Quladays
Road to Chula 🩷
07/07/2025
[Burmese Version]
ပထမ ဦးစွာ August 2025 Intake/ First Semester 2025 ဝင်ခွင့်ရရှိကြတဲ့ မြန်မာကျောင်းသား/သူအသစ်များအားလုံးကို CUMSA Team အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုပါတယ်။
ဝင်ခွင့်ရ ကျောင်းသား/သူအသစ်များအားလုံးအား နွေးထွေးစွာ ကြိုဆိုရန် Virtual Orientation ကို 13 July 2025 | တနင်္ဂနွေနေ့ ညနေ မြန်မာစံတော်ချိန် ၆ နာရီ မှ ၇ နာရီ | ထိုင်းစံတော်ချိန် ၆ နာရီခွဲ မှ ၇ နာရီခွဲ အတွင်း ပြုလုပ်ရန် စီစဉ်ထားပါတယ်။
Virtual Orientation မှာ တက္ကသိုလ်ရဲ့ Campus life, course registration process၊ visa application process, insurance process များအပြင် ကျောင်းသား/သူများ အတွက် အထောက်အကူပြုနိုင်တဲ့ အခြားသော အကြောင်းအရာများစွာကိုလည်း Admin များနှင့်တကွ ဖိတ်ခေါ်ထားတဲ့ guest speaker များမှ အတွေ့အကြုံများကို ပြန်လည်ဝေမျှပေးသွားမှာဖြစ်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လက်လွတ်မခံသင့်တဲ့ အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်။
ဝင်ခွင့်ရ ကျောင်းသား/သူ အသစ်များအနေဖြင့် အောက်ကပေးထားတဲ့ google form တွင် အချက်အလက်များ ကိုဖြည့်စွက်ပြီး Virtual Orientation ကို ပါဝင်ဖို့ ဖိတ်ခေါ်လိုပါတယ်။
Orientation အတွက် Zoom meeting link ကို CUMSA Team ဘက်မှ email မှတဆင့် ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။ (Virtual Orientation ပြုလုပ်နေစဉ်အတွင်းတွင် ကျေးဇူးပြု၍ မိမိတို့ရဲ့ video camera များအားဖွင့်ထားပေးရန် နှင့် Meeting မစတင်မီ အနည်းဆုံး ၁၀ မိနစ်ခန့် စောလျင်၍ လာရောက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါတယ်)
ယခု Virtual Orientation ကို ကျောင်းသူ၊ ကျောင်းသားအသစ်များ၊ လက်ရှိကျောင်းသူ၊ ကျောင်းသားများ၊ Researcher များနှင့် ကျောင်းသူ/ကျောင်းသားဟောင်းများ အားလုံးကိုလည်း ပါဝင်တက်ရောက်ပေးကြပါရန် ရင်းနှီးခင်မင်စွာ ဖိတ်ကြားလိုပါတယ်။
လာမယ့် Sunday, July 13, 2025 မှာ အားလုံးနဲ့ တွေ့ဆုံရဖို့ မျှော်လင့်နေပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့်
CUMSA Team
Registration Link : https://docs.google.com/forms/d/e/1FAIpQLScXMtoigTIJ54TT2nhqRIAEEZv33BMKAHpR5Iy0sBZ2avVcIg/viewform
[English Version]
Chulalongkorn University Myanmar Students Association (CUMSA) extend our warmest welcome and congratulate all the outstanding Myanmar students on your well-deserved admission for first semester, academic year 2025.
To warmly welcome all new Myanmar students, the first Virtual Orientation is scheduled to be held on Sunday, July 13, 2025 from 6:00 PM to 7:00 PM (Myanmar Standard Time) and 6:30 PM to 7:30 PM (Thai Standard Time).
During the Virtual Orientation, the admins and invited guest speakers will share their experiences on the university's campus life, course registration process, visa application process, insurance process as well as many other informative topics that students need to know while studying, making it an interesting program not to be missed.
Newly admitted Chulalongkorn University Myanmar students can participate in the Virtual Orientation by filling out the Google form below. The Zoom meeting link for the Orientation will be sent to you via email from the CUMSA Team. (Please keep your video cameras turned on during the Virtual Orientation and arrive at least 10 minutes before the meeting begins).
We would like to cordially invite all new students, current and former students, researchers and all Myanmar students to attend this Virtual Orientation.
We look forward to meeting you all on Sunday, July 13, 2025.
Warm Regards,
CUMSA Team
Registration Link : https://docs.google.com/forms/d/e/1FAIpQLScXMtoigTIJ54TT2nhqRIAEEZv33BMKAHpR5Iy0sBZ2avVcIg/viewform
Registration Link :
20/05/2025
| INDA အတွက်ဆို မပါမဖြစ်ကတော့ CU-TAD
Chulalongkorn University ရဲ့ INDA (International Program in Design and Architecture) ကိုတက်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ဖြေကိုဖြေရမဲ့ စာမေးပွဲကတော့ CU-TAD ဘဲဖြစ်ပါတယ်။
CU-TAD ရဲ့အရှည်ကောက်ကတော့ Chulalongkorn University Test of Aptitude in Design ဘဲဖြစ်ပါတယ်။
"Design test လေးဘဲလွယ်ပါတယ်" ဆိုပြီး ပေါ့သေးသေးတော့မထင်လိုက်နဲ့ ရူးခါသွားမယ်။ 😵💫
ဒီ Test မှာက အပိုင်း (၃)ပိုင်း ခွဲထားပါတယ်။
📌 Part (1) က Spatial Perception & Logical Analysis ဆိုခေါ်ပါတယ်။ ဒီအပိုင်းမှာ အမှတ် (၂၀)ပေးပါတယ်။ စာအပုဒ်ပေါင်း (၂၀) ပေးထားပြီးတော့ အချိန်က မိနစ် (၃၀) ပေးထားပါတယ်။ မိနစ် (၃၀) အတွင်းအကုန်ပြီးအောင်ဖြေရမှာပါ။ မပြီးရင်တော့ ဘယ်သူမှမစောင့်ပါဘူး။ အဖြေလွှာစာရွက်တန်းသိမ်းမှာပါ။
📌 Part (2) က Generation of Ideas & Design Ability လို့ခေါ်ပါတယ်။ ဒီအပိုင်းမှာ အမှတ် (၄၀) ပေးပါတယ်။ အပိုင်း (၃)ပိုင်းကို မိနစ် (၆၀) အတွင်းဖြေရပါတယ်။ ပထမတစ်ခုက Symbols or Logos Part ပါ။ မေးခွန်းမှာ Provide လုပ်ပေးထားတဲ့ Topic ကိုမှ 4 big boxes with 1 Topic (or) 10 Boxes with 2 Topics လာပါတယ်။ ဒုတိယတစ်ခုက Product Design ပါ။ သူကလဲ ပထမအပိုင်းလိုဘဲ Topic ပေးထားပြီးတော့ 2 Big Boxes (or) 4 Small Boxes နဲ့လာပါတယ်။ ကယ်.... တတိယတစ်ခုကတော့ ကျောင်းသားတွေရဲ့အချစ်တော်လေး Isometric ပါ။ ဒီအပိုင်းက သေချာလေးဂရုစိုက်ပြီး လေ့ကျင့်မှ Isometric အပုဒ် (၂၀) ကိုဖြေနိုင်မှာပါ။ ပေါ့ပေါ့တန်တန်ဘဲလုပ်ထားတယ်ဆိုရင်တော့ အမှတ် ၂၀ ပလုံပါပြီ။
📌 Part (3) ကတော့ Drawing & Painting Ability လို့ခေါ်ပါတယ်။ ဒီအပိုင်းကလဲ အမှတ် (၄၀) ပေးပြီး မိနစ် (၆၀) အတွင်းပြီးအောင်ဖြေရပါတယ်။ အပိုင်း (၂)ပိုင်းပါပါတယ်။ ပထမတစ်ပိုင်းက သူပေးထားစာနဲ့ Describe လုပ်ထားတာကို ပုံပြန်ဆွဲပေးရပါတယ်။ ဒုတိယတစ်ပိုင်းက ပေးထားတဲ့ပုံကို ပုံတူပြန်ဆွဲပေးရတာပါ။ (တစ်ခါတစ်လေ ဒုတိယအပိုင်းမှာ ပုံတူဆွဲရတာမျိုးမဟုတ်ဘဲ မတူညီတဲ့မေးခွန်းတွေမေးလေ့ရှိပါတယ် ဒါကတော့ကံအပေါ်ဘဲမူတည်ပါတယ်)
ဒါပြီးရင်တော့ CU-TAD စာမေးပွဲကြီးပြီးပါပြီ။ အမှတ်စောင့်ဖို့ဘဲကျန်ပါတော့တယ်။ ဒါနဲ့သူက ဖြေချင်တိုင်းလဲဖြေလို့ရမနေပါဘူး။ Chula ဘက်က တစ်နှစ်မှ (၄)ခါဘဲကျင်းပပေးတာမလို့ Admission Rounds တွေစမှကပ်ပြီးဖြေတာမျိုးမလုပ်ပါနဲ့။
သေချာပြောပါတယ် တစ်ခါတည်းနဲ့အမှတ်မကောင်းနိုင်ပါဘူး။ ဒါကြောင့် မှီသလောက် (၄) ကြိမ်လုံးကို Register လုပ်ပြီးဖြေရင်တော့ နီးမှကပ်ဖြေတဲ့သူထက်အများကြီးပိုကောင်းပိုသာမှာပါ။
📍Reminder : INDA မှာ CU-TAD ကမပါမဖြစ်ပါ။ အများကြီးအရေးကြီးပါတယ်။ Acceptance ရာခိုင်နှုန်းမှာ CU-TAD အမှတ်ကို 20% တောင်ယူထားပါတယ်။
ဒီတော့ ဒီစာမေးပွဲက စုစုပေါင်းအမှတ် (၁၀၀) ကိုမှ အချိန် ၂နာရီခွဲတိတိကြာပါတယ်။ Drawing ပိုင်းနဲ့ပက်သက်ပြီးအခြေခံရှိထားတဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေမှာပါ။
FIGHTING! ✊🏻
25/12/2024
INDA Workshop 😚
Registration link post:
https://www.facebook.com/share/p/1AeMcFH5i1/
25/12/2024
BCM Workshop 🤩
Registration link post:
https://www.facebook.com/share/p/1AeMcFH5i1/
25/12/2024
အားလုံးပဲ Merry Christmas & Happy New year ပါခင်ဗျ။ 🥳🎄
Quladays ကပျောက်နေတာအနည်းငယ်ကြာပြီဖြစ်ပေမယ့် ယနေ့မှာတော့ အားလုံးအတွက်အကျိုးလည်းရှိမယ့် ၀မ်းသာစရာသတင်းကောင်းလေးနဲ့အတူပြန်လာခဲ့ပါပြီနော်။
ဒီသတင်းကောင်းလေးကတော့ ကျွန်တော်တို့ Chulalongkorn University, Faculty of Architecture ရဲ့ International program တစ်ခုဖြစ်တဲ့ Architectural Design INDA program နဲ့
Faculty of Communication Arts ရဲ့ International program တစ်ခုဖြစ်တဲ့ Communication Management BCM program တို့မှာ တက်ရောက်နေတဲ့ ကျောင်းသားလေး နှစ်ယောက်ကိုဖိတ်ခေါ်ထားပြီး Workshop series လေးတစ်ခုပြင်ဆင်ပေးထားပါတယ်ခင်ဗျ။
ဒီ Workshop လေးမှာ cover ဖြစ်မယ့် အကြောင်းအရာလေးတွေကတော့
Program တွေရဲ့
💫requirements လေးတွေ
💫admission period လေးတွေ
💫ကျောင်းလျောက်ခဲ့တဲ့ real story တွေနဲ့
💫Student life တွေအပြင်
🚩မိမိကိုယ်တိုင် program တွေကို တကယ်စိတ်၀င်စားမှုရှိ/မရှိနဲ့ ချူလာမှာဘယ်လိုလေးတွေသင်ကြားပို့ချပေးနေတယ်ဆိုတာတွေကို သေချာသိရှိနိုင်ဖို့
workshop လေးတွေနဲ့ Quiz လေးတွေပါ ပြင်ဆင်ထားပေးတာပဲဖြစ်ပါတယ်ခင်ဗျ။
နောက်ပြီး ကျောင်းသားလေးတွေကိုလည်း "မေးလိုရာမေးအစီအစဉ်"လေးကိုပါ ပြင်ဆင်ထားပါသေးတယ်။
Guest Speakers လေးတွေလည်း အောက်မှာမိတ်ဆက်ထားပေးပါတယ်ခင်ဗျ။ 🫣 ရက်စွဲနဲ့ အချိန်လေးတွေကတော့
BCM workshop: https://www.facebook.com/share/p/14zD6neZDm/
INDA workshop: https://www.facebook.com/share/p/15NHVucyUZ/
Q: Program နှစ်ခုလုံး စိတ်၀င်စားတဲ့သူတွေကရော??
A: နှစ်ခုလုံးမှာ Register လုပ်နိုင်ပါတယ်ခင်ဗျ။ 🤗
INDA register link : https://docs.google.com/forms/d/e/1FAIpQLScjBmWVQdHX8FXMcpnH48lGwD9P04WSMNc5-_9C1-wn8k2NpQ/viewform?usp=sf_link
BCM register link : https://docs.google.com/forms/d/e/1FAIpQLSd9owM37hapbjzBzHlljrhWl_L67NQi-SojK5irVH5uvVXo7A/viewform?usp=header
📌Remark: Workshop လေးကလူဉီးရေအကန့်အသတ်လေးနဲ့မလို့ အခုပဲ register လုပ်ထားလိုက်ပါနော်။
Quladays page လေးကို like and follow လုပ်ထားတဲ့သူလေးတွေအတွက်လည်း new year gift လေးရှိပါတယ်ခင်ဗျ။ 🎄🥳
အားလုံးပဲ နှစ်သစ်မှစပြီး ပညာရေးမှာ ပိုမိုကောင်းမွန်ပြီးထူးချွန်နိုင်ကြပါစေခင်ဗျ။
03/11/2024
INDA international program in Design and Architecture
Virtual Open house 🏠
🎉 Our INDA Virtual Open House is coming up soon!
A perfect chance for high school students curious about our program to get an inside look.
Don’t miss it! ✨
07/10/2024
The application period for INDA's 2025 academic year is now open!🥳
Prospective students can apply through the official website at cuinda.com. Join the internationally recognized INDA program at Chulalongkorn University to explore innovative architectural design and global collaboration opportunities. 😊
📌 Requirements
https://www.facebook.com/share/p/cFxgxJEswowXNscA/
📌 Website for more detail research
http://cuinda.com/
04/10/2024
Hello 🤗
New international program in Chula!
Faculty of Science ကဖွင့်လှစ်လိုက်တဲ့ Bachelor of Science in Industrial Science and Technology (BISTech) ပဲဖြစ်ပါတယ်ခင်ဗျ။
📌Duration of study
4 years
📌 Early admission
Nov 25 - Dec 25
BIS Tech အကြောင်းအသေးစိတ်ကို website မှာကိုယ်တိုင် ၀င်ရောက် research လုပ်နိုင်ပါတယ်ခင်ဗျ။
🤗 အခုဆို Chula မှာ undergraduate international program အရင်လို 19 ခုမဟုတတ်တော့ဘဲ 20 ခုဖြစ်သွားပါပြီခင်ဗျ။ 🎉
Exciting New International Opportunity at Chulalongkorn University!
🌟Bachelor of Science in Industrial Science and Technology (BISTech)🌟
“Building future leaders with business and technological skills”
Are you ready to be at the forefront of industrial innovation and management? The Faculty of Science at Chulalongkorn University proudly announces its groundbreaking international program for 2025!
🌟 Why Choose BISTech?
Cutting-edge Curriculum: Blend theoretical knowledge with practical skills in industrial science and technology
Global Perspective: Join a diverse cohort of international students
World-class Faculty: Learn from leading experts in the field
Industry Connections: Benefit from our strong ties with industrial partners
Leadership Focus: Develop crucial business acumen alongside technological expertise
📅 Key Application Dates
Don't miss your chance to be part of our inaugural class!
Early Admission Round: November 25- December 25, 2024
International Round 1*: December 25, 2024 - February 5, 2025
Regular Admission Round: February 26 - March 26, 2025
International Round 2* (if any): March 20 - May 2, 2025
*for Applicants who do not hold Thai citizenship
🌎 Open to Students Worldwide
We're seeking bright minds from across the globe. Join us in Bangkok, Thailand, for a world-class education experience!
📚 Program Highlights
Hands-on laboratory experiences
Business and leadership skills development
Internship through Cooperative Education with leading industries
Networking events with industry professionals
🔍 Want to Learn More?
Visit our website for detailed information about how we're building future leaders, admission requirements, and life at Chulalongkorn University:
https://www.bistech.sc.chula.ac.th/
Be part of the future. Become a leader in industry and technology. Apply to BISTech today!
01/10/2024
⚠️Updated news for Chula BBA
📃Requirements
📌One of English proficiency tests
(minimum score required)
•TOEFL ibt : 79
•IELTS : 6.5
•Gaokao English : 100
•CUTEP & Speaking : 101
*Duolingo နဲ့က 2024 ကစမရတော့တာပါ
📌One of Aptitude Tests
•SAT : 1270
•Gaokao Math : 80
•CUAAT : 1200
📌One Highschool Diploma
•International diploma:
GED or A level or equivalent is acceptable
* GCSE O level is not sufficient
*According to BBA international office, High School Diploma from Myanmar is not in the list
*For more info, pls contact directly to the office
📌Interview
•Communication skills
•Critical thinking and effective question-answering
•Basic business knowledge
•Motivation to study
•Overall personality
📌Fields of study (updated)
•Accounting
•Digital business management
•Financial analysis and investment
•Brand and marketing
* June-July Prep-course တည်းကရွေးရမှာဖြစ်ပြီး year 2 ရောက်မှသာမိမိ specialization ကိုသင်ကြားရမှာဖြစ်ပါတယ်
* မရွေးခင်လည်း curriculum နဲ့ career choices တွေကို program မှမိတ်ဆက်ပေးမှာပါလို့ပြောပါတယ်။
📌Scholarship
1st year ကိုသာ full ပေးတာဖြစ်ပြီး ကျန်နှစ်တွေကိုတော့ ထိုင်းကျောင်းသားတွေရဲ့ ကျောင်းလခအတိုင်းသာ ပေးသွင်းရတာဖြစ်ပါတယ်။
GPA ကိုsemester တိုင်း 3.0 ထိန်းထားနိုင်မှသာလျင် scholarship refund အနေနဲ့ပြန်ပေးသွားမှာဖြစ်ပါတယ်။
🎉နောက်အပတ်ထဲ 2025 admission period ကိုကြေညာတော့မှာပါတဲ့
*BBA official website ကိုစောင့်ကြည့်ပေးပါနော်
⚜️နောက်ဆုံးအနေနဲ့ကတော့
Oct 15 မှာ Chula ရဲ့ undergraduate program အားလုံးအတွက် open house ကို Chula မှာ လုပ်မှာဖြစ်ပါတယ်။
⏳ •BBA section 11:45 - 12:00
* Location ကိုရှာမတွေ့ရင် page messenger မှယလာမေးလို့ရပါတယ်ခင်ဗျ
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
เว็บไซต์
ที่อยู่
เวลาทำการ
| จันทร์ | 09:00 - 21:00 |
| อังคาร | 09:00 - 21:00 |
| ศุกร์ | 00:00 - 12:00 |
| เสาร์ | 00:00 - 12:00 |
| อาทิตย์ | 09:00 - 21:00 |
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Quladays โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ