Dawkalu Network
အှ်ဆံင်လာဆါ်
"တို့အတူရပ်တည်မယ်"
မိခင်ကေအဲန်ယူနဲ့အတူ
ငါတို့ရပ်တည်မယ်
သွေးချင်းတို့ရဲ့ သမိုင်းကို
အတူထိန်းသိမ်းမယ်
ဒေါကလူကွန်ယက်
တို့ရဲ့အားအင်ပါ
ကရင်တို့စည်းလုံးဖို့
ရှေ့ကနေမောင်းနှင်မယ်
တော်လှန်ရေးခရီးကြမ်းကို
ငါတို့ ပံ့ပိုးမယ်
ရိုးရာနဲ့ စာပေ
မပျောက်အောင်ကာကွယ်မယ်
ရဲဘော်တို့ ရှိရာအရပ်သို့
လာဖို့ ဖိတ်ခေါ်မယ်
ကရင်တော်လှန်ရေးထဲ
အတူပါဝင်ဖို့ နှိုးဆော်မယ်
ကျောက်တိုင်ပမာ ခိုင်မာစွာ
ငါတို့ စုစည်းမယ်
ဒေါကလူ အလင်းနဲ့
အမျိုးသားရေး ထွန်းလင်းမယ်
𝑨𝑰 𝑴𝒖𝒔𝒊𝒄 𝒂𝒏𝒅 𝑺𝒊𝒏𝒈𝒊𝒏𝒈 (𝐃𝐚𝐰𝐤𝐚𝐥𝐮 𝐍𝐞𝐭𝐰𝐨𝐫𝐤)
𝐖𝐞 𝐋𝐨𝐯𝐞 𝐊𝐚𝐰𝐭𝐡𝐨𝐨𝐥𝐞𝐢
09/09/2026
09/09/2026
*ဒီကလုာ်မူဒါ*
ကွဲး သးဝံၣ် - Saw Jule (DKLN)
ဒီကလုာ်ခိၤနၢ် ဟ့ၣ်လီၤတ့ၢ်အသး လၢပပှၤကလုာ်အဂီၢ်
ခိၣ်နၢ်ဒီးသိၣ်ဒူ အိၣ်လၢတၢ်ဒုးပျီ ပကဆီထွဲမၤစၢၤက့ၤ
ကညီဖိခဲလၢာ်ဧၢ မ့ၢ်နၤယၤမူဒါ ယကပာ်ဖှိၣ်ထီၣ်ပသး
ပပှၤကလုာ်အဂီၢ် ပကကျဲးစၢးမၤ ဒ်ပကန့ၢ်က့ၤတၢ်သဘျ့
ကညီဖိခဲလၢာ်ဧၢ အိၣ်လၢကီၣ်အယံၤ သ့ၣ်နီၣ်ထီၣ်က့ၤနပှၤကလုာ် လၢတၢ်ကီတၣ်ခဲ ဂုာ်ကျဲးစၢးတ့ၢ်ဝဲ ဒ်ပကန့ၢ်က့ၤ
တၢ်သဘျ့ ပာ်ဖှိၣ်ထီၣ်ပသး ပကကျဲးစၢးမၤ ဒ်ပကန့ၢ်က့ၤတၢ်သဘျ့
ဒီကလုာ်ခိၣ်နၢ် ဂုာ်ကျဲးစၢးတ့ၢ်ဝဲ လၢပပှၤကလုာ်အဂီၢ်
ခိၣ်နၢ်ဒီးသိၣ်ဒူ အိၣ်လၢတၢ်ဒုးပျီ ပကဆီထွဲမၤစၢၤက့ၤ
ကညီဖိခဲလၢာ်ဧၢ မ့ၢ်နၤယၤမူဒါ ယကပာ်ဖှိၣ်ထီၣ်ပသး
ပပှၤကလုာ်အဂီၢ် ပကကျဲးစၢးမၤ ဒ်ပကန့ၢ်က့ၤတၢ်သဘျ့
ကညီဖိခဲလၢာ်ဧၢ အိၣ်လၢကီၣ်အယံၤ သ့ၣ်နီၣ်ထီၣ်က့ၤနပှၤကလုာ် လၢတၢ်ကီတၣ်ခဲ ဂုာ်ကျဲးစၢးတ့ၢ်ဝဲ ဒ်ပကန့ၢ်က့ၤ
တၢ်သဘျ့ ပာ်ဖှိၣ်ထီၣ်ပသး ပကကျဲးစၢးမၤ ဒ်ပကန့ၢ်က့ၤတၢ်သဘျ့
#ဃူဃူဆူပတၢ်မၤနၢၤ
01/09/2026
*အမျိုးဂုဏ်၊ ဇာတိဂုဏ် မမေ့ကြေးဆိုတဲ့
𝐃𝐚𝐰𝐤𝐚𝐥𝐮 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကရင်မလေးများ*
ကျွန်မတို့ ကရင်မလေးတွေသည် အလှချည်းသက်သက် မဟုတ်ပါဘူး။
အမျိုးကို ချစ်တတ်တဲ့ နှလုံးသားနဲ့ သမိုင်းကို သိတဲ့ ဦးနှောက်လည်းရှိရမယ်။
ကရင်ပီသဖို့ ကရင်အလုပ်လုပ်ကြစို့လို့ ပြောရင် ဘာအလုပ်လဲ?
ကိုယ့်သမိုင်း၊ ကိုယ့်အထိမ်းအမှတ်နေ့တွေကို မမေ့ဖို့က ပထမအလုပ်ပါပဲ။
ကရင်မလေးများ အားလုံး မဖြစ်မနေ သိထားရမယ့် နေ့ ၃ နေ့ -
*၁. ကရင်အမျိုးသားနေ့ - ဖေဖော်ဝါရီ ၁၁ ရက် (February 11)*
ဒီနေ့သည် ကျွန်မတို့ စတင်နိုးကြားခဲ့တဲ့နေ့။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကရင်လူမျိုး ၄ သိန်းကျော် ရန်ကုန်မှာ စုဝေးပြီး ကရင်ပြည်နယ်ကို တောင်းဆိုဆန္ဒပြခဲ့ကြတယ်။
"ကရင်တစ်မျိုးသားလုံး တစ်စုတစ်စည်းတည်း နေမယ်" ဆိုတဲ့ သွေးစည်းမှုကို ပြခဲ့တဲ့နေ့။
ဒါကြောင့် ဒီနေ့ဆို ကရင်အကျီ ဝတ်ပြီး ဒုံးယိမ်းအကနဲ့ ကျွန်မတို့ရဲ့ ဂုဏ်ကို ပြရမယ့်နေ့ပါ။
*၂. ကရင်တော်လှန်ရေးနေ့ - ဇန်နဝါရီ ၃၁ ရက် (January 31)*
၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့သည် ကျွန်မတို့ ငြိမ်းချမ်းစွာ တောင်းဆိုလို့ မရတော့လို့ လက်နက်ကိုင်တော်လှန်ရေး စခဲ့ရတဲ့နေ့။
တရားမျှတမှုမရှိလို့ တော်လှန်ရဲတဲ့ သတ္တိကို ဂုဏ်ပြုတဲ့နေ့။
ဒီနေ့က ကရင်မလေးတိုင်း "ငါတို့သည် အနိုင်ကျင့်ခံဘဝနဲ့ မနေဘူး" ဆိုတဲ့ သတ္တိကို မွေးရမယ့်နေ့။
*၃. ကရင်အာဇာနည်နေ့ - သြဂုတ် ၁၂ ရက် (August 12)*
ဒါက အလေးနက်ဆုံး၊ ဝမ်းအနည်းဆုံးနေ့။
၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်နေ့မှာ ကျွန်မတို့ရဲ့ ပထမဆုံး ခေါင်းဆောင်၊ ကော်သူးလေ၏ ဖခင် စောဘဦးကြီး နဲ့ ဗိုလ်ချုပ်စိုင်းကျ ကျဆုံးခဲ့တဲ့နေ့။
စောဘဦးကြီးရဲ့ မူ ၄ ချက် - "လက်နက်ချခြင်းမရှိ၊ အရှုံးမပေးဘူး" ဆိုတဲ့ မာန်ကို အမွေခံရတဲ့နေ့။
ဒီနေ့မှာ ကျွန်မတို့သည် ကျဆုံးသွားတဲ့ အာဇာနည်အားလုံးအတွက် အလေးပြုပြီး "တို့တာဝန် မပြီးသေးဘူး" လို့ ကတိသစ္စာ ပြန်ဆိုရမယ့်နေ့။
*ဒါကြောင့် 𝐃𝐚𝐰𝐤𝐚𝐥𝐮 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကရင်မလေးများမှ ပြောချင်တာက -*
ဖေဖော်ဝါရီ ၁၁ - ဂုဏ်ယူဖို့
ဇန်နဝါရီ ၃၁ - ရဲရင့်ဖို့
သြဂုတ် ၁၂ - မမေ့ဖို့
ဒီ ၃ ရက်ကို မေ့ရင် ကျွန်မတို့သည် ကရင်မဟုတ်တော့ဘူး။
အလှပြင်ပြီး ကရင်ဝတ်စုံဝတ်ရုံနဲ့ ကရင်မပီသဘူး။
#ကရင်နှစ်သစ်ကူးနေ့ #ကရင့်လက်ချည်ပွဲနေ့
#အပြိုင်အဆိုင်လုပ်နေတာကိုဂုဏ်ယူစရာပါ
#ကရင့်အာဇာနည်နေ့ #ကရင့်အမျိုးသားနေ့ #ကရင့်တော်လှန်ရေးနေ့ တွေကိုလည်း သတိရကြပါရန်နိုးဆော်လိုပါ၏။
သမိုင်းသိမှ အမျိုးမြတ်မယ်။
အမျိုးမြတ်မှ အနာဂတ်လှမယ်။
*𝐃𝐚𝐰𝐤𝐚𝐥𝐮 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကရင်မလေးများမှ နွေးထွေးစွာ ကြိုဆိုလျက်*
*ကရင်အမျိုးသား ထာဝရတည်တံ့ပါစေ။*
#ညီညွတ်စွာဖြင့်အောင်ပွဲသို့
𝐖𝐞 𝐋𝐨𝐯𝐞 💖 𝐊𝐚𝐰𝐭𝐡𝐨𝐨𝐥𝐞𝐢
ဒီနေရာမှာ
ရှေးလူတွေနေခဲ့တယ်
ငါ့ဘိုးဘေးတွေနေခဲ့တယ်
ငါ့မိဘတွေနေခဲ့တယ်
ငါလည်းနေတယ်
ငါ့သားသမီးလည်းနေတယ်......
ဒါပေမဲ့ တစ်နေ့တော့..
ငါမသိတဲ့ဘာသာစကားတွေနဲ့
ငါမသိတဲ့အရပ်ကနေ
ငါတို့နေထိုင်ရာအရပ်ဆီရောက်လာကြတဲ့
ငါတို့နဲ့မတူတဲ့ သူတွေက
ငါတို့ကိုနှင်ထုတ်ဖို့ကြိုးစားတယ်
ငါတို့နေရာလေး ငြိမ်းချမ်းသွားအောင်တဲ့
သူတို့ပြောတဲ့
ငြိမ်းချမ်းရေးဆိုတာ ငါနားမလည်ဘူး....
ဝမ်းပြည့်မဲ့အစာလေးတစ်ခုရှိရင်
လတ်ဆတ်တဲ့လေလေးတစ်ရှိုက်သာရူရရင်
ငါတို့အရှက်လေးလုံရုံအဝတ်ရရင်
ငါတို့ ငြိမ်းချမ်းနေပါတယ်
အခြားအရာတွေမလိုပါဘူး
ငါတို့တကယ်ငြိမ်းချမ်းနေတာပဲ........
တစ်ချို့ကပြောတယ်
ငါတို့နေထိုင်ရာမြေထဲမှာ
အဖိုးတန်ရတနာတွေရှိတယ်တဲ့
ငါတို့နေထိုင်ရာသစ်တောတွေထဲမှာ
အဖိုးတန်သစ်တွေရှိတယ်တဲ့
ငါတို့နေထိုင်ရာ အဲဒီနေရာမှာ
ကြွယ်ဝချမ်းသာမှုတွေရှိတယ်တဲ့
ငါတို့လား
အဲ့ဒါတွေကိုမမက်မောပါဘူး
အိမ်လေးတစ်လုံးဆောက်နိုင်မဲ့သစ်လေးရရင်
ငါတို့
ခြေထောက်တွေ လက်တွေ မပြတ်ထွက်သွားမဲ့ လွတ်လပ်စွာကစားနိုင်မဲ့
နေရာလေးတစ်ခုသာရရင်
ငါတို့ ချက်ပြုတ်စားသောက်နိုင်မဲ့
အသီးအရွက်လေးတွေသာရှာဖွေခွင့်ရရင်
ယမ်းငွေ့တွေဝေနေတဲ့ လေတွေမရှုရရင်
သေနတ်သံတွေသာ မကြားရဘူးဆိုရင်
ငါတို့ပြည့်စုံနေပါတယ်
ငါတို့ ကျေနပ်နေပါတယ်
ငါတို့ပျော်ရွှင်နေပါတယ်
ပြီးတော့ ငြိမ်းချမ်းနေပါတယ်
တကယ့်ကိုငြိမ်းချမ်းနေပါတယ်.......
ငါလား....
ငါ့မြေကို ငါကာကွယ်ချင်ရုံလေးပါ
ငါ့မိသားစုကိုငါကာကွယ်ချင်ရုံလေးပါ
ငါ့ဘိုးဘေးအမွေကိုငါကာကွယ်ချင်ရုံလေးပါ
ငါ့ပတ်ဝန်းကျင်ကိုငါကာကွယ်ချင်ရုံလေးပါ
ငါတို့ငြိမ်းချမ်းမှုကို ငါကာကွယ်ချင်ရုံလေးပါ
ဒါပေမဲ့ ဘာတွေများမှားယွင်းခဲ့လို့
ငါတို့ဟာ...
ကိုယ့်မြေပေါ်ကိုယ်ရပ်ရင်း
လူယုတ်မာလုံးလုံးဖြစ်လို့
ကျူးကျော်သူလုံးလုံးဖြစ်လို့
တရားခံအကြီးစားကြီးတွေဖြစ်လို့
ငါတို့ဆိုတာ..................
𝓑𝔂
𝐁𝐃𝐋 #𝔹𝕠𝕣𝕕𝕖𝕣𝕝𝕒𝕟𝕕
18/08/2026
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
ที่อยู่
Bangkok
10150
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ Dawkalu Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา