CM Fun
26/07/2026
ရှောင်ဆရာကားရပြီနော်
Kung-Fu-Soccer (2026)
++++++++++++
မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့
Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ်
၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့
ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer"
(功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး
Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ
အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ
အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး
ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို
ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့
စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး
ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ
(Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို
နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့
ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။
Filesize : 2.02 GB / 1.06 GB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Drama, Comedy, and Action
Runtime : 1h 46 min
Subtitle : Myanmar Subtitle ( Hardsub )
25/07/2026
Server ပြုပြင်နေစဉ်ကာလအတွင်း လိုင်းတချို့မှာ
Login error ဖြစ်ပေါ်ခဲ့ပါသဖြင့် Premium
member အားလုံးကို သက်တမ်း (၃) ရက် တိုးပေး
ထားပြီးဖြစ်ပါသည်။ သည်းခံအားပေးကြသူများ
အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
21/07/2026
တချို့ထောင်တွေဟာသံတိုင်တွေမပါကြဘူး….
The East Palace (2026)
Avengers: Doomsday (2026) Official Trailer ထွက်ရှိလို့လာပါပြီ။
17/07/2026
ကြည့်ပြီးသူတွေအခြေအနေပြောကြဦး
https://www.facebook.com/share/1Y9jewtZTi/?mibextid=wwXIfr
The Odyssey ဟာ အဖွင့်ကတည်းကနေ တစ်ဝက်ကျော်လောက်ထိ တော်တော်ကိုကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ သာမန်ရုပ်ရှင်တွေလို Trojan War ကနေ Odysseus အိမ်ပြန်ခရီးဆိုပြီး linear သွားတာမျိုးမဟုတ်ဘဲ Nolan ကားပီပီ ရှေ့ရောက်လိုက်၊ နောက်ရောက်လိုက်၊ ဟိုဇာတ်ကောင်ရှုထောင့် ဒီဇာတ်ကောင်ရှုထောင့်ပြလိုက်နဲ့ သွားထားခဲ့လို့ ပျင်းစရာတွေမရှိခဲ့ဘူး။ ရုပ်ရှင်ကို တော်တော်လေး enjoy ဖြစ်နေမိတယ်ဆိုပေမယ့် critics တွေပြောနေကြသလို ဒီကားက ဒီဆယ်စုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ကားတစ်ကားဆိုတာမျိုး မခံစားမိခဲ့ဘူး။ ရင်ထဲမှာလည်း ဒီကားတော့ အဲလောက်မကောင်းတော့ဘူးလားလို့ တွေးနေမိခဲ့တယ်။ ဒါပေမယ့် third act ရောက်လို့ ဇာတ်ပေါင်းပြီဟေ့ဆိုတဲ့အခါမှာတော့ The Odyssey ဟာ တကယ်ကို epic ဖြစ်လှတဲ့ ရုပ်ရှင်တစ်ကား၊ Nolan ရဲ့ လက်ရာအကောင်းဆုံးတွေထဲကတစ်ကားပဲဟဆိုပြီး လက်ခံအောင်လုပ်ပြသွားနိုင်ခဲ့တယ်
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကားမကြည့်ခင်မှာလည်း doubt လေးတွေ နည်းနည်းရှိခဲ့တာ အမှန်ပါပဲ။ Casting ပိုင်းကနေ costume ပိုင်းအထိ “ဘာကြီးလဲကွာ” လို့မဟုတ်တောင် “ဘာလို့ ဒီလိုရွေးရတာလဲ” ဆိုပြီး မေးခွန်းထုတ်စရာတွေရှိခဲ့တယ်။ ဒါပေမယ့် Nolan ဆိုတာ ပေါချောင်ကောင်းကားတွေရိုက်နေတဲ့ကောင်မှ မဟုတ်တာပဲ၊ ဒီ “visual” တွေထက် ရုပ်ရှင်တစ်ကားအနေနဲ့ တကယ်အလုပ်ဖြစ်မဖြစ်ပဲ အရေးကြီးတယ်လို့ တွေးပြီး သွားကြည့်ဖြစ်ခဲ့တယ်
The Odyssey ဟာ Troy (2009) လိုမျိုး grounded/realistic ဘက်ကိုလည်း လုံးဝသွားတာမျိုးမဟုတ်သလို Wrath of the Titans လိုမျိုး Full Fantasy ဆိုပြီးသွားတာမျိုးလည်းမဟုတ်ဘဲ နှစ်ခုရောထားတယ်။ Iliad မှာ Trojan စစ်ပွဲက နတ်ဘုရားတွေ ကစားကြတဲ့ ပွဲတစ်ခုပဲ။ ဒီစစ်ပွဲနဲ့ အပြန်ခရီးမှာ Gods တွေကို လွန်ဆန်အာခံခဲ့လို့ Odysseus နဲ့ Greece တွေဒဏ်ခတ်ခံရတယ်လို့ မြင်ရသလို တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းများစွာ သူများတိုင်းပြည်ကို စစ်သွားခင်းနေကြလို့ အပြန်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာနဲ့တကွ ဆင့်ကဲဖြစ်ပေါ်လာတဲ့ ပျက်သုန်းမှုအစကို ပေါ်တင်နဲ့ရော metaphor ဆန်ဆန်ပါ တင်ဆက်ထားတယ်
အဖြူဝါရောင်ဖျော့တော့တော့ လင်းလက်နေတဲ့ ကမ်းခြေမှာ ခေါင်းစခြေဆုံး အဖြူရောင်ချပ်ဝတ်တန်ဆာတွေဝတ်ထားတဲ့ Trojan တပ်သွားတွေကို မြင်မြင်ချင်းတွေးမိတာကတော့ ဒီကောင်တွေက နတ်စစ်သည် Angelic ပုံတွေလိုပဲလို့။ ဒီမှာ ကျူးကျော်သူ Greek တွေကတော့ ခေါင်းစခြေဆုံး အနက်ရောင် bronze/leather တွေနဲ့ဆိုတော့ Demonic ဆန်ဆန်ပေါ့။ ဒီ contrast တွေက Troy မြို့ကျတဲ့ညမှာ အများကြီးပိုထင်းနေခဲ့တယ်။ လွတ်လပ်ပြီး အေးချမ်းတဲ့ Troy မြို့ကြီးနဲ့ မြို့သူမြို့သားတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့ အဖြူရောင် Trojan တပ်သားတွေနဲ့ ဆယ်စုနှစ်တစ်ခုစာ သူများမြို့ပြင်မှာ အနေဆင်းရဲ အစားဆင်းရဲ၊ အိမ်မပြန်ရလို့ စိတ်ဓာတ်ပြင်းပြ သွေးဆာနေတဲ့ အနက်ရောင်ဝတ် Greeks တွေချကြတယ်။ မကောင်းဆိုးဝါးတွေက နတ်ပြည်ကို ရက်ရက်စက်စက် တက်သိမ်းခဲ့သလိုမျိုးကြောင့် လူ့တန်ဖိုးတွေပျက်၊ Trojan Horse ကို အကြံထုတ်ပြီး မြို့ကျအောင်လုပ်ပေးခဲ့တဲ့ Odysseus ရဲ့ ဘဝလည်းပျက်ဖို့ အကြောင်းဖန်လာခဲ့တာပေပဲ
Generic ဆန်ဆန်လောက်ပဲ ပြသွားမယ်လို့ထင်ခဲ့တဲ့ ဒီ Troy မြို့ကျတဲ့ဇာတ်ဝင်ခန်းဟာ တကယ်တမ်းမှာတော့ ဇာတ်ရှိန်အတက်ဆုံးနဲ့ ကြည့်ရအတန်ဆုံးအခန်းတစ်ခန်းဖြစ်ခဲ့တယ်
Odysseus ရဲ့ အပြန်ခရီးက အခက်အခဲတွေကလည်း သူ့အခန်းနဲ့သူ မတူတဲ့အရသာရအောင်၊ ဇာတ်ဝင်ခန်းရဲ့ အရသာရအောင် တင်ဆက်သွားခဲ့တယ်။ Cyclops နဲ့အခန်းဆိုလည်း “ဟာ သွားပြီလေ” ဆိုပြီး တွေးမိအောင်၊ Circe နဲ့အခန်းဆိုလည်း ကြည့်နေတဲ့သူ စိတ်မသက်မသာဖြစ်ရမယ့် horror အရသာရအောင်၊ ပင်လယ်ပြင်မိုးသက်မုန်တိုင်းကျတဲ့အချိန်ဆိုလည်း လင်းလက်လိုက်၊ မှောင်မိုက်လိုက်နဲ့ မွန်းကြပ်နေအောင် လုပ်ပြသွားတယ်
Casting ပိုင်းမှာလည်း အားလုံးက ကွက်တိအဆင်ပြေသဗျ။ Elliot Page ဆိုလည်း ဇာတ်ဝင်ခန်းအများကြီးမပါပေမယ့် သူ့ဇာတ်ကောင်နဲ့ သူနဲ့လည်းလိုက်သလို ပါတဲ့အခန်းမှာလည်း ကောင်းကောင်းသရုပ်ဆောင်ပြသွားတယ်။ Anne Hathaway ကတော့ နှစ်ပေါင်းများစွာ ယောကျ်ားပြန်မလာတဲ့အချိန် ထီးနန်းကိုတစ်ယောက်တည်း ထိန်းသိမ်းရင်း ဘေးမှာ လင်းတတွေဝဲနေသလို ရှိနေတဲ့ suitors တွေကို အံတုနေရတဲ့ Queen Penelope အဖြစ် ကွက်တိပဲ။ Strong လည်းဖြစ်သလောက် ကျက်သရေလည်းရှိ၊ သနားဖို့လည်းကောင်းသလို ချစ်ဖို့လည်းကောင်းချက်
ဆရာသမား Robert Pattinson ကတော့ ပြောမနေနဲ့ပေါ့။ Bruce Wayne, Mickey ဘာတစ်ယောက်နဲ့မှမတူဘဲ အမြင်ကတ်စရာကောင်းအောင် သရုပ်ဆောင်ပြသွားတယ်
Matt Damon ကြီးကလည်း အဘက်ဘက်က ထိခိုက်ဆုံးရှုံးမှုတွေ များပြားတဲ့ စစ်ပြန်ကြီး Odysseus အဖြစ်သရုပ်ဆောင်တာ ရှယ်ပေါ့။ Gods တွေကို အံတု Defy လုပ်ခဲ့မိလို့ ဒဏ်ခတ်ခံရတာ, သူ့လက်အောက်ငယ်သားတွေ ဆုံးရှုံးရတာတွေနဲ့ ဒီအကျဥ်းတန်လှတဲ့ စစ်ပွဲကြီးနဲ့ ခရီးရှည်တို့ကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့၊ အိမ်ပြန်မရောက်နိုင်တဲ့ လူတစ်ယောက်စစ်စစ်ပဲ
Personally အရ လုံးဝ surprised ဖြစ်သွားတာကတော့ Zendaya လို့ပြောရမယ်။ Odyssey ကိုလည်း သေချာဖတ်မထားဖြစ်လို့လားတော့မသိဘူး၊ သူ့ကို Athena ဆိုတော့ ဘဝင်တော်တော်မကျဘူး။ Zendaya ကို တခြားကားတွေမှာ ကြိုက်ပေမယ့် Goddess of War and Wisdom ဘာလို့ လူကောင်သေးတဲ့မင်းသမီးရွေးတာလဲ? Charlize Theron နဲ့ဆို ပိုမလိုက်ဘူးလား ဘာညာနဲ့တွေးနေခဲ့တာ။ တကယ်တမ်းကြည့်ပြီးတဲ့အခါမှာတော့ “ဟာ မိုက်လိုက်တာ။ Doubt ဖြစ်မိတာ ခွင့်လွှတ်ပါ” ဆိုပြီးတွေးမိအောင် သူ့ဇာတ်ကောင်၊ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ သိပ်ကိုက်နေခဲ့တာပေါ့
ဒီမှာ သိပ်မကြိုက်မိတဲ့ nitpick တွေဆိုရင်တော့ တချို့ costume design choice တွေ၊ အရမ်းခေတ်ပေါ်ဆန်နေတဲ့ စကားလုံး အသုံးအနှုန်းတွေပေါ့။ Nolan ဆန်ဆန် edit တွေ၊ cut တွေမှာလည်း တချို့နေရာတွေ ခပ်ကြမ်းကြမ်းဖြတ်ထားတာ ညှပ်ထားတာတွေရှိတယ်။ ဒါပေမယ့် ဒါတွေက ခုနကပြောခဲ့သလို အပေါ်ယံလောက်ပဲရှိပြီး Nolan ပြောချင်တဲ့ ပြချင်တဲ့ရုပ်ရှင် version အနေနဲ့ ကြည့်ဖြစ်မယ်ဆိုရင် ဘာမှ နှောင့်ယှက်ပေးနေတာတွေမရှိခဲ့ဘူး
မှတ်မှတ်ရရ ဇာတ်သိမ်းခါနီးမှာ Nolan ဆန်ဆန်အကွက်တစ်ကွက်ထည့်သွားသေးတယ်။ ဘာမှအများကြီးထူးခြားဆန်းပြားနေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီဟာက Christopher Nolan ရိုက်တဲ့ကားကွ ဆိုပြီးအမှတ်ရအောင် လုပ်ပြသွားသလိုပဲ။ ကိုယ်တွေတော့သိပ်ကြိုက်ပေါ့လေ
နောက်ထပ်ထူးခြားတာတစ်ခုကတော့ အမြဲတိတ်ဆိတ်နေတတ်တဲ့ ကိုယ်တွေရုပ်ရှင်ရုံမှာ ဇာတ်ကားပြီးတဲ့အချိန် လက်ခုပ်ဝိုင်းတီးကြတာပဲ
The Odyssey ရုပ်ရှင်ဟာ ပြီးပြည့်စုံသလောက်ရှိနေတဲ့၊ Christopher Nolan ရဲ့ Epic အဖြစ်ဆုံး၊ လက်ရာအကောင်းဆုံး ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားကြည့်မယ်ဆို အပေါ်မှာပြောခဲ့သလို casting တွေဘာတွေ ဘာမှတွေးမနေနဲ့၊ ဘယ်လို version မျိုးနဲ့လာနိုင်မလဲဆိုပြီး မျှော်မှန်းမနေနဲ့။ ဒီအတိုင်း Nolan ပြမယ့် version ဘယ်လိုလာမလဲမသိဘူးဆိုပြီး open minded ထားပြီးကြည့်ကြည့်ကြပေါ့
နတ်ဘုရားတွေ ကစားကြတဲ့ စစ်ပွဲကြီးနဲ့ ၊ စစ်ပြီးလို့ အပြန်ခရီးမှာ ဒီနတ်ဘုရားတွေကို အံတုမိလို့ဖြစ်လာခဲ့တဲ့၊ ကိုယ့်ကျရှုံးမှုနဲ့ အားနည်းချက်တွေကြောင့်ဖြစ်လာခဲ့တဲ့ အခက်အခဲအဟန့်အတားတွေကို ကျော်လွန်ပြီး အိမ်ပြန်ဖို့ကြိုးစားတဲ့ Odysseus ရဲ့ ခရီးကို ပုံပြင်တစ်ပုဒ်လို၊ ပြဇာတ်တစ်ပုဒ်လို၊ ကဗျာတစ်ပုဒ်လို ကောင်းကောင်းကြီး ခံစားနိုင်ပါလိမ့်မယ်
9/10
Jack
အခွီကောင်တွေ
12/07/2026
မာတုဂါမတွေကိုပြောချင်တာကဒေါ့
ယောကျ်ားလေးလုပ်ရတာ လွယ်တယ်ဒေါ့ မထင်ကြနဲ့ကွာ။
14/05/2026
ညိုလန်
12/05/2026
ပေ့သစ်
Version 27 ပျက်သွားလို့ version 28 ထပ်ဖွင့်ထားပါတယ်။
ကားသစ်လေးတွေ တင်ထားတာသိဖို့ like and follow လေး မစကြပါဦးခင်ဗျာ။
11/05/2026
ယု/တ်မာလိုက်ကြတာဟာ