Network for Human Rights Documentation - Burma

Network for Human Rights Documentation - Burma

แชร์

ND-Burma formed in 2004 in order to provide a way for Burma human rights organizations to collaborat

ND-Burma formed in 2004 in order to provide a way for Burma human rights organizations to collaborate on the human rights documentation process.

ငြိမ်းချမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားသည့် မြန်မာနိုင်ငံတွင် အတိတ်မှလူ့အခွင့်အရေး ချိုးဖောက်မှုများကို အသိအမှတ်ပြုပြီး နစ်နာခဲ့ရသူများ၏ ဂုဏ်သိက္ခာအား ပြန်လည်မြှင့်တင်ထိန်းသိမ်းရေးအတွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကာ အတိတ်မှ ဆိုးဝါးသည့်ချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားရေးစေရေးအတွက် ကာကွယ်စောင့်ကြပ် သွားရန်

15/09/2026

အထူးသတင်း (စက်တင်ဘာလ ၁၅, ၂၀၂၆) 👏🏽📣 မြန်မာနိုင်ငံအတွင်း ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ခြင်းတို့ဖြင့် နော်ဝေနိုင်ငံ၌ တယ်လီနောအား စွဲချက်တင်လိုက်ခြင်းအပေါ် Justice For Myanmar က ကြိုဆိုပါသည်။ ယနေ့တွင် တယ်လီနောရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။​ အဆိုပါ စွဲချက်များသည် ၂၀၂၄ ခုနှစ်တွင် Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့သို့ တင်သွင်းခဲ့သည့် တိုင်ကြားချက်အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤဖြစ်ထွန်းမှုသည် စစ်ကောင်စီကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများတွင် တယ်လီနော၏ အခန်းကဏ္ဍအပေါ် တာဝန်ခံမှုရှိစေရေးဆီသို့ ချဥ်းကပ်လာသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။

နော်ဝေရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ဖတ်ရှုရန် 👉🏽 https://www.politiet.no/.../nyhet/2026-09-15/pressemelding

Justice For Myanmar နှင့် ICJ Norway ၏ ၂၀၂၅ ခုနှစ်က ထုတ်ပြန်ချက်ကို အောက်တွင် ဖတ်ရှုရန် 👇🏽

---------

သတင်းထုတ်ပြန်ချက် 📣 ဒဏ်ခတ်ပိတ်ဆို့မှုချိုးဖောက်ခြင်းအတွက် တယ်လီနောအပေါ် Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့တွင် အမှုဖွင့်ခဲ့

✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို 👉🏽 https://buff.ly/lk3B35u

Justice For Myanmar နှင့် ICJ Norway တို့သည် တယ်လီနောနှင့် တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ အား ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ဖွင့်လှစ်ခဲ့သည်။ ယခုရည်ညွှန်းသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုသည်မှာ နော်ဝေ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်း (‘Myanmarforskriften’) ဖြစ်သည်။ တိုင်ကြားချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

နော်ဝေရုပ်သံလိုင်း NRK သည် မကြာသေးမီက မြန်မာနိုင်ငံတွင် တယ်လီနော၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် အကြောင်းအရာများကို nrk.no၊ Podcasts ၊ တီဗွီ နှင့် ရေဒီယိုတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ခဲ့ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်း ကြိုးပမ်းမှုအပြီး စစ်အုပ်စုနှင့် အန္တရာယ်ကြီးသော ကွန်ရက် အချက်အလက်ဒေတာများ မျှဝေခဲ့ခြင်း ဆောင်းပါးများအပါအဝင် မြန်မာနိုင်ငံတွင် တယ်လီနော၏ အခန်းကဏ္ဍကို အကျယ်တဝင့် ထုတ်ပြန် ခဲ့သည်။ ယနေ့တွင် NRK သည် ကျွန်ုပ်တို့၏ တိုင်ကြားချက်နှင့် ပတ်သက်ပြီး သတင်းဆောင်းပါးနှင့် ရေဒီယိုအင်တာဗျူး တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

တိုင်ကြားချက်တွင် တယ်လီနောအနေဖြင့် အောက်ဖော်ပြပါပုံစံများဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ကြောင်း အသေးစိတ် ဖော်ပြထားသည်။

(က) ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ တယ်လီနောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိသွားသည့် မြန်မာအစိုးရ စောင့်ကြည့် ထောက်လှမ်းရေးစင်တာနှင့် ဆက်နွှယ်သည့် ဒဏ်ခတ်ပိတ်ဆို့ထားသော စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်းတို့တွင် ပါဝင်ကူညီ ပေးခဲ့သည်။

(ခ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တယ်လီနောသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ၎င်းတို့၏ မြန်မာနိုင်ငံလုပ်ငန်းအား ရောင်းချမှု၏ အစိတ်အပိုင်းအနေဖြင့် M1 Group ၏ ကုမ္ပဏီခွဲတစ်ခုထံ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

(ဂ) တယ်လီနောသည် သုံးစွဲသူများ၏ အန္တရာယ်ကျရောက်လွယ်သည့် အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

🎙️ ICJ Norway ၏ ဘုတ်အဖွဲ့အကြီးအကဲ Terje Einarsen က “နော်ဝေနဲ့ အခြား အနောက်နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေအပါအဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမြှင့််တင်ဖို့၊ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာကို တိုက်ဖျက်ဖို့ အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နယ်ပယ်အလိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်အသုံးပြုနေချိန်မှာ အခုတိုင်ကြားချက်က အများပြည်သူအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ မြန်မာဒဏ်ခတ်ပိတ်ဆို့မှုတွေကို တယ်လီနောအုပ်စု ချိုးဖောက်မှုရှိမရှိ စုံစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

နော်ဝေရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားသည့် များပြားလှသော သက်သေအထောက်အထား များက တိုင်ကြားချက်ကို ပံပိုးထောက်ပံ့ပေးထားသည်။ ယင်းတို့တွင် တယ်လီနောထံမှ စာရွက်စာတမ်းများ၊ မြန်မာ့ဆက်သွယ်ရေးအာဏာပိုင်များနှင့် အပြန်အလှန်ပေးစာများ ပါဝင်သည်။ တိုင်ကြားချက်တွင် ဟွာဝေး၏ အကျိုးဆောင်မှုဖြင့် ဂျာမဏီကုမ္ပဏီ Utimaco GmbH ထံမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရားဝင်ကြားဖြတ်စောင့်ကြည့်ဂိတ်ဝေး “Lawful Interception Gateway (‘LIG’)” ကို ဝယ်ယူခဲ့မှုအပါအဝင် အသေးစိတ် အချိန်ကာလဖော်ပြချက်များ ပါဝင်သည်။ ယင်းစက်ပစ္စည်းများကို ရိုဟင်ဂျာများအပေါ် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော “နယ်မြေရှင်းလင်းရေး” အပြီး များမကြာမီ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။

🎙️“တယ်လီနောဟာ စစ်အုပ်စုကို အသက်အန္တရာယ်အထိကျရောက်နိုင်တဲ့ သုံးစွဲသူရဲ့ကွန်ရက် အချက်အလက်ဒေတာတွေ မျှဝေတာအပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်းကွန်ရက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းနိုင်အောင် မြန်မာစစ်အုပ်စုနဲ့ချိတ်ဆက်ပြီး တရားဝင်ကြားဖြတ် ကိရိယာတွေ တပ်ဆင်ခွင့်ပေးခဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ကို သေသေချာချာ ခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်” ဟု Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ “နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းက နော်ဝေကုမ္ပဏီ ဒါမှမဟုတ် နိုင်ငံသားတွေကို မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေမှာ ဘယ်လိုနည်းနဲ့မှ ကူညီနေတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဆီ ဒီစက်ပစ္စည်းနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ရောက်နေတာက မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်းကို ထင်ထင်ရှားရှား ချိုးဖောက် နေတာဖြစ်ပြီး ဒါတွေကို မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ်။ တယ်လီနောဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ် " ဟု ထပ်မံပြောကြားခဲ့ပါသည်။

🔴 တယ်လီနော၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေ
တယ်လီနော မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ချိန် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီကပင် စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည့် ကာလရှည်သမိုင်းကြောင်းရှိခြင်း၊ စစ်အုပ်စုနှင့် ရဲတပ်ဖွဲ့တို့သည် အရပ်သားထိန်းချုပ်မှုအောက်တွင်မရှိခြင်း၊ နိုင်ငံသားများအား အီလက်ထရွန်းနစ် စောင့်ကြည့်ထောက်လှမ်းရေးမှ ကာကွယ်ပေးနိုင်သည့် ဥပဒေနှင့် ပြဌာန်းချက်များ ရှိမနေခြင်းတို့သည် အများသိရှိပြီးဖြစ်သည့် အချက်အလက်များ ဖြစ်သည်။ မြန်မာနိုင်ငံသို့ တယ်လီနော မဝင်ရောက်မီကပင် တရားဝင်ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်ခြင်း (lawful interception) ဆိုင်ရာလိုအပ်မှုနှင့်ပတ်သက်၍ တယ်လီနောအပေါ် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ တယ်လီနောအနေဖြင့် တင်ကြိုစိစစ်မှုများ ကောင်းစွာပြုလုပ်ခဲ့ပါက ဆက်သွယ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများသည် အရပ်သားဒီမိုကရေစီ ထိန်းချုပ်မှုမှာ အစစ်အမှန်မဟုတ်ပဲ စစ်အုပ်စုက အာဏာသိမ်းနိုင်သည့် နောက်ဆက်တွဲ အန္တရာယ်များကို သိရှိခဲ့မည် ဖြစ်သည်။ မြန်မာစစ်အုပ်စုသည် အစိုးရဌာနဆိုင်ရာအများအပြားကို အာဏာသိမ်းကြိုးပမ်းမှု မတိုင်မီကပင် ထိန်းချုပ်ထားပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများ ကျူးလွန်နိုင်မှုနှင့်ပတ်သက်၍ ICJ နှင့် ICC တို့တွင် ဆက်လက်အမှု ရင်ဆိုင်နေရဆဲဖြစ်သည်။ တယ်လီနောအနေဖြင့် မည်သည့် ဆက်သွယ်ရေးသုံးစက်ပစ္စည်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် သုံးစွဲသူအချက်အလက်များကိုမဆို စစ်အုပ်စုမှ တောင်းယူနိုင်ကြောင်း သိရှိထားခဲ့သင့်သည်။

ကင်းလွတ်ခွင့်လိုင်စင်ရှိထားခြင်းသည် ဖြစ်နိုင်ဖွယ်ဒဏ်ခတ်ချိုးဖောက်မှုများအတွက် ကာကွယ်မှု ဖြစ်နိုင်ပါသည်။ Justice For Myanmar နှင့် ICJ Norway တို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းမှ ကင်းလွတ်ခွင့်အတွက် တယ်လီနောအုပ်စုထံ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ မည်သည့်လိုင်စင် ပေးအပ်ထားကြောင်း မသိရှိရပါ။ ICJ Norway သည် ထိုအကြောင်းနှင့် ပတ်သက်၍ တယ်လီနောထံ မေးမြန်းခဲ့သော်လည်း တယ်လီနောက အဆိုပါလိုင်စင်မျိုး ပေးအပ်ထားကြောင်း ဖော်ပြခြင်း မရှိခဲ့ပေ။ ICJ Norway နှင့် Justice For Myanmar တို့သည် ယခု တိုင်ကြားချက်နှင့် ပတ်သက်၍ နောက်ဆုံးရသတင်းများအရ ဝန်ကြီးဌာနမှ မည်သည့် လိုင်စင် သို့မဟုတ် ကင်းလွတ်ခွင့် မရှိခြင်း သို့မဟုတ် ပေးအပ်ထားခြင်း မရှိဟု ယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေပါသည်။

တယ်လီနောအနေဖြင့် နော်ဝေ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ခဲ့ပါက တရားရုံးရှေ့မှောက်တွင် တာဝန်ခံရမည် ဖြစ်သည်။

✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို 👉🏽 https://buff.ly/lk3B35u

✅ တိုင်ကြားချက်နှင့်ပတ်သက်သည့် NRK ၏ သတင်းဆောင်းပါးကို 👉🏽 https://buff.ly/LHF7cYa

Young Men Arrested at Yebyu Checkpoints and Forced into Military Service - HURFOM 15/09/2026

Young Men Arrested at Yebyu Checkpoints and Forced into Military Service
15 September 2026
HURFOM: Junta forces have been stopping travelers and arresting young men for military service at checkpoints in Yebyu Township, according to local residents and people traveling through the area.
One of the main locations is the Kalein Aung Bridge checkpoint in Kalein Aung Town, where soldiers regularly stop passenger vehicles, check travelers’ identity documents and order some young men to get out of their vehicles.

Young Men Arrested at Yebyu Checkpoints and Forced into Military Service - HURFOM HURFOM: Junta forces have been stopping travelers and arresting young men for military service at checkpoints in Yebyu Township, according to local residents and people traveling through the area.One of the main locations is the Kalein Aung Bridge checkpoint in Kalein Aung Town, where soldiers regul...

Photos from Ta'ang Women's Organization's post 15/09/2026

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ တအာင်းဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ
၁၅ ရက် စက်တင်ဘာလ ၂၀၂၆ ခုနှစ်
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သည် အကြမ်းဖက်စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အချက်အလက်ကောက်ယူမှု မှတ်တမ်းတင်ထားသည်။ အချက်အလက်ကောက်ယူမှုများအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီး ထိခိုက်သေဆုံးမှု ၁၃၇ ဦး နှင့် အမျိုးသား ထိခိုက်သေဆုံးမှု ၁၄၁ ဦး ရှိခဲ့သည်။
Between January and August 2026, the Ta’ang Women’s Organisation (TWO) documented human rights violations committed by the terrorist military junta and ethnic armed groups. According to the data, 137 women and 141 men were killed and injured in Northern Shan State.
Read the full report below.
Download the PDF...
Bur -https://taangwomen.org/.../09/HR-Stutation-mm-small-web.pdf
Eng -https://taangwomen.org/.../09/HR-Stutation-eng-small-web.pdf
**********
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းများကို Facebook အပြင် အောက်ဖော်ပြပါ Website တွင်လည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါသည်။

11/09/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း စောင့်ကြည့်လေ့လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များ
ဇူလိုင်လအတွက် ကျွန်ုပ်တို့၏ လစဉ်စောင့်ကြည့်လေ့လာခြင်းအစီရင်ခံစာ၏ အစိတ်အပိုင်းအဖြစ်၊ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ပြည်သူလူထုအပေါ် ရိုက်ခတ်မှု ပြင်းထန်ခြင်းနှင့် ထင်ရှားမြင်သာမှုတို့ကြောင့် Myanmar Witness မှ အောက်ပါ အဓိကဖြစ်စဉ်များကို အထူးပြု ဖော်ပြထားပါတယ်။
သံတွဲမြို့၊ ရခိုင်ပြည်နယ် - မှတ်တမ်းတင်ထားသော ဖြစ်စဉ်အများအပြားတွင် ထိခိုက်သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ငပလီမြို့၊ ရခိုင်ပြည်နယ် - လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သတင်းရရှိပါတယ်။
မအီမြို့၊ ရခိုင်ပြည်နယ် - တစ်ရက်တည်းအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုအချို့နှင့် အိုးအိမ်များပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။
အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး - ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသတွင်း စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရကြောင်း သတင်းရရှိပါတယ်။
မင်းတပ်မြို့၊ ချင်းပြည်နယ် - လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သဖြင့် နေအိမ်များစွာ ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။
ဤဖြစ်စဉ်များသည် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများ၏ အခြေခံအဆောက်အအုံများ၊ နေအိမ်များနှင့် ပညာရေးဆိုင်ရာနေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၏ အန္တရာယ် မည်မျှထိခိုက်နေဆဲဖြစ်ကြောင်း ပြသနေပါတယ်။

11/09/2026

▶️ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် မှ
"မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာသူတွေ ဖြစ်နေရပါတယ်။
ဒါ့အပြင် “နှစ်ကြိမ်ဆင့် တိုက်ခိုက်မှု” နည်းလမ်းကို ပိုသုံးလာတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပထမအကြိမ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုးဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ရခိုင်လူမျိုးတွေနဲ့အတူ အခြားလူမျိုးစုတွေဟာလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီ ပိတ်ဆို့တားဆီးမှုတွေကို ကြုံတွေ့နေရပါတယ်။
ကျွန်တော့်အနေနဲ့ ယန္တရားဆီကို အချက်အလက်တွေ မျှဝေပေးဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေကို ရင်ဆိုင်ပြီး လုပ်ဆောင်နေကြတဲ့ ရဲရင့်တဲ့ ပုဂ္ဂိုလ်များစွာကို ကျေးဇူးတင်မိပါတယ်။ သူတို့ဟာ အမှန်တရားကို သိရှိစေချင်တဲ့အတွက်၊ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေချင်တဲ့အတွက် အခုလိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
သူတို့ရဲ့ သတ္တိတွေ အချည်းနှီးမဖြစ်စေဖို့ ဆောင်ရွက်ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။"
ထုတ်ပြန်ချက်အပြည့်အစုံကိုဖတ်ရန် : https://iimm.un.org/.../statement-63rd-regular-session...
▶️ Nicholas Koumjian, Head of the Mechanism, at
“The Myanmar military is increasingly relying on aerial attacks, and civilians are the principal victims.
We have also observed an increase in “double tap” strikes, where a second attack hits first responders and those helping the wounded.
We have identified a number of units involved in these attacks and the airbases from which they operate.
Many Rakhine and other groups have been victims of aerial bombings, artillery attacks and obstructions to humanitarian assistance.
I am grateful to the many brave individuals who take enormous risks to share information with the Mechanism. They do so because they want the truth to be known and for the perpetrators to be brought to justice.
Our responsibility is to ensure that their courage is not in vain.”
Read the full statement: https://iimm.un.org/.../statement-63rd-regular-session...

11/09/2026

ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ၆၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ တွင် ပြောကြားချက် ⬇️
"ကျွန်တော့်အနေနဲ့ ယန္တရားဆီ အချက်အလက်တွေ မျှဝေပေးဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေကို ရင်ဆိုင်ပြီး လုပ်ဆောင်နေကြတဲ့ ရဲရင့်တဲ့ ပုဂ္ဂိုလ်များစွာကို ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ သတ္တိတွေ အချည်းနှီးမဖြစ်စေဖို့ ဆောင်ရွက်ပေးရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ယန္တရားအနေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေ ပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာပါ။ ဒီအထောက်အထား တွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေး အာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်။"
မှာ တင်ပြခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံကို ဖတ်ရန် 👉 - https://iimm.un.org/.../statement-63rd-regular-session... See less

ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ၆၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ တွင် ပြောကြားချက် ⬇️

"ကျွန်တော့်အနေနဲ့ ယန္တရားဆီ အချက်အလက်တွေ မျှဝေပေးဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေကို ရင်ဆိုင်ပြီး လုပ်ဆောင်နေကြတဲ့ ရဲရင့်တဲ့ ပုဂ္ဂိုလ်များစွာကို ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ သတ္တိတွေ အချည်းနှီးမဖြစ်စေဖို့ ဆောင်ရွက်ပေးရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ယန္တရားအနေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေ ပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာပါ။ ဒီအထောက်အထား တွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေး အာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်။"

မှာ တင်ပြခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံကို ဖတ်ရန် 👉 - https://iimm.un.org/my/statement-63rd-regular-session-human-rights-council

09/09/2026
Photos from Kachin Women's Association Thailand - KWAT's post 09/09/2026

Human Rights Violations in Kachin State and Northern Shan State.
January to June 2026
As we mark the 27th anniversary of the founding of the Kachin Women’s Association Thailand (KWAT) in 1999, we would like to take this opportunity to share six months of data on human rights violations and draw your attention to the ongoing and deeply concerning human rights situation in Kachin areas, where intensified armed conflict continues to place civilians at grave risk of human rights violations, including arbitrary arrest, torture, attacks on civilians and civilian property, displacement, and other serious abuses. We, KWAT, urge the international community to pay greater attention to the situation and take concrete action to protect civilians, support affected communities, and hold perpetrators accountable.
Download PDF file in --> https://kachinwomen.org/.../human-rights-violations-in.../

08/09/2026

မြန်မာကို ICC တရားရုံးကို လွှဲပြောင်းအရေးယူရေး ကုလလူ့အခွင့်အရေးအကြီးအကဲ တိုက်တွန်း
-
ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြ ပေမယ့် မအောင်မြင်ခဲ့ဘဲ ဆိုးသထက်ဆိုးလာနေပြီး ဒီအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို ပို့ဆောင်အရေးယူကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာ တာ့ခ် (Volker Turk) က စက်တင်ဘာ ၇ ရက်နေ့က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာစစ်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အထောက်အကူဖြစ်စေတဲ့ လက်နက်၊ ဂျက်လေယာဥ်လောင်စာဆီနဲ့ လူ့အခွင့်အရေးချိုးဖောက်ရာမှာပါ အသုံးချလို့ရတဲ့ ဘယ်ပစ္စည်းမျိုးမဆို တင်ပို့ရောင်းချတာ မလုပ်ဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာဥပဒေတွေ ချိုးဖောက်နေတာကို မသိကျိုးကျွံပြုပြီး မြန်မာစစ်တပ်ကြီးစိုးတဲ့ အစိုးရသစ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်ဖို့ နိုင်ငံတွေက ကြိုးပမ်းနေတာကိုလည်း သူက သတိပေးပါတယ်။

“မိမိတို့အနေနဲ့ အပြောင်းအလဲပေါ်မူတည်ပြီး ထိတွေ့ဆက်ဆံဖို့ ဆိုတာထက် လူ့အခွင့်အရေးကို အခြေခံတဲ့ ဆက်ဆံရေးကို ပိုလိုအပ်နေပါတယ်။ အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်သွားပြီလား၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးလို့ရပြီလား၊ အပြစ်မရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးအကျဥ်းချထားသူတွေ ပြန်လွတ်လာပြီလားဆိုတာတွေကို အခြေခံပြီး ထိတွေ့ဆက်ဆံတာတွေ လုပ်သင့်ပါတယ်။”

စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေအရ စစ်အာဏာသိမ်းပြီးကတည်းက အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ စိစစ်လို့မကုန်နိုင်တဲ့ သတင်းတွေအရ တကယ်တမ်းသေဆုံးရသူဟာ ၃၀၀၀ ကျော်ဖွယ်ရှိကြောင်း။ အများစုဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အဓိက သေဆုံးရတာ ဖြစ်ကြောင်းလည်း မစ္စတာ တာ့ခ်က ပြောပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေကိုလည်း ကုလသမဂ္ဂမဟာမင်းကြီးက ထောက်ပြခဲ့ပြီး သူတို့ဟာ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ဖိနှိပ်မှုတွေ ခံနေရကြောင်း၊ ဒါ့အပြင် အတင်းအကြပ်ခိုင်းစေတာ၊ စစ်မှုထမ်းခေါ်တာတွေလည်းကြုံနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း စစ်တပ်ကြီးကြပ်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲကာလ အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ရပြီး အများစုဟာ စစ်တပ်လက်ချက်ကြောင့်ဖြစ်ပြီး နိုင်ငံတကာက မသိကျိုးကျွံပြုနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောခဲ့ဖူးပါတယ်။

သူဟာ ၂၀၂၄ ဇူလိုင်လက ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ လည်း မြန်မာနိုင်ငံက ဆင်ခြင်တုံတရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ စစ်ကောင်စီ ကို ICC ကို လွှဲအပ် အရေးယူဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

ဓာတ်ပုံ - ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလ လူ့အခွင့်အရေး ညီလာခံတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk စကားပြောနေစဥ်။ (UN)

30/08/2026

🔎 The Myanmar security forces have abducted, arrested and detained people, giving no information about their fate or whereabouts. Their loved ones are often forced to endure prolonged uncertainty and anguish.
The Mechanism is investigating reports of . Under international law, enforced disappearance may be a crime against humanity when committed as part of a widespread or systematic attack against a civilian population.

🔎 The Myanmar security forces have abducted, arrested and detained people, giving no information about their fate or whereabouts. Their loved ones are often forced to endure prolonged uncertainty and anguish.

The Mechanism is investigating reports of . Under international law, enforced disappearance may be a crime against humanity when committed as part of a widespread or systematic attack against a civilian population.

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chiang Mai

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Network for Human Rights Documentation - Burmaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

สมัคร

เราจะแจ้งให้คุณทราบในกรณีที่มีการอับเดทข้อมูลใน Chiang Mai.