BOS Delivery Service

BOS Delivery Service

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก BOS Delivery Service, ร้านขายอาหาร, 78/178, 69 Soi Sukhumvit 62, Phra Khanong Tai, Phra Khanong, Bangkok

18/05/2026

𝐁𝐎𝐒 𝐃𝐞𝐥𝐢 ကို အစဉ်အမြဲ အားပေးပြီး လက်တွဲခဲ့ကြတဲ့ လုပ်ငန်းရှင်များနှင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံးခင်ဗျာ။ ✨

ကျွန်တော်တို့ 𝐁𝐎𝐒 အနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် ဘန်ကောက်မြို့တွင်း ပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုတည်းကိုသာ ယခုအချိန်မှစတင်ကာ အပြီးတိုင် ရပ်နားလိုက်ပြီဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။ 🙏

ယခုအသိပေးချက်သည် 𝐁𝐎𝐒 လုပ်ငန်းတစ်ခုလုံးကို အပြီးတိုင် ပိတ်သိမ်းခြင်းမဟုတ်ဘဲ... ထိုင်းနိုင်ငံ (ဘန်ကောက်) အတွင်း လုပ်ဆောင်နေသော မြို့တွင်းအမြန်ချောပို့ (𝐋𝐨𝐜𝐚𝐥 𝐃𝐞𝐥𝐢) ဝန်ဆောင်မှုအပိုင်းကိုသာ သီးသန့်ရပ်နားခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များ ရှင်းလင်းစွာ သိရှိစေလိုပါတယ်ခင်ဗျာ။ 💯

အသေးစိတ် အသိပေးချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -

🔵 ဘန်ကောက်မြို့တွင်း 𝐃𝐞𝐥𝐢 သီးသန့် ရပ်နားခြင်းဘန်ကောက်မြို့တွင်း အော်ဒါ အကြို/အပို့ ဝန်ဆောင်မှုအားလုံးကို ယနေ့မှစ၍ အပြီးတိုင် ရပ်နားသွားမည် ဖြစ်ပါသည်။

🔵 လုပ်ငန်းရှင်များသို့ ကျေးဇူးတင်လွှာ
ယခင်ကတည်းက ဘန်ကောက်မြို့တွင်း ပစ္စည်းပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ အစဉ်တစိုက် အားပေးခဲ့ကြတဲ့ အွန်လိုင်းရှော့ပ်များနှင့် လူကြီးမင်းများ အားလုံးကို 𝐁𝐎𝐒 မိသားစုမှ လှိုက်လှိုက်လှဲလှဲ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ရုတ်တရက် အခုလို မြို့တွင်း 𝐃𝐞𝐥𝐢 ဝန်ဆောင်မှု ရပ်နားလိုက်ရတဲ့အတွက် လုပ်ငန်းရှင်များဘက်က အဆင်မပြေမှုတစ်စုံတစ်ရာ ရှိခဲ့ပါက 𝐁𝐎𝐒 အနေနဲ့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။ 🙏

လူကြီးမင်းတို့ရဲ့ လုပ်ငန်းများလည်း ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ✨

ကျွန်တော်တို့ 𝐁𝐎𝐒 ကို အရေးကြီးကိစ္စရပ်များအတွက် ဆက်သွယ်လိုပါက -

LINE ID: bos.delivery
Ph No: (+66)0933803249

28/03/2026

𝐁𝐎𝐒 𝐃𝐞𝐥𝐢 ရဲ့ ချစ်ခင်ရပါသော လုပ်ငန်းရှင်များနှင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များခင်ဗျာ။ ✨

လတ်တလော ထိုင်းနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် ဝယ်ယူရရှိရန် ခက်ခဲနေခြင်းတို့ကြောင့် ကျွန်တော်တို့ 𝐁𝐎𝐒 အနေနဲ့ ပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက်လည်ပတ်ရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပါတယ်။ 📉

ဒါကြောင့် ဝန်ဆောင်မှုအပိုင်းမှာ အဆင်မပြေမှုများ မဖြစ်ပေါ်စေရန်အတွက် ဧပြီ (၁) လလုံး လုပ်ငန်းများကို ခေတ္တရပ်နားထားရန် ခက်ခဲစွာ ဆုံးဖြတ်လိုက်ရပါတယ်ခင်ဗျာ။ 💯

လုပ်ငန်းရပ်နားမည့် ကာလကို အောက်ပါအတိုင်း အသိပေးအပ်ပါတယ် -

🔵 ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ (လုပ်ငန်းများအားလုံး ခေတ္တရပ်နားပါမည်)
🔵 မေလ (၁) ရက်နေ့မှစတင်ကာ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်ရန် ကြိုးစားသွားပါမည်။

ရုတ်တရက် အသိပေးရတဲ့အတွက် လုပ်ငန်းရှင်များရဲ့ အော်ဒါများ ကြန့်ကြာမှုရှိခဲ့ပါက 𝐁𝐎𝐒 မိသားစုမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်။ 🙏✨

အခြေအနေများ ပြန်လည်ကောင်းမွန်လာတဲ့အခါ ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုတွေနဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော်။ ✊

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

#ဧပြီလအသိပေးချက်

24/03/2026

စျေးဝယ်သူတိုင်းဟာ သူတို့မှာထားတဲ့ ပစ္စည်းလေးတွေကို အိပ်မက်ထဲကအတိုင်း လှလှပပနဲ့ အမြန်ဆုံး ရချင်ကြတာ သဘာဝပါပဲ။ ✅

𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 ပိုင်ရှင်တွေအတွက်လည်း 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ 𝐁𝐎𝐒 က ကူညီပေးနေပါတယ်။ 🙌

ပစ္စည်းလေးတွေဟာ မူလပုံစံမပျက်ဘဲ လက်ထဲကို အရောက်ပို့ပေးခြင်းက ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ပါ။ ✨

𝐁𝐎𝐒 က 𝐃𝐞𝐥𝐢 ပို့ရာမှာ…

🟠 ပစ္စည်းတစ်ခုချင်းစီကို သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ ကိုင်တွယ်ပါတယ်။

🟠လိပ်စာတိကျမှုနဲ့ အချိန်မှန်မှုကြောင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေကို အံ့အားသင့်စေမှာပါ။

🟠 မိမိလုပ်ငန်းအပေါ် စိတ်ကျေနပ်မှု (𝟓-𝐒𝐭𝐚𝐫 𝐑𝐞𝐯𝐢𝐞𝐰) တွေ ရရှိလာအောင် ပံ့ပိုးပေးပါတယ်။

ဒါကြောင့် မိမိရဲ့ စေတနာတွေကို အကောင်းဆုံးပုံဖော်ပေးမယ့် 𝐁𝐎𝐒 𝐃𝐞𝐥𝐢 နဲ့သာ လက်တွဲလိုက်ပါခင်ဗျာ။ ✊

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

20/03/2026

ဒီဘက်ခေတ်မှာ အလုပ်လုပ်ဖို့အတွက် ရုံးခန်းထဲမှာပဲ ပိတ်မိနေစရာ မလိုတော့ပါဘူး။ ✨

ကိုယ်က ကမ်းခြေမှာပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ် အေးဆေးအနားယူနေချိန်မှာ ပစ္စည်းပို့တဲ့ဒုက္ခတွေကို 𝐁𝐎𝐒 𝐃𝐞𝐥𝐢 က ရှင်းပေးပါမယ်။ 💯

လုပ်ငန်းကို နေရာမရွေး စီမံနိုင်ဖို့အတွက် ပို့ဆောင်ရေးအပိုင်းကို ကျွန်တော်တို့ဆီ စိတ်ချလက်ချ လွှဲပေးလိုက်ပါ။ 🤩

𝐁𝐎𝐒 နဲ့ဆို...

🔸 ဖုန်းတစ်လုံးရှိရုံနဲ့ မြန်မာလို အော်ဒါတင်နိုင်လို့ ဘယ်နေရာရောက်ရောက် အလုပ်လုပ်လို့ရပါတယ်။

🔸 ပစ္စည်းလာယူဖို့နဲ့ ပို့ဖို့အတွက် ကိုယ်တိုင် လိုက်စရာမလိုတော့လို့ အချိန်တွေ အများကြီး ထွက်လာမှာပါ။

🔸 စနစ်တကျ စီမံပေးတဲ့အတွက် ခရီးသွားနေရင်းတောင် အော်ဒါတွေ အဆင်ပြေပြေ လည်ပတ်နေမှာပါ။

လွတ်လပ်တဲ့ လူနေမှုပုံစံနဲ့ အောင်မြင်တဲ့ စီးပွားရေးကို 𝐁𝐎𝐒 နဲ့အတူ တည်ဆောက်လိုက်ပါဦးနော်…✊

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

13/03/2026

လုပ်ငန်းတစ်ခုနဲ့တစ်ခု လက်တွဲတဲ့အခါ စာရွက်ပေါ်က စာချုပ်ထက် "ကိုယ်ချင်းစာတရားနဲ့ တာဝန်ယူမှု" က ပိုပြီး ခိုင်မာပါတယ်။ ✨

𝐁𝐎𝐒 𝐃𝐞𝐥𝐢 ကို အပ်နှံလိုက်တဲ့ ပစ္စည်းတိုင်းအတွက် ကျွန်တော်တို့က ကိုယ်ပိုင်ပစ္စည်းလို တန်ဖိုးထားပြီး တာဝန်ယူပါတယ်။ 🥰

အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ကျကျ အကာအကွယ်ပေးထားတာက 𝐁𝐎𝐒 ရဲ့ ဂုဏ်သိက္ခာပါပဲ။ ✊

𝐁𝐎𝐒 ရဲ့ တာဝန်ယူမှုတွေက ဘာတွေလဲ?

ပစ္စည်းပျောက်ဆုံး၊ ပျက်စီးမှုအတွက် ဝန်ဆောင်ခရဲ့ (၁၀) ဆ အထိ လျော်ကြေးပေးပါတယ်။

🔶 မတော်တဆမှုတွေအတွက် လုပ်ငန်းရှင်ဘက်က နစ်နာမှုမရှိအောင် အပြည့်အဝ တာဝန်ယူပါတယ်။

🔶 "ယုံကြည်မှု" ကို အရင်းတည်ပြီး ရေရှည်လက်တွဲဖော်အဖြစ် ရပ်တည်ပေးနေပါတယ်။

စိတ်အေးချမ်းသာစွာနဲ့ ပစ္စည်းအပ်ချင်တဲ့ လုပ်ငန်းရှင်တိုင်းအတွက် 𝐁𝐎𝐒 က အမြဲအသင့်ရှိနေပါတယ်။ ✊

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

05/03/2026

အွန်လိုင်းစျေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာဖို့ဆိုရင် ပို့ဆောင်ရေးရဲ့ "အရှိန်အဟုန်" က အရမ်းအရေးကြီးပါတယ်။ ✨

အော်ဒါတက်တာနဲ့ ပစ္စည်းကို ချက်ချင်းရောက်စေချင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့ လိုအပ်ချက်ကို 𝐁𝐎𝐒 𝐃𝐞𝐥𝐢 က အပြည့်အဝ နားလည်ပါတယ်။ 💯

ကျွန်တော်တို့ရဲ့ 𝐒𝐩𝐞𝐞𝐝 ဟာ သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို အရှိန်မြှင့်ပေးမယ့် လောင်စာတစ်ခုပါပဲ။ ⛽️

𝐁𝐎𝐒 မှာဆိုရင်…

🟧 𝐍𝐞𝐱𝐭 𝐃𝐚𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 စနစ်နဲ့ အော်ဒါတွေကို အမြန်ဆုံး လည်ပတ်ပေးပါတယ်။

🟧 လမ်းကြောင်းကျွမ်းကျင်တဲ့ 𝐃𝐫𝐢𝐯𝐞𝐫 တွေကြောင့် အချိန်ဆွဲနေတာမျိုး လုံးဝမရှိစေရပါဘူး။

🟧 "မြန်ရမယ်၊ မှန်ရမယ်" ဆိုတဲ့ မူဝါဒနဲ့ လုပ်ငန်းရှင်တွေ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးနေပါတယ်။

အချိန်ကို အကျိုးရှိရှိ အသုံးချပြီး လုပ်ငန်းတိုးချဲ့ချင်ရင်တော့ 𝐁𝐎𝐒 𝐃𝐞𝐥𝐢 ကိုသာ ရွေးချယ်လိုက်ပါခင်ဗျာ။ 🤩

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

02/03/2026

ယနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှ အစပြုလို့ ဦးကြီးများအားလုံး ဘေးဘယာဝေးကွာပြီး စိုက်ပျိုးသမျှ သီးနှံတိုင်း ဈေးကောင်းရကာ အောင်မြင်မှုအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း 𝐁𝐎𝐒 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်…🌾✨


#တောင်သူလယ်သမားနေ့

01/03/2026

𝐁𝐎𝐒 𝐃𝐞𝐥𝐢 ရဲ့ ချစ်ခင်ရပါသော လုပ်ငန်းရှင်များနှင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များခင်ဗျာ📢

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် 𝐁𝐎𝐒 𝐃𝐞𝐥𝐢 ရဲ့ ရုံးခန်းအသစ်သို့ ပြောင်းရွှေ့နေထိုင်မှာဖြစ်လို့ အောက်ပါအတိုင်း ခေတ္တရုံးပိတ်မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

🗓️ ရုံးပိတ်မည့်ရက် - မတ်လ (၁) ရက် မှ (၄) ရက်နေ့အထိ
🗓️ ရုံးပြန်ဖွင့်မည့်ရက် - မတ်လ (၅) ရက်နေ့

ရုံးပိတ်ထားတဲ့ ရက်အတွင်းမှာ ပစ္စည်းလာယူခြင်းနှင့် ပို့ဆောင်ခြင်း ဝန်ဆောင်မှုများကို ခေတ္တရပ်နားထားမှာဖြစ်လို့ လူကြီးမင်းတို့ရဲ့ အော်ဒါလေးများကို ကြိုတင်စီစဉ်ထားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ 🙏

ရုံးခန်းအသစ်၊ ဝန်ဆောင်မှုအသစ်တွေနဲ့ မတ်လ (၅) ရက်နေ့မှာ ပြန်လည်ဆုံတွေ့ကြမယ်နော်။ 🧡

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

#ရုံးပိတ်ရက်

26/02/2026

အဝေးမှာရှိနေတဲ့ သူငယ်ချင်းတွေဆီကို ကိုယ်တိုင်သွားပေးဖို့ အချိန်မရတဲ့အခါ 𝐁𝐎𝐒 𝐃𝐞𝐥𝐢 က သင့်ကိုယ်စား မေတ္တာတွေ သယ်ဆောင်ပေးပါရစေ။ ✨

အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေဟာ သူငယ်ချင်းတွေဆီကို အချိန်မီရောက်သွားဖို့က အဓိကပဲ မဟုတ်လား။ 💯

ဒါကြောင့် 𝐁𝐎𝐒 က အားလုံးရဲ့ လက်ဆောင်မွန်တွေကို တန်ဖိုးထားပြီး အမြန်ဆုံးနဲ့ အကောင်းဆုံး ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ❤️

𝐁𝐎𝐒 နဲ့သာဆိုရင်…

🔵 လက်ဆောင်ဘူးလေးတွေ အနုအယွမပျက်စေဘဲ သေသေသပ်သပ် အရောက်ပို့ပေးပါတယ်။

🔵 အဝေးရောက် သူငယ်ချင်းတွေဆီကို "အချိန်မှန်" ရောက်ရှိအောင် အထူးဂရုစိုက်ပေးပါတယ်။

🔵 Deli အတွက်လည်း ဘာသာစကားအခက်အခဲမရှိအောင် စီစဉ်ထားတာမို့ လက်ဆောင်လက်ခံမယ့်သူနဲ့ ဆက်သွယ်ရတာလည်း အရမ်းလွယ်ကူပါတယ်။

ချစ်ခင်ရသူတွေဆီ လက်ဆောင်ပို့ဖို့ စဉ်းစားနေရင်တော့ စိတ်ချရတဲ့ 𝐁𝐎𝐒 𝐃𝐞𝐥𝐢 ရှိပါတယ်ခင်ဗျာ။ ✊

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -
LINE ID: bos.delivery
Ph No: (+66)0933803249

18/02/2026

နှုတ်ခမ်းနီ၊ 𝐒𝐞𝐫𝐮𝐦 ဘူးနဲ့ 𝐏𝐚𝐥𝐞𝐭𝐭𝐞 လေးတွေဟာ တန်ဖိုးရှိသလို အလွယ်တကူ ပျက်စီးနိုင်တဲ့ နုနယ်တဲ့ ပစ္စည်းလေးတွေပါ။ 💄✨

𝐂𝐨𝐬𝐦𝐞𝐭𝐢𝐜𝐬 လုပ်ငန်းရှင်တွေအတွက် ဒီပစ္စည်းလေးတွေကို 𝐁𝐎𝐒 က ဘယ်လိုဂရုစိုက်ပေးလဲ?

🔵 ပစ္စည်းတွေကို ပို့ဆောင်တဲ့အခါ ဖိသိပ်တာ၊ ပစ်ပေါက်တာမျိုး လုံးဝမရှိဘဲ သပ်သပ်ရပ်ရပ် ကိုင်တွယ်ပို့ဆောင်ပေးပါတယ်။

🔵 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 လက်ထဲရောက်တဲ့အခါ ပါကင်ဘူးလေးကအစ အခြစ်အရာမရှိဘဲ အလှမပျက် ရောက်ရှိဖို့ 𝐁𝐎𝐒 က အထူးအာမခံပါတယ်။

🔵 ဖောက်သည်တွေ စိတ်ကျေနပ်မှုအပြည့်ရစေဖို့အတွက် 𝐂𝐨𝐬𝐦𝐞𝐭𝐢𝐜𝐬 ပစ္စည်းတွေကို အထူးဂရုစိုက် ပို့ဆောင်ပေးမှာမို့…

အလှကုန်ပစ္စည်း လုပ်ငန်းရှင်တွေအတွက် အားကိုးရဆုံး ပို့ဆောင်ရေး 𝐏𝐚𝐫𝐭𝐧𝐞𝐫 ဖြစ်ဖို့ အမြဲအသင့်ရှိနေပါတယ်နော်…❤️

ကျွန်တော်တို့ 𝐁𝐎𝐒 ကိုဆက်သွယ်လိုပါက -

LINE ID: bos.delivery
Ph No: (+66)0933803249
Email: [email protected]

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านอาหาร ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เว็บไซต์

ที่อยู่

78/178, 69 Soi Sukhumvit 62, Phra Khanong Tai, Phra Khanong
Bangkok
10260

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00
อาทิตย์ 09:00 - 18:00

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ BOS Delivery Service โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok