KoThae Insurance Advisor

KoThae  Insurance Advisor

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KoThae Insurance Advisor, Insurance Agent, UFC tower, Botahtaung township, GGI Nippon life office, Yangon.

Helping Myanmar families secure their future with clarity and heart. 🇲🇲 I specialize in Life and Health Insurance solutions through GGI Nippon Life, ensuring that your loved ones are protected no matter what tomorrow brings.

12/09/2026

ဒီ Weekend မှာPlanမရှိသေးဘူးဆိုရင် မေးခွန်းဖြေရင်း မုန့်စားရဖို့ Junction Square ကို သွားရအောင်...

GGI Nippon Life ရဲ့ "Guess Right, Bite Tight!" အစီအစဉ်မှာ မေးခွန်းလွယ်လွယ်လေးတွေဖြေရုံနဲ့တင် အရသာရှိတဲ့ BreadTalk မုန့်တွေကို လက်ဆောင်ရယူနိုင်မှာပါ...

မုန့်အရေအတွက်လေးကန့်သတ်ထားလို့ စောစောလေးလာခဲ့ကြဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်…

နေရာ - Junction Square (City Mart ရှေ့)

ရက်စွဲ - စက်တင်ဘာ ၁၂ - ၁၃ ရက် (စနေ၊ တနင်္ဂနွေ)

ပျော်စရာမေးခွန်းတွေဖြေရင်း BreadTalk စားရဖို့ သူငယ်ချင်းတွေကို Mention ခေါ်ပြီး အရောက်လာခဲ့ကြပါဦး...

02/09/2026

ငွေစုဆောင်းချင်ပေမဲ့ နှစ်ရှည်လများ ငွေကြေးအကျိုးအမြတ်မရဘဲ စောင့်ရမှာ စိုးရိမ်နေပါသလား?

စိတ်မပူပါနဲ့တော့! GGI Nippon Life ရဲ့ FlexiFuture "စိတ်ကြိုက်စီမံ ဘဝအာမခံ" မှာဆိုရင် အာမခံသက်တမ်း မပြည့်ခင်မှာတင် ၃နှစ်ပြည့်တိုင်း အာမခံထားငွေရဲ့ 10% ရှင်သန်မှုအကျိုးခံစားခွင့် (Survival Benefit) ကို ထုတ်ယူနိုင်ပါတယ်။

ဘာကြောင့် FlexiFuture ကို ရွေးချယ်သင့်သလဲ?

10% ပုံမှန် ပြန်လည်ရရှိခြင်း - ပေါ်လစီဆက်လက်တည်မြဲနေပါက အာမခံသက်တမ်း (၃)နှစ်ပြည့်သည့်အချိန်တိုင်းမှာ အာမခံထားငွေ 10 % ကို ရှင်သန်မှုအကျိုးခံစားခွင့် အဖြစ်ရရှိမှာပါ။ ရှင်သန်မှုအကျိုးခံစားခွင့်ကို နှစ်စေ့တဲ့ အချိန်ထိ မထုတ်ယူပဲ ဆက်လက်ထားရှိနိုင်ပြီး အတိုးနှုန်းကိုလည်း စုဆောင်းထားနိုင်ပါတယ်။

ငွေကြေးလည်ပတ်မှု မပြတ်တောက်ခြင်း - သားသမီးကျောင်းစရိတ်၊ နှစ်စဉ် မိသားစု အားလပ်ရက်ခရီးစဉ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အသစ်တွေအတွက် အချိန်ကိုက် Cash Flow ရရှိစေပါတယ်။

အကာအကွယ်ရော အကျိုးအမြတ်ရနိုင်မယ် - အသက်အာမခံ အကာအကွယ်အပြည့် ရရှိထားရင်း အကျိုးခံစားခွင့်ကို စိတ်တိုင်းကျ ရယူနိုင်ပါတယ်။

31/08/2026

GGI အသက်အာမခံ ၊ ကျန်းမာရေး အာမခံ တွေကို ငွေ သွင်း ပုံ အဆင့်ဆင့်

31/08/2026

ကျန်းမာရေး အာမခံ

30/08/2026

အာမခံထားရင် သက်တမ်းပြည့်တဲ့အထိ စောင့်ပြီးမှပဲ ငွေပြန်ရတာလား?

မဟုတ်ပါဘူး!

GGI Nippon Life ရဲ့ FlexiFuture "စိတ်ကြိုက်စီမံ ဘဝအာမခံ" မှာဆိုရင် အာမခံသက်တမ်း မစေ့ခင်မှာတင် ငွေကြေးအကျိုးခံစားခွင့်ကို (၂) ကြိမ်၊ (၄) ကြိမ်၊ (၅) ကြိမ်၊ (၈) ကြိမ် မှ (၁၀) ကြိမ်အထိ မိမိတို့ လိုအပ်ချက်အလိုက် စိတ်ကြိုက် ရွေးချယ်ထုတ်ယူနိုင်ပါတယ်။

ဥပမာအားဖြင့် Customer က အကျိုးခံစားခွင့် (၅) ကြိမ်ကို ရွေးချယ်ထားတယ်ဆိုရင် သတ်မှတ်နှစ်များအလိုက် ကြားဖြတ်ငွေကို (၅) ကြိမ်တိတိ ထုတ်ယူနိုင်မှာဖြစ်လို့ —

✅ သားသားမီးမီးတို့ရဲ့ ကျောင်းစရိတ်၊ တက္ကသိုလ်ဝင်ငွေအတွက် အချိန်ကိုက် အသုံးပြုနိုင်မယ်

✅ မိသားစုရဲ့ နှစ်စဉ် အရေးပေါ် အသုံးစရိတ်တွေအတွက် စိတ်အေးရမယ်

✅ ကိုယ်ပိုင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေကြေးလည်ပတ်မှု မပြတ်တောက်စေတော့ဘူး

မိသားစုအတွက် ရေရှည်ငွေစုဆောင်းရင်း မိမိစိတ်ကြိုက် အကျိုးခံစားခွင့် အကြိမ်ရေကို ပုံဖော်ဖန်တီးနိုင်ဖို့ FlexiFuture နဲ့ ဒီနေ့ပဲ စတင်လိုက်ပါ။

Page Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။

📍အသေးစိတ်လေ့လာရန် - https://gginipponlife.com/personal/flexifuture-life-insurance/

#စိတ်ကြိုက်စီမံဘဝအာမခံ

31/07/2026

အချိန်တွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... အိပ်မက်တွေ ဘယ်လောက်ပဲ ကြီးမားလာပါစေ... အဲဒီစာမျက်နှာတွေရဲ့ ထောင့်တစ်နေရာမှာ ကိုယ်တိုင်ရေးထိုးခဲ့ဖူးတဲ့ ကတိတစ်ခု ရှိနေတတ်ပါတယ်။

"အနာဂတ်မှာ ဘာပဲဖြစ်ဖြစ်... ကိုယ့်ကျန်းမာရေးအတွက်တော့ စိတ်အေးချမ်းရမယ်" ဆိုတဲ့ ကတိပါပဲ။

အသက်အရွယ်နဲ့ တာဝန်တွေ တိုးလာတာနဲ့အမျှ ကိုယ့်ရဲ့ ကျန်းမာရေးဟာ မိသားစုရဲ့ နေ့ရက်တိုင်းအတွက် အရေးအကြီးဆုံး မဏ္ဍိုင်တစ်ခု ဖြစ်လာပါတယ်။ အနာဂတ်ဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်ပဲ အမြဲတမ်း သာယာလှပနေတတ်တာပါ။

🌿 GGI Nippon Life ရဲ့ FlexiHealth Insurance က သင့်ရဲ့ နောင်လာမည့် နှစ် (၂၀) တိုင်တိုင် ရေရှည်ခိုင်မာတဲ့ ကျန်းမာရေး အကာအကွယ်တွေကို အပြည့်အဝ ဖန်တီးပေးထားပါတယ် -

စိတ်ပူစရာမလိုတော့တဲ့ ဘဝ: ဆေးရုံတက်စရိတ်နဲ့ ကျန်းမာရေး ကုန်ကျစရိတ်တွေအတွက် ငွေရေးကြေးရေး ဖိစီးမှုတွေကို ဖယ်ရှားပေးပါတယ်။

စွမ်းအင်အပြည့်နဲ့ ရဲဝံ့တဲ့ ခြေလှမ်း: ကျန်းမာရေးအတွက် အာမခံချက် အပြည့်ရှိနေလို့ ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်တွေကို မယိမ်းမယိုင်ဘဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ပါတယ်။

မိသားစုအတွက် ရေရှည် စိတ်အေးချမ်းမှု: ကိုယ်တိုင်လည်း စိတ်ချမ်းသာ၊ မိသားစုအတွက်လည်း လုံခြုံနွေးထွေးတဲ့ အနာဂတ်ကို တည်ဆောက်ပေးနိုင်ပါတယ်။

✨ သင့်ရဲ့ နက်ဖြန်တွေကို ပိုမိုတောက်ပပြီး လုံခြုံမှုအရှိဆုံးဖြစ်စေဖို့... GGI Nippon Life ရဲ့ FlexiHealth နဲ့အတူ ဒီနေ့ပဲ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်လိုက်ရအောင်။

📞 အသေးစိတ်သိရှိလိုပါက ယခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ...

#အာမခံ
#ကျန်းမာရေး

21/07/2026

“အာမခံဝယ်ထားပြီး မလိုရင် အလကားပဲလို့ ထင်နေပါသလား…?” 💳✨

ဒီအတွေးကို လုံးဝပြောင်းလဲပေးမယ့် GGI Loyalty Card လေးတစ်ခု သင့်လက်ထဲမှာ ရှိနေပြီဆိုရင်တော့ အာမခံထားရှိခြင်းရဲ့ တန်ဖိုးဟာ သင့်နေ့စဉ်ဘဝမှာ ချက်ချင်းဆိုသလို အသက်ဝင်လာတော့မှာပါ။

🌟 တကယ် အသုံးဝင်ပုံနဲ့ မတူညီတဲ့ အကျိုးကျေးဇူးများ

ဒီ Card လေးဟာ သာမန် Loyalty Card တစ်ခု မဟုတ်ပါဘူး။ သင့်ရဲ့ လုံခြုံရေးအတွက် အာမခံထားရှိထားတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သင့်နေ့စဉ် Lifestyle တစ်ခုလုံးကို ပိုမို အဆင်ပြေစေမယ့် VIP ခံစားခွင့် လက်မှတ် တစ်စောင်ပဲ ဖြစ်ပါတယ်။

🏥 ၁။ ကျန်းမာရေးနဲ့ နွေးထွေးစောင့်ရှောက်မှု နယ်ပယ်
အရေးပေါ် ဆေးကုသမှုတွေ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ၊ သွားနှင့် အလှအပဆိုင်ရာ ကုသမှုတွေပြုလုပ်တဲ့အခါ တန်ဖိုးကြီးမားတဲ့ လျှော့ဈေးနဲ့ အထူးခံစားခွင့်တွေကို တိုက်ရိုက်ရရှိစေမှာပါ။

🎓 ၂။ အနာဂတ် ရင်းနှီးမြှုပ်နှံမှု ပညာရေး နယ်ပယ်
မိမိကိုယ်တိုင်နဲ့ ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် တက္ကသိုလ်များ၊ နိုင်ငံတကာ ဘာသာစကားနှင့် Professional သင်တန်းများ တက်ရောက်ရာမှာ ကျောင်းလခလျှော့ဈေးများစွာဖြင့် ပညာရေးအတွက် ကုန်ကျစရိတ်တွေကို သက်သာစေမှာပါ။

🍽️ ၃။ စားသောက်ဆိုင်နှင့် လူနေမှုစတိုင် (Dining & Lifestyle)
မိသားစု၊ သူငယ်ချင်းများနှင့်အတူ အမှတ်တရ ဒင်နာသုံးဆောင်တာပဲဖြစ်ဖြစ်၊ ကဖေးများ၊ အဆင့်မြင့် စားသောက်ဆိုင်များနှင့် ဘားများမှာ အပန်းဖြေတာပဲဖြစ်ဖြစ် အထူး Privilege လျှော့ဈေးတွေ ပါဝင်နေမှာဖြစ်ပါတယ်။

📱 ၄။ နည်းပညာနှင့် အီလက်ထရောနစ် ပစ္စည်းများ (IT & Gadgets)
ခေတ်မီ ဖုန်း၊ ကွန်ပျူတာ၊ Laptop နှင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ ဝယ်ယူသည့်အခါတိုင်း စေတနာလက်ဆောင် Discount များနှင့် Cash Back အစီအစဉ်တွေကိုလည်း ခံစားနိုင်မှာပါ။

🏨 ၅။ ခရီးသွား၊ အပန်းဖြေနှင့် ဟိုတယ်များ (Hotels & Resorts)
အလုပ်ပင်ပန်းသမျှ စိတ်လက်ပေါ့ပါးစွာ Staycation နားနား၊ ခရီးပဲထွက်ထွက် ထိပ်တန်း ဟိုတယ်နှင့် Resort များ၏ အခန်းခ၊ အစားအသောက်နှင့် Spa ဝန်ဆောင်မှုများတွင် အထူး Discount များ ရရှိပါမည်။

🏋️ ၆။ အားကစား၊ အလှအပနှင့် Self-Care (Fitness & Beauty)
ကျန်းမာကြံ့ခိုင်ရေးအတွက် Gym မန်ဘာဝင်ခြင်း၊ Spa & Salon များတွင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် လက်ဝတ်ရတနာ ဝယ်ယူခြင်းများအထိ နယ်ပယ်စုံမှာ အသုံးတည့်နေမှာဖြစ်ပါတယ်။

🛡️ “မထိခိုက်ခင်မှာလည်း အကျိုးရှိ၊ ထိခိုက်ခဲ့ရင်လည်း စိတ်အေးရ”
အာမခံဆိုတာ ထိခိုက်မှုဖြစ်မှ အကျိုးခံစားခွင့်ရတာမျိုးမဟုတ်ဘဲ GGI Loyalty Card ကြောင့် အာမခံသက်တမ်း မကုန်မချင်း နေ့စဉ်ဘဝရဲ့ စေတနာလျှော့ဈေးတွေကို စဉ်ဆက်မပြတ် သုံးစွဲခွင့်ရရှိနေမှာပါ။

ကျယ်ပြန့်လှတဲ့ စီးပွားရေး Partner မိတ်ဖက် ကွန်ရက်ကြီးတစ်ခုလုံးက သင့်အတွက် အသင့်ရှိနေမှာမို့ အာမခံလည်းထား၊ Loyalty Card ရဲ့ VIP အခွင့်အရေးတွေကိုလည်း အပြည့်အဝ အသုံးချလိုက်ပါ။ 💳✨







゚

21/07/2026

အာမခံထားရုံတင်မကဘဲ နေ့စဉ်လူနေမှုဘဝမှာပါ တန်ဖိုးရှိလှတဲ့ ခံစားခွင့်တွေ ရရှိဖို့... 💳✨

ကျွန်တော်တို့ရဲ့ လေးစားရပါသော Loyalty Customer ကြီးထံ GGI Loyalty Card လေး ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ်ရင်း card ရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြခွင့်ရခဲ့ပါတယ်။

GGI မှာ အာမခံထားရှိခြင်းဟာ ဘေးအန္တရာယ်တွေအတွက် စိတ်အေးရုံတင် မကပါဘူး။ ကျွန်တော်တို့ရဲ့ ခိုင်မာကျယ်ပြန့်တဲ့

Business Partner Network ကြောင့် လူနေမှုဘဝမျိုးစုံ၊ ဆိုင်ပေါင်းစုံမှာ အထူး Discount တွေနဲ့ VIP ခံစားခွင့်တွေကိုပါ စဉ်ဆက်မပြတ် ရရှိနေမှာဖြစ်ပါတယ်။

🛡️ GGI နဲ့အတူ လက်တွဲပြီး လုံခြုံစိတ်ချမှုရော၊ ထူးခြားတဲ့ ခံစားခွင့်တွေကိုပါ ရယူလိုက်ပါ။

20/07/2026

Flexi future life insurance product အသစ်

လေး ထွက်လာပါပြီ . လူကြီးမင်းရဲ့

မိသားစု အနာဂတ်အတွက် Financial နဲ့

ပတ်သက်ပြီး စိတ်ကြိုက် ဖန်တီး ပုံဖော်လို့

ရပါပြီ ။

Ko Thae (အာမခံ)
09-405512404

Future

#စိတ်ကြိုက်စီမံ
#ဘဝအာမခံ
#အာမခံ

Address

UFC Tower, Botahtaung Township, GGI Nippon Life Office
Yangon
11162