Max Cement

Max Cement

Share

Max Cement
မက်စ်ဘိလပ်မြေ
マックスセメント
Build With Quality

Sales Hotline : 09 770 770 770

28/05/2026

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင်း၊ မျှဝေခြင်း၊ သစ္စာစောင့်သိခြင်း တရားတွေနဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ။ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး၊ စိတ်ကူးအကြံအစည်မှန်သမျှ အောင်မြင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

01/05/2026

မေလ (၁) ရက် ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

မေလ (၁) ရက်နေ့ တွင် ကျရောက်သည့် (၁၃၆) ကြိမ်မြောက် အလုပ်သမားနေ့မှသည် အလုပ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး ကျန်းမာကြံ့ခိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စက်မှုလုပ်ငန်းခွင်များအတွင်း လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ကြပါစေကြောင်း Max Cement Co.,Ltd. မိသားစုမှ ဆုမွန်ကောင်းတောင်း၍ ကြိုဆိုဂုဏ်ပြုပါသည်။




#အလုပ်သမားနေ့

30/04/2026

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ဆိုသည့် နေ့ထူးရက်မြတ်များနှင့် ပြည်စုံတိုက်ဆိုင်သည့် ကဆုန်လပြည့်နေ့ အချိန်အခါသမယတွင် ဗုဒ္ဓမြတ်စွာ အမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်တရားများ ကျင်ကြံအားထုတ်နိုင်ကြပါစေကြောင်း Max Cement Co.,Ltd.မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

16/04/2026

မြန်မာနှစ်သစ် မင်္ဂလာ အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အားလုံး ကင်းရှင်းကြပါစေ။ စိတ်သွားတိုင်းကိုယ်ပါလို့ စီးပွားဥစ္စာများလည်း တိုးပွားကြပါစေကြောင်း Max Cement မှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်။

12/04/2026
Photos from Max Cement's post 30/03/2026

မက်စ်ဘိလပ်မြေစက်ရုံ၏ (၁၆) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်။

မက်စ်ဘိလပ်မြေစက်ရုံ ၏ (၁၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၁၉ရက်တွင် တောင်ဖီလာ မက်စ်ဘိလပ်မြေစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ Max Cement မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် Max Cement မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
အစီအစဉ်အရ မနက်ပိုင်းတွင် စက်ရုံအတွင်းရှိ မက်စ်ဓမ္မာရုံ၌ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းကပ်လှူခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းတို့ ပြုလုပ်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ဟောကြားပေးခဲ့ပြီး ဖြင့် ကုသိုလ်ပြုအစီအစဉ်များကို စတင်ခဲ့ပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် မက်စ်ဘိလပ်မြေစက်ရုံ (၁၆) နှစ်ပြည့် အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး မက်စ်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ညနေ ၅ နာရီအချိန်တွင် M Gallery ဟိုတယ်၌ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုပေါင်း၍ မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ Max Myanmar Group၏ ဥက္ကဌ ဖြစ်သူ ဦးအုန်းကျော် မှ အဖွင့်အမှာစကား၊ Max Cement ၏ MD ဦးသန်းဦးမှ နုတ်ခွန်းဆက်စကား နှင့် စက်ရုံမှူး ဦးနောင်နောင်အေးမှ ဝမ်းသာဂုဏ်ယူစကားများ ပြောကြားခဲ့ပြီး Max Cement ၏ (၁၆)နှစ်ပြည့် အထိမ်းအမှတ် ကိတ်မုန့်ခွဲ၍ ပျော်ရွှင်စွာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

ထို့နောက် မက်စ်ဘိလပ်မြေ၏ (၁၆)နှစ်ပြည့် မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး တေးသီချင်းသီဆိုမှုများဖြင့် တင်ဆက်ခဲ့ပြီး၊ ဖျော်ဖြေ‌နေစဉ်အတွင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲအစီအစဉ်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆုမဲလက်ဆောင်များကို မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ကံထူးရှင်များကို တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ မက်စ်ဘိလပ်မြေမှ ဝန်ထမ်းများ အားလုံး (၁၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြပြီး တေးသံသာများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပါသည်။

Max Cement ၏ (၁၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အဖက်ဖက်မှ အားပေးကူညီပံ့ပိုး ပေးခဲ့ကြသော Polo Seven ၊ Sandar Thiri ၊ Unismart၊ Tu Paung၊ Sofu၊ ESSA၊ YKW၊ Ko Zaw Win (Taungoo)၊ San Pya Engineering၊ U Than Ohm၊ Power 95၊ Taw Win Moe Htet San၊ Yoon Than Lwin၊ IPE၊ 555 Pipe၊ San Pyae Sone၊ Real Power၊ Ko Latt၊ AKT တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။


#မက်စ်ဘိလပ်မြေ

10/03/2026

Sumitomo Osaka Cement နှင့် Max Cement တို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆွေးနွေး

၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် Sumitomo Osaka Cement Co., Ltd. နှင့် Max Myanmar Manufacturing Co., Ltd. (Max Cement) တို့အကြား နည်းပညာပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြပါသည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းဘိလပ်မြေထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Sumitomo Osaka Cement Co., Ltd. နှင့် Max Cement တို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံရှိ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေများ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် အနာဂတ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အလေးထား လေ့လာဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများ မျှဝေရန်နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် အထောက်အကူ ဖြစ်လာမည်ဟု မျှော်လင့်ထားပါသည်။

Telephone

Address


Alanpya Pagoda Road
Dagon
11191

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Alerts

Be the first to know and let us send you an email when Max Cement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Dagon.