Shinobi

Shinobi

Share

Page real. Trusted Page

31/08/2022

"မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါ "။

ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ​။
ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။
သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။

ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း
တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပြီ ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။ သူ့အတွေးထဲမှာ ငါ့ကို ဘယ်တော့များ အပြောခံရအုံးမလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ ဘာအရည် အသွေးမှ ထွက်မလာတော့ပါဘူး ။

ဒါကို လောင်းရိပ်မိတယ်လို့လည်း သုံးနှုန်းတတ်ကြတယ်။ အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတတ်ပါတယ်။ တခြားအရာတွေအပေါ် အကောင်းမြင်စိတ်လည်း ပျောက်ကွယ်နေတတ်တယ်။ သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့ အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲဆက်ဆံသွားတော့တာ။ ပညာမတတ်...မျက်စိပွင့်နားပွင့်လည်းမရှိ...စာလည်းမဖတ်တဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ အ​ပြောအဆိုတွေ ရုန့်ရင်းကြမ်းတမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း မုန့်လုံးစက္ကူကပ်နေတော့တာ။

ဒါကြောင့် မိသားစုအတွင်း...သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး....အေးချမ်းမှုကိုခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

#ကျမ၏အတွေးစများ
#ပီကိုးလ်

09/06/2022

ကျွန်တော်မှာ Friends 4995ယောက်ရှိတယ်
Follower က 10678 ယောက်ရှိတယ်
ဟိုဘက်Page မှာ 83,402 ယောက်ရှိတယ်
အားလုံးပေါင်း 99075 ယောက်ရှိတယ်
မသုံးတော့တဲ့အကောင့်တွေ ဟိုဘက်ရပ်ကွက်အကောင့်တွေ 89075 နုတ်ကွာ
အယောက်တစ်သောင်းကတော့ရှိနေအုံးမယ်
ကျွန်တော့် Channel လေး
You Tube Watch Hours 4000 ပြည့်ဖို့က တစ်ယောက်ကို ဘယ်လောက်မှမကြည့်ရဘူး
ကျေးဇူးပြု၍ ပါဝင်ပေးကြပါဗျာ..... ဝင်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်
https://www.youtube.com/channel/UCmKR8tAhyQS4cySUuQ1yXHQ

Photos from Saw Nay Thar's post 28/09/2021
05/02/2021
Want your organization to be the top-listed Government Service in Ranchi?
Click here to claim your Sponsored Listing.

T shirt

100% Cotton T Shirt

Telephone

Website

Address


No 41, 1 Floor, Ah Thaw Ka Street, Tamwe Township
Ranchi
11211,11212

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 09:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Shinobi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Ranchi.