GinDai Book Store
စာအုပ်စာပေ အစုံနှင့်
ယိုးဒယား lap top အိတ် သီးသန့်
26/06/2026
မိမိကိုယ်ကိုပြုပြင်ဖို့📚
Book Store 📚
#ဆိုင်မှာ လာကြည့်လို့ရသလို cb မှလည်း မှာယူနိုင်ပါတယ်😊
Ja Yang 💚
08/06/2026
"တိဘက်တောင်တန်းများမှသည်" စာအုပ်ကို ဖတ်ကြည့်ပါ။
ကျွန်ဝောာ်တို့တွေ ပြဿနာ သေးသေးမွှားမွှားလေးတွေနဲ့ ညည်းတွားနေကြချိန်မှာ၊
ဒီစာအုပ်ထဲက လားမားယေရှယ် ဆိုတဲ့ ဘုန်းတော်ကြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝက တကယ့်ကို မယုံနိုင်စရာပဲ။
သူက အသက် ၁၅ နှစ်အထိ ကားဆိုတာ ဘာမှန်းတောင် မသိခဲ့ဘူးတဲ့။
ရွာမှာ အေးအေးဆေးဆေး နေနေခဲ့ရာကနေ
၁၉၅၉ ခုနှစ်မှာ တရုတ်စစ်တပ်တွေ ဝင်လာတော့
အရာအားလုံး စွန့်လွှတ်ပြီး ထွက်ပြေးခဲ့ရတယ်။
အဆိုးဆုံးက ဟိမဝန္တာ တောင်တန်းကြီးကို ၈ လတိတိ ဖြတ်ပြေးရတဲ့ အခန်းပဲ။
လူ ၃၀၀ ထွက်ပြေးတာ ၁၃ ယောက်ပဲ အသက်ရှင်လျက် ကျန်တယ်ဆိုတော့
ဖတ်နေရင်းနဲ့ ကိုယ်တိုင်ပဲ သူ့နောက်ကနေ လိုက်ပြေးနေရသလို ရင်တမမနဲ့ အမောဆို့ရတယ်။
အဲဒီနောက် အိန္ဒိယကနေ အမေရိကန်ကို ဆက်သွားတယ်။
အဲ့ဒီအပိုင်းတွေဆို တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။
တိဘက်တောင်ပေါ်က ရိုးရိုးရှင်းရှင်း ရဟန်းတစ်ပါးက
Woodstock ခေတ်က အရက်တွေ၊ မူးယစ်ဆေးတွေနဲ့
ဆူညံပွက်လောရိုက်နေတဲ့ လူငယ်ယဉ်ကျေးမှုကြားထဲ ရောက်သွားတဲ့အခါ
တွေ့ရတဲ့ အလွဲလွဲအချော်ချော် အခြေအနေလေးတွေက ဖတ်လို့အရမ်းကောင်းတယ်။
WeChat Channel /—Zing Kaw84
WcID -Zingkaw17
Instock
Mai Ja Yang
08/06/2026
♦️အီရန်သမိုင်း
✍️ကိုကိုလေး[မြန်မာပြန်]
🟢ဒီကနေ့ခေတ် အီရန်နိုင်ငံဆိုတာဟာ အရှေ့အလယ်ပိုင်း အစ္စလာမ်ကမ္ဘာမှာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်သလို အစ္စလာမ်ကမ္ဘာရဲ့ သီး ခြားနိုင်ငံတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါဟာ စွန်နီ-ရှီယာဆိုတဲ့ အစ္စလာမ်ဂိုဏ်းကွဲနှစ်ခု သမိုင်းနဲ့ ဆက်စပ်နေပါတယ်။ အီရန်ဟာ စွန်နီအစ္စလာမ်နိုင်ငံအများစုကြားက တစ်ခုတည်းသော ရှီယာအစ္စလာမ်နိုင်ငံတစ်ခုပါ။
🟢ဒါကြောင့် ပါရှားအင်ပါယာအဖြစ် တည်ရှိခဲ့တဲ့ အီရန်ကို နားလည်နိုင်ဖို့ဆိုတာဟာ အစ္စလာမ့်သမိုင်းကို နားလည်ဖို့လိုပါလိမ့်မယ်။
🟢အီရန်သမိုင်းဟာ အကြမ်းဖက်မှုတွေ စစ်အောင်နိုင်ခြင်းတွေ... ရှုံးနိမ့်ခြင်းတွေနဲ့ တိုက်ပွဲတွေ... တော်လှန်ရေးတွေနဲ့ ပြည့်နှက်နေပါတယ်။ အီရန်နိုင်ငံရဲ့ အကျယ်အဝန်းဟာ လွန်စွာ ကြီးမားပြီးသမိုင်း ကြောင်းကလည်း လွန်စွာ ရှည်လျားခဲ့ပါတယ်။
🟢အီရန်နိုင်ငံရဲ့ ပြည်ပဆက်ဆံရေးကလည်း လွန်စွာ ရှုပ်ထွေးခဲ့သလို အီရန်နိုင်ငံရဲ့အတွင်းပိုင်းကို ကြည့်ရင်လည်း ကမ္ဘာပေါ်၌ ရှေးအကျဆုံးဘာသာ၊ သာသနာတစ်ခုဖြစ်သော ‘ဇိုရိုအာစရာ’ ဘာသာ ထွန်းကားခဲ့သလို ကမ္ဘာပေါ်တွင် နောက်ဆုံးပွင့်ပေါ်ခဲ့ပြီးအလွှမ်းမိုးနိုင်ဆုံး ဘာသာသာသနာကြီးတစ်ခုဖြစ်တဲ့ အစ္စလာမ်သာသာလည်း လွှမ်းမိုးခဲ့ပါတယ်။ အစ္စလာမ်သာသနာ ပထမဆုံးအကြိမ် နှစ်ပိုင်းကွဲသွားတဲ့အခါ ရှီးယိုက်အစ္စလာမ်သာသနာဟာ ဖာတီမိုက်မင်းဆက်မှတစ်ဆင့် အီရန်နိုင်ငံသို့ ပျံ့နှံ့လာခဲ့တာပါ။
🟢အလယ်ခေတ်မှ နှစ်ဆယ်ရာစုဆန်းစကာလအတွင်း အနောက်ဥရောပနိုင်ငံများတွင် စက်မှုတော် လှန်ရေးကြောင့် စက်မှုနည်းပညာများ ထွန်းကားခဲ့ရာ အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့တွင်လည်း သိပ္ပံစက်မှုနည်းပညာ ထွန်းကားခဲ့သော်လည်း အီရန်တွင်မူ ထွန်းကားလာခြင်း မရှိပေ။ သို့သော် ရှားဘုရင်လက်ထပ်တွင် အီရန်မှာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ခဲ့သလို အမေရိကန်အကူအညီဖြင့် အင်အားကြီးနိုင်ငံအဖြစ်ရောက်ရှ်ခဲ့ပါတယ်။
🟢ဒါပေမဲ့ ၁၉၈၀ ခုနှစ်တွင် `အယာတိုလာ ခိုမေနီ’ ဦးဆောင်တဲ့ အီရန်အစ္စလာမ်မစ်တော် လှန်ရေးကြီး အောင်မြင်ပြီးချိန်တွင် အမေရိကန်နှင့်အနောက်အုပ်စုက အီရန်နိုင်ငံကို ပိတ်ဆို့အရေးယူထားကြပေမဲ့
ဆိုဗီယက်အကူအညီဖြင့် ကမ္ဘာ့ထိပ်တန်း အနုမြူအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုံးပျံနည်းပညာတွင်လည်း အီရန်ဟာ ကမ္ဘာပေါ်တွင် နည်းပညာအဆင့် အတန်း အမြင့်ဆုံးဟု ကြွေးကြော်နေတဲ့ အမေရိန်ကန်ထက် ပိုမို အားကောင်းသော နည်းပညာတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုတော့ ဆိုးဝါးစွာ ခံစားခဲ့ရပါတယ်။
🟢ခိုမေနီ ကွယ်လွန်ပြီးချိန်မှာတော့ အီရန်ဟာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး အမေရိကန်နဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အမေရိကန်နှင့် အီရန်တို့ရဲ့ အဓိကပြဿနာကတော့ အစ္စရေးကိစ္စပါ။ အီရန်ဟာ အစ္စရေးနိုင်ငံတည်ရှိမှုကို ယနေ့အထိ လက်မခံသလို အစ္စရေးကို ပုန်ကန်တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းတွေကိုလည်း လက်နက်အထောက်အပံ့ပေးထားပါတယ်။
🟢ဒါကြောင့် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခမှာ အီရန်ဟာ အမေရိကန်ရဲ့ အဓိကရန်သူ ဖြစ်နေခဲ့တာပါ။ ဒီလို မဆုံးနိုင်တဲ့ ပဋိပက္ခကြား အီရန်ဟာ အစ္စလာမ်ကမ္ဘာရဲ့ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်ရင်း.... ။
📚 zingkaw Book Store 📚
Ja Yang
☎️18488923696
magup de sa ya ai yaw☺️
08/06/2026
“ဆွန်ဇူး၏ စစ်ပညာ"
ရှေးတရုတ်ပြည်က ဝူနိုင်ငံရဲ့ စစ်ဗျူဟာမှူး ဆွန်းဝူ ကိုယ်တိုင်ပြုစုခဲ့တဲ့ "သေနင်္ဂဗျူဟာကျမ်း" ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
တရုတ်ပြည်မှာနိုင်ငံတိုင်းက စစ်ဘုရင်တွေဟာ ဧကရာဇ်ဘွဲ့ခံလိုချိန် စစ်မက်လိုလားချိန်မှာ ဝူနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။ ဆွန်းဝူရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဝူနိုင်ငံဟာ အနောက်ဘက်က ဆူ နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သလို မြောက်ဘက်က ချီနိုင်ငံနဲ့ ကျင့်နိုင်ငံတွေအပေါ်မှာလည်း ဩဇာလွမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီကျမ်းနဲ့ပတ်သတ်ပြီး နာမည်ကျော်ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ဝူဘုရင်က စွန်းဝူရဲ့ကျမ်းကို အထင်သေးပြီး ခနဲ့လိုတဲ့အတွက် မိန်းမသားတွေနဲ့ အသုံးချလို့ရမရ စိန်ခေါ်ခဲ့ပါတယ်။ စွန်းဝူကလက်ခံခဲ့ပြီး သက်သေပြဖို့ကြိုးစားရမှာ ဝူဘုရင်ရဲ့ အချစ်ဆုံးမိဖုရားနှစ်ပါးကို သေဒဏ်ပေးခဲ့ပြီး ကျန်မိဖုရားများကို အပိုးကျိုးစေခဲ့ပါတယ်။
ယခုစာအုပ်ထဲမှာ စစ်နဲ့ပတ်သတ်ပြီး အဆိုအမိန့် ၁၃ ခန်းပါရှိပါတယ်။ အဲဒါတွေကတော့
၁။ စစ်ပြင်ခြင်း
၂။ စစ်ဆင်ခြင်း
၃။ မဟာဗျူဟာ
၄။ နည်းပရိယာယ်
၅။ အင်အား
၆။ အားနည်းအားသာချက်
၇။ စစ်ကစားခြင်း
၈။ လုပ်ထုံးလုပ်နည်း
၉။ စစ်ချီခြင်း
၁၀။ အနေအထား
၁၁။ အခြေအနေ
၁၂။ မီးသုံးတိုက်ခိုက်ခြင်း
၁၃။ သူလျိုသုံးခြင်း တို့ဖြစ်ကြပါတယ်။
ဆွန်ဇူးရဲ့ကျမ်းဟာ တရုတ်ဧကရာဇ် ရှီဝမ်တီရဲ့ သွားလေရာဆောင်တဲ့ စာအုပ်ဖြစ်ခဲ့သလို ၂၀ ရာစုအထိလည်း မော်စီတုန်းရဲ့ လက်စွဲတော်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ဆိုတာ မြန်မြန်တိုက်ရတာဖြစ်ကြောင်း အချိန်ဆွဲတိုက်လို့ အကျိုးမရှိကြောင်း အစရှိတဲ့ အဖိုးတန်အကြံကောင်းများ ထည့်သွင်းရေးထားပါတယ်။
WeChat Channel /- Zing Kaw 84 kaw
Wc ID -Zingkaw17
☎️18488923696
Mai htet la sai.
မိန်းမများ ဖတ်ကိုဖတ်ထားသင့်သော စာအုပ်များ📚📚📚📚
မောင်မြင့်ကြွယ် ပြောသော ကုန်သည် Series 📖📖
Stock ရသလောက် မှာလို့ရပြီနော် 💚
💚Mai Ja Yang 💚
အနည်းငယ် စလှုပ်ရှား 💪👧🤍
Page လေး follows ပေးကြပါနော🤗🤍🤍🤍🤍
Click here to claim your Sponsored Listing.
Contact the business
Website
Address
Momauk
Banmaw
MAIJAYANG