Labour Rights Foundation LRF / MWSC
အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) သည် ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေး များကိုကာကွယ်မြှင့်တင်ပေးသည့်၊
အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Labour Rights Foundation, LRF is a migrant worker-led organization that protects and promotes migrant workers’ rights by empowering migrant workers to be able to organize themselves, raise their voices, and engage in a meaningful social dialogue with the government, the employer, and other stakeholders. We also assist workers to get access to justice when their rights are violated.
28/08/2026
📣 အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း (LRF) နှင့် အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) တို့ပူးပေါင်းဖွင့်လှစ်သည့် ထိုင်းစာနှင့် ထိုင်းစကားသင်တန်း (အပတ်စဉ် ၁၀) အတွက် သင်တန်းသားများခေါ်ယူနေပါပြီ။
ထိုင်းစာ၊ ထိုင်းစကား အခမဲ့ သင်တန်းသည် MWSC အဖွဲ့သားများအတွက် အကျိုးခံစားခွင့်ဖြစ်သည်။ အဖွဲ့ဝင်လိုသူများအနေဖြင့် နီးစပ်ရာ အဖွဲ့ဝင်များကို မေးမြန်း၍ဖြစ်စေ ရုံးတွင်ဖြစ်စေ ဖောင်လာဖြည့်ပြီး လျှောက်ထားနိုင်ပါသည်။
📌သင်တန်းစတင်မည့်ရက် - ၁၃-၉-၂၀၂၆ ၊ တနင်္ဂနွေနေ့။
📌သင်တန်းကာလ - ၃ လ
📌ဒီနေ့မှစ စတင်လက်ခံနေပါပြီ၊၊
မှတ်ချက် သင်တန်းတက်ရောက်မည့်ကျောင်းသားများ Post ကို Like&Share လုပ်ထားရမည်၊၊
သင်ကြားသူ - ဆရာမ Siriwan Somsri မှသင်ကြားပေးမည်၊၊
ဆရာမ Siriwan Somsri သည် စာမူစာခွန် ကွန်မြူနတီ ကောလိပ်တွင် ထိုင်းနှင့် မြန်မာဘာသာကို သင်ကြားနေပြီး မဟာစာရခန် တက္ကသိုလ်တွင် မြန်မာဘာသာအထူးပြုဖြင့် ပညာသင်ကြားခဲ့သူဖြစ်သည်။
🎯ဆက်သွယ်ရန်
မဟာချိုင်ရုံး
☎ ၀၉၄ ၈၈၃ ၅၅၅၂၊ ၀၆၅ ၄၃၀ ၂၂၄၁
🏠 ဝေလ ၉လမ်းထိပ်၊ အမှတ် ၉၃၊၂၅၉ မဟာချိုင်ရပ်ကွက်၊ ထစိုင်းရပ်ကွက်၊
စမူစာခွန် မြို့နယ်၊ စမူစာခွန် ခရိုင်။
📩 LRF/MWSC ဖေ့စ်ဘုတ်မှ တဆင့် စာပို့၍လည်း မေးမြန်းနိုင်ပါသည်။
📩 [email protected]
TikTok: .rights.fou
YouTube: https://www.youtube.com/
28/08/2026
📢 ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သတိပြုရန်
==================================================
ပြည်နှင်ဒဏ်နှင့် ပတ်သက်သည့် ထိုင်းအစိုးရ၏ အမိန့်ညွှန်ကြားချက်အသစ်အပေါ် LRF ၏ အသိပေးချက်
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း၊ တရားမဝင်အလုပ်လုပ်ကိုင်ခြင်းနှင့် အချို့သောပြစ်မှုများနှင့် ပတ်သက်၍ နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အသစ်တစ်ရပ်ကို ထုတ်ပြန်ထားပြီး ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါညွှန်ကြားချက်အရ အောက်ပါအခြေအနေများနှင့် ငြိစွန်းသူများကို ပြည်နှင်ဒဏ်ပေးနိုင်ကြောင်း ဖော်ပြထားပါသည်—
(၁) လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခြင်း သို့မဟုတ် တရားမဝင်နေထိုင်ခြင်း။
(၂) နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဥပဒေအရ တရားမဝင်အလုပ်လုပ်ကိုင်ခြင်း။
(၃) နိုင်ငံခြားစီးပွားရေးလုပ်ငန်းဥပဒေအရ တရားမဝင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း။
(၄) တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း သို့မဟုတ် အတုစာရွက်စာတမ်းများကို အသုံးပြုခြင်း။
(၅) ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ၅ နှစ်အထက် ချမှတ်နိုင်သည့် ပြစ်မှုများကို ကျူးလွန်ခြင်း။
(၆) အထက်ပါပြစ်မှုများတွင် ကြံရာပါခြင်း၊ ကူညီအားပေးခြင်း သို့မဟုတ် ပါဝင်ပတ်သက်ခြင်း။
ထို့အပြင် ပြည်နှင်ဒဏ်မပေးမီ အမှုအခြေအနေများကို စိစစ်နိုင်ရန်အတွက် သက်ဆိုင်ရာအမည်နှင့် နိုင်ငံသားအချက်အလက်များကို သတ်မှတ်ထားသည့် အာဏာပိုင်ဌာနများထံ ကြိုတင်အကြောင်းကြားရန်နှင့် ပြည်နှင်ဒဏ်ပေးသည့်အမိန့်တွင် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့် တားမြစ်သည့်ကာလကိုလည်း သတ်မှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။
⚠️ အထူးသတိပြုရန်
ပြည်နှင်ဒဏ်ပေးခံရမည့်သူသည် မိမိ၏ မိခင်နိုင်ငံသို့ ပြန်ပို့ခံရပါက လူ့အခွင့်အရေးချိုးဖောက်ခံရနိုင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြင်း၊ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသည့် ဆက်ဆံမှုများခံရနိုင်ခြင်း၊ အတင်းအကျပ်ဖမ်းဆီးခံရခြင်း သို့မဟုတ် အသက်အန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်ရှိနိုင်ခြင်းတို့ကို စိုးရိမ်ရသည့် အခြေအနေများရှိပါက သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ တတိယနိုင်ငံသို့မဟုတ် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် တောင်းဆိုမှုများ ပြုလုပ်နိုင်သည့် အခြေအနေကိုလည်း ညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။
ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ်ကို ပုံမှန်အားဖြင့် ရက်ပေါင်း ၃၀ အတွင်း ပြီးစီးရန် သတ်မှတ်ထားပြီး လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးမှ နှစ်ကြိမ်အထိ၊ တစ်ကြိမ်လျှင် အများဆုံး ရက်ပေါင်း ၃၀ သက်တမ်းတိုးနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။
📌 LRF ၏ အကြံပြုချက်
ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ အလုပ်ရှင်နှင့် အလုပ်အကိုင်ဆိုင်ရာ စာရွက်စာတမ်းများ ကို သက်တမ်းနှင့်အတူ ပုံမှန်စစ်ဆေးထားကြပါရန် တိုက်တွန်းအပ်ပါသည်။
တရားမဝင်အလုပ်လုပ်ကိုင်ခြင်း၊ အတုစာရွက်စာတမ်းအသုံးပြုခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက်မှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုကြပါ။
ထို့အပြင် ဖမ်းဆီးခံရခြင်း၊ ပြည်နှင်ဒဏ်နှင့် ရင်ဆိုင်ရခြင်း သို့မဟုတ် မိမိ၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးအပေါ် စိုးရိမ်ရသည့် အခြေအနေတစ်စုံတစ်ရာ ကြုံတွေ့လာပါက ချက်ချင်းယုံကြည်ရသော အလုပ်သမားအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများထံ ဆက်သွယ်အကူအညီတောင်းခံကြပါရန် LRF အနေဖြင့် တိုက်တွန်းအပ်ပါသည်။
Labour Rights Foundation (LRF)
အလုပ်သမားအလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း
15/08/2026
လုပ်ငန်းခွင်တွင်းမတော်တဆမှု ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး နစ်နာကြေး အပြည့်အဝရရှိ
===================================
အဆိုပါအလုပ်သမားသည် ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတွင် ကားမီးခွက်ပုံစံပြုလုပ်သည့် လုပ်ငန်းကို ပုံမှန်လုပ်ဆောင်နေစဉ် စက်အတွင်းမှ ပစ္စည်းကို နှိုက်ယူနေရာတွင် စက်သည် အလိုအလျှောက် အောက်ကျသွားပြီး လက်မထိပ်ကို ညှပ်မိသည့် လုပ်ငန်းခွင်မတော်တဆမှု ဖြစ်ပွားခဲ့သည်။
📌 ထိုမတော်တဆမှုကြောင့် လက်မထိပ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ သွားရောက်ကုသခဲ့သည်။ အလုပ်ရှင်သည် ဆေးကုသစရိတ်များကို ပေးချေခဲ့ပြီး လူမှုဖူလုံရေးအာမခံစနစ် (ประกันสังคม) ကိုလည်း အသုံးပြုခဲ့ပါသည်။
အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) နှင့် အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) တို့သည် ဤဖြစ်စဥ်အတွင်း —
🔹 အလုပ်သမားအခွင့်အရေးဆိုင်ရာ အကြံပေးခြင်း
🔹 သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း
🔹 အလုပ်သမားလျော်ကြေးရန်ပုံငွေ (กองทุนเงินทดแทน) လျှောက်ထားရာတွင် ကူညီပေးခြင်း
🔹 အမှုကိစ္စ ပြီးဆုံးသည်အထိ ဆက်လက်စောင့်ကြည့်ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားသည် နစ်နာကြေး ၄၃,၆၈၀ ဘတ်ကို ဥပဒေအရ အပြည့်အဝ လက်ခံရရှိခဲ့သည်။ ✊
📌 အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပါက မိမိတို့၏ ဥပဒေအရ ရပိုင်ခွင့်များကို သိရှိပြီး သတ်မှတ်ထားသည့် လျော်ကြေးနှင့် အကျိုးခံစားခွင့်များကို တောင်းခံနိုင်ပါသည်။
ထိခိုက်ဒဏ်ရာရရှိပြီးနောက် မိမိ၏အခွင့်အရေးများ မဆုံးရှုံးစေရန်—
👉 အလုပ်ရှင်၊ သက်ဆိုင်ရာဌာနများထံ အချိန်မီ အကြောင်းကြားပါ။
👉 ဖြစ်စဉ်နှင့်ပတ်သက်သည့် ဆေးရုံမှတ်တမ်းနှင့် ဆေးကုသမှုဆိုင်ရာ အထောက်အထားများကို သိမ်းဆည်းထားပါ။
👉 မိမိရပိုင်ခွင့်နှင့် ပတ်သက်၍ မသေချာပါက အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံ အချိန်မီ အကြံဉာဏ်နှင့် အကူအညီ ရယူပါ။
အလုပ်သမားအခွင့်အရေးကို သိရှိခြင်းသည် မိမိအခွင့်အရေးကို ကာကွယ်ခြင်းပင် ဖြစ်ပါသည်။ 💪✊
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
--
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
[[email protected]](mailto:[email protected])
Website: [www.lrfmwsc.org](http://www.lrfmwsc.org)
TikTok: .rights.fou
▶︎ YouTube: Labour Rights Foundation
#กองทุนเงินทดแทน
14/08/2026
🇹🇭 ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် ဥရောပသမဂ္ဂ (EU) ၏ ပူးတွဲရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ElectroPower စီမံကိန်း သည် ထိုင်းနိုင်ငံ၊ ချာချိုင်းဆောင် (Chachoengsao) ရှိ TEAM Training Center တွင် စုပေါင်းေတာင်းဆိုမှု ၏ စွမ်းအား ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
👷 နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ၊ MWSC - ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ ဝင်များနှင့် (Training of Trainers – ToT) ကို ယခင်က တက်ရောက်ပြီးသူများ ပါဝင်ခဲ့ကြသည်။
📚 ပါဝင်သူများသည် စုပေါင်းေတာင်းဆိုမှု၏ အဓိပ္ပာယ်နှင့် အရေးပါမှု၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ သက်ဆိုင်ရာ အလုပ်သမားစံနှုန်းများ၊ သင်းပင်းဖွဲ့စည်းခွင့် (Freedom of Association) နှင့် လုပ်ငန်းခွင်ပြဿနာများနှင့် အလုပ်သမားအခွင့်အရေးတို့၏ ဆက်စပ်မှုများကို လေ့လာဆွေးနွေးခဲ့ကြသည်။ အုပ်စုလိုက် လေ့ကျင့်ခန်းများမှတစ်ဆင့် လုပ်ငန်းခွင်ရှိ အဓိကပြဿနာများကို ဖော်ထုတ်ကာ ယင်းပြဿနာများကို ရှင်းလင်းပြီး ညှိနှိုင်းနိုင်သော စုပေါင်းတောင်းဆိုချက်များ အဖြစ် ပြောင်းလဲရေးဆွဲလေ့ကျင့်ခဲ့ကြသည်။
⚖️ ထို့အပြင် အဓမ္မခိုင်းေစမှုအန္တရာယ်များ ဖြစ်သည့် အတင်းအကျပ် အချိန်ပိုလုပ်ခိုင်းခြင်း၊ အထောက်အထားစာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်းနှင့် လုပ်ခလစာဆိုင်ရာ အတင်းအကျပ်ဖိအားပေးမှုများကို စုပေါင်းညှိနှိုင်းဆွေးနွေးခြင်းဖြင့် မည်သို့ ကာကွယ်တားဆီးနိုင်ပြီး ဖြေရှင်းနိုင်သည်ကို လေ့လာခဲ့ကြသည်။ ပါဝင်သူများသည် စုပေါင်းညှိနှိုင်းဆွေးနွေးရေး အဆိုပြုချက်မူကြမ်းများကို ရေးဆွဲခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှု Role Play တွင် ပါဝင်ကာ ညှိနှိုင်းဆွေးနွေးရေး နည်းဗျူဟာများကို လက်တွေ့လေ့ကျင့်ခဲ့ကြသည်။
🔋 ဤလှုပ်ရှားမှုသည် ElectroPower စီမံကိန်း ၏ အလုပ်သမားဦးဆောင်သော ချဉ်းကပ်နည်း (worker-driven approach) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အရှေ့တောင်အာရှရှိ အီလက်ထရွန်းနစ် ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် အဓမ္မလုပ်အားပေးမှုကို ကာကွယ်တားဆီးခြင်းနှင့် ကုစားဖြေရှင်းခြင်း ကို ရည်ရွယ်ထားသည်။ ထိုင်းနိုင်ငံတွင်လည်း အလုပ်သမားများ၏ စည်းရုံးမှု၊ စုပေါင်းညှိနှိုင်းဆွေးနွေးရေးနှင့် ရေရှည်တည်တံ့သော အလုပ်သမားသမဂ္ဂ စွမ်းရည်မြှင့်တင်ရေးအတွက် နောက်ထပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
14/08/2026
13/08/2026
🌱 ทบทวนบทเรียนจากการทำงาน เพื่อก้าวไปสู่อนาคตที่ดียิ่งขึ้น
📅 12–13 สิงหาคม 2569
📍 บ้านคุ้งน้ำ รีสอร์ท
เข้าร่วมกิจกรรม “ถอดบทเรียนและทบทวนการทำงาน” จัดโดย มูลนิธิเพื่อสิทธิแรงงาน (LRF)
กิจกรรมครั้งนี้เปิดโอกาสให้เราได้ ทบทวนตนเอง ทบทวนการทำงาน และแลกเปลี่ยนความคิดเห็นกับเพื่อนร่วมงานอย่างสร้างสรรค์ เพื่อเรียนรู้จากประสบการณ์ที่ผ่านมา มองเห็นทั้งสิ่งที่ทำได้ดีและสิ่งที่ควรพัฒนา พร้อมนำบทเรียนที่ได้รับไปปรับปรุงการทำงานให้มีประสิทธิภาพมากยิ่งขึ้น
🤝 การเรียนรู้ร่วมกัน การรับฟังความคิดเห็น และการสะท้อนการทำงานอย่างสร้างสรรค์ จะช่วยให้เรามองเห็นแนวทางใหม่ ๆ และก้าวไปข้างหน้าด้วยความเข้าใจและความร่วมมือที่เข้มแข็งยิ่งขึ้น
ขอบคุณ มูลนิธิเพื่อสิทธิแรงงาน (LRF) และเพื่อนร่วมงานทุกคนสำหรับการแลกเปลี่ยน เรียนรู้ และเติบโตไปด้วยกัน 🙏
07/08/2026
📢 အလုပ်သမားအခွင့်အရေးအတွက် နောက်ထပ် အောင်မြင်မှုတစ်ခု ✊
နစ်နာကြေး လပေါင်း (၇၀) စာအတွက် စုစုပေါင်း ၄၄၁,၇၈၇.၆၀ ဘတ် အပြည့်အဝ ပြန်လည်ရရှိ
ရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ဝါယာကြိုးထုတ်လုပ်သည့် စက်ရုံတွင် စက်သန့်ရှင်းရေးလုပ်ဆောင်နေစဉ် လုပ်ငန်းခွင်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လက်ချောင်း (၂) ချောင်း ပြတ်တောက်ခဲ့ပါသည်။
ဖြစ်စဉ်အပြီးတွင် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) နှင့် အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) တို့က အလုပ်သမားအခွင့်အရေးဆိုင်ရာ အကြံပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အလုပ်သမားလျော်ကြေးရန်ပုံငွေ (กองทุนเงินทดแทน) လျှောက်ထားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အမှုကိစ္စပြီးဆုံးသည်အထိ ဆက်လက်ကူညီပေးခဲ့ပါသည်။
🎉 ယခုအခါ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားသည် နစ်နာကြေး လပေါင်း (၇၀) စာအတွက် စုစုပေါင်း ထိုင်းဘတ် ၄၄၁,၇၈၇.၆၀ ကို ဥပဒေအရ အပြည့်အဝ လက်ခံရရှိခဲ့ပြီဖြစ်ပါသည်။
ဤအောင်မြင်မှုသည် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှု ကြုံတွေ့ရသော အလုပ်သမားများအနေဖြင့် မိမိတို့၏ ဥပဒေအရ ရပိုင်ခွင့်များကို သိရှိပြီး တောင်းခံနိုင်ကြောင်း ပြသနေပါသည်။
အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်မတော်တဆမှုများ ကြုံတွေ့ရပါက မိမိတို့ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အချိန်မီ အကြံဉာဏ်နှင့် အကူအညီများ ရယူကြပါရန် တိုက်တွန်းအပ်ပါသည်။
🤝 🔗 **အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
--
📨 သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
📌 ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
📞 ၀၉ ၄၈၈ ၃၅၅ ၅၂
📬 အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
📞 ၀၆ ၂၇၅ ၆၃၈ ၃၇
📬 ၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
📩 [[email protected]](mailto:[email protected])
🌐 Website: [www.lrfmwsc.org](http://www.lrfmwsc.org)
🎵 TikTok: .rights.fou
▶︎ YouTube: Labour Rights Foundation
#အလုပ်သမားအခွင့်အရေး
05/08/2026
5 /8/2026 เป็นการพบปะแนะนำผู้อำนวยการคนใหม่ คุณอัศริน แก้วประดับ และได้แนะนำให้ทางบริษัทไทยยูเนี่ยนได้รู้จักประธานMWSC ได้รับการต้อนรับอย่างดีจากผู้แทนบริษัท ขอบคุณทางบริษัทไทยยูเนี่ยนด้วยดี
အောက်တွင်မြန်မာဘာသာဖြင့် ဖတ်ရှူနိုင်ပါသည်။
On 5 Agust 2026, representatives of the Migrant Workers Solidarity Committee (MWSC) and the Labour Rights Foundation (LRF) held an introductory meeting with Thai Union.
The meeting served as an opportunity to officially introduce the newly elected President of MWSC and the newly appointed Executive Director of LRF. It also reaffirmed the long-standing relationship between our organizations and provided a platform to discuss future cooperation.
During the discussion, both sides exchanged views on strengthening collaboration to promote labour rights, improve the protection of migrant workers, and prevent labour rights violations within Thai Union's operations. We also explored ways to enhance constructive dialogue and cooperation to ensure that migrant workers can work with dignity, equality, and respect for their fundamental rights.
LRF and MWSC appreciate Thai Union's willingness to engage in open dialogue and look forward to continuing our collaboration to advance decent work and responsible business practices for all workers.
၂၀၂၆ခုနှစ် သြဂုတ်လ ၅ရက်နေ့ တွင် ရွှေ့ပြောင်းအလုပ်သမား ညီညွတ်ရေးကော်မတီ (MWSC) နှင့် အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ကိုယ်စားလှယ်များသည် Thai Union ကုမ္ပဏီမှ ကိုယ်စားလှယ်များ နှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။
ဤတွေ့ဆုံမှုတွင် MWSC ၏ ဥက္ကဌနှင့် LRF ၏ ခန့်အပ်ခံ အမှုဆောင်ဒါရိုက်တာအသစ်ကို တရားဝင် မိတ်ဆက်ပေးခဲ့ပြီး၊ နှစ်ဖက်အဖွဲ့အစည်းများအကြား ကာလရှည်ကြာ တည်ဆောက်ထားသော ပူးပေါင်း ဆောင်ရွက်မှုကို ထပ်မံအတည်ပြုကာ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။
ဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက အလုပ်သမားအခွင့်အရေး မြှင့်တင်ရေး၊ ရွှေ့ပြောင်းအလုပ်သမား များ၏ အကာအကွယ်ကို ပိုမိုအားကောင်းစေရေးနှင့် Thai Union ၏ လုပ်ငန်းဆောင်ရွက်မှုများအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ် သမားများသည် ဂုဏ်သိက္ခာရှိစွာ၊ တန်းတူညီမျှစွာနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို လေးစားခံ ရလျက် အလုပ်လုပ်နိုင်စေရန် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
LRF နှင့် MWSC တို့သည် Thai Union ၏ ပွင့်လင်းသော ဆွေးနွေးမှုအပေါ် အပြုသဘောဆောင်သော သဘောထားကို ကျေးဇူးတင်ရှိပြီး၊ အလုပ်သမားအားလုံးအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် (Decent Work) နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအလေ့အကျင့်များကို မြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး များကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်း အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
05/08/2026
အောက်တွင်မြန်မာဘာသာဖြင့် ဖတ်ရှူနိုင်ပါသည်။
On 5 Agust 2026, representatives of the Migrant Workers Solidarity Committee (MWSC) and the Labour Rights Foundation (LRF) held an introductory meeting with Thai Union.
The meeting served as an opportunity to officially introduce the newly elected President of MWSC and the newly appointed Executive Director of LRF. It also reaffirmed the long-standing relationship between our organizations and provided a platform to discuss future cooperation.
During the discussion, both sides exchanged views on strengthening collaboration to promote labour rights, improve the protection of migrant workers, and prevent labour rights violations within Thai Union's operations. We also explored ways to enhance constructive dialogue and cooperation to ensure that migrant workers can work with dignity, equality, and respect for their fundamental rights.
LRF and MWSC appreciate Thai Union's willingness to engage in open dialogue and look forward to continuing our collaboration to advance decent work and responsible business practices for all workers.
၂၀၂၆ခုနှစ် သြဂုတ်လ ၅ရက်နေ့ တွင် ရွှေ့ပြောင်းအလုပ်သမား ညီညွတ်ရေးကော်မတီ (MWSC) နှင့် အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ကိုယ်စားလှယ်များသည် Thai Union ကုမ္ပဏီမှ ကိုယ်စားလှယ်များ နှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။
ဤတွေ့ဆုံမှုတွင် MWSC ၏ ဥက္ကဌနှင့် LRF ၏ ခန့်အပ်ခံ အမှုဆောင်ဒါရိုက်တာအသစ်ကို တရားဝင် မိတ်ဆက်ပေးခဲ့ပြီး၊ နှစ်ဖက်အဖွဲ့အစည်းများအကြား ကာလရှည်ကြာ တည်ဆောက်ထားသော ပူးပေါင်း ဆောင်ရွက်မှုကို ထပ်မံအတည်ပြုကာ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။
ဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက အလုပ်သမားအခွင့်အရေး မြှင့်တင်ရေး၊ ရွှေ့ပြောင်းအလုပ်သမား များ၏ အကာအကွယ်ကို ပိုမိုအားကောင်းစေရေးနှင့် Thai Union ၏ လုပ်ငန်းဆောင်ရွက်မှုများအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ် သမားများသည် ဂုဏ်သိက္ခာရှိစွာ၊ တန်းတူညီမျှစွာနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို လေးစားခံ ရလျက် အလုပ်လုပ်နိုင်စေရန် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
LRF နှင့် MWSC တို့သည် Thai Union ၏ ပွင့်လင်းသော ဆွေးနွေးမှုအပေါ် အပြုသဘောဆောင်သော သဘောထားကို ကျေးဇူးတင်ရှိပြီး၊ အလုပ်သမားအားလုံးအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် (Decent Work) နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအလေ့အကျင့်များကို မြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး များကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်း အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
22/07/2026
หากองค์กรใด ท่านใดมีความประสงค์ติดต่อประสานงานขอให้ท่านได้ ติดต่อประสานงานกับผู้อำนวยการของมูลนิธิเพื่อสิทธิแรงงาน LRF ตรง กับคุณ อัศริน แก้วประดับ ลุทธรา ตามนามบัตรที่ โพสต์ไว้ใน Facebook นี้ได้
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Samut Sakhon
74000
เวลาทำการ
| จันทร์ | 09:00 - 18:00 |
| อังคาร | 09:00 - 18:00 |
| พุธ | 09:00 - 18:00 |
| พฤหัสบดี | 09:00 - 18:00 |
| อาทิตย์ | 09:00 - 18:00 |