Idyllic Hair Studio

Idyllic Hair Studio

Share

Idyllic is a minimalist hair studio, designed to provide professional hair services with cozy vibes.

Well experienced professional hairstylist here at Idyllic is thrilled to serve you with professional hair care products.

18/06/2026

Modern hair color and low maintenance haircut Master class Day 3




Disclaimer: I do not own the rights to this music. No copyright infringement intended. Music belongs to the rightful owner.

17/06/2026

Modern hair color and low maintenance haircut Master class Day 1 & Day 2




Disclaimer: I do not own the rights to this music. No copyright infringement intended. Music belongs to the rightful owner.

16/06/2026

ဘယ်နှစ်ရက်တစ်ခါ ခေါင်းလျှော်သင့်လဲ?

ဦးရေပြား အဆီပြန်တတ်သူများ: ၁ ရက်ခြား တစ်ခါလျှော်ပေးနိုင်ပါတယ်။

ဦးရေပြား ခြောက်သွေ့သူများ: တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်ခန့် လျှော်ရင် လုံလောက်ပါတယ်။

ဦးရေပြားအမျိုးအစားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ပြီး ဦးရေပြားကို အမြဲသန့်ရှင်းနေအောင် ထားဖို့အရေးကြီးပါတယ်။ ✨






Disclaimer: I do not own the rights to this music. No copyright infringement intended. Music belongs to the rightful owner.

14/06/2026

"ခေါင်းခဏခဏလျှော်ရင် ဆံပင်ပိုကျွတ်တယ်ဆိုတာ တကယ်ပဲလား”

ဒါဟာ လူတော်တော်များများ မှားနေကြတဲ့ Myth (အယူအဆအမှား) တစ်ခုပဲ ဖြစ်ပါတယ်။ "ခေါင်းခဏခဏလျှော်ခြင်းက ဆံပင်ကို ပိုမကျွတ်စေပါဘူး"။ ဦးရေပြားအမျိုးအစားအလိုက်စနစ်တကျလျှော်တတ်ဖို့ပဲလိုတာပါ။ လူတစ်ယောက်ဟာ သဘာဝအတိုင်း တစ်နေ့ကို ဆံပင်အပင် ၅၀ ကနေ ၁၀၀ အထိ ကျွတ်လေ့ရှိပါတယ်။ ခေါင်းလျှော်တဲ့အခါ ကျွတ်လာတဲ့ဆံပင်တွေဟာ ခေါင်းလျှော်လို့ ကျွတ်တာ မဟုတ်ပဲ ဦးရေပြားပေါ်မှာ သဘာဝအတိုင်း ကျွတ်လုဆဲဆဲဆံပင်တွေ ကျွတ်လာတာပဲဖြစ်ပါတယ်။

12/06/2026

မိုးရာသီမှာ ဗောက်ပြဿနာ ဘာကြောင့် ပိုဆိုးလာရတာလဲ?

ပုံမှန် ဗောက်မရှိတဲ့သူတွေတောင် မိုးတွင်းမှာ ဗောက်ထရတဲ့ အဓိက အကြောင်းရင်းကတော့

၁။ မှိုပိုးတွေအတွက် 'ဖန်လုံအိမ်' ဖြစ်သွားခြင်း
မိုးတွင်းမှာ လေထုစိုထိုင်းဆ မြင့်မားတဲ့အတွက် ဦးရေပြားပေါ်က အဆီဟောင်းနဲ့ ချွေးတွေက မခြောက်ဘဲ ပိတ်မိနေတတ်ပါတယ်။ ဒါဟာ ဗောက်ဖြစ်စေတဲ့ Malassezia မှိုပိုးတွေ အကြိုက်ဖြစ်လို့ ပိုမိုပွါးများလာစေပါတယ်။

၂။ ဆံပင်စိုစွတ်မှု ကြာရှည်ခြင်း
မိုးမိလို့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ပြီးလို့ပဲဖြစ်ဖြစ် ဆံပင်ကို ချက်ချင်းခြောက်အောင် မမှုတ်ဘဲ ဒီအတိုင်းထားရင် ဦးရေပြား အကြာကြီး စိုထိုင်းနေပြီး မှိုစွဲကာ ဗောက်ဖတ်တွေ ဖြစ်လာစေပါတယ်။

၃။ မိုးရေထဲက အညစ်အကြေးများ
မိုးရေထဲမှာပါတဲ့ ညစ်ညမ်းမှုနဲ့ အက်ဆစ်ဓာတ်တွေက ဦးရေပြားရဲ့ အကာအကွယ်လွှာကို ဖျက်ဆီးပြီး နီရဲယားယံကာ အရေပြားဆဲလ်တွေကို အဖတ်လိုက် ကွာကျစေတာပါ။

ဒီတော့ မိုးတွင်းမှာ ဗောက်ကင်းပြီး လန်းဆန်းတဲ့ ဦးရေပြားကို ပိုင်ဆိုင်ဖို့ မိုးမိရင် ခေါင်းအမြန်ပြန်လျှော်ဖို့နဲ့ ဆံပင်ကို အမြဲခြောက်သွေ့အောင် ထားဖို့ မမေ့ကြနဲ့နော်!

11/06/2026

ဆံပင်တစ်ပင်တည်းကနေ ငှက်မွှေးလို ဘေးတစ်ဖက်
တစ်ချက်စီ ကွဲထွက်နေတဲ့ "Feather Split" အကြောင်း 🪶⚠️

ဒီနေ့မှာတော့ ဆံပင်နှစ်ခွပြဿနာတွေထဲမှာ ဆံသား
အရမ်း ပျက်စီးနေတဲ့အဆင့်ဖြစ်တဲ့ "Feather Split" အကြောင်းပြောပြပေးပါမယ်။

🔎 ဘယ်လိုပုံစံလဲ?
ဆံပင်အဖျားတင် နှစ်ခွကွဲတာမဟုတ်ဘဲ ဆံချည်မျှင်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီကနေ ငှက်မွှေးတွေလို ဖြာပြီး အက်ကွဲထွက်နေတာမျိုး ဖြစ်ပါတယ်။

⚠️ ဆံသားအခြေအနေ ဘာဖြစ်နေလဲ?
ဒါဟာ ဆံသားရဲ့ အပြင်ဘက်အကာအကွယ် (Cuticle) လွှာတင်မကဘဲ အတွင်းပိုင်းအလွှာတွေပါ လုံးဝပျက်စီးနေတဲ့ အဆင့်ဖြစ်ပါတယ်။ ဆံပင်ကို အရောင်ချွတ်တာ (Bleaching) ပြင်းပြင်းထန်ထန် လုပ်ထားတဲ့သူတွေ၊ အပူဒဏ်ပြင်းပြင်းကို နေ့တိုင်းထိတွေ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ဆံပင်က ကောက်ရိုးလို ကြမ်းတမ်းနေပါလိမ့်မယ်။

💡 ဘယ်လို ဖြေရှင်းမလဲ?
ဒီအဆင့်ကတော့ ဆံပင်ဖျား ညှပ်ထုတ်ရုံတင် မကဘဲ ဆံသားတစ်ခုလုံးကို အရေးပေါ်အသက်ကယ်ဖို့ လိုအပ်နေပါပြီ။ ဆိုင်မှာ protein, keratin လိုမျိုး ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းနိုင်တဲ့hair treatmentတွေနဲ့ ပျက်စီးနေတဲ့ အပိုင်းတွေကို ညှပ်ပစ်ဖို့ professional stylist နဲ့ သေချာတိုင်ပင်ပြီး လုပ်ဖို့လိုအပ်ပါတယ်။

10/06/2026

ဆံပင်အဖျားမှာ အဖုအထုံးလေးတွေ ဖြစ်နေတာ ဘာကြောင့်လဲ?

ဒီနေ့အပိုင်းမှာတော့ အထူးသဖြင့် ဆံပင်အကောက်သမားတွေနဲ့ ဆံပင်ပွတဲ့သူတွေမှာ အဖြစ်များတဲ့ "The Knot (single strand knot)" (ဆံပင်အထုံးပုံစံ) အကြောင်း ပြောပြပေးပါ့မယ်။

🔎 ဘယ်လိုပုံစံလဲ?
ဆံပင်တပင်ချင်းစီရဲ့အဖျားမှာ ခပ်သေးသေး အဖုအထုံးလေးတွေ (Single Strand Knots) ဖြစ်နေတတ်ပါတယ်။

⚠️ ဆံသားအခြေအနေ ဘာဖြစ်နေလဲ?
ဒါဟာ split end မဟုတ်သေးပေမဲ့ အကောက်များသော သို့မဟုတ် ပွသော ဆံသားများမှာ အချင်းချင်း ရစ်ပတ်လွယ်ခြင်း၊ ခြောက်သွေ့ခြင်းနှင့် Friction များခြင်းတို့ကြောင့် ဖြစ်လာ
တတ်ပါတယ်။

အထုံးရှိတဲ့နေရာက ဆံသားအတွက် အားနည်းတဲ့နေရာ ဖြစ်လာပြီး ကျိုးပြတ်လွယ်သလို နောက်ပိုင်းမှာ Split Ends ဖြစ်နိုင်ခြေကိုလည်း တိုးလာစေနိုင်ပါတယ်။

💡 ဘယ်လို ဖြေရှင်းမလဲ?

✔️ Hair Serum (သို့) Hair Oil အနည်းငယ် အသုံးပြုပြီး Detangle လုပ်ပါ
✔️ Wide-Tooth Comb (ဘီးသွားအကျဲ) ကို အသုံးပြုပါ
✔️ အဖျားပိုင်းမှ စတင်ဖြီးပြီး အပေါ်ဘက်သို့ တဖြည်းဖြည်းဖြီးပါ
✔️ ဆံပင်ကို အတင်းဆွဲမဖြီးပါနဲ့
Single Strand Knots တွေကို စောစောသတိထားမိရင် Breakage နဲ့ Split Ends ကို လျှော့ချပေးနိုင်ပါတယ်။

Photos from Idyllic Hair Studio's post 09/06/2026

ဆံပင်တစ်ပင်တည်းကနေ သုံးလေးခွတွေ ကွဲနေပြီလား? (ဒါကတော့ ချက်ချင်း ညှပ်ရမယ့်အဆင့်ပါ)

အရင်နေ့က အခြေခံနှစ်ခွ Y split ပုံစံအကြောင်း ပြောပြီးပြီ ဆိုတော့ ဒီနေ့မှာတော့ split end ရဲ့အဆိုးရွားဆုံး အမျိုးအစားတွေထဲက တခုဖြစ်တဲ့ "The Fork" (သုံးခွ/လေးခွပုံစံ) အကြောင်း ပြောပြပေးပါ့မယ်။

🔎 ဘယ်လိုပုံစံလဲ?
ဆံပင်တစ်ပင်တည်းကနေ အဖျားမှာ သုံးခွ၊ လေးခွတွေအထိ သစ်ကိုင်းခြောက်လို အစိပ်စိပ်ကွဲထွက်နေတာမျိုးပါ။

⚠️ ဆံသားအခြေအနေ ဘာဖြစ်နေလဲ?
ဒါဟာ ဆံသားရဲ့ အပြင်ဘက် cuticle အလွှာပျက်စီးသွားပြီး အတွင်းပိုင်း fiber များအထိ ပြင်းထန်စွာ ပျက်စီးသွားတဲ့ အဆင့် ဖြစ်ပါတယ်။ ဆံပင်ခဏခဏ ဆိုးတာ၊
ကောက်တာ၊ ဖြောင့်တာတွေနဲ့ အပူဒဏ် အရမ်းများသွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

💡 ဘယ်လို ဖြေရှင်းမလဲ?
ဒီအဆင့်ကို ရောက်ရင်တော့ ဆံပင်အပေါ်အထိ ပိုထပ်ကွဲပြီးပျက်စီးမသွားအောင် ဆိုင်မှာ ဆံပင်ဖျားလေးတွေကို
စနစ်တကျ ညှပ်ထုတ်ပစ်ဖို့ (Regular Trimming) သာ
အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

07/06/2026

သင့်ဆံပင်မှာ "Y" အက္ခရာပုံစံ နှစ်ခွလေးတွေ တွေ့နေပြီလား?

ဆံပင်နှစ်ခွဖြစ်တာ (Split Ends) မှာ ပုံစံအမျိုးမျိုး ရှိတာသိပါသလား? ဒီနေ့မှာတော့ အဖြစ်အများဆုံးနဲ့
ပထမဆုံးအဆင့်ဖြစ်တဲ့ "Y-Split" အကြောင်း ပြောပြပေးပါ့မယ်။

🔎 ဘယ်လိုပုံစံလဲ?
ဆံပင်အဖျားလေးက ကဏန်းလက်မ သို့မဟုတ်
Yအက္ခရာပုံစံ နှစ်ခွလေး ကွဲထွက်နေတာမျိုးပါ။

⚠️ ဆံသားအခြေအနေ ဘာဖြစ်နေလဲ?
Y-Split ဟာ ဆံသားရဲ့ အပြင်ဘက်အကာအကွယ်အလွှာ (Cuticle) ပျက်စီးလာပြီး အစိုဓာတ် ဆုံးရှုံးမှုများလာတဲ့ အစောပိုင်း လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အချိန်မီ
မထိန်းသိမ်းဘူးဆိုရင် အကွဲကြောင်းကဆံသားအပေါ်ပိုင်းအထိ ဆက်လက်ပျံ့နှံ့သွားနိုင်ပါတယ်။

💡 ဘယ်လို ဖြေရှင်းမလဲ?
✔️ Conditioner ကို ပုံမှန်အသုံးပြုပါ
✔️ Deep Conditioning (သို့) Hair Treatment
ပြုလုပ်ပါ
✔️ Heat Styling ကို လျှော့ချပါ
✔️ Hair Oil/Serum အသုံးပြုပါ
✔️ ပျက်စီးနေတဲ့ အဖျားပိုင်းကို အချိန်မှန် Trim လုပ်ပါ

✨ Y-Split ကို စောစောသတိထားမိလေ ဆံသားပျက်စီးမှု ကို ပိုမိုထိန်းချုပ်နိုင်လေ ဖြစ်ပါတယ်။

✨ သင့်ဆံပင်ဖျားလေးတွေ ခြောက်သွေ့ပြီး Y-Splitတွေ ဖြစ်နေပြီဆိုရင်တော့ Idyllic Hair Studio မှာ Hair Treatment ပြုလုပ်ပြီး ဆံသားကို ထိန်းသိမ်းနိုင်ပါပြီ

29/09/2025

Sharing key tips to keep the foundation of healthy hair strong!





Disclaimer: I do not own the rights to this music. No copyright infringement intended. Music belongs to the rightful owner.

Want your business to be the top-listed Hair Salon in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 30 G-A, Yaw Min Gyi Street, Dagon Tsp, Yangon
Dagon
11191

Opening Hours

Monday 09:30 - 17:30