Two Stars Real Estate
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Two Stars Real Estate, Real Estate, အမှတ် (၆၈၈) ၊ မြနန္ဒာလမ်း၊ ၆၉ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။, Yangon.
⚠️ လူမနေ၊ လက်ရောက်မယူထားတဲ့ မြေဝယ်မယ်ဆိုရင်… “မူရင်းခြမ်း” ကို ဦးစားပေးပါ! 🏡
အိမ်ခြံမြေဝယ်ယူတဲ့အခါ
မြေကွက်တစ်ကွက်လုံးကို ဝယ်ဖို့ ငွေကြေးမလုံလောက်တဲ့အခါ ခြမ်းရောင်း၊ ခြမ်းဝယ် လုပ်ကြတာတွေ ရှိပါတယ်။
အဲ့ဒီလို ခြမ်းဝယ်တဲ့အခါ
မူရင်းခြမ်း နဲ့ မိတ္တူခြမ်း ဆိုပြီး ကွဲထွက်လာတတ်ပါတယ်။
👉 မြေကွက်တစ်ကွက်တည်း ဖြစ်ပေမယ့်
မူရင်းခြမ်းနဲ့ မိတ္တူခြမ်းရဲ့ အခြေအနေ၊ တန်ဖိုးနဲ့ အန္တရာယ်တွေက မတူနိုင်ပါဘူး။
❗ ဘာကြောင့် မူရင်းခြမ်းကို ဦးစားပေးသင့်တာလဲ?
မိမိဝယ်မယ့်မြေကွက်မှာ—
❌ လူနေထိုင်ခြင်း မရှိဘူး
❌ လက်ရောက်ရယူထားခြင်း မရှိဘူး
❌ မြေကွက်ကို ကိုယ်တိုင်ထိန်းသိမ်းအသုံးပြုနေတဲ့ အခြေအနေ မရှိဘူး
ဆိုရင် ဂရန်/ပါမစ် မိတ္တူခြမ်းကို ဝယ်ယူတဲ့အခါ ပိုပြီး သတိထားဖို့ လိုပါတယ်။
ဘာကြောင့်လဲဆိုတော့… 👇
① မူရင်းစာရွက်ကိုင်ထားသူက လုပ်ပိုင်ခွင့်ကို အသုံးချနိုင်ခြေရှိပါတယ်
တချို့အခြေအနေတွေမှာ မူရင်းစာရွက်စာတမ်းကို ကိုင်ထားသူက
မိတ္တူခြမ်း ဝယ်ထားသူကို အသိမပေးဘဲ မိမိဘက်က လုပ်ဆောင်မှုတွေ ပြုလုပ်သွားနိုင်ပါတယ်။
② ပါမစ်မြေဆိုရင် ပိုပြီး သတိထားဖို့လိုပါတယ်
မိတ္တူခြမ်းဘက်မှာ လူမနေ၊ လက်ရောက်မရယူထားတဲ့အခြေအနေမျိုးဆိုရင်
သက်ဆိုင်ရာလုပ်ငန်းစဉ်အတွင်း မူရင်းကိုင်ထားသူဘက်က မြေတစ်ကွက်လုံးကို ကိုယ်ပိုင်အဖြစ် ပြသပြီး ဆက်လက်လုပ်ဆောင်သွားနိုင်တဲ့ အန္တရာယ် ရှိနိုင်ပါတယ်။
③ မြေကွက်မှာ လက်ရောက်နေထိုင်မှုမရှိတာက ပြဿနာဖြစ်နိုင်ပါတယ်
သက်ဆိုင်ရာဌာနက ကွင်းဆင်းစစ်ဆေးတဲ့အခါ
မြေကွက်မှာ လူနေထိုင်မှု၊ လက်ရောက်ရယူထားမှု စတဲ့ အထောက်အထားတွေ မရှိရင် အခြေအနေအရ ပိုင်ရှင်တစ်ဦးတည်းလို မြင်ယူနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါတယ်။
④ ဂရန်မြေမှာလည်း သတိထားရပါမယ်
မူရင်းကိုင်ထားသူက မိတ္တူခြမ်းကိုင်ထားသူကို အသိမပေးဘဲ
မြေတစ်ကွက်လုံးကို ရောင်းချသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။
အဲ့ဒီလိုအခြေအနေမှာ နောက်ဆုံးဝယ်ယူသူက အခွန်ဆောင်ပြီး အမည်ပြောင်းသွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် မိတ္တူခြမ်းဝယ်ယူသူအနေနဲ့ ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
───
🛑 ဒါကြောင့် အရေးကြီးဆုံး သတိပေးချက်
လူမနေ၊ လက်ရောက်မယူထားတဲ့ မြေကို ဝယ်မယ်ဆိုရင်
“မူရင်းခြမ်းလား၊ မိတ္တူခြမ်းလား” ဆိုတာကို အရင်ဆုံး စစ်ဆေးပါ။
မြေဈေးသက်သာတာတစ်ခုတည်းကို မကြည့်ဘဲ
📌 စာရွက်စာတမ်း
📌 ပိုင်ဆိုင်မှုအဆက်အစပ်
📌 မြေကွက်ရဲ့ လက်ရောက်အခြေအနေ
📌 သက်ဆိုင်ရာဌာနတွေရဲ့ မှတ်တမ်း
📌 ရောင်းချသူရဲ့ ပိုင်ဆိုင်ခွင့်
စတာတွေကို ကျွမ်းကျင်သူနဲ့ သေချာစစ်ဆေးပြီးမှ ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။
🏡 အိမ်ခြံမြေမှာ ဈေးသက်သာတာထက်
ပိုင်ဆိုင်ခွင့် ခိုင်မာတာက ပိုအရေးကြီးပါတယ်။
ဒီအကြောင်းအရာလေးက အသုံးဝင်တယ်ဆိုရင်
❤️ Like & Follow လေးလုပ်ထားပေးပါနော်။
အိမ်ခြံမြေဆိုင်ရာ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားပါမယ်ရှင့်။
#အိမ်ခြံမြေဗဟုသုတ
#မြေကွက်ဝယ်ယူခြင်း
#မူရင်းခြမ်း
#မိတ္တူခြမ်း
Credit – U Zin Lin Aung
20/08/2026
အိမ် ခြံ မြေ ဝယ်ယူသူများသိထားသင်သည့်
နောက်ဆုံးရ အခွန်နှုန်းထားများနှင့် တွက်ချက်ပုံ 📌
အိမ်ခြံမြေဝယ်ယူမယ်ဆိုရင် မြေတန်ဖိုးတစ်ခုတည်းကိုပဲ တွက်ထားလို့မရပါဘူးနော်။
💰 အခွန်အခနဲ့ မှတ်ပုံတင်ခတွေကိုပါ ကြိုတင်တွက်ချက်ထားဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ ပေ ၄၀ × ၆၀ မြေကွက် တစ်ကွက်ကို ဥပမာထားပြီး တွက်ပြပေးထားပါတယ်ရှင့်။ 👇
━━━━━━━━━━━━━━
၁။ မြေကွက်အကျယ်အဝန်း တွက်ချက်ပုံ
ပထမဦးစွာ မြေကွက်ရဲ့ စုစုပေါင်း စတုရန်းပေကို တွက်ရပါမယ်။
၄၀ ပေ × ၆၀ ပေ
= ၂,၄၀၀ စတုရန်းပေ
━━━━━━━━━━━━━━
၂။ မြေကွက်၏ သတ်မှတ်တန်ဖိုး (ကာလတန်ဖိုး)
သတ်မှတ်ထားတဲ့ တစ်စတုရန်းပေလျှင် ၁၅၀,၀၀၀ ကျပ် နှုန်းဖြင့် တွက်ချက်မယ်ဆိုရင် —
၂,၄၀၀ × ၁၅၀,၀၀၀
= ၃၆၀,၀၀၀,၀၀၀ ကျပ်
👉 သိန်း ၃,၆၀၀ တိတိ
━━━━━━━━━━━━━━
၃။ ပေးဆောင်ရမည့် အခွန်နှုန်းထားများ
မြေဝယ်ယူရာမှာ အဓိကအားဖြင့် —
🔹 တံဆိပ်ခေါင်းခွန် (Stamp Duty)
🔹 ဝင်ငွေခွန် (Income Tax)
🔹 မှတ်ပုံတင်ခ
စတဲ့ အခွန်အခများကို ထည့်သွင်းတွက်ချက်ရပါမယ်။
(က) တံဆိပ်ခေါင်းခွန် (Stamp Duty)
တံဆိပ်ခေါင်းခွန် ၄% ဖြင့် တွက်ချက်မယ်ဆိုရင် —
၃၆၀,၀၀၀,၀၀၀ × ၄%
= ၁၄,၄၀၀,၀၀၀ ကျပ်
👉 သိန်း ၁၄၄
(ခ) ဝင်ငွေခွန် (Income Tax)
သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း —
သိန်း ၃,၀၀၀ × ၃%
= သိန်း ၉၀
သိန်း ၆၀၀ × ၅%
= သိန်း ၃၀
👉 ဝင်ငွေခွန် စုစုပေါင်း = သိန်း ၁၂၀
(ဂ) မှတ်ပုံတင်ခ (၀.၅%)
၃၆၀,၀၀၀,၀၀၀ × ၀.၅%
= ၁,၈၀၀,၀၀၀ ကျပ်
👉 သိန်း ၁၈
━━━━━━━━━━━━━━
🧮 အားလုံးပေါင်းပြီး တွက်ကြည့်မယ်ဆိုရင်
မြေတန်ဖိုး — သိန်း ၃,၆၀၀
တံဆိပ်ခေါင်းခွန် ၄% — သိန်း ၁၄၄
မှတ်ပုံတင်ခ ၀.၅% — သိန်း ၁၈
ဝင်ငွေခွန် — သိန်း ၁၂၀
📌 အခွန်နှင့် အခကြေးငွေ စုစုပေါင်း = သိန်း ၂၈၂
━━━━━━━━━━━━━━
💡 ဒါကြောင့် အိမ်ခြံမြေဝယ်ယူမည့်သူများအနေဖြင့် မြေတန်ဖိုးတစ်ခုတည်းကိုသာ မတွက်ထားဘဲ အခွန်အခများ၊ မှတ်ပုံတင်ခများကိုပါ ကြိုတင်တွက်ချက်ထားဖို့ အရေးကြီးပါတယ်။
🏡 ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက် ဝယ်ယူမယ်ဆိုရင်
မြေတန်ဖိုး + အခွန်အခ + မှတ်ပုံတင်ခ
အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ ဘတ်ဂျက်ချထားသင့်ပါတယ်။
📌 အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Page လေးကို Follow လုပ်ထားပေးပါနော်။ ❤️
#အိမ်ခြံမြေစိတ်ဝင်စားသူများ
#အိမ်ခြံမြေ
#အိမ်ခြံမြေအခွန်
🏡 “ဒီအိမ်လေး၊ ဒီခြံလေး… ဘယ်လောက်တန်လဲ?” 🤔
အိမ်ခြံမြေဈေးကွက်ထဲမှာ အဖြေရအခက်ဆုံး မေးခွန်းတွေထဲက တစ်ခုပါ။
“ဒီခြံလေး ဘယ်လောက်လဲ… သိချင်ရုံတင်ပါဗျာ”
ဆိုပြီး မေးမြန်းလာကြတာ မကြာခဏတွေ့ရပါတယ်ခင်ဗျာ။ 😊
တကယ်တော့ အိမ်ခြံမြေတစ်ခုရဲ့ တန်ဖိုးဆိုတာ ပေဘယ်လောက် × ပေဘယ်လောက် ဆိုပြီး တွက်လိုက်ရုံနဲ့ ချက်ချင်းသတ်မှတ်လို့ရတဲ့အရာ မဟုတ်ပါဘူး။
ဈေးနှုန်းမှန်ကန်စွာ သတ်မှတ်နိုင်ဖို့ အောက်ပါအချက်တွေကို သေချာစွာ လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်👇
📍 နေရာနှင့် ရပ်ကွက်အနေအထား
လမ်းမတန်းလား၊ လမ်းသွယ်လား၊ သွားလာရလွယ်ကူမှု၊ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု စတာတွေက ဈေးနှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။
📄 ပိုင်ဆိုင်မှုနှင့် စာရွက်စာတမ်းအခြေအနေ
မြေအမျိုးအစား၊ ပိုင်ဆိုင်မှုအဆင့်ဆင့်၊ စာရွက်စာတမ်း ခိုင်မာမှုနဲ့ လွှဲပြောင်းရောင်းချနိုင်မှုတို့ကို စစ်ဆေးဖို့ လိုပါတယ်။
📐 မြေအကျယ်အဝန်းနှင့် အနေအထား
မြေကွက်အကျယ်၊ အလျား/အနံ၊ လမ်းဝင်လမ်းထွက်၊ မြေမျက်နှာစာနဲ့ မြေကွက်ပုံစံတွေကလည်း တန်ဖိုးသတ်မှတ်ရာမှာ အရေးကြီးပါတယ်။
🏠 အိမ်အဆောက်အဦးအခြေအနေ
အိမ်ပါဝင်ပါက အိမ်ရဲ့ သက်တမ်း၊ ဆောက်လုပ်ထားပုံ၊ ပြုပြင်ထိန်းသိမ်းထားမှုနဲ့ အသုံးပြုနိုင်တဲ့အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။
📈 လက်ရှိဈေးကွက်အခြေအနေ
အနီးအနားမှာ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးနှုန်းတွေ၊ ဝယ်လိုအား/ရောင်းလိုအားနဲ့ လက်ရှိဈေးကွက်အခြေအနေကို နှိုင်းယှဉ်သုံးသပ်ဖို့ လိုအပ်ပါတယ်။
🚗 အနီးအနားရှိ အရေးကြီးနေရာများ
အဓိကလမ်းမကြီး၊ စျေး၊ ကျောင်း၊ ဆေးရုံ၊ စီးပွားရေးဇုန်၊ သယ်ယူပို့ဆောင်ရေး စတဲ့ အချက်တွေကလည်း အိမ်ခြံမြေရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်ပါတယ်။
💡 ဒါကြောင့် “ဘယ်လောက်တန်လဲ?” ဆိုတဲ့မေးခွန်းရဲ့ အဖြေက
“နေရာကိုကြည့်ပြီး၊ စာရွက်စာတမ်းကိုစစ်ပြီး၊ လက်ရှိဈေးကွက်နဲ့ နှိုင်းယှဉ်သုံးသပ်ပြီးမှသာ မှန်ကန်တဲ့တန်ဖိုးကို သတ်မှတ်နိုင်ပါတယ်” လို့ပဲ ဖြေရမှာပါ။
အိမ်ခြံမြေတစ်ခုကို ဈေးမမှားဘဲ ရောင်းချချင်သူများ၊
ဈေးကွက်နဲ့ ကိုက်ညီတဲ့တန်ဖိုးကို သိချင်သူများ အနေနဲ့ ကျွမ်းကျင်သူများထံ အကြံပြုချက်ရယူပြီးမှ ဆုံးဖြတ်တာ ပိုမိုကောင်းမွန်ပါတယ်။ 🤝
တန်ဖိုးမှန်မှန်သိမှ
ရောင်းတဲ့အခါလည်း မနစ်နာ၊
ဝယ်တဲ့အခါလည်း မမှားနိုင်မှာပါ။ ❤️
🏡 Two Stars Real Estate
“အိမ်ခြံမြေရွေးချယ်မှုတိုင်းမှာ ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်”
📩 အိမ်ခြံမြေတန်ဖိုး၊ အရောင်းအဝယ်နှင့် ပတ်သက်ပြီး သိလိုသည်များရှိပါက Two Stars Real Estate သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
#အိမ်ခြံမြေအသိပညာ #မြေဈေးနှုန်း #အိမ်ခြံမြေဈေးကွက် #အိမ်ခြံမြေရောင်းဝယ်ရေး
17/08/2026
Writing
🏡အခုမှ အိမ်ခြံမြေ ကို စတင်လေ့လာမယ်သူတွေနဲ့ ရင်းနှစ်မြှပ်နှံမယ်ဆိုရင်… ဒီ (၅) ချက်ကို မဖြစ်မနေ သိထားပါ!
အိမ်ခြံမြေလောကဟာ အကျိုးအမြတ်ကောင်းကောင်း ရရှိနိုင်တဲ့ နယ်ပယ် တစ်ခုဖြစ်သလို၊ သေချာမစစ်ဆေးဘဲ ရင်းနှီးမြှုပ်နှံမိရင် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တဲ့ နယ်ပယ် တစ်ခုလည်း ဖြစ်ပါတယ်။
အခုမှ အိမ်ခြံမြေကို စတင်လေ့လာမယ့်သူတွေ၊ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတွေအတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက် (၅) ချက် ကို မျှဝေပေးလိုက်ပါတယ်နော်။ 👇
၁။ 📍 တည်နေရာ — Location, Location, Location
အိမ်ခြံမြေတန်ဖိုးကို ဆုံးဖြတ်ရာမှာ တည်နေရာက အရေးအကြီးဆုံး ဖြစ်ပါတယ်။
🔹 လမ်းမကြီးတွေနဲ့ နီးသလား
🔹 သွားလာရေး အဆင်ပြေလား
🔹 နောင် ၃ နှစ်၊ ၅ နှစ်အတွင်း ဖွံ့ဖြိုးလာနိုင်မယ့် အလားအလာရှိလား
🔹 စျေး၊ ကျောင်း၊ ဆေးရုံ၊ စျေးဝယ်စင်တာ စတဲ့ အရေးကြီးနေရာတွေနဲ့ နီးလား
🔹 ရေကြီးမှု၊ လုံခြုံရေးနဲ့ ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်လား
ဒီအချက်တွေကို သေချာလေ့လာပါ။
၂။ 📑 ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာမှု — Legality
“မြေဝယ်ပြီးမှ စာရွက်စာတမ်းပြဿနာတက်တာ” မဖြစ်ရအောင် ပိုင်ဆိုင်မှုအထောက်အထားကို အရင်ဆုံး စစ်ဆေးပါ။
🔹 ဂရန်အမည်ပေါက် ဟုတ်/မဟုတ်
🔹 ဂရန်သက်တမ်း ကျန်/မကျန်
🔹 ဘိုးဘွားပိုင်မြေဆိုရင် ပိုင်ဆိုင်မှုအဆက်အစပ် မှန်ကန်မှု
🔹 ကန့်ကွက်မှု ရှိ/မရှိ
စတာတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ကျွမ်းကျင်တဲ့ ရှေ့နေအကူအညီယူပြီး စစ်ဆေးတာ ပိုမိုလုံခြုံပါတယ်။
၃။ 💰 ဈေးကွက်ပေါက်ဈေး — Market Value
ရောင်းသူပြောတဲ့ဈေးဟာ တကယ့်ဈေးကွက်ပေါက်ဈေး ဟုတ်/မဟုတ် သိထားဖို့ လိုပါတယ်။
အနီးအနားက အိမ်ခြံမြေတွေရဲ့ လက်ရှိအရောင်းအဝယ်ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ပါ။
⚠️ ဈေးအရမ်းတန်နေတယ်ဆိုရင်လည်း အလျင်စလို မဝယ်ပါနဲ့။
“ဘာကြောင့် ဒီလောက်တန်နေတာလဲ?” ဆိုတာကို အရင်ရှာဖွေပါ။
၄။ 💵 ဘတ်ဂျက်နဲ့ အပိုကုန်ကျစရိတ်များ — Hidden Costs
အိမ်ခြံမြေဝယ်တဲ့အခါ မြေဖိုး/အိမ်ဖိုးတစ်ခုတည်းနဲ့ မပြီးပါဘူး။
🔹 အခွန်အခများ
🔹 တံဆိပ်ခေါင်းခွန်
🔹 အကျိုးဆောင်ခ
🔹 စာချုပ်နှင့် မှတ်ပုံတင်ဆိုင်ရာ ကုန်ကျစရိတ်
🔹 ဝယ်ယူပြီးနောက် ပြင်ဆင်မွမ်းမံစရိတ်
စတဲ့ အပိုကုန်ကျစရိတ်တွေကိုပါ ကြိုတင်တွက်ချက်ပြီး ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီမှုရှိ/မရှိ စဉ်းစားပါ။
၅။ 🎯 ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက် — Investment Goal
အိမ်ခြံမြေကို ဘာအတွက် ဝယ်မှာလဲ? ဆိုတာ အရင်ဆုံး သတ်မှတ်ထားပါ။
🏠 နေထိုင်ရန် — ကိုယ့်မိသားစုအတွက် အဆင်ပြေမှုကို ဦးစားပေးပါ။
🏢 အငှားချရန် — လူစည်ကားပြီး ကျောင်း၊ ရုံး၊ စျေး စတဲ့နေရာတွေနဲ့ နီးတဲ့နေရာကို ရွေးချယ်ပါ။
📈 အမြတ်အစွန်းအတွက် — နောင်ဖွံ့ဖြိုးလာနိုင်မယ့်နေရာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းလာနိုင်မယ့်နေရာတွေကို ကြိုတင်လေ့လာပြီး ရွေးချယ်ပါ။
✨ အရေးကြီးဆုံး အကြံပြုချက်
အိမ်ခြံမြေဝယ်ယူတော့မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းကို မကြည့်ဘဲ — တည်နေရာ၊ စာရွက်စာတမ်း၊ ဈေးကွက်တန်ဖိုးနဲ့ ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက် တွေကို ပြည့်ပြည့်စုံစုံ စစ်ဆေးပါ။
ယုံကြည်စိတ်ချရတဲ့ အိမ်ခြံမြေအကျိုးဆောင် (Agent) နဲ့ ဝါရင့်ရှေ့နေ တို့ရဲ့ အကူအညီကို ရယူခြင်းက သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုလုံခြုံစေမှာ ဖြစ်ပါတယ်။ 🤝
“မြေဝယ်တာက ငွေသုံးတာမဟုတ်ပါဘူး… မှန်ကန်တဲ့နေရာမှာ ငွေကို ရင်းနှီးမြှုပ်နှံတာပါ။” 🏡💰
📌 အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အသိပညာတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Two Stars Real Estate ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ❤️
16/08/2026
အခုမှ မြေကွက်စဝယ်ယူသော မိတ်ဆွေများ အတွက် ပါမစ်မြေ ကို ဝယ်ယူမည်ဆိုပါက အရေးကြီးဆုံး လုပ်ဆောင်သင့်သည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်
၁။ ပါမစ်မူရင်းကို စစ်ဆေးကြည့်ရှု့ရာတွင် မူရင်းစာရွက်စာတမ်းစစ်မှန်သလား (သို့) Scan ဖတ်ထားသည့် စာရွက်စာတမ်းဖြစ်နေသလားဆိုသည်ကို ကြည့်ရှု့စစ်ဆေးရပါမည်။ အိုးအိမ်ရုံးတွင် စစ်ဆေးနိုင်သလို ၊ အိမ်၊ခြံ
မြေ နားလည်သော ရှေ့နေ ဖြင့် စစ်ဆေး ဝယ်ယူပါ၊ ပါမစ်စာရွက်တွင်ပါဝင်သော (အမည်ပေါက်မိသားစု ဓာတ်ပုံ၊ အမည်ပေါက်ကိုယ်ရေးရာဇဝင်၊အိမ်ရာဆောက်လုပ်နေထိုင်ခွင့်၊ အမည်ပေါက်မိသားစု သန်းခေါင်စာရင်း လေးရွက်ပါရှိပါတယ်၊ ချွင်းချက်အနေဖြင့် ပါမစ်အစောင် တစ်ရာမှာ နှစ်စုံလောက်သာ ငွေသွင်းချလံ ပါပါတယ်။
၂။ ဒုတိယအချက်အနေဖြင့် ရောင်းသူထံတွင်ရှိသော ပါမစ်သည် အမည်ပေါက်မှန် မမှန် ၊ ဂရန်လျှောက်ထား ခြင်း ရှိ
မရှိကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရပါမည်။ (အိုးအိမ်ရုံးတွင် စုံစမ်းစစ်ဆေးနိုင်သော်လည်း အိုးအိမ် ရုံးတွင် အမည်ပေါက်မှန်မမှန်ကိုသာ သိရှိနိုင်မည်ဖြစ်ပြီး စည်ပင်တွင် စစ်ဆေးပါက ပါမစ်မှ ဂရန်လျှောက်ထားခြင်း ရှိ မရှိ၊ ကန့်ကွက်ထားခြင်း ရှိ၊မရှိ ကိုပါ သိနိုင်သည်ဖြစ်၍ ပါမစ်စုံစမ်းစစ်ဆေးရန်နေရာကို မြို့တော်စည်ပင်တွင် မြေရာဇဝင် စစ်ပေးရန် လိုအပ်ပါ သည်။
တစ်ချို့ ရပ်ကွက်ပါမစ်များသည် စည်ပင်စာရင်း မရောက်ပဲ ကျန်ခဲ့တာတွေ ရှိပါတယ် ဌာနဆိုင်ရာခြင်း ကျန်ရှိနေသေးတဲ့ အလုပ်မို့ ပါမစ်မှန်ပါက စည်ပင်စာရင်း မရောက်လဲ ဂရံလျောက်လို့ ရသလို၊ ဝယ်ယူလို့ရပါတယ်
၃။ ပါမစ်မှန်ကန်ပါက သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သွင်းသင့်ပါသည်။ သတင်း စာတွင် ကြော်ညာထည့်သွင်းသင့်ကြောင်း အကြံပြုရခြင်းမှာ မြေကွက်နှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ သိရှိနိုင်ရန်နှင့် ရနိုင်သမျှသော အထောက်အထားများရှိနိုင်ရန်အတွက် ဖြစ်ပါသည်။
မူရင်းရေးသားသူကို credit ပေးပါတယ်
၁၀.၇.၂၀၂၆
၁၅၁/ရပ်ကွက် စရံချအကျိုးဆောင်
၁၅၁/ရပ်ကွက် ငွေချေ
Two Stars Real Estate ကို ယုံကြည်စွာဖြင့် ဝယ်ယူအားပေးကြသော ဘောစိများ၊ ရောင်းချအပ်နှံပေးကြသော မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
လူကြီးမင်းတို့၏ ယုံကြည်မှုတိုင်းကို တန်ဖိုးထားပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန် အမြဲကြိုးစားနေပါမည်။
💙 Two Stars Real Estate 💙
ယုံကြည်မှုဖြင့် စတင်၍ စိတ်ချမ်းသာမှုဖြင့် အဆုံးသတ်ပါသည်။
09421061558,09779964440
23.6.26
"ယုံကြည်မှု" ဆိုတာ ငွေကြေးထက် တန်ဖိုးကြီးတဲ့ အရာတစ်ခုပါ။
၈၃ ရပ်ကွက်/ရှယ်ယာအကွက်လေးငွေချေပွဲ
Two Stars Real Estate ကို ယုံကြည်စွာဖြင့် ဝယ်ယူအားပေးကြသော ဘောစိများ၊ ရောင်းချအပ်နှံပေးကြသော မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
လူကြီးမင်းတို့၏ ယုံကြည်မှုတိုင်းကို တန်ဖိုးထားပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန် အမြဲကြိုးစားနေပါမည်။
💙 Two Stars Real Estate 💙
ယုံကြည်မှုဖြင့် စတင်၍ စိတ်ချမ်းသာမှုဖြင့် အဆုံးသတ်ပါသည်။
09421061558,09779964440
23.6.26
"ယုံကြည်မှု" ဆိုတာ ငွေကြေးထက် တန်ဖိုးကြီးတဲ့ အရာတစ်ခုပါ။
၆၉ ရပ်ကွက်/မင်းရဲကောင်းပုံပေါ်စရံချအကျိုးဆောင်
Two Stars Real Estate ကို ယုံကြည်စွာဖြင့် ဝယ်ယူအားပေးကြသော ဘောစိများ၊ ရောင်းချအပ်နှံပေးကြသော မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
လူကြီးမင်းတို့၏ ယုံကြည်မှုတိုင်းကို တန်ဖိုးထားပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန် အမြဲကြိုးစားနေပါမည်။
💙 Two Stars Real Estate 💙
ယုံကြည်မှုဖြင့် စတင်၍ စိတ်ချမ်းသာမှုဖြင့် အဆုံးသတ်ပါသည်။
09421061558,09779964440
20.6.26
၆၉ရပ်ကွက်/ဗန္ဓုလဒဲ့ဆင်းစရံချအကျိုးဆောင်
၈၅ ရပ်ကွက်/ကျန်စစ်ဒဲ့ဆင်းစရံချအကျိုးဆောင်
📍 ဒဂုံတောင် / ဒဂုံဆိပ်ကမ်း မြို့နယ်
၆၉၊ ၈၀၊၈၂၊၈၃၊ ၈၄၊ ၈၅၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉၊ ၁၅၀၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ ရပ်ကွက်များရှိ
ပါမစ်မြေ နှင့် ဂရံမြေများကို ကာလပေါက်ဈေးအတိုင်း ယုံကြည်စိတ်ချစွာ အကျိုးဆောင်ပေးနေပါသည်ရှင်။
🏡 ဝယ်ယူလိုသူများ / ရောင်းချလိုသူများ
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။
Two Stars Real Estate
📞 09421061558
📞 09779964440
13.6.26
၈၃ ရပ်ကွက်စရံချအကျိုးဆောင်
၈၃ ရပ်ကွက် ငွေချေ
📍 ဒဂုံတောင် / ဒဂုံဆိပ်ကမ်း မြို့နယ်
၆၉၊ ၈၃၊ ၈၄၊ ၈၅၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉၊ ၁၅၀၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ ရပ်ကွက်များရှိ
ပါမစ်မြေ နှင့် ဂရံမြေများကို ကာလပေါက်ဈေးအတိုင်း ယုံကြည်စိတ်ချစွာ အကျိုးဆောင်ပေးနေပါသည်ရှင်။
🏡 ဝယ်ယူလိုသူများ / ရောင်းချလိုသူများ
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။
Two Stars Real Estate
📞 09421061558
📞 09779964440
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Two Stars Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.