Baby Road Map Learning Center

Baby Road Map Learning Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Road Map Learning Center, School, No. 7, U Tin Aye Street, 45 quarter, Dagon Myothit (North), Yangon.

21/01/2026

🌞⛱️ Summer Program⛱️🌞

မကြာခင်ရောက်ရှိမယ့် နွေရာသီမှာ ကလေးတွေအတွက်
ဘာတွေလုပ်ပေးသင့်သလဲတွေးတဲ့အခါ အထူးသဖြင့် KG တက်မယ့်က‌လေးတွေ၊ KG ပြီးတဲ့ကလေးတွေ၊ G-1/ P-1 စသဖြင့်တက်မယ့်ကလေးတွေကို ဦးစားပေးတွေးမိပါတယ်။ မြန်မာကျောင်းအခေါ် (မူလတန်း) , International School ခေါ် (Elementary Level) တက်ရမယ့်ကလေးတွေအတွက် ဘာတွေပေးရမလဲဆိုတာကို လေ့လာဆန်းစစ်ပါတယ်။

မူလတန်းအရွယ်မှာကတော့ အဓိက ကျတာ "စာတတ်မြောက်ရေး"ပါပဲ။စာတတ်မြောက်ခြင်း" ဆိုတာဟာ "ရေးနိုင်ခြင်း နှင့် ဖတ်နိုင်ခြင်း"ပဲဖြစ်ပါတယ်။ မြန်မာစာ ရေးနိုင်ဖတ်နိုင် နှင့် Englishစာ ရေးနိုင်၊ ဖတ်နိုင်ခြင်းပါပဲ။ ဒါဟာ မူလတန်းအရွယ်ရဲ့ အနှစ်သာရပါ။ ဒီထဲမှာ အဓိကကျတာဟာ "ဖတ်နိုင်ခြင်း" ပါ။ ဆိုလိုချင်တာဟာ မူလတန်းအရွယ် ရဲ့ သင်ကြားခြင်းဟာ "Learning to Read" အရွယ်ဖြစ်ပြီး။ အလယ်တန်းအရွယ် သင်ကြားမှုဟာ "Reading to Learn " အရွယ်ဖြစ်ပါတယ်။ ထို့ကြောင့် မူလတန်းအရွယ်ကလေးတွေကို "အဖတ်" သင်ဖို့ သိပ်အရေးကြီးပါတယ်။

ဒီမှာ ထပ်ပြောစရာရှိလာတာကတော့ အများစုဟာ "စာဖတ်ခြင်း" ကို "စကားပြောသလို" သူ့အလိုအလျောက်ဖြစ်လာတဲ့အရာလို့ အထင်မှားနေကြတယ်ဆိုတာပါပဲ။ တကယ်တော့ "စာဖတ်ခြင်း" ဆိုတာ စနစ်တကျလေ့ကျင့်သင်ကြားပေးရမယ့်အရာပဲဖြစ်ပါတယ်။

မြန်မာစာကို စနစ်တကျဖတ်နိုင်အောင်လို့ မြန်မာကျောင်းရဲ့ မူလတန်းသင်ရိုးညွှန်းတမ်းမှာ (ဗျည်းနဲ့သရ) ပေါင်းစပ်မှုတွေကို အတန်းလိုက် စနစ်တကျ သေချာသင်ကြားတဲ့ အစီအစဉ်ရှိတာတွေ့ရပါတယ်။ သို့ပေမယ့် English စာဖတ်နိုင်ရေးကို National Curriculum အနေနဲ့ သေသေချာချာ သင်ကြားတာ မတွေ့ရသေးပါ။ ထို့အတွက် Early Literacy Skills ထဲမှာ အဓိက ကျတဲ့ English စာဖတ်နိုင်ရေးကိုဦးတည်သင်ကြားတဲ့ "phonics" ကို နွေရာသီမှာ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။

"Phonics" ဆိုတာကို လွယ်လွယ်ကူကူနားလည်လွယ်အောင်ရှင်းပြရရင် "စကားသံလေးတွေကို အသုံးပြုပြီး ကလေးလွယ်လွယ်ကူကူစာဖတ်နိုင်အောင် သင်ကြားပေးတဲ့ နည်းစနစ်တစ်ခု" လို့ပြောရမှာပါပဲ။ အထူးသဖြင့် Englishစာကို မြန်မြန်ဖတ်နိုင်အောင်၊ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ Extracurricular အနေနဲ့ သင်ကြားပေးသင့်တဲ့ဘာသာရပ်ပဲဖြစ်ပါတယ်။

အသက် ၄နှစ်ကျော်မှ အသက် ၇နှစ်အတွင်း သင်ကြားမှာဖြစ်ပြီး၊ Level-1, Level-2 နှင့် Level-3ဆိုပြီး class ၃ခု ခွဲထားပါတယ်။ Class တစ်ခုကို ကျောင်းသား ၅ယောက်ပါ။ Level-1 ကိုတော့ phonics ဆိုတာ လုံး၀ မသိတဲ့ကလေးတွေအတွက် ရည်ရွယ်ပြီး၊ Level-2 ကိုတော့ Phonics ဆိုတာ တီးမိခေါက်မိ နဲ့ A to Z စကားလုံး သံတွေ သိတဲ့ ကလေးတွေအတွက်ရည်ရွယ်ကာ Level-3ကိုတော့ 2 letters blending ပြီးခဲ့သည့်ကလေးတွေအတွက် ရည်ရွယ်ပါတယ်။

အတန်းလေးကို Physically ၊ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်နဲ့ သင်ကြားမှာဖြစ်ပြီး ကလေးတွေအတွက်လိုအပ်တဲ့ Arts and Vrafts တွေ၊ Hand on Activities တွေနဲ့ သင်ကြားမှာဖြစ်သလို Reading ကို အစပျိုးပေးမှာဖြစ်ပါတယ်။ Test book နှင့် Work book အနေနဲ့ကတော့ Oxford Phonics World ကို အသုံးပြုမှာဖြစ်ပြီး Readers တွေကိုလည်း oxford phonics reader တွေကို အသုံးပြုမှာဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုပါက School Visitလာရောက်၍သော်လည်းကောင်း၊ ဖုန်းဆက်ပြီးသော်လည်းကောင်း မေးမြန်းနိုင်ပါတယ်။ Curriculum အသေးစိတ်ကို သေချာရှင်းပြပေးပါမယ်။

၃ လလုံး Class တစ်ခုကို ၅ယောက်ပဲ မို့ တက်ရောက်ချင်ပါက ကြိုတင် စာရင်းပေးသွင်းဖို့လိုပါမယ်။ နွေရာသီတိုင်းမှာ BRM ‌အနေနဲ့ စာဖတ်နိုင်ရေးကို ဦးတည်တဲ့ Program လေး နှစ်စဉ်ဖွင့်ဖို့ကြိုးစားလျက်ရှိပါတယ်။

20/01/2026

ဖေဖေမေမေသားသားမီးမီးတို့အားလုံး မင်္ဂလာပါ။🤍
BRM Learning Center Pageလေးကနေ ကြိုဆိုပါတယ်။
ယခု Page လေးက BRM Preschoolရဲ့ တိုးချဲ့လိုက်တဲ့ Page လည်း ဖြစ်ပါတယ်။
ယခု Pageကနေ တီချယ်တို့ ဖွင့်လှစ်မယ့် Early Literacy Experiences များရရှိနိုင်တဲ့ သင်တန်းတွေကို ကြေညာပေးမှာဖြစ်ပါတယ်။

BRM Preschool မှာ တက်ရောက်ပြီးသွားတဲ့ ကျောင်းသားဟောင်းများရဲ့ဖေဖေမေမေတို့သာမက မိမိတို့ရဲ့ သားသားမီးမီးများကို Early Literacy Experiences အပြည့် ရရှိစေချင်တဲ့ ဖေဖေမေမေများကိုပါ Pageလေးကို စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

တီချယ်တို့ ဖွင့်လှစ်မယ့်သင်တန်းများရဲ့ Information များကို မလွတ်သွားအောင် Pageကို Like & Follow လုပ်ထားဖို့လည်း ဖိတ်ခေါ်ပါ‌ရစေရှင်။

BRM Preschool Pageဖြစ်ပါတယ်🤍
https://www.facebook.com/share/1CEHS9a8Wu/

Category

Website

Address

No. 7, U Tin Aye Street, 45 Quarter, Dagon Myothit (North)
Yangon

Alerts

Be the first to know and let us send you an email when Baby Road Map Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.