GeoMap
Geospatial Consulting and Mapping Services
https://viber.me/959791195750
20/09/2026
မနေ့ စက်တင်ဘာ ၁၉ ရက်နေ့ညက တောင်ကြီးမြို့မှာ တောင်ပေါ်ကနေ ကျောက်တုံးကြီး ရုတ်တရက် ပြိုကျလာတဲ့ ဖြစ်စဉ်တစ်ခုကို တွေ့လိုက်ရပါတယ်။ ဘူမိရုပ်သွင်အရတောင်ကြီးမြို့က ရှမ်းကုန်းပြင်မြင့် (Shan Plateau) မှာ ရှိပါတယ်။ အဓိကအားဖြင့် ဒီဒေသက ရေစားလွယ်တဲ့ ထုံးကျောက် (Limestone)၊ ဒိုလိုမိုက် (Dolomite) စတဲ့ Carbonate ကျောက်တွေနဲ့ အဓိက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီကျောက်တွေက အချိန်ကြာလာတာနဲ့အမျှ Chemical Weathering ကြောင့် အတွင်းထဲမှာ လိုဏ်ခေါင်းတွေ၊ ဂလှိုင်ပေါက်တွေ ဖြစ်လာပြီး ကျောက်သားတစ်ခုလုံးရဲ့ rock mass strength ကို လျော့နည်းစေနိုင်ပါတယ်။
ဒါ့အပြင့် tectonics ကြောင့် ဖြစ်ပေါ်လာတဲ့ အက်ကွဲကြောင်းတွ(Joints & Fractures) အများအပြား ဒီဒေသက ကျောက်တာင်တွေမှာရှိပါတယ်။ ဒီအက်ကွဲကြောင်းတွေရဲ့ လားရာနဲ့ တောင်စောင်းရဲ့ ဆင်ခြေလျှောလားရာ တိုက်ဆိုင်နေတဲ့အခါ မြေဆွဲအားကြောင့် ကျောက် တောင် တွေ အလွယ်တကူပြိုကျပြီး Rockfall ဖြစ်လွယ်တဲ့ အနေအထား ဖြစ်ပေါ်လာတတ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကျောက်အက်ကွဲကြောင်းတွေကြားမှာ ပေါက်နေတဲ့ သစ်မြစ်တွေက ကျောက်တုံးတွေကို ဟက်တက်ကွဲအောင် တွန်းထုတ်ပစ်လိုက်တဲ့အတွက် Rockfall ဖြစ်ဖို့ ပိုပြီး အားပေးသလို ဖြစ်သွားတတ်ပါတယ်။
အခုလက်ရှိကာလကတော့ မိုးကောင်းကောင်းရွာတဲ့အချိန် မူလရှိနေတဲ့ ကျောက်အက်ကွဲကြောင်းတွေထဲကို မိုးရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်သွားပြီး ရေဖိအား (Pore Water Pressure) ရုတ်တရက် မြင့်တက်လာနိုင်တာကြာင့် မူလကတည်းက stable မဖြစ်တဲ့ ကျောက်တုံးတွေကို ဆက်စပ်ပေးထားတဲ့ မြေသားတွေ ပျော်ကျသွားသလို၊ ရေဖိအားက ကျောက်တုံးတွေကို အချင်းချင်း တွန်းထုတ်လိုက်တဲ့အတွက် ရုတ်တရက် ပြုတ်ကျလာတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရှမ်းကုန်းပြင်မြင့်ဟာ သက်ရှင်ပြတ်ရွေ့ (Active Faults) တွေနဲ့ နီးတဲ့အတွက် အတိတ်က လှုပ်ခဲ့တဲ့ ငလျင်တွေရဲ့ ဒဏ်ကြောင့် ကျောက်သားတွေဟာ ပိုပြီး အက်ကွဲအားနည်းနေတတ်ပါတယ်။ သဘာဝအရဖြစ်စေ၊ လူတွေရဲ့ လုပ်ဆောင်ချက်ကြောင့်ဖြစ်စေ တုန်ခါမှုလေးတွေ ရှိတာနဲ့ ကျောက်တောင်ပြိုကျတာကို အလွယ်တကူ စတင်ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် မိုးတွင်းကာလ မိုးသည်းထန်ချိန်တွေမှာ တောင်ပေါ်ဒေသ တောင်စောင်းတွေ၊ တောင်နံရံတွေအနီး ဖြတ်သန်းသွားလာတဲ့အခါ အထူးသတိပြုကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ရေရှည်အန္တရာယ်ကင်းရှင်းရေးနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင်တော့ ဘယ်နေရာတွေမှာ ကျောက်တောင်ပြိုကျနိုင်ခြေ အများဆုံးရှိလဲဆိုတာကို သိရှိနိုင်မယ့် ကျောက်တောင်ပြိုကျနိုင်ခြေပြမြေပုံ (Rockfall Hazard Map) တွေကို ဘူမိဗေဒသမားတွေ ကွင်းဆင်းတိုင်းတာပြီး စနစ်တကျရေးဆွဲ ပြင်ဆင်ထားသင့်ပါတယ်။
Website ကနေသင်တန်းအပ်တာပြီး login မရတာ ၊ ebook ဝယ်ထားပြီး ရောက်မလာရင် ကျွန်တော့် Viber ကို တိုက်ရိုက်ပြောပေးထားလို့ရပါတယ်ဗျ။ နေ့စဉ် ည 10 ကစပြီး reply ပြန်တာ ၊ စစ်ပေးတာတွေ လုပ်ပေးပါတယ်ဗျ။
11/09/2026
Batch 46 အတန်းအပ်နှံထားသူများ အားလုံး Remind လုပ်ပါတယ်ဗျ။ ဒီနေ့ညကစ Class Invite link တွေ စပို့ပေးထားပါမယ်။ မရသေးရင် ပြန်ပြောပေးထားပါဗျ။
10/09/2026
📘 QGIS ဖြင့် လက်တွေ့ GIS မြေပုံရေးဆွဲနည်း (QGIS for Applied GIS Mapping E-book ) Pre-Order တင်နိုင်ပါပြီ။
QGIS ဖြင့် လက်တွေ့ GIS မြေပုံရေးဆွဲနည်း စာအုပ်သည် GIS နည်းပညာကို အခြေခံမှစတင်၍ QGIS Software ကို အသုံးပြုကာ လက်တွေ့ GIS မြေပုံများရေးဆွဲခြင်း ၊ Spatial Data များ စီမံခန့်ခွဲခြင်းနှင့် Geospatial Analysis များ ပြုလုပ်ခြင်း တိုကို အဆင့်ဆင့် လေ့လာနိုင်ရန် ရေးသားပြုစုထားသည့် လက်တွေ့လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ခေတ်သစ်ဒေတာခွဲခြမ်းစိတ်ဖြာမှုနှင့် Spatial Data Analysis နယ်ပယ်တွင် မရှိမဖြစ်အရေးပါလာသည့် Geographic Information System (GIS) နည်းပညာကို အခြေခံမှစတင်၍ လက်တွေ့အသုံးချနိုင်သည့်အဆင့်အထိ စနစ်တကျ လေ့လာနိုင်ရန် ရေးသားပြုစုထားသော စာအုပ်ဖြစ်ပါသည်။
📖 ဒီစာအုပ်မှာ ဘာတွေပါဝင်မလဲ?
QGIS သည် အခမဲ့အသုံးပြုနိုင်သော Open-Source GIS Software တစ်ခုဖြစ်ပြီး GIS နည်းပညာကို လေ့လာအသုံးချလိုသူများအတွက် အလွန်သင့်တော်သော Software တစ်ခုဖြစ်ပါသည်။ QGIS ၏ အားသာချက်တစ်ခုမှာ Cross-Platform Software ဖြစ်ခြင်းကြောင့် Windows, macOS နှင့် Linux Operating System များပေါ်တွင် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ ယခုစာအုပ်တွင် QGIS ကို အသုံးပြု၍ GIS Data ပြင်ဆင်ခြင်း ၊ မြေပုံရေးဆွဲခြင်း ၊ Geoprocessing Tools အသုံးပြုခြင်း ၊ Spatial Analysis ပြုလုပ်ခြင်း ၊ Surface Analysis ၊ Terrain Analysis ၊ Hydrological Analysis ၊ Satellite Remote Sensing ၊ Land Use/Land Cover Mapping စသည့် အကြောင်းအရာများကို အခြေခံမှစ၍ အဆင့်ဆင့် လေ့လာနိုင်ရန် စနစ်တကျ ထည့်သွင်းရေးသားထားပါသည်။ ထိုအပြင် Georeferencing၊ Spatial Data Editing၊ Attribute Data Management၊ Data Query နှင့် Filtering၊ Spatial Interpolation၊ Landslide Hazard Mapping၊ Change Detection ၊ 3D Terrain Visualization စသည့် GIS နှင့် Geospatial Analysis ဆိုင်ရာ လက်တွေ့အသုံးချနည်းများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ ထိုကြောင့် အခြေခံ GIS Mapping မှစတင်၍ ပိုမိုအဆင့်မြင့်သော Spatial Analysis လုပ်ငန်းများအထိ တစ်ဆင့်ချင်း လေ့လာနိုင်မည် ဖြစ်ပါသည်။
စာအုပ်တွင် ပါဝင်သည့် သင်ခန်းစာများကို စာတွေ့သာမက လက်တွေ့တစ်ပါတည်း လိုက်လံလုပ်ဆောင်နိုင်ရန် လိုအပ်သော Spatial Data နှင့် လေ့ကျင့်ခန်း Data များကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီကို ကိုယ်တိုင် QGIS တွင် လိုက်လံလုပ်ဆောင်ခြင်းဖြင့် GIS မြေပုံရေးဆွဲခြင်းနှင့် Spatial Data Analysis ဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများကို တိုးတက်ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုအပြင် QGIS သည် Open-Source Software ဖြစ်သည့်အတွက် License ဝယ်ယူရန် မလိုအပ်ဘဲ ကျောင်းသား၊ သုတေသီများနှင့် GIS လေ့လာသူများအနေဖြင့် လွတ်လပ်စွာ လေ့လာအသုံးချနိုင်ပါသည်။ QGIS တွင် လိုအပ်သည့် လုပ်ဆောင်ချက်များကို Plugins များဖြင့် ထပ်မံဖြည့်စွက်နိုင်ပြီး အခြား Geospatial Tools များနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သောကြောင့် GIS လေ့လာသူများအတွက် စွမ်းဆောင်ရည်ပြည့်ဝသော Geospatial Platform တစ်ခု ဖြစ်ပါသည်။
🎯 ဘယ်သူတွေ လေ့လာသင့်လဲ?
GIS / Remote Sensing နယ်ပယ်တွင် သုတေသနပြုလုပ်နေသူများ ၊ Geospatial Data analysis နှင့် Mapping လုပ်ဆောင်လိုသူများ၊ GIS ကို စတင်လေ့လာမည့် ကျောင်းသား၊ ကျောင်းသူများ အတွက်သာမက ဘူမိဗေဒ၊ ပထဝီဝင်၊ မြိုပြစီမံကိန်း၊ သစ်တော၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ Remote Sensing နှင့် Disaster Risk Reduction စသည့် နယ်ပယ်များတွင် GIS ကို အသုံးပြုနေသူများ၊ ဆရာ၊ ဆရာမများနှင့် လုပ်ငန်းခွင်တွင် GIS ကို လက်တွေ့အသုံးချလိုသူများအတွက်ပါ အသုံးဝင်သော လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။
🎁 QGIS for Applied GIS Mapping (E-book) မှာယူလိုပါက
အောက်ပါ လင့်ခ်မှတစ်ဆင့် တိုက်ရိုက်မှာယူနိုင်သလို - 🔗
https://eomyanmar.org/qgis-mapping-ebook/
page Messenger တွင်လည်း (အမည်၊ Gmail နှင့် ငွေသွင်း Screenshot) လေး ပေးပိုပြီး တိုက်ရိုက်မှာယူနိုင်ပါတယ်။
• Ebook တန်ဖိုး - ၃၀၀၀၀ ကျပ်
• သင်တန်းသားဟောင်းများနှင့် ယခင်
ArcGIS Pro, Python GIS E-book ဝယ်ယူထားသူများဖြစ်ပါက - ၂၅၀၀၀ ကျပ်
သတ်မှတ်ထားပါသည်။
💸 ငွေပေးချေရန် အကောင့်
KPay: 09764888879 | Account Name: Kaung Si Thu
AYA Pay : 09791195750 | Account Name: Kaung Si Thu
📅 eBook စတင်ပေးပိုမည့်ရက်
Pre-order တင်ထားသူများ၏ Email များသို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်အတွင်း စတင်၍ QGIS for Applied GIS Mapping (E-book) နှင့် လေ့ကျင့်ခန်း Data များကိုပေးပိုသွားမည် ဖြစ်ပါသည်။
🎁 Early Bird အထူးအခွင့်အရေး
Pre-order တင်ထားသည့် ပထမဆုံး လူဦးရေ (၃၀) ဦး အတွက်—
GIS Mapping with QGIS (Basic Course) အွန်လိုင်းသင်တန်းကို အခမဲ့ (Free Access) တက်ရောက်ခွင့် ပေးထားပါသည်။
📺 YouTube ပညာဒါန Videos များလေ့လာရန် - https://youtube.com/?si=oit6ufgn4jrU9yMs
🗺 GIS မြေပုံများ အပ်နှံရေးဆွဲလိုပါက
GIS မြေပုံများ အပ်နှံရေးဆွဲလိုသူများအနေဖြင့် GeoMap Myanmar - Geospatial Consulting and Mapping Services Messenger တွင် အချိန်မရွေး ဆက်သွယ်အပ်နှံနိုင်ပါတယ်ခဗျာ။ စုံစမ်းမေးမြန်းကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေများအားလုံး အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ကျန်းမာ ချမ်းသာကြပါစေ။ လိုရာဆန္ဒများလည်း တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေခင်ဗျာ။
09/09/2026
Drought Monitoring လုပ်နေတဲ့ PhD MSc သင်တန်းသားများ Join ထားသင့်ပါတယ်။
Laptop အသစ်ဈေး တွေကြည့်ပြီး မနိုင်ဘူးဆရာရေဆိုလို့။ အသစ်ကြီးပဲ မ ဖြစ်မနေ ဝယ်ရမယ်လို့တော့ မဆိုလိုပါဘူး။ Second ထဲက နားလည်တဲ့သူနဲ့ ရှာဝယ်နိုင်ရင်လဲ ဈေးသက်သက်သာသာနဲ့ ကောင်းတာတွေအများကြီးရှိပါတယ်။ အခုရှာကြည့်တာ brand-new ထဲ Celeron တောင် ၂၀ ဝန်းကျင်လောက်စသုံးမှရတဲ့ အနေထားပါ။ ရိုးရိုး ပုံဆွဲ
လောက်ပဲ 3D မလုပ်ဘူးဆိုရင် Second ထဲက အနည်းဆုံး RAM 8 SSD 256 Core I5 min ထဲကရှာကြည့်ပါ ၁၀ ကျော်ကျော်လောက်နဲ့ ရနိုင်ပါတယ်။အဲလောက်နဲ့ဆို စလို့ရပါတယ်။
08/09/2026
GIS သုံးဖို့အတွက် Performance အသင်တင့်ကောင်းတာလေးတွေပါ။ အများကြီးကျန်ပါသေးတယ်။ ပြည်တွင်းမှာ လက်ရှိ ရနိုင်တာရှိ မရှိနဲ့ update စေ◌ျးလေးတော့ ဝယ်မယ့်ဆိုင်မှာ စုံစမ်းကြည့်မှရမှာပါ။ ကျတော်ကတော့ အားတဲ့အချိန် Game လဲဆော့တာမို့ Gaming laptop ကိုရွေးဝယ်ပါတယ်။ Gaming laptop က အားမခံတာမို့ မီးအဆင်ပြေအောင် Ecoflow Power Station နဲ့ပါတွဲသုံးပါတယ်။ ၁၀၀ နီးနီးတော့ ကုန်ပါလိမ့်မယ်။ Gamingထဲက မကြိုက်ရင် ရုံးသုံးထဲက ရွေးဝယ်သင့်ပါတယ်။ အခုမှ စစမ်းကြည့်ချင်တယ်ဆို ၃၀ ဝန်းကျင်လောက်သူံးရင် brand new ထဲကရမှာပါ။ Second ကိုတော့ သိပ်အားမပေးပါဘုး။
07/09/2026
Network analysis for Fire Station Response
06/09/2026
ဒီနေ့ GIS သင်တန်းမှာသင်ဖြစ်တာတွေပါ။ Power point လိုချင်ရင် ပြောပေးထားပါဗျ။
Today's Applied GIS Mapping and Geospatial Analysis with ArcGIS Pro Training
Topics Covered:
Model Builder
Hydrology Analysis
Flow direction
Flow Accumulation
Raster Calculator
Classify with manual break
Drainge Extraction
Stream ordering
Stream to features
Pour Point Creation
Watershed Delineation
Convertion tools
အကြောင်းအမျိုးမျိုးကြောင့် Live Session မ Join ဖြစ်ခဲ့သူများအတွက် Classroom ထဲမှာ Recording ပြန်တင်ပေးထားပါတယ်ဗျ။**
Telephone
Address
Yangon
100-0005