TEAMS Burma

TEAMS Burma

แชร์

TEAMS provides free and quality education for the teachers and students in Myanmar.

We aim to bridge educational gaps in low resource settings by providing accessible and modern teacher training in order to improve English language learning and teaching.

04/09/2026

TEAMS ရဲ့ ပထမဆုံး TKT Training Journey

TEAMS မှ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့တဲ့ TKT Training Programme ဟာ အခုဆိုရင် သင်တန်းခရီးစဉ်ရဲ့ တစ်ဝက်ခန့်ကို ရောက်ရှိလာခဲ့ပါပြီ။

TEAMS ရဲ့ Trainers များက အပတ်စဉ် Pre-class Assignments များ၊ အဖွဲ့လိုက် ဆွေးနွေးဖလှယ်တဲ့ Activities များအပြင် သင်ခန်းစာတစ်ခုစီရဲ့ အဆုံးမှာ Tests များကိုလည်း လေ့ကျင့်ဖြေဆိုစေခြင်းဖြင့် သင်တန်းသား/သူများ TKT Test ကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါတယ်။

လက်ရှိမှာ သင်တန်းသား/သူများဟာ Module 2 နှင့် Module 3 အတွက် Mock Tests များကို ဖြေဆိုထားပြီး ရလဒ်ကောင်းများ ရရှိထားတာကို မြင်တွေ့ရတဲ့အတွက် TEAMS ဘက်မှလည်း အလွန်ဝမ်းမြောက်မိပါတယ်။

သင်တန်းပြီးဆုံးချိန်မှာ TKT Test အတွက် Module အားလုံးကို ကောင်းစွာ နားလည်ပြီး အဆင်သင့်ဖြစ်လာနိုင်ဖို့ TEAMS ရဲ့ Trainers များကလည်း ဆက်လက်ကြိုးစားပြီး ပံ့ပိုးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းသား/သူများအားလုံးလည်း အနာဂတ်မှာ ဖြေဆိုမယ့် TKT Test ကို ရလဒ်ကောင်းများနှင့် အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

TEAMS အနေနဲ့လည်း မြန်မာနိုင်ငံမှ ဆရာ/မများအတွက် TKT Training နှင့် 2-Month Teacher Training Programme တို့အပြင် သင်ကြားရေးစွမ်းရည်များ ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ထားတဲ့ Teacher Training Programmes အသစ်များကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားဖို့ ရှိပါတယ်။

ဒါကြောင့် TEAMS နဲ့အတူ လေ့လာသင်ယူပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေးအတွက် အတူတကွ ကြိုးစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

28/08/2026

Tr. Zar ရဲ့ (၂) လတာ ဆရာအတတ်သင် အခမဲ့သင်တန်းအပြီးမှာတော့ ဆရာမ ရရှိလိုက်တဲ့ အတွေ့အကြုံတွေနဲ့ ကျေးဇူးတင်စကားလေးကို TEAMS စာမျက်နှာကနေ ဖော်ပြလိုက်ရပါတယ်။

“TEAMS ကနေ teacher training course ခေါ်နေတာတွေ့လို့ ကိုယ်ကလဲ သင်ကြားရေးကို စိတ်ဝင်စားတယ် ဘယ်ကနေဘယ်လို skills တွေဖြည့်ရမလဲ စရမလဲ မသိဘူးဖြစ်နေတာနဲ့ ကွက်တိဖြစ်သွားတယ်။

သင်တန်းတကယ်တမ်းတက်တော့လဲ ကိုယ့်အတွက် ဆရာမတစ်ယောက်အတွက် တကယ်အသုံးဝင်တဲ့ teaching techniques တွေသင်ကြားခဲ့ရတဲ့အပြင် လက်တွေ့လုပ်ဆောင်ခဲ့ရတာတွေလဲ ပါဝင်ခဲ့တယ်။

တကယ်လဲအကျိုးရှိခဲ့တယ်။ ပုံမှန်အားလပ်ချိန်ဆိုရင် ဖုန်းပဲသုံးဖြစ်ခဲ့တယ်။ ဒါပေမယ့် သင်တန်းတက်လိုက်တော့ တခြားသင်တန်းသားတေဆီကလဲ motivationရတယ် ကိုယ်က ဆရာမတစ်ယောက်အနေနဲ့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာသိလာတော့ ပိုပြီးတော့ စိတ်အားထက်သန်လာတယ်။

သင်တန်းရဲ့အကြိုက်ဆုံးအပိုင်းကတော့ micro-teaching session ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တခြားဆရာမတွေ နဲ့ lesson plan ဆွဲရတယ် လက်တွေ့သင်ကြားပြရတယ် ပြီးတော့ တကယ်အသုံးဝင်တဲ့ feedback တွေလည်းရခဲ့တယ်။ ပြီးတော့ တခြားဆရာဆရာမတွေ ဘယ်လိုသင်ပြကြသလဲဆိုတာလဲလေ့လာခဲ့ရတယ်။

သင်ကြားနည်းနဲ့ပတ်သတ်ပြီးတော့လဲ
- Instructions တွေဘယ်လိုပေးမလဲ
- ဘယ်လို assessment တွေလုပ်မလဲ
- Lesson Planning stages
- Learning stages
စနစ်တကျသင်ယူခွင့်ရခဲ့တဲ့အတွက်လဲ ဝမ်းသာပါတယ်ရှင့်။”

21/08/2026

TEAMS ကနေ ဒီနှစ်အတွက် နောက်ဆုံး ဖွင့်လှစ်ပေးတဲ့ ၂ လတာ အခမဲ့ ဆရာအတတ်သင် သင်တန်းလေးကတော့ အောင်မြင်စွာပဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဒီ ၂ လတာ အခမဲ့ ဆရာအတတ် သင်တန်းကိုတော့ နောက်နှစ် အစောပိုင်းတွင် နောက်တစ်ကြိမ် ပြန်လည် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

19/08/2026

TEAMS ရဲ့ (၂) လတာ ဆရာအတတ်သင် အခမဲ့သင်တန်းအပြီးမှာတော့ ဒီအတန်းလေးကို အောင်မြင်စွာတက်ရောက်ခဲ့တဲ့ Tr. Nyein ရဲ့ အတွေ့အကြုံလေးတွေနဲ့ ကျေးဇူးတင်စကားလေးကို မျှဝေပေးလိုက်ရပါတယ်။

“Personally, it’s hard to believe this outstanding training was 100% free because the quality was incredible. The trainers were highly professional, and every session was interactive, practical, and full of meaningful discussions rather than long lectures. The lesson planning sessions and constructive feedback have greatly improved my teaching. I now design more learner-centred lessons and use interactive activities to increase student engagement and participation. TEAMS has proved that high-quality teacher education can be accessible to everyone. My sincere thanks to the trainers and admin team for their dedication, generosity, and commitment to supporting teachers in Myanmar.”

09/07/2026

TEAMS ရဲ့ လက်ရှိ ပို့ချလျက်ရှိတဲ့ သင်ကြားရေးဆိုင်ရာ သင်တန်းများ…

TEMAS ရဲ့ ၂ လ ဆရာအတတ်သင် သင်တန်းနဲ့ TKT အတန်းတို့အတွက် လျှောက်ထားသူများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ လျှောက်ထားသူများစွာအနက်မှ 2-Month Teacher Training Programme (TB8 Session 3) အတွက် သင်တန်းသား/သူ (၃၈) ဦးနှင့် TEAMS မှ ပထမဆုံးအကြိမ် ဖွင့်လှစ်တဲ့ TKT Teacher Training Programme အတွက် သင်တန်းသား/သူ (၂၅) ဦးကို ရွေးချယ်ခဲ့ပြီး လက်ရှိ အတန်းတန်းအသီးသီးမှာ တက်ရောက်လျက်ရှိပါတယ်။

2-Month Teacher Training Programme (TB8 Session 3) ဟာ ဒီနှစ်အတွက် နောက်ဆုံးဖွင့်လှစ်တဲ့ Teacher Training Programme Batch ဖြစ်သလို၊ TKT Teacher Training Programme ကလည်း TEAMS ရဲ့ ပထမဆုံးသော TKT Training Batch အဖြစ် စတင်နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။

မပါဝင်လိုက်ရတဲ့ ဆရာ/ ဆရာမများအနေနဲ့ ယခုအကြိမ် ရွေးချယ်ခံရခြင်းမရှိခဲ့သော်လည်း ချိန်ပေးပြီး လျှောက်ထားခဲ့ကြတဲ့အတွက် TEAMS မှ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ TEAMS အနေနဲ့ ဆရာ/မများရဲ့ Professional Development အတွက် အထောက်အကူပြုနိုင်မယ့် Teacher Training Programme များကို ဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်တဲ့အတွက် ယခုတစ်ကြိမ် မပါဝင်ခဲ့ရသူများလည်း TEAMS page ကို ဆက်လက်စောင့်ကြည့်ပြီး နောင်လာမယ့် သင်တန်းအစီအစဉ်များမှာ ထပ်မံလျှောက်ထားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

05/07/2026

Assessment and Evaluation 101 (Free Online Class)

ဆရာ၊ဆရာမ ဆိုတာ စာကောင်းကောင်းသင်တတ်ရုံနဲ့ မပြီးပါဘူး။
စာသင်ကြားနေစဉ်အတွင်း သင်ခန်းစာကို မိမိရဲ့ ကျောင်းသူ၊ကျောင်းသားတွေ ဘယ်လောက်ထိ တတ်မြောက်သွားတယ်ဆိုတာကို သေချာစီစစ် အကဲဖြတ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ စီစစ်အကဲဖြတ်တယ်ဆိုတဲ့ နေရာမှာ စာမေးပွဲစစ်တာတစ်ခုတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ မိမိကျောင်းသားရဲ့ သင်ယူတတ်မြောက်မှုကို စိတ်ဝင်စားစရာActivitiesတွေ၊ နည်းလမ်းပေါင်းများစွာနဲ့ ထိထိရောက်ရောက်လည်း စီစစ်နိုင်ပါသေးတယ်။

ဒီလိုနည်းလမ်းပေါင်းများစွာနဲ့ အတူ စီစစ်အကဲဖြတ်ခြင်း (Assessment and Evaluation) ဆိုင်ရာ အခြေခံအသိပညာများကို လေ့လာနိုင်ဖို့ TEAMS ကနေပြီးတော့ Assessment and Evaluation 101 (Free Online Class) ကို ဆရာ၊ ဆရာမ တို့အတွက် စီစဉ်ပေးလိုက်ရပါတယ်။

ဒီအတန်းမှာဆိုရင်တော့
- Assessment ရဲ့ အခြေခံ နဲ့ အရေးပါပုံ
- Assessment ဆိုင်ရာ စံနှုန်း၊စံထားများ
- ပဟေဠိမေးခွန်းတိုများနဲ့ စာမေးပွဲများ ပြင်ဆင်ခြင်း
- ကွက်လပ်ဖြည့်မေးခွန်းများ၊ multiple choice များ၊ ပြန်လည်သုံးသပ်တင်ပြရသော လေ့ကျင့်ခန်းအမျိုးအစားများ၊ essay မေးခွန်းများ ပြင်ဆင်ခြင်း
- စွမ်းဆောင်ရည်အပေါ် အခြေခံသော Assessment များ၊ အမှတ်ပေးစနစ်နှင့် အဆင့်သတ်မှတ်ခြင်း
စတဲ့ အကြောင်းအရာများကို သင်ယူရရှိနိုင်မှာဖြစ်ပါတယ်။

AI ကိုပဲ အားကိုးနေခြင်းထက် ဒီလိုအခြေခံ သဘောတရားတွေကို နားလည်ထားတဲ့ အတွက်ကြောင့် ပိုမိုထိရောက်တဲ့ Assessment တွေကို အလွယ်တကူ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် TEAMS ရဲ့ ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ Assessment and Evaluation 101 Free Online Class ကို တက်ရောက်ဖို့ ဆရာ၊ ဆရာမများကို ဖိတ်ခေါ်လိုက်ရပါတယ်။

သင်တန်းအသေးစိတ်အနေဖြင့်
သင်တန်းကာလ - သြဂုတ်လ (၄)ရက်နေ့မှ စက်တင်ဘာလ (၁၀)ရက်နေ့အထိ
အပတ်စဥ် - အင်္ဂါ၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေး
အချိန် - မြန်မာစံတော်ချိန် ညနေ ၇ခွဲ မှ ၉နာရီအထိ
Zoom မှတစ်ဆင့် သင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းလျှောက်လွှာ - http://tiny.cc/assessment-evaluation101

လူဦးရေ အကန့်သတ်ဖြင့်သာ ရွေးချယ် သင်ကြားပေးသွားမှာဖြစ်လို့ application form ကို ဇူလိုင်လ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၄)နာရီ မတိုင်ခင် နောက်ဆုံးထား လျှောက်ဖို့တွက် တိုက်တွန်းလိုက်ပါတယ်။

❗️အထူးမေတ္တာရပ်ခံချက်❗️
TEAMS နှင့် partnership မရှိသော institution များ နှင့် page များ အနေဖြင့် သင်တန်းအကြောင်းကို ပြန်လည်မျှဝေလိုပါက original post ကို shareခြင်း (သို့မဟုတ်) မူရင်း poster နှင့် တွဲဖက်တင်ပေးခြင်းဖြင့် ကူညီမျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

08/06/2026

TEAMS မှာ TKT Course ကို (အခမဲ့) တက်ရောက်နိုင်ပြီ။

TEAMS ကနေ အင်္ဂလိပ်စာအဓိကသင်ကြားနေတဲ့ ဆရာ၊ဆရာမများထံ TKT Course ကို ယူဆောင်လာပါပြီ။

TKT (Teaching Knowledge Test) ဆိုတာကတော့ Cambridge English ကနေ စီမံကျင်းပပေးတဲ့ Teaching Qualification Test တစ်ခုဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား (Second Language) သို့မဟုတ် နိုင်ငံခြားဘာသာစကား (Foreign Language) အဖြစ် သင်ကြားနေသူများနဲ့ သင်ကြားဖို့ ရည်ရွယ်ထားတဲ့သူများအတွက် သင်ကြားရေးဆိုင်ရာ အသိပညာနှင့် နားလည်မှုတွေကို တိုင်းတာအကဲဖြတ်ပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု Certification Programme တစ်ခု ဖြစ်ပါတယ်။

ဒီ Course အတွက် TEAMS ကနေ အချိန်အတော်ကြာ စနစ်တကျ ပြင်ဆင်ခဲ့ပြီးတဲ့နောက် အခု ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒီအတန်းလေးကတော့ အင်္ဂလိပ်စာအဓိကသင်ကြားနေတဲ့ ဆရာ၊ဆရာမများ၊ သင်ကြားရေးအတွေ့အကြုံ တစ်နှစ်အထက်ရှိသူများ နဲ့ TKT exam ဖြေဆိုဖို့ ပြင်ဆင်နေသူများအတွက် အဓိက ရည်ရွယ်ပါတယ်။

ဒီအတန်းလေးမှာဆိုရင် Cambridge TKT ရဲ့ အဓိက Core Modules (၃)မျိုးကို အခြေခံထားတဲ့ သင်ခန်းစာတွေကို လေ့လာရမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားရဲ့ တည်ဆောက်ပုံ အခြေခံစနစ်တွေ၊ ဘာသာစကား သီအိုရီ၊ lesson planning စနစ်တကျရေးဆွဲနည်း၊ သီအိုရီတွေအသုံးပြုပြီး စာသင်ခန်းအတွက်လက်တွေ့ပြင်ဆင်ခြင်း၊ classroom management နှင့် learners အလိုက် အင်္ဂလိပ်စာသင်ကြားနည်းတွေ အထိစုံစုံလင်လင်ပါဝင်မှာ ဖြစ်ပါတယ်။

TEAMS ရဲ့ TKT Course ကို တက်ရောက်ဖို့ အဓိကအခြေခံလိုအပ်ချက်ကတော့ အင်္ဂလိပ်စာ intermediate level (B1) ရှိဖို့လိုအပ်ပါတယ်။ နောက်ပြီး သင်ကြားရေးအတွေ့အကြုံ ၁ နှစ်နှင့် အထက်ရှိ ဖို့လည်းလိုအပ်ပါတယ်။ အင်္ဂလိပ်စာအဓိကသင်ကြားတဲ့ ဆရာ၊ဆရာမများ နဲ့ TEAMS 2-Month Teacher Training သင်တန်းသားဟောင်းများလည်း ဒီ Course အတွက် လျှောက်ထားနိုင်ပါတယ်။

(အခမဲ့) သင်တန်းလေးဖြစ်ပြီး လူဉီးရေကန့်သတ်ထားတဲ့အတွက်ကြောင့်မို့ လျှောက်လွှာဖြည့်တဲ့အခါ သေချာဖြည့်ပေးဖို့တော့ တိုက်တွန်းလိုက်ပါရစေနော်။

🗓️ သင်တန်းကာလ - ဇူလိုင်လ ၇ ရက် မှ အောက်တိုဘာလ ၁ ရက် အထိ (၁၃ပတ်)
📅 အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး
⏰ မြန်မာစံတော်ချိန် ည ၇:၃၀ မှ ၉:၀၀ အထိ
💻 Platform - Zoom

လျှောက်ထားရန် လင်ခ့် - http://tiny.cc/TEAMSTKTProgramme

📌 စိတ်ပါဝင်စားသူများအနေဖြင့် ၂၂ ရက်၊ ဇွန်လ၊၂၀၂၆ (မြန်မာစံတော်ချိန် ညနေ ၄နာရီ) နောက်ဆုံးထားလျှောက်ထားရမှာပဲဖြစ်ပါတယ်။

📩 ရွေးချယ်ခံရသူများကို ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး Email/Telegram မှတစ်ဆင့် TEAMS မှ ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

❗️အထူးမေတ္တာရပ်ခံချက်❗️
TEAMS နဲ့ partnership မရှိသော institution များ နှင့် sharing page များ အနေဖြင့် သင်တန်းအကြောင်းကို ပြန်လည်မျှဝေလိုပါက original post ကို shareခြင်း (သို့မဟုတ်) မူရင်း poster နှင့် တွဲဖက်တင်ပေးခြင်းဖြင့် ကူညီမျှ၀ေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

02/06/2026

ဒီနှစ်အတွက် နောက်ဆုံး Session ဖြစ်တဲ့ TEAMS ရဲ့ ၂ လတာ ဆရာအတတ်သင် အခမဲ့ သင်တန်းရဲ့ application form ဖွင့်လှစ်ပေးလိုက်ပါပြီရှင့်။

*နောက်ထပ် training session အသစ်ဟာ နောက်နှစ် 2027 မှ ဖွင့်လှစ်ပေးမှာဖြစ်လို့ နောက်နှစ်ထိ စောင့်နေစရာမလိုအောင် application deadline မတိုင်ခင် လျှောက်ထားဖို့ အကြုံပြုလိုက်ရပါတယ်။

ဒီသင်တန်းလေးကို
- အသက် (၁၈)နှစ်နှင့်အထက်
- သင်ကြားရေးကို စိတ်ဝင်စားသောသူများ၊
- မိမိရပ်ရွာကို အကျိုးပြု လုပ်ကိုင်ဖို့ သင်ကြားရေးကို စတင်မဲ့ ဆရာ၊မ အသစ်များ (သို့မဟုတ်) သင်ကြားရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ
- သင်ကြားရေး အတွေ့ကြုံရှိပြီး မိမိရဲ့ Professional Development တိုးတက်ဖို့အတွက် တက်ရောက်ချင်သူများ လျှောက်ထားနိုင်ပါတယ်။

၂ လတာ ကြာမြှင့်မည့် ဒီအတန်းမှာဆိုရင် အောက်ဖော်ပြပါ အကြောင်းအရာများကို သင်ကြားရေးအတွေ့ကြုံများစွာရှိတဲ့ Trainers များမှ မျှဝေသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
📄The Standards of a Golden Teacher and Talking Role
📄 Classroom Language & Giving Clear Instructions
📄 Classroom Management - Setting up Routines, Rules and Rewards
📄 Bilingual Teaching to the Classroom Context
📄 Teaching English in the Classroom
📄 Communicative Language Teaching
📄 Total Physical Response
📄 Content Based Teaching
📄 Task Based Teaching
📄 Indirect Teaching Strategies
📄 Set Induction Skills
📄 Using Game and Song in the Classroom
📄 Lesson Planning
📄 Rosenshine’s Principles of Instruction 1,2,3,4,5,6,7,8,9 & 10

ထို့အပြင် သင်တန်းသား/သူများအား ဖော်ပြပါ အကြောင်းရာများ လက်တွေ့အသုံးချနိုင်စေရန် သင်တန်း အဆုံးတွင် micro-teaching များလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီသင်တန်လေးကိုတော့ ဇွန်လ ၃၀ ရက် မှာစတင်ပြီး အပတ်စဉ်-
• အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင်
• မြန်မာစံတော်ချိန် ည ၈:၀၀ မှ ၉:၃၀ အထိ
• Zoom မှတစ်ဆင့်
ဩဂုတ်လ ၂၀ ရက် အထိ (၂) လတာ မျှဝေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ လင့်မှတစ်ဆင့်:
http://tiny.cc/TB8S3applicationform
ဇွန်လ ၂၁ ရက်နေ့ (မြန်မာစံတော်ချိန် ညနေ ၄ နာရီ) နောက်ဆုံးထားပြီး လျှောက်ထားရမှာပဲဖြစ်ပါတယ်။

* ဒီအတန်းဟာဆိုရင် ဒီနှစ်အတွက် နောက်ဆုံး session ဖြစ်လို့ နောက်နှစ်ထိ စောင့်နေစရာမလိုအောင် application deadline မတိုင်ခင် လျှောက်ထားဖို့ အကြုံပြုလိုက်ရပါတယ်။

ရွေးချယ်ခံရသူများကို ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး TEAMS ရဲ့ Gmail/Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေး ဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

❗️အထူးမေတ္တာရပ်ခံချက်❗️
ကျွန်တော်တို့နဲ့ partnership မရှိသော အဖွဲ့နဲ့ တခြားသော sharing page တွေအနေနဲ့ သင်တန်းလေးကို မိမိတို့ရဲ့ page မှာ ပြန်လည် ကြေငြာပေးချင်ပါက original post ကို share လုပ်ခြင်း (ဒါမှမဟုတ်) မူရင်း poster နဲ့ တွဲတင်ခြင်းအားဖြင့် ကူညီမျှဝေပေးဖို့ အသိပေးရင်းတောင်းဆိုပါတယ်ရှင့်။

Photos from TEAMS Burma's post 26/05/2026

Begin your teaching journey with TEAMS

စနစ်သစ် သင်ကြားရေးနည်းဗျုဟာတွေနဲ့ မိမိသင်ကြားရေးစွမ်းရည်ကို မြှင့်တင်လိုပါသလား?

ဒါဆိုရင်တော့ TEAMS က သင့်တွက် သတင်းကောင်းတစ်ခုရှိပါတယ်။ TEAMS ကနေ ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိတဲ့ ၂ လတာ အခမဲ့ Online Teacher Training Programme ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

ဒီသင်တန်းဟာ အသက် (၁၈) နှစ်နှင့်အထက် သင်ကြားရေးကို စိတ်ဝင်စားသူများ၊ မိမိရပ်ရွာကို ပညာရေးနဲ့ အကျိုးပြုချင်သူများ၊ သို့မဟုတ် teaching field ကို career တစ်ခုအနေနဲ့ စနစ်တကျ စတင်ချင်သူများအတွက် ရည်ရွယ်ထားတဲ့ programme တစ်ခုဖြစ်ပါတယ်။

📚 ဒီသင်တန်းမှာဆိုရင် TEAMS ရဲ့ အဓိက Core Courses များဖြစ်တဲ့ - golden teacher standards, classroom language, lesson planning, classroom management, teaching strategies စတာတွေကို
experience ရှိတဲ့ Trainers များမှ မျှဝေသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ယူရရှိတဲ့ သင်ကြားရေးနည်းဗျူဟာတွေကို လက်တွေ့အသုံးချနိုင်ဖို့ သင်တန်းအဆုံးမှာ micro-teaching sessions များလည်း ပါဝင်မှာဖြစ်ပါတယ်။ ✨

🗓️ သင်တန်းကာလ — ဇွန်လ ၃၀ ရက် မှ ဩဂုတ်လ ၂၀ ရက်အထိ
📅 အပတ်စဉ် — အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး
⏰ အချိန် — ည ၈:၀၀ မှ ၉:၃၀ အထိ (မြန်မာစံတော်ချိန်)
💻 Platform — Zoom

📌 လျှောက်ထားရန် — http://tiny.cc/TB8S3applicationform

⏳ နောက်ဆုံးလျှောက်ထားရမည့်ရက် — ဇွန်လ ၂၁ ရက် (မြန်မာစံတော်ချိန် ညနေ ၄ နာရီ)

📩 ရွေးချယ်ခံရသူများကို ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး Email/Telegram မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်နဲ့ သေချာစီစစ်ရွေးချယ်တာဖြစ်လို့ Application Form ကို သေသေချာချာ ဖြည့်သွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။🤍

❗️အထူးမေတ္တာရပ်ခံချက်❗️
ကျွန်တော်တို့နှင့် partnership မရှိသော institution များနှင့် page များ အနေဖြင့် သင်တန်းအကြောင်းကို ပြန်လည်မျှဝေလိုပါက original post ကို shareခြင်း (သို့မဟုတ်) မူရင်း poster နှင့် တွဲဖက်တင်ပေးခြင်းဖြင့် ကူညီမျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

12/05/2026

သင်ကြားရေး အတွေ့ကြုံရှိတဲ့ ဆရာ၊ဆရာမတွေကို အဓိကထားရွေးချယ်သင်ကြားပေးတဲ့ TEACH BOOST အတန်းကို ဒီနေ့ပဲ စတင်လိုက်ပါတယ်။

ဒီTEACH BOOSTအတန်းလေးကို TEAMS ရဲ့ပြီးခဲ့တဲ့သင်တန်းတွေမှာ သင်တန်းသားများရဲ့ “စာသင်ခန်းအတွင်း ကလေးတွေရဲ့ အပြုအမူနဲ့သက်ဆိုင်တဲ့ စီမံခန့်ခွဲမှုကို ပိုမိုလေ့လာသင်ယူချင်ပါတယ်” ဆိုတဲ့ တောင်းဆိုမှုများကြောင့် သင်ကြားရေးအတွေ့အကြုံရှိ Trainer များနှင့် ဆွေးနွေးဖလှယ်နိုင်ဖို့ စီစဉ်ထားတာပဲဖြစ်ပါတယ်။

၅ ပတ်တာ ကြာမြင့်မှာဖြစ်တဲ့ ဒီသင်တန်းလေးမှာဆိုရင် လက်တွေ့အသုံးချနိုင်မဲ့ သင်ကြားနည်းလမ်းများအပြင် “မိမိကျောင်းသားများကို သေချာနားလည်ခြင်း၊ အတန်းစီမံခန့်ခွဲခြင်း၊ ကျောင်းသား၊သူများရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း နှင့် သင်ကြားရေးပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ခြင်း” စတဲ့အကြောင်းအရာတွေကို သင်းကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

ဒီအတန်းမှာတော့ ပိုမိုထိရောက်ဖို့ရာအတွက် သင်တန်းသားအနည်းအကျင်းကိုသာ ရွေးချယ်လက်ခံထားတာပဲဖြစ်ပါတယ်။ ဒီလို လူဦးရေကန့်သတ်ထားတဲ့ကြားက ဒီသင်တန်းကိုတက်ရောက်ခွင့်ရရှိသွားကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို TEAMS မိသားစုမှ အထူးဝမ်းမြောက်မိကြောင်း ပြောကြားလိုပါတယ်။ နောက်ထပ်အတန်းသစ်တွေ ထပ်ဖွင့်ဖို့လည်း ရှိသေးတာမို့ သင်ကြားရေးစိတ်ဝင်စားသူများ၊ လျှောက်လွှာမမှီလိုက်သူများကိုလည်း ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီ ၅ ပတ်တာသင်တန်း အဆုံးမှာ ဆရာ၊ ဆရာမတို့ မိမိစာသင်ခန်းတွင်း လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းကောင်းများရရှိကာ မိမိသင်ကြားမှုတွေမှာ ထိရောက်စွာအသုံးချသွားနိုင်ဖို့ TEAMS မှ ဆုတောင်းပေးလိုက်ပါတယ်။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Rangsit?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Monté RSU, 246 Na Wong Pracha Patthana Road
Rangsit
12000

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00