduWay 's post 08/10/2025
Photos from EduWay 's post 08/10/2025

ဒီနေ့ (၈.၁၀.၂၀၂၅) မှာ သီတင်းကျွတ်ပိတ်ရက်တုန်းက စာရင်းပေးထားတဲ့ အောင်လက်မှတ်ထုတ်ဖြစ်တာလေးတွေပါ။ လူတစ်ဦးလျှင် တစ်စောင်နှုန်း အကန့်အသတ်ထုတ်ပေးတာမို့ အခြားမြို့များနှင့် နယ်မှ လာထုတ်ရန် အခက်အခဲရှိသူများ ကိုယ်စားဆောင်ရွက်ပေးပါတယ်။
ဆက်သွယ်ရန်
Phone & Viber- 09 976631200
#အောင်လက်မှတ်
#အမှတ်စာရင်း

#တက္ကသိုလ်ဝင်တန်း

Photos from EduWay 's post 26/09/2025

(၂၆.၉.၂၀၂၅) ရက်နေ့ထုတ်ပေးဖြစ်တဲ့အောင်လက်မှတ်တွေပါ။လူတစ်ဦးလျှင်အောင်လက်မှတ်တစ်စောင်သာရတာဖြစ်လို့သွားထုတ်ရန်အခက်အခဲရှိသူများကိုယ်စားဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရန်
Ph & Viber- 09 976631200
#အောင်လက်မှတ်
#အမှတ်စာရင်း

25/09/2025

2025 တက္ကသိုလ်ဝင်တန်း (Grade-12) အောင်လက်မှတ်တွေ ထုတ်ပေးနေပြီဖြစ်ပြီး
လူတစ်ဦးလျှင် တစ်စောင်နှုန်းနဲ့သာ ပေးတာမလို့

အချိန်ကုန်၊လူပင်ပန်းသက်သာစွာ တန်းစီဖို့မလိုအောင်
EduWay မှဆောင်ရွက်ပေးနေပါပြီ

အချက်အလက်ပြည့်စုံစွာဖြင့် (Viber, Messenger) တွင် ကြိုတင်စာရင်းပေးထားနိုင်ပါပြီ

Soft copy ကတော့ ထုတ်ပြီးတာနဲ့ချက်ချင်းရပါမယ်
Hard copy ကိုတော့ delivery အပ်ပေးရမှာမို
ကြာချိန် ရန်ကုန်မြိုတွင်း ၂ ရက် ၃ရက်
နယ်ဘက်တော့ ၁ ပတ် အတွင်း ရရှိပါမယ်နော်
Any details for CB Please
09 976 631 200 (Ph & Viber)

Edit - အရင်နှစ် အမှတ်စာရင်းနှင့် အောင်လက်မှတ်တွေထုတ်ချင်ရင်လဲယူပေးပါတယ်ရှင်
🔔🔔🔔 အမှတ်စာရင်းတွေလည်း ထုတ်ချင်သူများလည်း ရပါသေးတယ်
#အမှတ်စာရင်း
#အောင်လက်မှတ်

24/09/2025

EduWay Educational Support မှ ပညာရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအနေဖြင့်
✅ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း (Marks List)
✅ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် အသစ် / ပျောက်ဆုံး လျှောက်ထားခြင်း
✅ ယာယီဘွဲ့ထောက်ခံစာ (Provisional Certificate) လျှောက်ထားခြင်း
✅ ဘွဲ့ဖောင် တင်သွင်းခြင်း (Convocation Form Submission)
✅ ဘွဲ့လက်မှတ် ပျောက်ဆုံးမှု လျှောက်ထားခြင်း
✅ တက္ကသိုလ် အမှတ်စာရင်း (Transcript) ထုတ်ပေးခြင်း များအား ဝန်ဆောင်မှုနှုန်းထား သက်သာစွာဖြင့် အိမ်ရောက်ပို့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်ရှင်။ လူကြီးမင်းတို့အနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်မေးမြန်းအပ်နှံနိုင်ပါတယ်ရှင်။
Phone & Viber: 09 976 631 200
Tiktok:
#တက္ကသိုလ်ဝန်ဆောင်မှု

Photos from EduWay 's post 17/09/2025

EduWay Educational Support မှ ပညာရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအနေဖြင့်
✅ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း (Marks List)
✅ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် အသစ် / ပျောက်ဆုံး လျှောက်ထားခြင်း
✅ ယာယီဘွဲ့ထောက်ခံစာ (Provisional Certificate) လျှောက်ထားခြင်း
✅ ဘွဲ့ဖောင် တင်သွင်းခြင်း (Convocation Form Submission)
✅ ဘွဲ့လက်မှတ် ပျောက်ဆုံးမှု လျှောက်ထားခြင်း
✅ တက္ကသိုလ် အမှတ်စာရင်း (Transcript) ထုတ်ပေးခြင်း များအား ဝန်ဆောင်မှုနှုန်းထား သက်သာစွာဖြင့် အိမ်ရောက်ပို့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်ရှင်။ လူကြီးမင်းတို့အနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်မေးမြန်းအပ်နှံနိုင်ပါတယ်ရှင်။
Phone & Viber: 09 976 631 200
Tiktok:
#တက္ကသိုလ်ဝန်ဆောင်မှု

16/09/2025

၂၀၂၅ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်အမှတ်များ---

ဆေးတက္ကသိုလ်များ
---------------------
ကျား ၅ဝ%၊ မ ၅၀% လက်ခံမည်။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်ပြီး
ရမှတ်စုစုပေါင်း (၄၅၀) အထက်
ရရှိသူများအနက် အင်္ဂလိပ်စာ၊
ဓာတု၊ ဇီဝ (၃) ဘာသာပေါင်း
ရမှတ်အနည်းအများပေါ်မူတည်ပြီး
ပဏာမအဆင့် ရွေးချယ်ပါမည်။

လူတွေ့နှုတ်ဖြေရလဒ်ပေါ်မူတည်ပြီး
သတ်မှတ်ဦးရေ (၁၂၅၀) ဦး လက်ခံမည်။

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်
----------------------------------
ကျား ၆ဝ%၊ မ ၄ဝ% လက်ခံမည်။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်ပြီး
ရမှတ်စုစုပေါင်း (၄၅၀) အထက်
ရရှိသူများအနက် အင်္ဂလိပ်စာ၊
ဓာတု၊ ဇီဝ (၃) ဘာသာပေါင်း
ရမှတ်အနည်းအများပေါ်မူတည်ပြီး
ပဏာမအဆင့် ရွေးချယ်ပါမည်။

လူတွေ့နှုတ်ဖြေရလဒ်ပေါ်မူတည်ပြီး
သတ်မှတ်ဦးရေ (၂ဝဝ) ဦး လက်ခံမည်။

ဆေးဝါးတက္ကသိုလ်များ
------------------------
ကျား၊ မ ရာခိုင်နှုန်း မခွဲခြားပါ။
ဝင်ခွင့်အမှတ် သတ်မှတ်ချက် မရှိပါ။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်သူဖြစ်ရမည်။

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ
--------------------------------------------
ကျား၊ မ ရာခိုင်နှုန်း မခွဲခြားပါ။
ဝင်ခွင့်အမှတ် သတ်မှတ်ချက် မရှိပါ။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်သူဖြစ်ရမည်။

သူနာပြုတက္ကသိုလ်များ
------------------------
ကျား ၁၀%၊ မ ၉၀%
ဝင်ခွင့်အမှတ် သတ်မှတ်ချက် မရှိပါ။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်သူဖြစ်ရမည်။

အခြေခံကျန်းမာရေးတက္ကသိုလ်
--------------------------------
ကျား ၈၀%၊ မ ၂၀%
ဝင်ခွင့်အမှတ် သတ်မှတ်ချက် မရှိပါ။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်သူဖြစ်ရမည်။

တိုင်းရင်းဆေးတက္ကသိုလ်
--------------------------
ကျား၊ မ ရာခိုင်နှုန်း မခွဲခြားပါ။
ဝင်ခွင့်အမှတ် သတ်မှတ်ချက် မရှိပါ။
ဓာတု၊ ရူပ၊ ဇီဝ တွဲနဲ့ အောင်မြင်သူဖြစ်ရမည်။

Naypyitaw State Polytechnic university
--------------------------------------------
၁။ အင်ဂျီနီယာနှင့် ဗိသုကာပညာသင်တန်းအတွက်-
အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု ၄ ဘာသာပေါင်း
ရမှတ် (၃၀၀) နှင့် အထက် ရရှိသူ။

၂။ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်းအတွက်-
စုစုပေါင်းရမှတ် (၄၅၀) နှင့် အထက် ရရှိသူ သို့မဟုတ်
အင်္ဂလိပ်စာနဲ့ သင်္ချာ ၂ ဘာသာပေါင်း (၁၄၀) နှင့် အထက်။

သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

၁ အတွက် ကျား ၆၀%၊ မ ၄၀% (၂၇၀) ဦး။
၂ အတွက် (၁၂၀) ဦး၊ ‌စုစုပေါင်း (၃၉၀) ဦး။

ရန်ကုန်နည်းပညာတက္ကသိုလ် (YIT)
-----------------------------------
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ ၄ ဘာသာပေါင်း
(၃၀၀) နှင့် အထက် ရရှိသူ ဖြစ်ရမည်။
သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

ကျား ၅၅%၊ မ ၄၅% ၊ စုစုပေါင်း (၄၀၀) ဦး။

မန္တလေးနည်းပညာတက္ကသိုလ် (MIT)
-------------------------------------
၁။ အင်ဂျီနီယာနှင့် ဗိသုကာသင်တန်းအတွက်
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ ၄ ဘာသာပေါင်း
(၃၀၀) နှင့် အထက် ရရှိသူ ဖြစ်ရမည်။

၂။ ဇီဝနည်းပညာသင်တန်းအတွက်
သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ ၄ ဘာသာပေါင်း
(၂၆၀) နှင့် အထက် ရရှိသူ ဖြစ်ရမည်။

၁ အတွက် -
သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

၂ အတွက် -
သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ ပါဝင်သော ဘာသာတွဲနှင့်
အောင်မြင်သူများ လျှောက်ထားနိုင်။

ရတနာပုံဆိုက်ဘာစီးတီး (အနီးစခန်း-ပြင်ဦးလွင်)
-------------------------------------------------
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ ၄ ဘာသာပေါင်း
(၂၈၀) အထက် ရရှိပြီး ၆ ဘာသာပေါင်း
(၄၂ဝ) အထက် ရရှိသူများ လျှောက်ထားနိုင်။

ကျား ၅၀%၊ မ ၅၀% ၊ စုစုပေါင်း (၃၅၀) ဦး။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
--------------------------------------------------------
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ ၄ ဘာသာပေါင်း
(၂၈၀) အထက် ရရှိသူများ လျှောက်ထားနိုင်။
သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

နည်းပညာတက္ကသိုလ်
----------------------
STEAMS (1) STEAMS (2) ဖြင့် အောင်မြင်သူများ
တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာ
နည်းပညာတက္ကသိုလ်များသို့ လျှောက်ထားနိုင်။
သတ်မှတ်ဦးရေမပြည့်လျှင် ထည့်သွင်းစဉ်းစားနိုင်တာမို့
နယ်ကျော်လျှောက်ထားနိုင်။

ရန်ကုန်အနောက်ပိုင်း၊ ပြည်၊ မှော်ဘီ၊ သန်လျင်၊ မန္တလေး၊
ကျောက်ဆည်၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ ပခုက္ကူ‌၊
တောင်ငူ၊ မော်လမြိုင်၊ လွိုင်ကော်၊ ဘားအံ၊ ကလေး၊
တောင်ကြီး၊ ရမည်းသင်း၊ ပုသိမ်၊ ဟင်္သာတ၊ စစ်တွေ
နည်းပညာတက္ကသိုလ်များကို အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊
ရူပ ၄ ဘာသာပေါင်း (၂၄၀) နှင့်အထက် ရရှိသူများ
လျှောက်ထားနိုင်။ ကျား ၆ဝ%၊ မ ၄၀%။

အစိုးရနည်းပညာကောလိပ်များ
--------------------------------
ကောလိပ်အလိုက် လက်ခံနိုင်မည့်ဦးရေပေါ်မူတည်ပြီး
ရမှတ် အများ အနည်းအလိုက် လက်ခံမည်။
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ ၄ ဘာသာပေါင်း ရမှတ်။
လိုအပ်ပါက စုစုပေါင်း ရမှတ်အရ။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
------------------------------
စုစုပေါင်းရမှတ် (၄၅၀) နှင့်အထက် ရရှိသူများ
သို့မဟုတ် အင်္ဂလိပ်၊ သင်္ချာ ပေါင်း (၁၄၀) နှင့် အထက်။
သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်
----------------------------------------------
စုစုပေါင်းရမှတ် (၄၅၀) နှင့်အထက် ရရှိသူများ။
စာစစ်ဌာနတိုင်းမှ
သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

သင်တန်းသား (၂၀၀) ဦး။

မန္တလေးကွန်ပျူတာတက္ကသိုလ်
-------------------------------
စုစုပေါင်းရမှတ် (၄၃၀) နှင့်အထက် ရရှိသူများ
သို့မဟုတ် အင်္ဂလိပ်၊ သင်္ချာ ပေါင်း (၁၄၀) နှင့် အထက်။
စာစစ်ဌာနတိုင်းမှ
သင်္ချာ၊ ဓာတု၊ ရူပ ပါဝင်သော မည်သည့်ဘာသာတွဲနှင့်
အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်။

ကွန်ပျူတာတက္ကသိုလ်များ
---------------------------
STEAMS 1, 2 နှင့် အောင်မြင်ထားသူများ။

Polytechnic University
-------------------------
မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ ပင်လုံ၊
ကျိုင်းတုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်

Naypyitaw State Academy
------------------------------
နေပြည်တော် (၈) မြို့နယ်မှ ကျောင်းသားများသာ။

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်
------------------------------------------
ဘာသာရပ်ထူးချွန်လျှောက်ထားရန်အတွက်
အမှတ်သတ်မှတ်ချက် မတွေ့မိသေး။

ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)
--------------------------------------------
မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများမှ
အောင်မြင်ခဲ့သူများ လျှောက်ထားနိုင်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)
--------------------------------------------------
ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား/သူများ လျှောက်ထားနိုင်။

မုံရွာစီးပွားရေးတက္ကသိုလ်
--------------------------
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ရှမ်းပြည်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး(ရေစကြို၊
မြိုင်၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါ၊ ပခုက္ကူ၊ ဆော) မှ
ကျောင်းသား/သူများ လျှောက်ထားနိုင်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်
------------------------------
ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်
(တောင်ပိုင်း၊ အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီး(ရေစကြို၊
မြိုင်၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါ၊ ပခုက္ကူ၊ ဆော မြို့နယ်မှအပ
ကျန်မြို့နယ်များ) မှ ကျောင်းသား/သူများ လျှောက်ထားနိုင်။

ပညာရေးတက္ကသိုလ်များ
-------------------------
ကျား ၅၀%၊ မ ၅၀% ။

YUOE သို့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးမှ
ကျောင်းသား/သူများ။

SUOE သို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊
မန္တလေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်မှ ကျောင်းသား/သူများ။

နိုင်ငံခြားဘာသာတက္ကသိုလ်များ
---------------------------------
ရန်ကုန်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်များသို့
မြန်မာနိုင်ငံစာစစ်ဌာနအသီးသီးမှအောင်မြင်သူများ
လျှောက်ထားနိုင်။

အင်္ဂလိပ်ဘာသာရပ်အတွက် အင်္ဂလိပ်စာ ရမှတ် (၆၀)။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ပို့ချမဲ့
English for professional communication အတွက်
အင်္ဂလိပ်စာရမှတ် (၆၅) မှတ်နှင့် အထက်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်က ပို့ချမဲ့
English for Business purpose အတွက်
အင်္ဂလိပ်စာရမှတ် (၆၀) နှင့် အထက်။

ပညာရေးဒီဂရီကောလိပ်များ
-----------------------------
ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းမှာ
ကျောင်းအလိုက်ဝင်ဆံ့နိုင်တဲ့အင်အားအရ
လက်ခံသွားပါမည်။
Crd

Website

Address

Hlaing
Yangon

Alerts

Be the first to know and let us send you an email when EduWay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.