Authentic Bagan

Authentic Bagan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Authentic Bagan, Eco tour agency, Bagan.

05/09/2024

🍏မိမိလုပ်မည်ဟု
ဆုံးဖြတ်ထားသော အလုပ်ကို

အကောင်းဆုံး လုပ်ဆောင်ခြင်းသည် အများနှင့် မိမိ ပါတ်ဝန်းကျင်ကို ကောင်းကျိုးပြုခြင်းဖြစ်သည်။🍎

#သင်းပုဂံ
#ကိုယ့်အလုပ်ကိုယ်လုပ်

05/09/2024

🤍သူများရောက်နေတဲ့နေရာကို လှမ်းကြည့်တဲ့ ခဏ ကအဆင်ပြေတယ်။

🚦ဒါပေမယ့် သူများရောက်နေတဲ့နေရာကိုတော့ ငေးကြည့်မနေနဲ့။

🚦သူများမှာလည်း
သူများ ဒုက္ခကြီး ရှိတယ်။

🔺သူများကို မမှီလို့ ဖြစ်ရတဲ့
စိတ်ဒုက္ခက ကုသရ ခက် တတ်တယ်။

မိမိအခုရောက်နေတဲ့ နေရာကနေ ပိုမြင့် ပိုကောင်းတဲ့ နေရာကို ရောက်ချင်ရင်…⁉️

👣မိမိ ခြေလှမ်းတွေကိုသာ သေချာစောင့်ကြည့်နေပါ။

❌ဘယ်ဖိနပ်စီးပြီး သွားမှ ခရီးရောက်မယ်ဆိုတာ တွေးပြီး တောင့်တ နေရမယ့်အချိန်ကောင်း မဟုတ်ဘူး။

🤍ဘယ်နေရာ သွားချင်တာလဲ။
🤍ဘာကြောင့် သွားချင်တာလဲ။
ဆိုတာသိရင် ရပြီ။

👣 ခြေလှမ်းပြင်ပြီး ဦးတည်လိုက်ပါတော့။

ပြီးရင်တော့ တစိုက်မတ်မတ်နဲ့ ခြေလှမ်းတွေကို ရွေ့နေလိုက်ရင်ရပြီ။

🌱အဲဒါ မသင်းလုပ်ခဲ့တဲ့ … လုပ်နေဆဲ ခြေလှမ်းခြင်းအနုပညာရပ်ပါပဲ။

#သင်းပုဂံ
#လိုချင်တာသာရမှာသေချာတယ်

04/09/2024

ဟုတ်တယ်နော်… အားလုံးနဲ့တူတူပဲ … ဘဝက ခက်ခဲကျပ်တည်းတယ်။
အသက်ရှင်သန်ဖို့ ရုန်းကန်ရတယ်။

သေသွားရင် ဘာမှ မသိနိုင်တော့ဘူးဆိုပေမယ့် …

မသေခင်မှာ - သေသွားခဲ့ရင်
ကိုယ်ချစ်တဲ့သူတွေ
ဘယ်လိုရှင်ကျန်နေခဲ့မလဲ
အဆင်မှ ပြေကြပါ့မလားလို့ တွေးမိကြမှာပေါ့။

အဲဒီအတွေးလည်း …အတူတူပဲ။

#သင်းပုဂံ

04/09/2024

🚦Talent without work is Nothing.

🚦The discipline can make your successful life.

🚦But it is hard.
🦾Keep it simple, You have to do it.
#သင်းပုဂံ
#သင်ကအမှန်တကယ်အောင်မြင်ချင်သူဖြစ်ပါသလား

04/09/2024

နွံနစ်နေတဲ့သူ
ရွံ့နွံအိုင်ထဲမှာ နစ်နေသူ…အဲဒီ အခြေအနေတစ်ခုမှာ…,
🚦ရုန်းကန်ပြီး နွံနစ်ခံမလား။

🚦အခွင့်အလမ်းရှာပြီးလွတ်မြောက်ဖို့ကြိုးစားမလား။

🚦ဘာလုပ်လုပ် ငါသေမှာပဲလို့ ယုံကြည်မိ နေသူများလား။
#သင်ဘယ်လိုလူတစ်ယောက်ဖြစ်နေမလဲ
#သင်းပုဂံ

Photos from Authentic Bagan's post 28/11/2023

The words from Universe

❄️ရေက မခုခံတတ်ဘူး။
ဆက်လက်စီးဆင်းမြဲ သဘာဝရှိတယ်။

❄️ရေထဲလက်ကို နှစ်လိုက်ရင်
ပြန်ရတာက ရေရဲ့ ပွတ်သပ်ထွေးပွေ့မှု။

❄️ရေဟာ မာကြောတဲ့နံရံမဟုတ်ဘူး။
ဒါကြောင့် သင့်ကို ပိတ်ပင်ဆီးတားမထားဘူး။

❄️ရေကသူအလိုရှိရာကို
လွတ်လပ်စွာ ‌ရွေ့လျားစီးဆင်းတာပဲ။ သူ့ကိုဘယ်သူမှ မဆီးတားနိုင်ဘူး။

❄️ရေက စိတ်ရှည်တယ်။

❄️စီးနေတဲ့ရေ တစက်စက်ကျနေတဲ့ ရေစက်ကလေးကလည်း ကျောက်ဆောင်ကျောက်တုံးကြီးကို လုံးပါးပါးစေတာပဲ။

အဲဒါတွေကို မှတ်ထားပါ ငါ့ရင်‌သွေး။

❄️မင်းရဲ့ခန္ဓာတဝက်ကလည်း ရေပဲ။ အခက်အခဲတွေကို မဖြတ်ကျော်နိုင်ဘူး ဆိုရင် ကွေ့ပတ်ပြီးသွားပေါ့။

❄️ရေက အဲသလိုပဲ စီးဆင်းတာပဲ။

Credit :
ကိုးကား။
Margaret Atwood, The Penelopiad.

၁) စာရေးဆရာမ မာဂရက်အက်ဝဒ်။
ကနေဒါသူ၊ ကဗျာစာဆို။
၂) The Penelopiad ဝတ္ထုသည်
ဆရာမ မာဂရက်၏ ထင်ရှားသောဝတ္ထုဖြစ်၏။
အဖိနှိပ်ခံအမျိုးသမီးများ၏ ဘဝနှင့် အခက်အခဲများကိုကျော်လွန်နိုင်စွမ်းလည်းရှိပါကြောင်းတင်ပြထားပါသည်။

27/11/2023

ပရိတ်ချည်များဖြင့် ပြည်သူများကို အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပေးနေစဉ်၊

နာရီဝက် တစ်ကြိမ် ၊ မည်သူမဆို ပါဝင်ပူဇော်နိုင်ပါတယ်။

လပြည့်ကျော် ၂ရက်နေ့မှာတော့ ဒီပရိတ်ချည်တွေကို ချင်းမိုင် တစ်မြို့လုံး ပတ်ချည်ပေးလေ့ရှိပါတယ်။

26/11/2023

🍀အချိန်ကောင်းတွေ
ဆုံးရှုံးခဲ့ရပြီဆိုတာသိရင်

🍀အကောင်းဆုံး အချိန်တွေ
ဖန်တီးဖို့တာဝန်ရှိတယ်။

🍀မိမိ ကြိုးစားအားထုတ်သလောက်သာ မိမိအပိုင်ဖြစ်လာမှာ။

📌အတွေးတွေကို လွတ်လပ်စွာတွေး။

📌အချိန်တွေကို တန်ဖိုးမြင့်အောင် အသုံးပြု။

📌မိမိ သိထား၊ တတ်ထားတာထက် ပိုသာပြီး လုပ်ဆောင်နိုင်တဲ့ အရည်အချင်း မိမိစိတ်ခန္ဓာအတွင်းပိုင်းမှာ ရှိ​နေသေးတယ်ဆိုတာယုံ..!

✅မရပ်လိုက်နဲ့ လဲပြိုကျလိမ့်မယ်၊ ရွေ့နိုင်သလောက် ရွေ့နေပေး။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

25/11/2023

လူတိုင်းမှာသူတို့နိုင်တဲ့ပြဿနာတွေနဲ့သာ ကြုံရတယ်ဆိုတာ သိထားပေးပါ။
မဖြေနိုင်တဲ့ ပုစ္ဆာ မပေးပါဘူး။ ယုံကြည်ထားပေးပါ။

ပြဿနာ ဖြေရှင်းနိုင်အောင် လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေဖြည့်ဆည်းပါ။
ပြီးရင် မိမိကိုယ်ကို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆောင်ရွက်ပါ။
🍀ဒါဆို မိမိရှာဖွေနေတဲ့ အရာကို တွေ့လာပါလိမ့်မယ်။

ပြဿနာ@ စိန်ခေါ်မှုကတော့ တစ်ခုပြီးတစ်ခုလာနေမှာပါပဲ။ အဲဒါ မိမိတစ်ယောက်တည်းကြုံနေရတာမှ မဟုတ်တာ လူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရတာ။

❄️ဖြေရှင်းချင်သူနဲ့ မဖြေရှင်းချင်သူသာရှိတယ်။

❄️အောင်မြင်မှုအစစ်ကို ပီတိဖြစ်စွာ ခံစားလိုသူက ရဲရင့်စွာ ပြဿနာကို ရင်ဆိုင်ကြတယ်။

❄️ရိုးသားမှုနဲ့ ကိုယ်ချင်းစာစိတ်ပါတဲ့ သတ္တိရှိသူသာ အောင်မြင်မှုကို အမြဲရလေ့ရှိတယ်။
ဒီလိုနဲ့ပဲ တစ်လှမ်းချင်း ရွေ့ရင်း ခရီးဆုံးရောက်ကြရတာ မဟုတ်လား။

✅လူ့ဘဝ ရောက်လာမှတော့ သူများလွှမ်းမိုးတာ ခံမလား။
ကိုယ်တိုင် လွှမ်းမိုးနိုင်သူ လုပ်မလား။

✅သူများက ကိုယ့်ဆီက ယူဆောင်သွားတာ ကြည့်နေမလား။
မိမိကိုယ်တိုင် အခြေအနေအရပ်ရပ်ကနေ အမြတ်များများ ရအောင် ယူမလား။

📌သမာအာဇီဝနဲ့ မျှတမှုကိုတော့ အမြဲအာရုံစိုက်ထားသင့်ပါတယ်။ ဒါမှသာ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ကြာရှည်အောင် ထိန်းသိမ်းနိုင်မှာ။

🍀မိတ်ဆွေဖြစ်ချင်တာ မိတ်ဆွေ ကိုယ်တိုင်ပဲ လုပ်ဆောင်နိုင်ပါမယ်။

🍀မိတ်ဆွေ လုပ်ဆောင်နိုင်သလောက်ပဲ မိတ်ဆွေရရှိမှာပါ။

🌺 သေချာတာကတော့ မစိုက်ပျိုးပဲပေါက်တာ မြက်ပင်ပဲရှိပြီး ၊ မြက်ပင်ကနေ သရက်သီး သီးလာမလားလို့ ထိုင်စောင့်သူကတော့ တစ်ဘဝလုံး မကျေနပ်မှုတွေနဲ့သာ ခရီးပြီးဆုံးသွားပါလိမ့်မယ်။
#လူငယ်တိုင်းအောင်မြင်သောဘဝရကြပါစေ

Category

Website

Address


Bagan

Alerts

Be the first to know and let us send you an email when Authentic Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Bagan.