House Of Scents
✨Time may fade, but scent remember✨
29/07/2026
We are back !
ချင်းရိုင် ပြန်ရောက်တာကို Post တောင် မတင်ရသေးဘူး လာမေးပြီး ယုံကြည်စွာနဲ့ ဝယ်ယူအားပေးကြတဲ့ ကိုယ့် Customer လေးတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။
အခုဆိုရင် ဆိုင်လေး ပုံမှန်အတိုင်း ပြန်ဖွင့်ပါပြီ။
အပြင်မှာ ရေမွှေးလာရောက် စမ်းသပ်ချင်သူများလည်း စိတ်ကြိုက်လာစမ်းလို့ ရပြီဖြစ်သလို Online Order လေးတွေကိုလည်း ပုံမှန်အတိုင်း ပြန်လည်လက်ခံပေးနေပါပြီဗျ။
ရေမွှေးအသစ်လေးတွေလည်း အများကြီး ရောက်ထားတာမို့ Stay tuned နော်!!
03/05/2026
ကျောင်းပိတ်ခါနီးအထိ ဝယ်ယူအားပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျ။
ချစ်ရတဲ့ကာကာတွေ အနေနဲ့ ခရီးသွားဖို့ (ဒါမှမဟုတ်) ချစ်ရသူတွေကို လက်ဆောင်ပေးဖို့ လိုချင်တာလေးတွေရှိရင် အားပေးလို့ရပါတယ်ခင်ဗျ။
‼️ဒီလ ၈ ရက်နေ့ပြီးရင် သွားစရာလေးတွေလဲ ရှိတာမလို့ အရောင်းလေးခဏနားပြီး ကျောင်းဖွင့်ခါနီးမှ ပြန်စုံတွေ့ကြပါမယ်ခင်ဗျ။ ‼️
12/04/2026
ဒီရက်ပိုင်းအတွင်း ရေမွှေးအသစ်တွေ အများကြီးထပ်ရောက်ထားလို့ ရနိုင်မဲ့ decant listကို update လုပ်ပေးထားပါတယ်ဗျ။
11/04/2026
Decant 10% off sale ‼️
အများကြီးမပြောတော့ဘူးဗျာ…
သင်္ကြန်အတွက် decant အကုန် 10% လျော့ထားပေးတာမလို့ လိုချင်တာရှိရင် ၂ ခါပြန် စဉ်းစားမနေနဲ့တော့ …😉
01/04/2026
ဒီနေ့ Full bottle Order လေးတွေကတော့ Mood စုံပဲဗျာ။✨
သန့်သန့်လေးနဲ့ အမြဲ လူကြိုက်များတဲ့ CK one
Hot ဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ Eros Flame
Sweet & Classy ဖြစ်တဲ့ Burberry Her
အားပေးကြတဲ့ သူတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။🫶
Full bottle မှာချင်တာပဲဖြစ်ဖြစ် Decant လေးတွေစမ်းချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့စီ မှာယူအားပေးလို့ရပါတယ်ခင်ဗျ။
28/03/2026
Fresh ဖြစ်ရမယ် sweet လေးလည်းပါရမယ် အနံ့စွဲတာလေးကိုလည်း လိုချင်တယ်ဆိုတဲ့ “မမ” တို့ အတွက် Bright Crystal Absolu လေးရှိမယ်နော်။
Bright Crystal အနံ့ကိုမှ Raspberry ရဲ့ fruity လေးထပ်ပေါင်းပြီး နည်းနည်းလေး ပို strong ဖြစ်တဲ့အနံ့မျိုး မလို့ ၁၀ယောက်မှာ ၉ယောက် ကြိုက်ကြမဲ့ ရေမွှေးလေးဗျို့။ Longevity ကလည်း ရိုးရိုး Bright Crystal ထပ်ပိုစွဲတယ်ဗျို့။
ခုလိုပူအိုက်တဲ့ရာသီနဲ့အလိုက်ဖက်ဆုံးမလို့ သုံးချင်ရင်တော့ လာမှာလို့ရပြီနော်။
5ml- 150 THB
10ml- 280 THB
24/03/2026
Fresh လည်းဖြစ်ရမယ်၊ ဒါပေမဲ့ တစ်နေကုန် အနံ့က စွဲနေရမယ်ဆိုတဲ့ ကိုယ့်လူတွေအတွက် Niche ရေမွှေးတစ်လုံးဖြစ်တဲ့ Sospiro Vibrato ကို Sharing လေး လုပ်ပေးပါရစေဗျာ။
Sospiro ဆိုတဲ့ House ကလည်း နာမည်ကြီး Xerjoff ရဲ့ Founder ဖြစ်တဲ့ Sergio Momo ကိုယ်တိုင် တည်ထောင်ထားတဲ့ Italy Niche House မို့ Quality ပိုင်းကတော့ ပြောစရာမလိုအောင် ရှယ်ပါပဲဗျာ။
Vibrato ရဲ့ အနံ့ကိုပြောရမယ်ဆိုရင်တော့ စစဖြန်းလိုက်တာနဲ့ အရည်ရွှမ်းတဲ့ Grapefruit အနံ့ကိုမှ Ginger ရဲ့ Spicy ဖြစ်တာလေးနဲ့ ပေါင်းပြီး Fresh Spicy ဖြစ်ဖြစ်လေးနဲ့ စဖွင့်ထားတယ်။အဲ့ဒီနောက်မှာမှ Woody, Musky ပါးပါးလေး လိုက်ထားပြီးတော့ သူ့ရဲ့ရနံ့က masculine ဆန်ဆန်နဲ့ တော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ခံစားမိတယ်ဗျ။
Longevity အပိုင်းမှာတော့ ကျွန်တော့်ရဲ့ Skin ပေါ်မှာ ၈ နာရီကျော် အေးအေးဆေးဆေး ခံပြီး၊ အဝတ်အစားပေါ်မှာဆိုရင်တော့ နောက်နေ့အထိတောင် အနံ့က စွဲကျန်နေတတ်ပါတယ်။ Projection & Sillage ပိုင်းမှာလည်း ပထမ ၂ နာရီကနေ ၃ နာရီဝန်းကျင်အထိ တော်တော်လေး အားကောင်းကောင်းနဲ့ ပျံ့လွင့်နိုင်ပြီး ကိုယ်ဖြတ်သွားတဲ့ လမ်းကြောင်းမှာ အနံ့လေး သင်းပျံ့ကျန်ခဲ့တာမျိုး (Scent Trail) ကို ခံစားရမှာပါ။
Vibrato ရဲ့ Magic က လေထဲမှာ လွင့်ပျံ့လာတဲ့အချိန်မှာရတဲ့ Fresh, Spicy, Woody ကိုမှ လုံးဝ Smooth ဖြစ်နေတဲ့ အနံ့မျိုးလို့ ပြောရမယ်ဗျ။ ကိုယ်ဖြတ်သွားလိုက်ရင် Scent Trail လေး ကျန်ရစ်ခဲ့ပြီး ဘေးနားကသူတွေကပါ 'ဘာအနံ့လေးလဲ၊ မွှေးလိုက်တာ' ဆိုပြီး စိတ်ဝင်စားခံရနိုင်တဲ့ (Compliment ရလွယ်တဲ့) ရေမွှေးတစ်လုံးလို့ ပြောရင်တောင် လွန်မယ်မထင်ဘူးဗျာ။
အခုလို Quality ရော Performance ပါ ကောင်းမွန်တဲ့ Vibrato ကို Decant စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Page မှာ ဝယ်ယူအားပေးလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးရင်း နောက်ရက်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။
15/03/2026
PDM တွေအနံ့စမ်းချင်တဲ့သူလေးတွေ အတွက် sample cardလေးတွေရောင်းပေးပါမယ်ဗျ။
တစ်ကဒ်မှာ 1.5ml ပါတယ်ဗျ။
နွေရာသီနဲ့ လိုက်ဖက်တဲ့ Greenley ၊ Percival အပြင်ကိုမှ night out တွေဘာသုံးရမှန်းမသိဖြစ်နေတဲ့ ကိုယ့်လူတွေအတွက် Althair လဲပါပါသေးတယ်ဗျ။
PDM ထဲကကိုမှ တစ်ခုကို “75” THB ထဲနဲ့ အနံ့စမ်းသုံးကြည့်လို့ရပါပြီခင်ဗျ။
10/03/2026
ဒီရက်ပိုင်း post တွေမတင်ဖြစ်လည်း အားပေးကြတာ ကျေးဇူးပါဗျို့။ Full size တွေရော Decant တွေရော လိုချင်ရင်လာမှာလို့ရပါတယ်။
28/02/2026
ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေ တဲ့နွေဦးမှာ ပူလောင်လှတဲ့ နေလုံးကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာလို့ ကျွန်တော်ကတော့ အပူဒဏ်ကို သိသိသာသာ ခံစားနေရပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော့်အနေနဲ့ ချို အီ တဲ့ရေမွှေးတွေဖက်ကို မလှည့်ဖြစ်တာတောင် အချိန်တစ်ခုကြာနေပါပြီ။
ဒါကြောင့်မလို့ ဒီနေ့မှာတော့ fresh ဖြစ်တဲ့ရေမွှေးထဲက အသစ်ရောက်ထားတဲ့ Atelier Cologne ရဲ့
Orange Sanguine လေးနဲ့ စာဖတ်သူပရိတ်သတ်များ ကိုမိတ်ဆက်ပေးချင်ပါတယ်။
မိတ်ဆွေများအနေနဲ့ မောပန်းစိတ်ညစ်နေတဲ့အချိန်မှာ လိမ္မော်သီးရည် အေးအေးလေးတစ်ခွက်ကို သောက်ဖူးမယ်ထင်ပါတယ်။ Atelier Cologne ဆိုတဲ့ perfume house ကတော့ အသီးနံ့ရေမွှေးတွေကို ထုတ်တဲ့နေရာမှာ တကယ့်ရနံ့နဲ့တူလို့ ဆရာကျတဲ့ရေမွှေးလေးပါ။
“Orange Sanguine” ရဲ့အနံ့ကိုပြောရမယ်ဆိုရင်တော့ သူ့မှာပါတဲ့ notes တွေကိုမေ့ထားပါဗျို့။ လိမ္မော်သီးအစစ်ကို လိမ္မော်ရည်ဖျော်ဖို့ အခွံကနေညှစ်ချရင် ရလာမဲ့အနံ့ကို ရဖူးရင်တော့ ဒီရေမွှေးအနံ့ကို သိလိမ့်မယ်ဗျာ။ Fresh ရေမွှေးတွေရဲ့ ထုံးစံအတိုင်း Longevity ကတော့ skin ပေါ်ဆို 4-6 နာရီထပ်တော့မခံပါဘူး။ ဒီရေမွှေးလေးက Perfume ဆိုတာထက်စာရင် “အနုပညာ” တစ်ခုအနေနဲ့ ထုတ်ထားမလို့ ရေမွှေးတစ်ခုအနေနဲ့ သုံးချင်တဲ့သူတွေအတွက် မလိုက်ဖက်ပဲ “Art” အနေနဲ့ခံစား ချင်တဲ့သူတွေအတွက်သာ အကောင်းဆုံးပါပဲ။
ဒါကြောင့်မလို့ အနံ့လေးစမ်းချင်တယ်ဆိုရင်တော့
5ml- 220 THB
10ml- 400 THB
နဲ့ “House Of Scents” မှာရနိုင်ပါပြီဗျို့။
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
เว็บไซต์
ที่อยู่
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ House Of Scents โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ