Kyaw Swar Yeman

Kyaw Swar Yeman

แชร์

ကဗျာတွေကို မြတ်နိုးတယ်

07/04/2026

ဘာဖြစ်မလဲမသေချာတဲ့ ကမ္ဘာကြီးမှာ

တကယ်တမ်းလုပ်စရာ၂ ခု ပဲ ရှိပါတယ်။

ကိုယ့်ကိုယ်ကိုချစ်ပေးဖို့နဲ့

လက်ရှိ ကိုယ့်ဘေးနား ရှိနေသူတွေကို ချစ်ပေးဖို့ပါ။

ချစ်ဖို့ အချိန်တွေ နောက်မကျပါစေနဲ့ ။

Crd

22/01/2026

အဝေးကြီးဆီ ရေးတဲ့စာ

တနေ့တာ ပင်ပန်းခဲ့သမျှ
စိတ်အေးလက်သာ အနားယူပါ။
ညခင်းတွေမှာ ပျော်အောင်အိပ်ပါ။
ကိုယ့်သတိရခြင်းတွေဟာ
မင်းဆီမှာ ...
လေပြေညှင်းလို လာအေးပါစေ။ ။

*ပိုပိုဖီးနစ်
*ကျမရဲ့စိတ်ဝပ်ကျင်းများ

10/01/2026

တစ်လမ်းလုံး မီးတွေလင်းနေတယ်။
‎တစ်လမ်းလုံး အတွေးတွေ များနေတယ်။
‎အချစ်ရေ
‎နာကျင်စရာဆိုတာကလဲ
‎သုခရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

-ရွက်လှေ

26/12/2025

"နှလုံးသားတရား"

ဒီနေ့ဘာနေ့လဲ
မင်းကိုပဲသတိရတယ်

ဒီလဘာလလဲ
မင်းကိုပဲသတိရတယ်

အပြင်မှာမိုးတွေရွာနေလား
မင်းကိုတအားသတိရတယ်

နေပူပူဆောင်းအေးအေး
မင်းအကြောင်းပဲတွေးမိတယ်

ငေးကြည့်စရာတွေများတဲ့ခေတ်ထဲမှာ
ဘာဆိုဘာမှစိတ်မဝင်စားဘဲ
မင်းကိုပဲသတိရတယ်

တကယ်ချစ်လွန်းတော့
တကယ်နစ်မွန်းတာဘာထူးလဲ
ငါရူးလည်းရူးပါစေ
အခါခါစူးလည်း စူးပါစေ

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်
မင်းကို သိပ်ချစ်တယ်ဆိုတဲ့စကား

ဘုရားဟောနဲ့ညီမျှတယ်။ ။

-သစ္စာပိုင်စိုး

24/12/2025

ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်း ငါတစ်ခုမှမရတော့ဘူး ။

ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီ ငါမသိဘူး ။

မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မှာ မွှေနှောက်ရှာတယ် ။

နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့
မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့ ။

-နွေသစ်ငြိမ်း

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chiang Rai