Smart VPN Store
လိုင်းကောင်း စျေးသက်သာတဲ့ VPN
06/09/2026
iPhone Ultra၊ iPhone 18 Pro နဲ့ 18 Pro Max ဈေးနှုန်းတွေ ပေါက်ကြား
Apple ရဲ့ CEO အဖြစ် ပထမဆုံးအကြိမ် Apple Event ကို John Ternus က စက်တင်ဘာ ၉ ရက် (ဗုဒ္ဓဟူးနေ့)မှာ ဦးဆောင်ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီပွဲမှာ iPhone 18 Pro၊ iPhone 18 Pro Max နဲ့ Apple ရဲ့ ပထမဆုံး Foldable iPhone ဖြစ်လာမယ့် iPhone Ultra ကို မိတ်ဆက်သွားဖို့ မျှော်လင့်ရပါတယ်။
ပုံမှန် iPhone 18 မော်ဒယ်ကတော့ လာမယ့်နှစ်အထိ စောင့်ရနိုင်ပါတယ်။
*** iPhone Ultra က ဒေါ်လာ ၂,၀၀၀ နီးပါး ဖြစ်လာနိုင် ***
Apple ရဲ့ ပထမဆုံး Foldable iPhone ကို **iPhone Ultra** လို့ ခေါ်ဆိုနေကြပြီး Vodafone Egypt ရဲ့ ဝက်ဘ်ဆိုက်မှာ ဈေးနှုန်းနဲ့အတူ ခဏတာ ပေါ်လာခဲ့ပါတယ်။
Yousif Ayman က တွေ့ရှိခဲ့တာဖြစ်ပြီး ဖုန်းကို **အီဂျစ်ငွေ 155,750** နဲ့ ဖော်ပြထားခဲ့ပါတယ်။
iPhone Ultra ရဲ့ ဈေးက USD 2000 အထိ ရောက်သွားနိုင်ပါတယ်။
ဒါကို Samsung ရဲ့ Galaxy Z Fold8 နဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။
Galaxy Z Fold8 ရဲ့ မိတ်ဆက်ဈေးက USD 1900 ဖြစ်ပါတယ်။
Yousif Ayman ရဲ့ ပို့စ်ထဲမှာ Vodafone Egypt က iPhone 18 Pro ကို **အီဂျစ်ငွေ 98,000**၊ iPhone 18 Pro Max ကို **အီဂျစ်ငွေ 105,000** နဲ့ ဖော်ပြထားခဲ့တယ်လို့ ဆိုပါတယ်။
iPhone 18 Pro က ခန့်မှန်းခြေအားဖြင့်— USD 1210 ဖြစ်လာနိုင်ပါတယ်။
iPhone 18 Pro Max ရဲ့ ခန့်မှန်းဈေးက— USD 1320 ဝန်းကျင် ဖြစ်လာနိုင်ပါတယ်။
တကယ့်ဈေးနှုန်းကိုတော့ Apple Event ကျင်းပမယ့် **စက်တင်ဘာ ၉ ရက်** ရောက်မှ သိရမှာပါ။
iPhone Ultra တကယ်ပဲ USD 2000 ဝန်းကျင်နဲ့ စတင်ခဲ့မယ်ဆိုရင် Foldable iPhone လိုချင်သူတွေ ပိုက်ဆံအိတ်ကို အခုကတည်းက ပြင်ဆင်ထားသင့်ပါပြီ။
---------------------------------------------------------
SMART VPN STORE မှာ ကြော်ငြာမတက် လိုင်းကောင်းတဲ့ V2RAY VPN ကို တစ်လ 3000 ကျပ်နဲ့ ဝယ်လို့ရပါပြီ။
အစမ်းသုံးပြီး အဆင်ပြေမှဝယ်နိင်ပါတယ်။
06/09/2026
အိမ်ဖြူတော်က ရွှေ့ပြောင်းတွေကို 'ပြည်နှင်ဒဏ်ပေး' လို့ရမယ့် ဂိမ်းကို လွှင့်တင်
သမ္မတ Trump ရဲ့ လုပ်ဆောင်ချက်တွေကို ကြော်ငြာဖို့အတွက် ရှေးဟောင်းဂိမ်း ပုံစံ ၅ မျိုးပါဝင်တဲ့ arcade.gov ဝက်ဘ်ဆိုက်မှာ "Flappy Bill," "Build the Wall," "Rio Run," "Supply Line" နဲ့ "Trump Savings Tycoon" ဆိုတဲ့ ဂိမ်းတွေ ပါဝင်ပါတယ်။
ဒီအထဲမှာ တော်တော်လေး ပွဲဆူသွားစေတာကတော့ "Rio Run" ဆိုတဲ့ ဂိမ်းပါ။ လူကြိုက်များလှတဲ့ Snake ဂိမ်းပုံစံမျိုးဖြစ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ် Rio Grande မြစ်တစ်လျှောက် ရောက်နေတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ကစားသူတွေက "ပြည်နှင်ဒဏ်ပေး" ရတာ ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး၊ Tetris ပုံစံ "Build the Wall" ဂိမ်းမှာဆိုရင်လည်း ဝင်ရောက်လာမယ့် ဇွန်ဘီ "သရဲတစ္ဆေ အုပ်စုကြီး" ရဲ့ ရန်ကနေ နယ်စပ်ကို ကာကွယ်ဖို့ ဂိမ်းကစားသူတွေကို တိုက်တွန်းထားပါသေးတယ်။
ိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက "အစိုးရအဖွဲ့ဟာ သမ္မတရဲ့ အောင်မြင်မှုတွေကို အမေရိကန်ပြည်သူတိုင်း သဘောကျမိစေမယ့် နည်းလမ်းသစ်တွေနဲ့ တင်ပြဖို့ အပြည့်အဝ အာရုံစိုက်ထားတာပါ။
သမ္မတကြီးက ပြည်သူတွေအတွက် အောင်ပွဲတွေ တစ်ခုပြီးတစ်ခု ယူဆောင်ပေးနေချိန်မှာ အတိုက်အခံတွေကတော့ အခွန်တိုးကောက်ဖို့နဲ့ တရားမဝင် ရာဇဝတ်သားတွေကို ကာကွယ်ဖို့ပဲ လုပ်နေကြတာ။
ဒီပရောဂျက်အတွက် ပြည်သူ့အခွန်ငွေတွေ သုံးထားသလား၊ ပြင်ပကုမ္ပဏီတွေကို ငှားထားသလားဆိုတဲ့ မေးခွန်းတွေကိုတော့ အိမ်ဖြူတော်ဘက်က နှုတ်ပိတ်နေဆဲပါ။
အခြားတစ်ဖက်မှာလည်း Tetris ကုမ္ပဏီက Instagram မှာ "ကျုပ်တို့ ဒီအိမ်ဖြူတော်ဂိမ်းမှာ လုံးဝ မပါဝင်ပါဘူး၊ မူပိုင်ခွင့် ချိုးဖောက်မှုကိုလည်း အရေးယူသွားမှာပါ" လို့ ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။
---------------------------------------------------------
SMART VPN STORE မှာ ကြော်ငြာမတက် လိုင်းကောင်းတဲ့ V2RAY VPN ကို တစ်လ 3000 ကျပ်နဲ့ ဝယ်လို့ရပါပြီ။
အစမ်းသုံးပြီး အဆင်ပြေမှဝယ်နိင်ပါတယ်။
05/09/2026
တရုတ် Memory Chips ထုတ်လုပ်သူ CXMT က Samsung ရဲ့ Memory Chips နည်းပညာကို အကွက်ကျကျ ခိုးယူ
အခုနောက်ဆုံး ထွက်လာတဲ့ **“Project Hefei”** ဆိုတဲ့ roadmap ကတော့ ဒီဇာတ်လမ်းကို ပိုစိတ်ဝင်စားစရာကောင်းစေပါတယ်။
တရားရုံးစာရွက်စာတမ်းတွေအရ Project Hefei ဟာ CXMT ရဲ့ Memory Chips ဖွံ့ဖြိုးရေးအစီအစဉ်ဖြစ်ပြီး Samsung ရဲ့ နည်းပညာရယူရေး၊ အင်ဂျင်နီယာတွေ ခေါ်ယူရေးနဲ့ production စတင်ရေးတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Project Hefei ရဲ့ အစီအစဉ်ကလည်း တိကျပါတယ်—
• 2016 စက်တင်ဘာ — Samsung PRP ရယူရန်
• 2016 အောက်တိုဘာ — Samsung အင်ဂျင်နီယာတွေ ခေါ်ယူရန်
• 2017 ဇူလိုင် — R&D ပြီးရန်
• 2018 ဩဂုတ် — တစ်လ 10,000 ထုတ်လုပ်ရန်
အစပိုင်းမှာ CXMT ဟာ ခေါ်ယူထားတဲ့ Samsung အင်ဂျင်နီယာတွေရဲ့ မှတ်ဉာဏ်ကို အသုံးပြုပြီး 18nm Memory Chips ထုတ်လုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း Samsung ရဲ့ PRP ကို တရားမဝင်ရရှိပြီး ကိုယ်ပိုင် document ပြန်လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
Samsung researcher ဟောင်း **Jeon** ကလည်း ဒီအမှုမှာ သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။ သူဟာ Samsung PRP အစိတ်အပိုင်းတွေကို ကူးယူပြီး CXMT ကို ပြောင်းရွှေ့ခဲ့မှုနဲ့ ထောင်ဒဏ် **၇ နှစ်** ချမှတ်ခံထားရသူပါ။
CXMT ကုမ္ပဏီရဲ့ ကမ္ဘာ့ Memory Chips market share ဟာ **4% ဝန်းကျင်ကနေ 10% ဝန်းကျင်** အထိ တက်လာခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရရှေ့နေတွေရဲ့ 2025 ဒီဇင်ဘာ ခန့်မှန်းချက်အရ Samsung ရဲ့ နစ်နာမှုဟာ **ဝမ် ထရီလီယံဆယ်ဂဏန်း** အနည်းဆုံး ရှိနိုင်ပါတယ်။
--------------------------------------------------------------------------
SMART VPN STORE မှာ ကြော်ငြာမတက် လိုင်းကောင်းတဲ့ V2RAY VPN ကို တစ်လ 3000 ကျပ်နဲ့ ဝယ်လို့ရပါပြီ။
အစမ်းသုံးပြီး အဆင်ပြေမှဝယ်နိင်ပါတယ်။
18/05/2026
💎 V2Ray VPN
🚀 1 စက္ကန့် Connect
✅ 1 Month
✅ 1 Device
✅ Unlimited
⚡ Fast & Stable
💰 4000 Ks
👉 အစမ်းသုံး Key နဲ့ အရင်စမ်းကြည့်နိုင်ပါတယ်။
24/02/2026
Free VPN တွေ နဲ့ စိတ်ရှုပ်ခံမနေပါနဲ့တော့ 🔄😩
Premium VPN ကို တစ်လ 3000 ကျပ်ထဲနဲ့ သုံးကြည့်လိုက်ပါ 💎
V2RAY VPN ⚡
✔ မြန်တယ် ✔ ကြော်ငြာမတက် ✔ တစ်စက္ကန့်နဲ့ ချိတ်တယ်
👉 အစမ်းသုံး Key နဲ့ အရင်စမ်းကြည့်နိုင်ပါတယ် 🔑
19/02/2026
တစ်လ 3000 ကျပ်တည်းနဲ့ လိုင်းကောင်း ကြော်ငြာမတက်တဲ့ VPN ကို ခံစားကြည့်လိုက်ပါ 🚀
📱 Android / iOS / Computer OK
အစမ်းသုံးပြီး အဆင်ပြေမှ ဝယ်ယူနိုင်ပါတယ် 👌
11/02/2026
😤 Facebook ဖွင့်တိုင်း Loading ဖြစ်နေလား?
Internet အဆင်မပြေတာကြောင့်
📵 Social Media သုံးမရတာ
မဖြစ်သင့်တော့ပါဘူး
💎 V2Ray VPN
🚀 1 စက္ကန့်အတွင်း Connect
📅 တစ်လ – 3000 Ks
👉 Messenger မှာ Test Key လာယူပြီး ကိုယ်တိုင်စမ်းကြည့်ပါ
09/02/2026
ကြောင်ပျောက်ချိန်
07/02/2026
💎 V2Ray VPN
🚀 1 စက္ကန့် Connect
✅ 1 Month
✅ 1 Device
✅ Unlimited
⚡ Fast & Stable
💰 3000 Ks
👉 အစမ်းသုံး Key နဲ့ အရင်စမ်းကြည့်နိုင်ပါတယ်။