Yarr Pyae Vlog
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yarr Pyae Vlog, Video Creator, Kuala lampur, Klang.
စွယ်စုံ ဗဟုသုတ ကဗျာ History သမိုင်း UFC One Championship Football ဘောလုံး သတင်း နည်းပညာ
မလေးရှားသတင်းအထွေထွေ
တွေသင့်အတွက် မျှဝေးဖို့ဖြစ်တယ် internationalnews Sharing 🙏🙏🙏
17/09/2026
🇧🇷 Alexandre Pantoja 🆚 🇲🇲 Joshua Van
ပွဲမစခင်ကတည်းက စကားသံတွေ ပိုမိုပြင်းထန်လာပြီ 🔥
UFC 331 မှာ ထပ်မံရင်ဆိုင်ကြမယ့် Flyweight ချန်ပီယံ Joshua Van 🇲🇲 နဲ့ ချန်ပီယံဟောင်း Alexandre Pantoja 🇧🇷 တို့ရဲ့ Rematch က ပွဲမတိုင်ခင်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။
Pantoja 🇧🇷 က သူ့ရဲ့ Grappling နဲ့ Submission စွမ်းရည်တွေကို အဓိကအသုံးချပြီး ပြန်လည်အနိုင်ယူဖို့ ပြင်ဆင်ထားပါတယ်။
တစ်ဖက်မှာတော့ ချန်ပီယံ Joshua Van 🇲🇲 ကလည်း ခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ 💪🔥
စကားနဲ့ ဘယ်လောက်ပဲ အပြိုင်အဆိုင်ရှိရှိ အဆုံးသတ်အဖြေကတော့ Octagon ထဲမှာပဲ ထွက်ပေါ်လာမှာပါ။ 🥊
🇲🇲 Joshua Van 🆚 Alexandre Pantoja 🇧🇷
🔥 မကျေပွဲကြီးကို ဘယ်သူက အနိုင်နဲ့ အဆုံးသတ်မလဲ?
16/09/2026
ကဲ ညီကိုတို့ရေ 🔥🥊
ပွဲကြီးရောက်ဖို့ ၃ ရက်ပဲ လိုတော့တယ်ဗျာ!
Joshua Van အတွက် ဒီပွဲက မကျေပွဲအဖြစ် ပြန်လည်ရင်ဆိုင်ရမယ့်ပွဲဖြစ်သလို၊ ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်ရမယ့် အရေးကြီးပွဲကြီးလည်း ဖြစ်ပါတယ်။ 🏆🔥
ရင်ခုန်စရာပွဲကြီးကို အားပေးဖို့ အားလုံးအဆင်သင့်ပဲလား? 💪🇲🇲
Good Luck, Joshua Van! 🏆🔥🇲🇲
16/09/2026
ဒီနေ့တော့ 🇲🇲 Joshua Van 🆚 🇧🇷 Alexandre Pantoja တို့ မျက်နှာချင်းဆိုင် Face-Off ပြုလုပ်ခဲ့ကြပါပြီ 🔥
ပွဲကြီးနီးကပ်လာတာနဲ့အမျှ ပြိုင်ဘက်နှစ်ဦးရဲ့ ရင်ဆိုင်မှုကလည်း ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ 💥
စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ
UFC 331 Flyweight Championship ပွဲကြီးကို ရင်ခုန်စွာ စောင့်ကြည့်ကြရတော့မယ်နော် 🇲🇲🔥
🇲🇲 Joshua Van 🆚 🇧🇷 Pantoja 2
ပွဲကောင်းတစ်ပွဲ ဖြစ်လာမလား စောင့်ကြည့်ကြရအောင်! 🥊🔥
16/09/2026
🔥 ၂၀ ရက်နေ့အတွက် ရင်ခုန်စရာတွေ ပိုနီးလာပါပြီ!
Joshua Van နဲ့ Alexandre Pantoja တို့က ပွဲမတိုင်ခင် ဒီနေ့မှာ အတူတူတွေ့ဆုံခဲ့ကြပါပြီ။ 🥊
အခုဆို ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပမယ့် ပွဲကြီးကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်ဗျာ။
ညီကိုတို့လည်း အားပေးဖို့ မမေ့ကြနဲ့ဦးနော် 🇲🇲🔥
16/09/2026
UFC 331 ပွဲကြီးကတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ! 🔥🥊
Joshua Van နဲ့ Alexandre Pantoja တို့ရဲ့ အရေးကြီးတဲ့ပွဲမတိုင်ခင် ပြိုင်ဘက်နှစ်ဦးစလုံးက Poster တွေပေါ်မှာ လက်မှတ်ရေးထိုးပြီး ပွဲအတွက် အဆင်သင့်ဖြစ်နေကြပါပြီ။
အခုတော့ Poster ပေါ်က လက်မှတ်တွေပြီးသွားပြီဆိုတော့ အားလုံးစောင့်မျှော်နေကြတာက Octagon ထဲမှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်ကြမလဲဆိုတာပါပဲ။
ချန်ပီယံ Joshua Van က သူ့ရဲ့ခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး Pantoja ကတော့ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ အားကုန်ယှဉ်ပြိုင်လာမှာပါ။
🇲🇲 မြန်မာပရိသတ်တွေအားလုံးရဲ့ အားပေးသံတွေနဲ့အတူ ပွဲနေ့ကို စောင့်မျှော်ကြရအောင်!
UFC 331 — Joshua Van vs Alexandre Pantoja 🔥
ပွဲကြီးရောက်ဖို့ Countdown စတင်နေပြီ! ⏳
15/09/2026
၂၀ ရက်နေ့မှာ ချန်ပီယံ Joshua Van နဲ့ စိန်ခေါ်သူ Pantoja တို့ရဲ့ အထူးပွဲကြီး ရောက်ရှိလာတော့မှာပါ။ 🔥
လက်ရှိနှစ်ယောက်ရဲ့ ကိုယ်ခန္ဓာအနေအထားကို ကြည့်မယ်ဆိုရင်လည်း ပွဲအတွက် အကောင်းဆုံးပုံစံရောက်အောင် ပြင်ဆင်ထားကြတာ သိသာပါတယ်။
Pantoja ဘက်ကတော့ ရှေ့တိုးဖိအားပေးပြီး ပွဲကို အနီးကပ်တိုက်ပွဲဖြစ်အောင် လုပ်လာနိုင်ပါတယ်။ လက်သီးနဲ့ ဝင်တိုက်တာအပြင် လုံးပွဲ၊ မြေပြင်ကစားပုံတွေကလည်း Van အနေနဲ့ သတိထားရမယ့်အချက်တွေပါ။
Van အတွက် အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့အကွာအဝေးကို မပျောက်စေဖို့ပါ။ Pantoja ရဲ့ ဖိအားထဲ မလွယ်လွယ်နဲ့ ဝင်မသွားဘဲ လက်သီးမြန်နှုန်းနဲ့ လှုပ်ရှားမှုကို အသုံးချပြီး ပွဲကို ကိုယ့်စိတ်ကြိုက်အကွာအဝေးမှာ ထိန်းထားနိုင်ဖို့လိုပါတယ်။
အထူးသဖြင့် အနီးကပ်အခြေအနေတွေနဲ့ လုံးပွဲထဲ ဝင်လာတဲ့အချိန်တွေမှာ အာရုံစူးစိုက်မှု လုံးဝမလျော့သင့်ပါဘူး။ Pantoja ရဲ့ အခွင့်အရေးရှာပြီး ချက်ချင်းအသုံးချတတ်တဲ့ပုံစံကြောင့် Van ဘက်က အမှားနည်းနိုင်သမျှ နည်းအောင် ကစားရမှာပါ။
ဒါပေမယ့် Van မှာလည်း မြန်နှုန်းကောင်း၊ အကွာအဝေးထိန်းချုပ်မှုကောင်းပြီး လက်သီးတွဲတွေကို ထိထိရောက်ရောက် အသုံးချနိုင်တဲ့ အားသာချက်တွေရှိပါတယ်။ ပွဲကြာလာလေလေ သက်လုံပိုင်းကလည်း အရေးပါလာနိုင်ပါတယ်။
Pantoja က ဖိအားပေးပြီး ပွဲကို ရှုပ်ထွေးအောင်လုပ်လာနိုင်သလို Van ကတော့ အရှိန်နဲ့ နည်းဗျူဟာကို အသုံးချပြီး တစ်ဆင့်ချင်း တုံ့ပြန်ဖို့လိုပါတယ်။
၂၀ ရက်နေ့ Octagon ထဲရောက်တဲ့အခါ ဘယ်သူက ကိုယ့်အစီအစဉ်ကို ပိုကောင်းကောင်း အကောင်အထည်ဖော်နိုင်မလဲဆိုတာပဲ စောင့်ကြည့်ရမှာပါ။ 🥊🔥
Joshua Van ရေ ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ။ 🏆 Myanmar Fans အားလုံး မင်းနဲ့အတူရှိနေပါတယ်။ 🇲🇲
15/09/2026
မေမေ့သားကို အားပေးကြပါဦး
မေမေ့ကို လုပ်ကျွေးတဲ့သားကြီး အောင်ပွဲဆင်ရမည်
မြန်မာတို့ရဲ့အချစ်တော် မြန်မာဂုဏ်ဆောင်သူကြီး
ပန်တိုဂျာကို အလဲထိုးနဲ့ပွဲသိမ်းနိုင်ပါစေ
အထိအခိုက်ကင်းဝေးပါစေ ချန်ပီယံကြီး ဗန်
အားပေးနေမယ် နိုင်စေ ပိုင်စေ အောင်စေဗျာ***
15/09/2026
စက်တင်ဘာ (၁၇) ရက်နေ့မှာ မြန်မာအမျိုးသမီးအသင်းအတွက် နောက်ထပ် စိန်ခေါ်မှုကြီးတစ်ခုကို ရင်ဆိုင်ရတော့မှာပါ 🇲🇲⚽
မြန်မာအသင်းဟာ အာရှထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ပွဲက အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး မြောက်ကိုရီးယားအသင်းရဲ့ တိုက်စစ်ပိုင်းကို ဘယ်လိုထိန်းချုပ်မလဲ၊ ကိုယ့်အသင်းရဲ့ ကစားပုံကို ဘယ်လိုတိုးတက်အောင် ပြင်ဆင်မလဲဆိုတာက အရေးကြီးတဲ့အချက် ဖြစ်လာမှာပါ။
ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေမယ့် မြန်မာအမျိုးသမီးအသင်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ အားပေးကြရအောင် 🇲🇲❤️
15/09/2026
🔥 ၄ ရက်ပဲ ကျန်တော့တယ်! 🔥
Joshua Van 🆚 Alexandre Pantoja
မကျေပွဲကြီး ပြန်လာပါပြီ! 🏆🥊
UFC 331 ရဲ့ Flyweight Championship အတွက် အရေးကြီးတဲ့ပွဲကြီးကို စက်တင်ဘာ ၂၀ ရက် မှာ မြင်တွေ့ရတော့မှာပါ။
လက်ရှိချန်ပီယံ Joshua Van က သူ့ရဲ့ ခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးပုံစံနဲ့ ပြန်လာမှာဖြစ်ပြီး၊ ချန်ပီယံဟောင်း Alexandre Pantoja ကလည်း ဆုံးရှုံးထားတဲ့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ စိန်ခေါ်လာမှာပါ။
📅 စက်တင်ဘာ ၂၀ ရက်
🥊 Joshua Van 🆚 Alexandre Pantoja
🏆 UFC Flyweight Championship
🇲🇲 မြန်မာပရိသတ်ကြီးရေ…
Joshua Van ဘက်ကနေ အားပေးဖို့ အဆင်သင့်ဖြစ်ပြီလား? 🔥🇲🇲
#မြန်မာMMA
14/09/2026
🔥 ပွဲကြီးရောက်ဖို့ ၆ ရက်သာ ကျန်တော့တယ်! 🇲🇲
ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လာတာနဲ့အမျှ ပွဲကြီးအတွက် ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုကလည်း ပိုပြီးမြင့်တက်လာနေပါပြီ။
Joshua Van ရေ 🇲🇲🥊
ဒီပွဲမှာလည်း ကိုယ့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်ပါစေ။ အချိန်အကြာကြီး လေ့ကျင့်ပြင်ဆင်ထားခဲ့သမျှကို ပွဲနေ့မှာ အကောင်းဆုံးအသုံးချပြီး ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါစေ။
နောက်ဆုံးကျန်တဲ့ ၆ ရက်အတွင်း စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကိုယ့်ရဲ့ပန်းတိုင်ကိုပဲ အာရုံစိုက်ထားပါ။
မြန်မာပရိသတ်တွေကတော့ အဝေးကနေ မင်းရဲ့နောက်မှာ အမြဲရှိနေမှာပါ။ 🇲🇲❤️
ပွဲနေ့မှာ အောင်ပွဲနဲ့အတူ မြန်မာအလံကို ဂုဏ်ယူစွာ မြှင့်တင်နိုင်ပါစေ ချန်ပီယံရေ။ 🔥
၆ ရက်ပဲကျန်တော့တယ်…
LET'S GO JOSHUA VAN! 🇲🇲🔥
MYANMAR IS BEHIND YOU! 💪
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Klang
Alerts
Be the first to know and let us send you an email when Yarr Pyae Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.