ZWM Reader

ZWM Reader

Share

customerization order

24/09/2024

မိုးအိပ်မက်

လမ်းပျောက်လို့ လူအုပ်ကြီးနောက်
အပြေးလိုက်ခဲ့တာ လူအုပ်ကြီးပါ လမ်းပေါ်က ပျောက်ခဲ့တယ်

29/06/2024

လူငယ်တွေဘာစာစဖတ်မလဲ📒

ဒီတခေါက်တော့ လူလည်ကြီးလုပ်ပီး ငယ်ငယ်ကစာဖတ်ခဲ့တဲ့ အတွေ့အကြုံလေးမျှဝေပါရစေ။ကျွန်တော် တို့ငယ်ငယ်က ​ေကျာင်းအလံတိုင်ရှေ့မှာ နိုင်ငံတော် သီချင်းဆိုပီးရင် ဆရာတယောက်ဆီက အလှည့်ကျ သြဝါဒတွေပြောကြလေ့ရှိတယ်။ဆရာအများစုက ကျန်းမာရေးဂရုစိုက်ဖို့၊စားကြိုးစားဖို့ တိုတိုတုတ်တုတ်ပဲပြောလေ့ရှိတယ်။သမိုင်းဆရာတွေ နဲ့မြန်မာစာဆရာ အချို့ကတော့ ပုံပြင်လေးတွေ ကဗျာလေးတွေရွတ်ပီး စိတ်ဝင်စားအောင်ပြောပြကြတယ်။ ထူးထူးခြားခြားမြန်မာစာ ဆရာတယောက်က စာဖတ်ကြဖို့ ၊ကျောင်းစာအပြင် အခြားပြင်ပ ဗဟုသုတ စာပေတွေဖတ်ရှုလေ့လာကြဖို့ပြောတယ်။ ဆရာပြောတာက (သားတို့ သမီးတို့ ပြင်ပစာပေတွေလဲ ဖတ်ရှုလေ့ လာကြပါ ဘယ်စာဖတ်ရမလဲ ဆရာလို့မေးရင် တွေ့တဲ့စာ အကုန်ဖတ်ပါ စာဖတ်ရင်းနဲ့ဘယ်စာအုပ်ဖတ်ရမလဲ ဆိုတာစာအုပ်တွေကပဲညွှန်သွားလိမ့်မယ်)တဲ့။ ခက်တာက ကျွန်တော့်က ရွာမှာ​ဆိုတော့ စာကြည့်တိုက်မရှိဘူး ငှားစရာလဲလူမရှိဘူး ။အဲတာနဲ့ အဖေ့သူငယ်ချင်းတယောက်ဆီ ကရတဲ့စာအုပ်ငှားလာခဲ့တယ်(ဆရာတော် ဦးဇောတိကရဲ့ ဘဝဆိုတဲ့ကျောင်း) ကလေးအရွယ်နဲ့ စာအုပ်နဲ့မကိုက်ညီတော့ စာဖတ်ရင်းစိတ်ညစ်လာတယ်။ အဲတာနဲ့ နောက်တအုပ်ဆက်ဖတ်ကြည့်တယ် (ဆရာကြီးဦးရွှေအောင်ရဲ့ စာဖတ်သူများ )ပိုဆိုးသွားတယ်။အဲအချိန်မှာတွေးမိတယ် စာဖတ်တာက မလွယ်ပလား စိတ်ညစ်စရာကြီးပလားလို့အတွေးဝင်သွားတယ် ။ စာဖတ်ဖို့မကြိုးစားတော့ဘူး။ဖတ်လဲမဖတ်ချင်​ေတာ့ဘူး။​ဒီလိုနဲ့ ကျွန်တော့်ထက်ကြီးတဲ့ ကျောင်းကအကိုတယောက်ဆီက ဆရာသုတေသီ ဘုန်းမြင့်သွေးရဲ့ စာအုပ် တစ်အုပ်(နာမည်မမှတ်မိ) ငှားဖတ်လိုက်တယ်။စာထဲမှာရေးထားတဲ့ အကြောင်းအရာလေးတွေက ဖတ်ရတာ ရှင်းတယ် နားလည်လွယ်တယ် ကျွန်တော့်ရဲ့ ဦးနှောက်စဥ်းစားနိုင်စွမ်းနဲ့လဲ ကိုက်ညီတယ်။နောက်တော့ စာအုပ်တွေ ရွေးဖတ်တတ်လာတယ် ဆရာအောင်သင်းရဲ့📔 မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့၊ဆရာကောင်းသန့်ရဲ့ သားလေးဖတ်ဖို့၊📙 စသဖြင့်ပေါ့လေ။စာဖတ်ရင်း သက္ကသိုလ်ကျောင်းသားဘဝရောက်တော့ ဆရာလင်းယုန်မောင်မောင် ရဲ့ ဟစ်တလာ၊ဆရာကြီးရွှေဥဒေါင်းရဲ့📖 တစ်သက်တာမှတ်တမ်းနဲ့အတွေးအခေါ်များ ကအစ ဖတ်နိုင်လာတယ်ပေါ့။ စာရေးတာ တော်တော် ရှည်သွားပီ အဓိက ပြောချင်တာ ညီငယ်ညီမငယ်တွေ အတွက်ပါ ။စာဖတ်တဲ့ အခါ ကိုယ်နိုင်မဲ့ ကိုယ်ဦးနှောက်နဲ့ ကိုက်ညီမဲ့ ကိုယ်ဖတ်လို့ ပျော်မဲ့ စာအုပ်လေးတွေဖတ်စေချင်တာပါ။ နံဂုံး ကျွန်တော်ဆရာပြောသလို စာဖတ်ရင်းနဲ့ စာအုပ်တွေကပဲ ဘယ်စာဖတ်ရမယ်ကို ညွန့်ပြသွားပါလိမ့်မယ်။📚📙📘

စာဖတ်ရင်းနဲ့ပျော်နိုင်ကြပါစေ။

05/06/2024

ချစ်ရေ
လင်းစေချင်လို့တာ ရှိတဲ့ဆီနဲ့
ထတောက်လိုက်ရတာ
မီးစာ ကငွေ့ငွေ့ လေး။
ZWM

22/12/2023

ငါ့ဒူးမှာလဲအမြစ်တွေနဲ့
မင်းပြောသလို အုတ်ကြားမှာရှင်တယ်။

တချောင်းချင်း ဖြတ်တာတောင်
တစချင်းပွားရတယ်လို့

ငါဟာ နွယ်မြက်သစ်ပင်
မင်းဖြစ်နေလို့ အယူခံဝင်။

Photos from ZWM Reader's post 21/12/2023

ဘာရယ်မဟုတ်ပါဘူးPostကစာအရှည်ကြီးတွေနဲ့ ခင်ဗျတို့ကို မျက်စိလာနောက်တာပါ (စိတ်ဆင်းရဲခံနိုင်ရင်တော့ဆက်ဖတ်ပေါ့)
ဆက်ဖတ်နေတော့ ခင်ဗျစိတ်ဆင်းရဲခံနိုင်တဲ့သဘောပေါ့
ဒီလိုဗျ 😁

ဆိုင်ဂုံ ကဘာသာပြန်ဆိုပေမဲ့ မလေးဘူး သွက်တယ် စိတ်ဝင်စားဖို့လဲ ကောင်းတယ်ဒါပေမဲ့ ဗီယက်နမ်မှာ
- ဂျပန်အထွက် ပြင်သစ်နဲ့မဟာမိတ်(အဂ်လန်+အမေရိကန်)ပြန်အဝင် ဗီယက်နမ်ပြည်သူတွေ ငတ်လွန်းလို့ ရွှံတွေစားတာတွေ
-ရှိတဲ့အစာကိုမိဘကအငတ်ခံပီး လူမမယ်သမီးကိုကျွေးပြန်ရင်လဲ သူတို့သေသွားရင်လောကကြီးထဲသူသမီးတယောက်ထဲနေခဲ့ရမှာတွေ
-ကွန်မြူနစ် ဗီယက်နမ် တပ်မှူးက တဏှာ ရာဏ ကိုစိတ်ရောက်နေရင်သူ့ တော်လှန်ရေး နှောင့်နှေးမှာဆိုးလို့ ငယ်ပါ(ကွေး)ဓားနဲ့ဖြတ်ပစ်တာတွေ ဖတ်ရတာကျလက်ရှိကိုယ့် emotionအခံနဲ့ သိပ်အဆင်မပြေနေဘူး

အဲတာနဲ့ အပျင်းပြေဇာတ်ကားလေးကြည်မိတယ်။ကြည့်မိတဲ့ကားက
ပိုပေါ့ (အာဏာရှင်) အကြောင်းတစေ့တစောင်း (First They Killed My Father) တဲ့။😁
ဇာတ်ကားထဲမှာတော့ စိတ်ချမ်းသာစရာလေးတွေပါပဲ
-ခမာနီ(ကွန်မြူနစ်)တွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေကို နွားလိုရှေ့က ဆွဲပီးလယ်ထွန်ခိုင်းတဲ့အကြောင်း
-မိဘက သူသားလေးနေမကောင်းလို့ပြင်သစ်က ထုတ်တဲ့ဆေးတိုက်မိလို့ သစ္စာဖောက်ဆိုပီး သတ်ပစ်တဲ့အကြောင်း
-၇နှဈအရှယျ ကောင်မလေးကို မိုင်းကွင်းထဲမှာ မိုင်းစဥ်ခိုင်းပီး
ကလေးစစ်သားတွေ Training ပေးတဲ့အကြောင်း
ပေါ့ပေါ့ ပါးပါးဒီလောက်ပါပဲ

ဘာရယ်မဟုတ်ပါဘူးဗျ အိပ်မပျော်လို့ ခင်ဗျလဲ စိတ်ဆင်းရဲနေရင် ဖတ်လို့ကြည့်လို့ရအောင် အာသီးလာယောင်တာပါ။

06/11/2023

ငွေသော်တာရောင်ခြည်က
ဒေါ်ခင်ကြည်မဟုတ်ဘူး
မင်းပါ

ငါ့ရဲ့တစ်ထောင့်တစ်ညပုံပြင်တွေမှာ
မင်းက နောက်ဆုံး ည

အာခိလိ ခြေမျက်စိနားစိုက်ခဲ့စိုက်တဲ့မြှားက
မင်းကိုငေးလို့ တဲ့ မနေ့ကအိပ်မက်မက်တယ်

ကလေးမချစ်တဲ့ငါက
မင်းကိုချစ်တော့
ငါကိုငါအံသြရပြန်တယ်

ရိုးသားမှုကို မွန်းတည့်ချိန်
မီးခွက်ထွန်းရှာတာလဲ
မင်းပဲတွေ့နေတယ်

မွေးနေ့ရှင်လေး အေးချမ်းပါစေ
ZWM

Category

Telephone

Website

Address


Dalla
11051

Alerts

Be the first to know and let us send you an email when ZWM Reader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Dalla.