M2TV Channel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M2TV Channel, Media, Baltimore, MD.
M2TV Channel သည်အမှီအခိုကင်းပြီးမရာ၊မြန်မာနှင့်ကမ္ဘာ့ထူးခြားနိစ္စဓူဝသတင်းအကြောင်းအရာများကိုတင်ဆက်ပေးနေသော Channel တစ်ခုဖြစ်ပါသည်။
M2TV Channel is an independent channel that is always trying to present the unique news of Mara,Myanmar and the world.
10/08/2026
◾️Global Ranking အရ၂၀၂၆ ခုနှစ်တွင် နေထိုင်ရန် အဆိုးရွားဆုံး နိုင်ငံ (၂၀) မှာ မြန်မာနိုင်ငံက တတိယနေရာတွင်ရှိနေပါသည်။
▪️ဒါဟာ ယခင် အာဏာရှင် နေဝင်း၊ စောမောင်၊ သန်းရွှေ တို့ခေတ်ကအုပ်ချုပ်မှုများထက် မင်းအောင်လှိုင် အုပ်ချုပ်မှုခေတ် မှာ ပိုမို ဆိုးရွား ကျဆင်းနေတာကို ထင်ဟတ်နေစေပါသည်။
အောက်တိုဘာ ၀၈.၂၀၂၆
M2TV Channel
10/07/2026
◾️ရွေးတု မအလ အား ဆန္ဒမပြကြရန်မလေးရှားရဲက မြန်မာခေါင်းဆောင်များအားခေါ်ယူအသိပေး
=======================
▪️မလေးရှား ဒန်ဝမ်ဂီရဲစခန်းက မလေးရောက်မြန်မာဒုက္ခသည်များ၊ ပြောင်းရွေ့နေထိုင်သူများ ခေါင်းဆောင်အချို့ကို အောက်တိုဘာ(၆)ရက်နေ့ကခေါ်ယူတွေ့ဆုံခဲ့ပါသည်။
▪️ရဲစခန်းမှ အောက်တိုဘာ ၇ ရက်မှ ၈ ရက်အတွင်း မြန်မာစစ်ခေါင်းဆောင် ဦး မင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံမည့်ကိစ္စနှင့် ပတ်သက်၍ ရွှေ့ပြောင်းနေထိုင်သူများ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအနေဖြင့် ဆန္ဒပြခြင်းကဲ့သို့သော လှုပ်ရှားမှုများ မပြုလုပ်ကြရန်နှင့် ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုကြရန် မေတ္တာရပ်ခံ အသိပေးခဲ့ကြောင်းသိရှိရပါသည်။
▪️ရဲစခန်းဘက်မှ ပြောကြားချက်အရ ယခုတွေ့ဆုံမှုသည် သက်ဆိုင်ရာ ခေါင်းဆောင်များအကြား သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှု ဖြစ်သောကြောင့် ရလဒ်ကို စောင့်ကြည့်ပေးကြရန် ပြောကြားခဲ့ပါသည်။ ထို့အပြင် လုံခြုံရေးနှင့် အများပြည်သူ ဘေးကင်းလုံခြုံရေးကိစ္စများနှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့ဘက်မှ တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေများရှိသဖြင့် လိုအပ်ပါက တင်းကျပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ ထို့ကြောင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် အဆိုပါလှုပ်ရှားမှုများတွင် မပါဝင်ကြရန် မေတ္တာရပ်ခံ အသိပေးခဲ့ကြောင်းသိရှိရပါသည်။
Ref: မလေးမြန်မာသတင်းစုံ/James BTB
အောက်တိုဘာလ ၆.၂၀၂၆
M2TV Channel
Crd. James BTB
10/02/2026
◾️သေဒဏ်ကျနေတဲ့ ထောင်သားကို ဆေး ၂ ကြိမ်ထိုးပေးပြီး သေဒဏ်စီရင်လိုက်ပေမဲ့ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ရင် တရားဥပဒေက သူ့ကို ဘာဆက်လုပ်မှာလဲ?
▪️လတ်တလောလေးမှာဘဲ ဖြစ်သွားတဲ့ Christa Pike ဆိုတဲ့ အကျဉ်းသူတစ်ယောက်ရဲ့ အဖြစ်အပျက်က လောလောဆယ် နိုင်ငံတကာ သတင်းတွေမှာ ပလူပျံနေလို့ ကျွန်မရဲ့ မိတ်ဆွေတွေလဲ စိတ်ဝင်စားမယ်လို့ ယူဆတဲ့အတွက် ကျွန်မဖတ်ထားမှတ်ထားသလောက် ပြောပြလိုက်ပါတယ်။
▪️၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ည (ကျွန်မတို့ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်) တုန်းက အမေရိကန်နိုင်ငံ၊ တန်နက်ဆီ (Tennessee) ပြည်နယ်မှာ တကယ့်ကို ဆန်းကြယ်ပြီး တုန်လှုပ်စရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၅၀ အရွယ် Christa Pike ဆိုတဲ့ အမျိုးသမီးဟာ အသက် ၁၉ နှစ်အရွယ်တုန်းက သူငယ်ချင်းမလေးကို သတ်ခဲ့တဲ့အမှုကြောင့် သေဒဏ်ကျခံနေရတာ နှစ်ပေါင်း ၃၀ လောက်ရှိခဲ့ပါပြီ။
▪️သူ့အကြောင်းကို အကျဉ်းချုပ်လေးပြောပြရမယ်ဆိုရင် သူဟာ ငယ်စဉ်ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရခြင်းနဲ့ မု*ဒိ*မ်းကျင့်ခံရခြင်းစတဲ့ ဝမ်းနည်းစရာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။
သူဟာ ၁၉၉၅ ခုနှစ်တုန်းက အသက် ၁၉ နှစ်အရွယ် Colleen Slemmer ကို ရည်းစားနဲ့ သဝန်တိုတဲ့ စိတ်နဲ့ အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ အမေရိကန်သမိုင်းမှာ သေဒဏ်ကျခံရတဲ့ အငယ်ဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် Christa Pike ဟာ သူ့ရဲ့ အသက် ၁၇ နှစ်အရွယ် ရည်းစားဖြစ်သူ Tadaryl Shipp နဲ့ သဝန်တိုခဲ့ပြီး Slemmer က သူ့ရည်းစားကို လုယူဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ (Slemmer ရဲ့ မိတ်ဆွေတွေကတော့ ဒါကို ငြင်းဆိုခဲ့ကြပါတယ်)။ Pike၊ သူ့ရည်းစား Shipp နဲ့ သူငယ်ချင်း Peterson တို့ဟာ Slemmer ကို ဆေးခြောက်သောက်ရအောင်ဆိုပြီး University of Tennessee ကျောင်းဝင်းအနီးက တောစပ်ဆီ လှည့်ဖြားခေါ်ဆောင်သွားခဲ့ပါတယ်။ Pike ဟာ Slemmer ကို စက္ကူလှီးဓား၊ အသားခုတ်ဓားတို့နဲ့ မိနစ် ၄၀ နီးပါး နှိပ်စက်ခဲ့ပြီး ရင်ဘတ်ပေါ်မှာ ကြယ်ငါးပွင့်ပုံစံ ထွင်းခဲ့ကာ ကတ္တရာတုံးကြီးနဲ့ ခေါင်းကို ထုရိုက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ ဦးခေါင်းခွံ အစိတ်အပိုင်းအချို့ကို အမှတ်တရအဖြစ် အိတ်ကပ်ထဲ ယူဆောင်သိမ်းဆည်းထားခဲ့ပါတယ်။
▪️၁၉၉၆ ခုနှစ်မှာ ပြစ်မှုထင်ရှားတဲ့အတွက် အသက် ၂၀ အရွယ် Pike ဟာ သေဒဏ်ကျခံခဲ့ရပြီး၊ သူ့ကို ကူညီခဲ့တဲ့ သူ့ရည်းစား Shipp ကတော့ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရပါတယ်။ သူ့ရဲ့ ရှေ့နေတွေကတော့ ဒီလို ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို သေဒဏ်အပြစ်ဒဏ် စီရင်ချိန်တုန်းက သေချာ ထည့်သွင်းစဉ်းစားပေးခဲ့ခြင်း မရှိခဲ့ဘူးလို့ ထောက်ပြထားပြီးတော့ သူ့ကို သေဒဏ်ကနေ ပယ်ဖျက်ပေးဖို့ တောက်လျှောက် တောင်းဆိုခဲ့ကြပါတယ်။
▪️ဒီနေရာမှာ အခြားဝမ်းနည်းစရာကောင်းတာလေးတစ်ခုကိုလဲ ထပ်ပြောပြချင်တယ်။ Christa Pike ဟာ Slemmer ကို သတ်ဖြတ်စဉ်က အမှတ်တရအဖြစ် ယူဆောင်သွားခဲ့ သေဆုံးသူရဲ့ ခေါင်းခွံ အစိတ်အပိုင်းကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး၊ အမှုမပြီးပြတ်သေးဘဲ တရားဥပဒေကြောင်းအရ သေဒဏ်စီရင်မှု အကျုံးဝင်နေဆဲဖြစ်တာကြောင့် အာဏာပိုင်တွေက သက်သေပစ္စည်းအဖြစ် အချိန်အကြာကြီး ဆက်လက်ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။
▪️သေဆုံးသူရဲ့ မိခင် (May Martinez) ဟာ သမီးဖြစ်သူရဲ့ ခေါင်းခွံ အစိတ်အပိုင်းကို သာမန်အတိုင်း သူ့ရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်နဲ့အတူ ပြန်ပြီးတော့ သင်္ဂြိုဟ်ပေးနိုင်ဖို့အတွက် အစိုးရထံ ၁၆ နှစ်တိုင်တိုင် စာများရေးသားကာ ထပ်မံတောင်းဆိုခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင် (Dead Woman Walking: Pike vs. Tennessee) မှာ သေဆုံးသူရဲ့ မိခင်က တန်နက်ဆီပြည်နယ်ထံမှ အဆိုပါ ပျောက်ဆုံးနေသော ခေါင်းခွံ အစိတ်အပိုင်းကို နောက်ဆုံးမှာ ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
▪️သေဆုံးသူ Colleen Slemmer ရဲ့ ခေါင်းခွံ အစိတ်အပိုင်းကို ပြန်လည်ရရှိပြီးနောက်မှာ မိခင်ဖြစ်သူ May Martinez က သမီးဖြစ်သူ အေးချမ်းစွာ အနားယူနိုင်ဖို့အတွက် စနစ်တကျ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ မိခင်ဖြစ်သူက "မိမိရဲ့ သမီးဖြစ်သူ Colleen အေးချမ်းစွာ အနားယူနိုင်ဖို့နဲ့ ဒီဆိုးရွားတဲ့ အဖြစ်အပျက်ကြီးကို အဆုံးသတ်နိုင်ဖို့အတွက်" အဆိုပါ အစိတ်အပိုင်းကို တောင်းဆိုခဲ့တာဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောကြားခဲ့ပါတယ်။
▪️Pike ကတော့ သေဒဏ်ကျခံရမယ့်ရက်ကို ထောင်ထဲမှာ နှစ်ပေါင်း ၃၀ တိုင်အောင် စောင့်နေခဲ့ရပါတယ်။ ဒီ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ သေဒဏ်ကျခံဖို့ ရက်ချိန်းကျလာခဲ့ပါတယ်။ ဒါဟာ တန်နက်ဆီပြည်နယ်မှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမျိုးသမီးတစ်ယောက်ကို သေဒဏ်စီရင်တာလည်း ဖြစ်ပါတယ်။ မစီရင်ခင်နာရီပိုင်းအလိုအထိ သူ့ရဲ့ အဖြစ်ကလဲ သေဒဏ်က တကယ်ဘဲ စီရင်တော့မလိုလို၊ ဆိုင်းငံလိုက်သလိုလိုနဲ့ နောက်ဆုံးမှာ မနက်ပိုင်းစီရင်မယ့် အစီအစဉ်ကနေ ညနေပိုင်းမှာ ပြောင်းပြီး ဆေးထိုးပြီး စီရင်ခဲ့ပါတယ်။
▪️ဒါပေမဲ့ ဒီသေဒဏ်စီရင်မှုမှာ မထင်မှတ်ထားတဲ့ အလွဲအမှားကြီး ဖြစ်သွားခဲ့ပါတယ်။ သူ့သေနေ့ဘဲ မစေ့သေးတာလား? အသက်ဘဲ ပြင်းလွန်းတာလား မသိပါဘူး။ သူ့ကို သေဒဏ်စီရင်ရေးအဖွဲ့က Pentobarbital အဆိပ်ဆေး နှစ်ကြိမ်တိုင်တိုင် ထိုးသွင်းခဲ့ပေမဲ့ သူဟာ သတိလစ်မသွားခဲ့ပါဘူး။ နှလုံးခုန်နေဆဲဖြစ်သလို အသက်ရှူသံပြင်းပြင်းနဲ့ အိပ်မောကျနေခဲ့တယ်၊ ဟောက်တောင်နေတယ်လို့ ရေးကြတယ်။ အသက်ရှူသံပြင်းပြင်းထွက်တာကို ဆိုလိုတာလို့ ထင်ပါတယ်။ သူက ဆေး ၂ လုံးထိုးပြီးတဲ့အချိန် နာကျင်လွန်းလို့ဆိုပြီး ခြေထောက်တွေကို ရုန်းကန်လှုပ်ရှားရင်း ကန်ထုတ်တာမျိုး လုပ်လိုက်ပါသေးတယ်။ နောက်ဆုံးမှာတော့ သေဒဏ်စီရင်မှုကို ခေတ္တရပ်ဆိုင်းလိုက်ရပြီး သူ့ကို အပြင်ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
▪️ဒါဆိုရင် မေးစရာရှိလာပါတယ်။ "ဆေးပမာဏ ထပ်တိုးပြီး ချက်ချင်း ထပ်မထိုးဘူးလား?"
အဖြေကတော့ "မရပါဘူး" တဲ့။ ပြည်နယ်ရဲ့ ဥပဒေစနစ်အရ သတ်မှတ်ထားတဲ့ ဆေးပမာဏ ကုန်ဆုံးသွားခဲ့ရင် နောက်ထပ် ထပ်မထိုးရဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒီအဖြစ်အပျက်ကြောင့်ပဲ တန်နက်ဆီပြည်နယ်အုပ်ချုပ်ရေးမှူး Bill Lee က ၂၀၂၆ ခုနှစ် ကုန်တဲ့အထိ ပြည်နယ်အတွင်း သေဒဏ်စီရင်မှုအားလုံးကို ဆိုင်းငံ့လိုက်ပြီး ဒီဖြစ်စဉ်အပေါ် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဆိုတော့ ဒီနေ့ အောက်တိုဘာလ (၁) ရက်နေ့ကစပြီး ဒီဇင်ဘာလကုန်အထိအတွင်းမှာ သေဒဏ်ပေးခံရဖို့ စောင့်ဆိုင်းနေတဲ့သူတွေက အသက်နည်းနည်းထပ်ရှည်ခွင့် ရသွားပြီပေါ့။
▪️အခုဆိုရင် ဥပဒေလောကမှာ မေးခွန်းကြီးတစ်ခု ကျန်ရစ်ခဲ့ပါပြီ။ သေဒဏ်တစ်ခါ ပေးပြီးလို့မှ မသေခဲ့တဲ့သူကို ဒုတိယအကြိမ် ထပ်ပြီး သေဒဏ်ပေးပိုင်ခွင့် ရှိပါသလား? ဆိုတဲ့မေးခွန်း။
ဒါဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပါ "ရက်စက်ကြမ်းကြုတ်ပြီး ပုံမှန်မဟုတ်သော အပြစ်ဒဏ် မပေးရ" ဆိုတဲ့ Eighth Amendment နဲ့ ငြိစွန်းနေသလားဆိုတာ ဥပဒေပညာရှင်တွေကြား အပြင်းအထန် ငြင်းခုံစရာ ဖြစ်လာခဲ့ပါတယ်။
▪️သူ့ကို သေဒဏ်စီရင်တဲ့ရက်နဲ့ အချိန်မှာ အကျဉ်းထောင်ပြင်ပမှာ သေဒဏ်စီရင်ခြင်းကို ကန့်ကွက်တဲ့ လူတွေအများကြီး လာရောက်စုဝေးကြပြီးတော့ သူ့အတွက် ဆုတောင်းစည်းဝေး လုပ်ခဲ့ကြပါတယ်။ ဒီလူတွေကတော့ သေချာတယ် Pike ကိုနောက်တစ်ကြိမ် စီရင်ခွင့်မပြုဖို့ အပြင်းအထန် ကန့်ကွက် တားဆီးကြမှာဘဲ?
Credit: original
အောက်တိုဘာ ၀၂.၂၀၂၆
M2TV Channel
10/02/2026
🔺Breaking News🔺
===============
▪️ရခိုင်၊ စစ်တွေကို AA အပြင်းအထန်ထိုးစစ်ဆင်နေပြီး ရွေးတုအစိုးရ စစ်တပ်မှ လေကြောင်းမှ ဗုံးဆက်ကြဲပြီး ခုခံနေရ။
အောက်တိုဘာ ၀၂.၂၀၂၆
M2TV Channel
10/02/2026
◾️မူရင်းနိုင်ငံမဟုတ်တဲ့ တတိယနိုင်ငံသို့ ပြန်လည်ပြည်နှင်ဒဏ်ပေးခြင်း (Deportation) ကို တရားလွှတ်တော်ချုပ်မှ ခွင့်ပြု
========================
▪️တရားမဝင် ခိုးဝင်လာသူများဟု ဆိုကာ ဖမ်းဆီးရမိထားသည့် ရွှေ့ပြောင်းနေထိုင်သူအချို့ကို တရန့်အစိုးရက ၎င်းတို့ လာရောက်ခဲ့သည့် မူရင်းနိုင်ငံမဟုတ်ဘဲ တတိယနိုင်ငံဟုခေါ်သော အခြားနိုင်ငံများသို့ ပြန်လည်ပြည်နှင်ဒဏ်ပေး (Deportation) ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီးအရင်က တားဆီးခဲ့မှုကို အခုပြန်လည်ခွင့်ပြုလိုက်ပါပြီ။
▪️အမေရိကန် ခရိုင်တရားသူကြီး Brian Murphy က တရန့်အစိုးရ၏ လုပ်ဆောင်ချက်သည် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခြင်းကို ရပ်ဆိုင်းစေခဲ့ပြီး၊ အယူခံတရားရုံး (1st U.S. Circuit Court of Appeals) ကလည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ယင်းဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ တရန့်အစိုးရက မကျေနပ်သည့်အတွက် တရားလွှတ်တော်ချုပ် (Supreme Court) သို့ အရေးပေါ် (Emergency) ဆုံးဖြတ်ပေးရန် တင်ပြလျှောက်ထားခဲ့သည်။ တရားလွှတ်တော်ချုပ်ရှိ တရားသူကြီးအများစုက ဤကိစ္စသည် အမေရိကန်အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့် အာဏာစက်အတွင်း ပါဝင်နေသောကြောင့် အခြားသူများ ပါဝင်စွက်ဖက်ပိုင်ခွင့် မရှိဟု ဆုံးဖြတ်ခဲ့ကြပြီး တရားစွဲဆိုမှုတွင် တရန့်အစိုးရဘက်မှ အနိုင်ပေးခဲ့ပါသည်။
▪️ထို့ကြောင့် ဖမ်းဆီးရမိထားသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏ မူရင်းနိုင်ငံ မဟုတ်သည့် အခြားနိုင်ငံများသို့ ပြန်လည်ပြည်နှင်ဒဏ်ပေးခြင်းများကို ပြန်လည်စတင်လိုက်ပြီဖြစ်ပါသည်။ လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ကလည်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်မပို့ဘဲ တောင်ဆူဒန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တောင်ဆူဒန်နိုင်ငံသို့ ပြန်ပို့ခံရသူ စုစုပေါင်း ၈ ဦးရှိပြီး ၎င်းတို့အားလုံးမှာ ကြီးလေးသော ပြစ်မှုကျူးလွန်ထားသူများ (Criminals) ဖြစ်ကြကြောင်းသိရှိရပါသည်။
▪️မြန်မာနိုင်ငံသား “Po Lay Oh” ကို ICE agents တွေက Tennessee မှာတရားမဝင်ဝင်ရောက်မှု၊ အကြိမ်ကြိမ် ပြင်းထန်သော ကိုယ်ထိလက်ရောက်ကျူးလွန်မှုပြစ်မှုထင်ရှားစီရင်ခံရခြင်းတို့ဖြင့် ထိမ်းသိမ်းခံထားရပါသည်။ ထို့အပြင် “Zam Muan Lian” ကို လိင်ပိုင်ဆိုင်ရာ အမှုဖြင့် ထောင်(၈)နှစ် “eight years in prison for sexual exploitation of a minor and sexual assault” ကျခံထားရပါသည်။
Ref: AP news/ ICE
အောက်တိုဘာ ၀၁.၂၀၂၆
M2TV Channel
10/01/2026
🔰အမေရိကန်ပြည်ထောင်စု DMV area နားတစ်ဝိုက် နေထိုင်ကြတဲ့ မြန်မာများအတွက်သတင်းကောင်းရှိနေပါတယ် အကယ်၍သင့်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အကူအညီလိုအပ်နေတယ်ဆိုရင် အောက်ပါအစီအစဉ်ကိုလာရောက်ဖို့ တိုက်တွန်းပါရစေ။
🔰ဒီလိုပွဲမျိုးကို တက်ရောက်ခွင့်ရဖို့နဲ့ လွှတ်တော်အမတ်နဲ့ လူကိုယ်တိုင် တွေ့ဆုံစကားပြောခွင့်ရဖို့ဆိုတာ တကယ်ကို ရခဲတဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အဖိုးတန် အတွေ့အကြုံကောင်းကို လက်လွတ်မခံဘဲ မဖြစ်မနေ ပါဝင်တက်ရောက်ကြဖို့ အသိပေးဖိတ်ခေါ်လိုက်ရပါတယ်။
🔰Burmese American Resource Network ရဲ့ Myanmar အဖွဲ့ဝင်တစ်ဦး ဖြစ်နေတာကြောင့် ရရှိခံစားနိုင်မယ့် သီးသန့်အခွင့်အရေး (Benefit) တွေကို ကိုယ်တိုင်လာရောက်ရယူလိုက်ပါ။
👉မူရင်း “link” https://www.facebook.com/share/19fvEvtgVR/?mibextid=wwXIfr
အောက်တိုဘာ ၀၁.၂၀၂၆
M2TV Channel
10/01/2026
◾️မွတ်စလင် ဗလီကျောင်းကြီး၏ ခေါင်းဆောင်ကို မူလနိုင်ငံသို့ ပြန်လည်ပြည်နှင်ဒဏ်ပေးရန် တရားသူကြီး အမိန့်ချမှတ်
▪️Wiscosin ပြည်နယ်ရှိ မွတ်စလင် ဗလီကျောင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Salah Sarsour အား လက်ရှိ Trump အစိုးရ၏ ဥပဒေစည်းမျဉ်းများအတိုင်း ၎င်းလာရောက်ခဲ့သည့် မူလနိုင်ငံသို့ ပြန်လည်ပြည်နှင်ဒဏ် (deport) ပေးနိုင်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက အမိန့်ဒီကရီ ချမှတ်လိုက်ပါသည်။
▪️Department of Homeland Security (DHS) ၏ ထုတ်ပြန်ချက်အရ မွတ်စလင် ဗလီကျောင်းကြီး ခေါင်းဆောင် Salah Sarsour သည် လွန်ခဲ့သည့်နှစ်အတွင်း အစ္စရေးစစ်သည်တစ်ဦး၏ နေအိမ်အား 𝘔𝘰𝘭𝘰𝘵𝘰𝘷 𝘤𝘰𝘤𝘬𝘵𝘢𝘪𝘭𝘴 ဟုခေါ်သော မီးလောင်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ICE အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ဂရင်းကတ် (Green Card) ရရှိမှု နည်းလမ်းသည်လည်း မမှန်မကန်ဖြစ်သဖြင့် စည်းမျဉ်းဥပဒေများကို ချိုးဖောက်ထားသူဖြစ်သည်ဟု ဆိုပါသည်။
▪️လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံအတွင်း ဒီမိုကရက်အုပ်စုက ပါလက်စတိုင်းများ လွတ်လပ်ရေးရရှိရေးအတွက်ဆိုပြီး အော်ဟစ်တောင်းဆိုနေကြပြီး၊ အစ္စရေးနိုင်ငံနှင့် ဂျူးလူမျိုးများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြသည့် အချိန်လည်း ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ခေါင်းဆောင်အများအပြားကိုလည်း အမေရိကန်အစိုးရက ဖမ်းဆီးထားပြီးဖြစ်ကာ အချို့ကိုမူ ၎င်းတို့လာရောက်ခဲ့သည့် မူလနိုင်ငံများသို့ ပြန်လည်ပြည်နှင်ဒဏ် ပေးလိုက်ပြီဖြစ်ပါသည်။
Ref: PBS
အောက်တိုဘာ ၀၁.၂၀၂၆
M2TV Channel
||| Save Myanmar Online Talkshow
"ပြည့်သူ့ သံအမတ်ကြီးရဲ့ စစ်မှန် တဲ့ အသံ တော်လှန်ရေးရဲ့ တကယ့် အားမာန်”
09/27/2026
🔰မရာနယ်ခရစ်တော်ရဲ့ သတင်းကောင်းသာသနာစတင်သောနေ့။
🔰မရာနယ်/မရာလူမျိုးများထံ ခရစ်တော်သတင်းကောင်းကို (စက်တင်ဘာ/၂၆/၁၉၀၇) ခုနှစ်တွင် England မှ R.A Lorrian ကစတင်ယူဆောင်လာခဲ့ပါတယ်။ ၁၉၀၇ နေ့ချိန်ခါတုန်းက မရာနယ်ကို (Lakher Land) ဟုခေါ်ပြီးတော့ အိန္ဒိယ မြန်မာနယ်စပ်မျဉ်းသက်မှတ်ထားတာမရှိသေးဘဲ မရာနယ်(Lakher Land) အဖြစ်ကိုယ့်နယ်မြေ ကိုယ့်ဒေသကို ကိုယ်ပိုင်စည်းမျဉ်းနဲ့အုပ်ချုပ်ခဲ့ကြပါတယ်။
🔰ထူးခြားတာက ဒုတိယကမ္ဘာစစ်အပြီး Mizo, Lai နဲ့တခြား သာသနာပြုတွေက မူရင်းမွေးရပ်မြေကိုပြန်သွားကြချိန်မှာ Mara သာသနာပြု R.A Lorrian မိသားစုကတော့ မွေးရပ်မြေ England ကိုမပြန်ဘဲ မရာနယ်မှာ နေထိုင်”ဦးချ” သွားခဲ့ကြတာဖြစ်ပါတယ်။
🔰R.A Lorrian မိသားစုသာသနာပြုမှုကြောင့်သာ ဒီကနေ့ မရာလူမျိုးများ ခရစ်တော်၏သတင်းကောင်းကိုသိရှိခဲ့ကြရုံသာမက Mara စာပေ၊ ယာဉ်ကျေးမှု ပိုင်ဆိုင်ခဲ့ကြရတာ ၁၉၀၇ မှ ၂၀၂၆ အထိဆို ၁၁၉ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ မရာနယ် ခရစ်တော်သတင်းကောင်းနေ့ကို ဒီကနေ့ မရာလူမျိုးများနေထိုင်ရာ အိန္ဒိယ၊ မြန်မာ၊ Australia ၊ USA နဲ့တခြားနိုင်ငံတွေမှာကျင်းပကြပါတယ်။
စက်တင်ဘာ ၂၇.၂၀၂၆
M2TV Channel
Lakher (Mara) Pioneer Mission- 1907 A visit to the Laker (Mara) pioneer mission in Saikao, Siaha DC, Mi...
09/25/2026
◾️Mara(MTP) နှင့် ULA(AA) တို့ Join Meeting ပြုလုပ်ကာ နယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်
========================
▪️Mara (MADC)အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့ (Mara THYUTLIA PY-MTP) နှင့် ULA (United League of Arakan) တို့ စက်တင်ဘာ(၂၄)နေ့ကတွေ့ဆုံပြီး နယ်စပ် ပဋိပက္ခအရေးနှင့်ကုန်သွယ်ရေးကိစ္စဆွေးနွေးခဲ့ကြပါသည်။
▪️MTP မှ Pp.S. Vabeihasa, (President) Pp.FC Khihnia (Vice President) နှင့် ULA မှ Pp.Chonai (Border Relation Officer), Pp.Nan Zing (County Administrator) တို့တက်ရောက်ခဲ့ကာ ပဋိပက္ခကြောင့်ပိတ်ထားခဲ့သောနယ်စပ်ကုန်သွယ်ရေလမ်းကြောင်းကို နှစ်ဖက်သဘောတူပြန်ဖွင့်ခဲ့ကြပါသည်။
▪️ULA ဖက်ကလည်း ပဋိပက္ခ ဖြစ်စဉ်မှလူပုဂ္ဂိုလ်များကို အရေးယူခဲ့ပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ “ဦးခိုင်သုခ” မှပြောဆိုခဲ့ပြီးဖြစ်ပါသည်။ ပဋိပက္ခဖြစ်စဉ် နှင့်ပက်သက်ပြီး ပုံကြီးချဲ့ကြသော အချို့ Media များနှင့် The “Kaladan Post” ကိုလည်းသတိပေးခဲ့ပါသည်။
Ref: The Maraland Times
စက်တင်ဘာ ၂၅.၂၀၂၆
M2TV Channel
Click here to claim your Sponsored Listing.
Category
Website
Address
Alerts
Be the first to know and let us send you an email when M2TV Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.