Phyu - Diary

Phyu - Diary

Share

������

19/04/2024

မနက်ဖြန်အတွက်လည်းအများကြီးမမျှော်လင့်ထားသလို

ပြီးခဲ့တဲ့အရာတွေအတွက်လည်းအထွေအထူးမခံစားနေတော့ပါဘူး

အခုလက်ရှိအချိန်ကိုပဲအာရုံထားတယ်🍃

#ဖြူ(ဒိုင်ယာရီ)

19/04/2024

🪻ပျော်ရွှင်ဖို့မမေ့ပါနဲ့

ပျော်ရွှင်ခြင်းကိုသူများဆီက မမျှော့်လင့်ဘဲ

မိမိစိတ်နှလုံးသားကနေဖန်တီးပါ🪻🪻🪻

#ဖြူ(ဒိုင်ယာရီ)

19/04/2024

ဖြူစင်တဲ့နှလုံးသားကိုအရောင်မဆိုးချင်ပါနဲ့ကွယ်

ချစ်ခြင်းမေတ္တာကလည်းလူတိုင်းနဲ့မထိုက်တန်ပါဘူး

အရာရာတိုင်းကကံပါသလောက်ပါပဲ🍃

#ဖြူ(ဒိုင်ယာရီ)

24/04/2023

စိတ်.................
ကျွန်မတို့ဘဝမှာစိတ်ချမ်းသာခြင်းစိတ်ဆင်းရဲခြင်းဆိုတာကျွန်မတို့ရဲ့စိတ်နေစိတ်ထားအတွေးအပေါ်မှာပဲမူတည်ပါတယ်.....

ဘယ်လောက်ပဲဆိုးရွားတဲ့အခြေအနေဖြစ်ပါစေကျွန်မတို့အကောင်းဘက်ကဖြည့်တွေးပေးလို့ရပါတယ်.......

အသက်ရှင်နေသရွေ့မျှော်လင့်ချက်ဆိုတာရှိတယ်

လူတိုင်းကပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်..........

ဖြူ(၂၄.၄.၂၀၂၃)

11/04/2023

တစ်ခါတစ်ရံဘဝမှာအသက်ရှင်နေထိုင်ရတာကအဓိပ္ပာယ်ရှိဖို့လိုပါတယ်........ဘဝမှာအချိန်တိုင်းအချိန်တိုင်းသူတစ်ပါးရဲ့စိတ်နဲ့အသက်ရှင်နေရတဲ့သူတွေရှိကြပါတယ်....

ဘယ်လိုလူတွေလဲဆိုတော့......ဆင်းရဲနွမ်းပါးပြီးအားကိုးစရာမရှိသူတစ်ပါးကိုမှီခိုနေရတဲ့သူတွေပါ.......သူများအကြိုက်သူများစိတ်ဆန္ဒတွေကိုပဲအမြဲတမ်းဖြည့်ဆည်းနေရတယ်.....ကိုယ်ဘာဖြစ်ချင်လဲကိုယ်ဘာလုပ်ချင်လဲ
ဘာမှမလုပ်ခဲ့ရဘဲအသက်ရှင်ပေမဲ့သေနေတဲ့သူတွေလိုပဲ
ဘဝကိုဖြတ်သန်းကြရတယ်........

ကျွန်မတို့လူတွေအားလုံးကိုယ့်အားကိုယ်ကိုးနိုင်အောင်ကြိုးစားကြပါ......
ဘယ်အချိန်မှာဘယ်သူ့ကိုမှအားမကိုးဘဲကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင်ကြိုးစားကြပါ........

ဖြူ (10.4.23)💯

11/04/2023

ဘဝမှာမိသားစုလို့ပြောလိုက်တာနဲ့အရင်းနှီးဆုံးလူတွေလို့မြင်ကြပါလိမ့်မယ်.......တကယ်လည်းအရင်းနှီးဆုံးလူတွေပါ....ဒါပေမဲ့တစ်ချို့လူတွေအတွက်ကတော့........
မိသားစုထဲကလူတွေကသူစိမ်းထက်တောင်ကြောက်ဖို့ကောင်းပါတယ်...

တစ်ဦးနဲ့တစ်ဦးမေတ္တာတရားမရှိ
ညှာတာမှုမရှိ
စာနာမှုမရှိ
နွေးထွေးမှုမရှိ
ကိုယ်ချင်းစာမှုမရှိ
ဒီလိုမိသားစုမှာနေရတဲ့သူတွေအတွက်ကတော့တကယ်ကိုမှငရဲပါပဲ..........

လူတိုင်းလူတိုင်းသာယာပျော်ရွှင်သောမိသားစုကိုပိုင်ဆိုင်နိုင်ကြပါစေ......

ဖြူ(10.4.23)✉️

Category

Website

Address

Ye

Alerts

Be the first to know and let us send you an email when Phyu - Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Ye.