လက်ဝှေ့ သတင်း
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก လက်ဝှေ့ သတင်း, นักดนตรี/วงดนตรี, Bang Kapi.
17/09/2026
Fairtex ကလပ်၏ ပိုင်ရှင်ဖြစ်သူ မစ္စတာ ပရမ် က မြန်မာ ကစားသမား ကျော်စွာဝင်း အနေဖြင့် ၎င်း၏ နောက်ထပ် ပွဲစဉ်အတွက် စာချုပ်တွင် တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ပရိသတ်များကို အသိပေး ကြေညာလိုက်ပါသည်။ တစ်လခန့်သာ ကြာမြင့်သေးသည့် အချိန်တိုအတွင်း၌ပင် နောက်ထပ် ပွဲစဉ်ကို ဆက်လက် လက်ခံခဲ့ခြင်း ဖြစ်ရာ မည်သည့် ပြိုင်ဘက်နှင့် ရင်ဆိုင် ယှဉ်ပြိုင်သွားရမည်ဆိုသည်ကို မွေထိုင်း ပရိသတ်များအကြား စိတ်ဝင်စားစွာ စောင့်ကြည့်လျက် ရှိကြပါသည်။
17/09/2026
မနက်ဖြန်ည ပွဲ ၊ ထိုင်းစံတော်ချိန် 6:30 စမယ် ၊ မြန်မာဖို-က်တာတော့ ၂ဦး ပါလာမယ် 🇲🇲💪💪🏆
17/09/2026
ONE Championship ယှဉ်ပြိုင်မည့် အဖွဲ့သားများ ဆေးစစ်မှုနှင့် အလေးချိန် အောင်မြင်စွာ ကျော်လွန်ပြီးနောက် စွမ်းအင် ပြန်လည်ဖြည့်တင်းလျက်ရှိ
အေးအေးဆေးဆေးပဲ ယှဉ်ပြိုင်
မယ် ဆိုတဲ့ ဗန်တိုဂျာ 🏆🏆🇧🇷
17/09/2026
ONE Championship ကြိုးဝိုင်းအတွင်းသို့ ပထမဆုံးအကြိမ် ပွဲဦးထွက် ယှဉ်ပြိုင်မည့် မြန်မာ ဖို-က်တာ မဟာသွေး (Mahar Thway) သည် ပွဲအကြို ဆေးစစ်မှုနှင့် အလေးချိန် တိုင်းတာမှု များကို အောင်မြင်စွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါသည်! ပါသည်။
17/09/2026
မနက်ဖြန်ည ယှဉ်ပြိုင်မဲ့ လိုင်းထက်အောင် မျက်နှာချင်း ဆိုင်ပါပြိ 🇲🇲🇲🇲🏆💪💪
17/09/2026
UFC ဖလိုင်းဝိတ်တန်း ထိပ်တန်း ဖို-က်တာ ဘရန်
ဒွန် ရွိုင်ဗယ်လ် က လာမည့် UFC 331 တွင် ယှဉ်ပြိုင်မည့် ဂျော်ရှူဝါ ဗန် နှင့် အလက်ဇန္ဒား ပန်းတိုဂျာ တို့၏ မကျေပွဲသည် ပထမပွဲစဉ်နှင့် ကွဲပြားခြားနားမည်ဖြစ်ပြီး Fight of the Night အဖြစ် ပွဲတစ်ခုလုံး၏ အာရုံကို ဖမ်းစားသွားလိမ့်မည်ဟု သုံးသပ်လိုက်ပါသည်။ ဂျော်ရှူဝါ ဗန် သည် စက္ကန့်နှင့်အမျှ တိုးတက်လာသူဖြစ်ပြီး ရှုပ်ထွေးသည့် အခြေအနေများတွင်ပင် တည်ငြိမ်စွာ ပွဲကို ထိန်းချုပ်နိုင်သည့် မွေးရာပါ ပါရမီ ရှိကြောင်း ထောက်ပြထားပါသည်။ ပန်းတိုဂျာ အနေဖြင့် ပထမ ၂ ချီအတွင်း ချုပ်ကွက်ရပါက အနိုင်ရနိုင်သော်လည်း ၂ ချီခွဲကျော်လွန်သွားပါက သက်လုံကျဆင်းသွားမည်ဖြစ်၍ ဂျော်ရှူဝါ ဗန် က TKO သို့မဟုတ် အမှတ်ဖြင့် အနိုင်ရရှိသွားမည် ဟု ခန့်မှန်းထားပါသည်။
ဂျော်ရှူဝါ ဗန် ရဲ့ ပုံရိပ်တွေအပေါ် ညီအကိုတို့ ဘယ်လိုမြင်ကြလဲ၊ တနင်္ဂနွေနေ့မှာ ခါးပတ်ကို အောင်မြင်စွာ ကာကွယ်သွားနိုင်မလား ကာမန့်မှာ ဆွေးနွေးခဲ့ကြပါဦး။
17/09/2026
UFC 331 ခါးပတ်ကာကွယ်ပွဲ မတိုင်မီ ပရိုမိုးရှင်း ရိုက်ကူးရေး ပုံရိပ်များ ထွက်ပေါ်လာသည့် ဂျော်ရှူဝါ ဗန်
ပုံရိပ်များတွင် ဂျော်ရှူဝါ ဗန် သည် ၎င်း၏ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ခါးတွင် ပတ်ဆင်ထားပြီး မြန်မာနိုင်ငံအလံ အမှတ်အသားပါဝင်သည့် အထူးပြုလုပ်ထားသော Custom Fight Shorts ဖြင့် အပြည့်အဝ အဆင်သင့်ဖြစ်နေသည့် ရုပ်သွင်ကို မြင်တွေ့ရပါသည်။ အလက်ဇန္ဒား ပန်းတိုဂျာ နှင့် ယှဉ်ပြိုင်ရမည့် မကျေပွဲစဉ်သည် သီတင်းပတ် အကုန်တွင် ရောက်ရှိတော့မည်ဖြစ်ရာ ဗန် က မြန်မာပရိသတ်များအားလုံး အနီးကပ် စောင့်ကြည့် အားပေးကြရန်လည်း ဖိတ်ခေါ်ထားပါသည်။
16/09/2026
၂၀၂၃ ခုနှစ်တွင် ဗန် UFC သို့ စတင်ဝင်ရောက်လာချိန်၌ ပန်းတိုဂျာ သည် ဖလိုင်းဝိတ်တန်း၏ ထိပ်တန်း ချန်ပီယံတစ်ဦးအဖြစ် စိုးမိုးထားသူ ဖြစ်ပါသည်။ သို့သော် UFC 323 တွင် ယှဉ်ပြိုင်ခဲ့သည့် ပထမပွဲစဉ်၌ ပန်းတိုဂျာ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ဗန် က ၂၆ စက္ကန့်အတွင်း ခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့နောက် ဗန် သည် တဆူရို တိုင်ရာ (Tatsuro Taira) ကို အောင်မြင်စွာ ကာကွယ်ကစားပြခဲ့ပြီး UFC သမိုင်းတွင် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး လူငယ်ချန်ပီယံတစ်ဦးအဖြစ် နေရာယူလာခဲ့ပါသည်။
လာမည့် UFC 331 တွင် ပန်းတိုဂျာ အနိုင်ရပါက ၎င်းစိုးမိုးခဲ့သည့် ဝိတ်တန်းကို ပြန်လည်စိုးမိုးနိုင်မည်ဖြစ်ပြီး ဗန် သာ ထပ်မံအနိုင်ရရှိခဲ့ပါက မည်သည့် သံသယမှ ထားစရာမလိုဘဲ "ဂျော်ရှူဝါ ဗန် ခေတ်" ကို တရားဝင် စတင်လိုက်နိုင်တော့မည် ဖြစ်ပါသည်။
คลิกที่นี่เพื่อเป็นสมาชิก?