Pole Star

Pole Star

Share

Let us unlock your child's potential - Pole Star Private School is your partner in education. https://polestardawei.com/#AboutUs

30/08/2026

⚽️ U-12 & U-15 ကျောင်းကိုယ်စားပြု ဖူဆယ်ဘောလုံးအသင်းလေးများ 🏆

ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကြဖို့က အရေးကြီးဆုံးပါ။ 💪

ငယ်ရွယ်တဲ့ဘဝမှာ အမှတ်တရကောင်းတွေ ဖန်တီးရင်း ကိုယ်ဝါသနာပါတဲ့အရာကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နေရတာကလည်း အောင်မြင်မှုတစ်ခုပါပဲ။ ❤️

ကျောင်းကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် ကလေးလေးများအားလုံးကို ဂုဏ်ယူပါတယ်။

အကောင်းဆုံးကြိုးစားကြပါ။ Good Luck! ⚽️🍀

29/07/2026

ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာ အခမ်းအနား
Waso Robe Offering Ceremony 2026

ကြည်ညိုသဒ္ဓါစိတ်နဲ့ ဆက်ကပ်လှူဒါန်းခဲ့ကြတဲ့ ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာ အခမ်းအနား ရဲ့ အမှတ်တရဗွီဒီယိုမှတ်တမ်းကို မျှဝေပေးလိုက်ပါတယ်ရှင်။

အလှူတော်မှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ သားသားမီးမီးလေးများ၊ မေမေ ဖေဖေ အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများနှင့် ပါဝင်ကူညီခဲ့သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါရှင်။

အလှူရဲ့ အနှစ်သာရ၊ ကုသိုလ်ရဲ့ အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဗွီဒီယိုလေးကနေတစ်ဆင့် အတူတကွ ခံစားနိုင်ကြပါစေကြောင်းလည်း ထပ်လောင်းဆုတောင်းပါတယ်။

Photos from Pole Star's post 20/07/2026

ကလေးများအတွက် ပိုမိုလုံခြုံသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ ပြီးခဲ့တဲ့ စနေနေ့က ကျောင်းမှာ ခြင်ဆေးဖျန်းခြင်း ပြုလုပ်ခဲ့ပါတယ်။

မိုးရာသီကာလမှာ သွေးလွန်တုပ်ကွေး ကို အထူးသတိထားဖို့လိုတာမို့ မေမေဖေဖေတို့နေအိမ်တွေမှာလည်း အောက်ပါအချက်လေးတွေ လိုက်နာနိုင်ကြဖို့ နှိုးဆော်ပါရစေရှင်...။

✅ ရေခွက်၊ ပုံး၊ အိုး၊ ပန်းအိုးတွေမှာ ရေမတင်အောင် စစ်ဆေးပါ။ ပုံမှန်ရေလဲပါ။
✅ ရေသိုလှောင်တဲ့ အိုးပုံးတွေကို ဖုံးအုပ်ထားပါ။
✅ ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်ဝတ်ခြင်း၊ ခြင်ထောင်သုံးခြင်း ပြုလုပ်ပါ။
✅ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အနီစက်ထွက်ခြင်းများရှိရင် ဆရာဝန်နှင့် အမြန်ပြပါ။

❌ ကိုယ်တိုင်ဆေးတိုက်ခြင်း၊ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးများကို မိမိသဘောနဲ့ မသောက်သင့်ပါ။

ထို့အပြင် ခြင်မပေါက်ဖွားစေရန် ရေထဲထည့်သုံးနိုင်တဲ့ ခြင်လောက်လန်းနှိမ်နင်းရေး ဆေးမှုန့် ကိုလည်း ကျောင်းမှာ အခမဲ့ လာရောက်ယူနိုင်ပါတယ်ရှင်။

ကလေးများရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အတူကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ထားဝယ်မြို့နယ်) ကိုလည်း Pole Star မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ် 🤩🤩🤩

Photos from Pole Star's post 19/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား

ယနေ့ ဇူလိုင် (၁၉) ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ ကို ကြိုဆိုတဲ့အနေနဲ့ ကျောင်းမှာ အာဇာနည်နေ့အကြို ဟောပြောပွဲနဲ့ ဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ (၁၇.၇.၂၀၂၆) ရက်နေ့က ကျင်းပခဲ့ပါတယ်ရှင်။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားကို သိတတ်စေဖို့နဲ့ မျိုးချစ်စိတ်ဓာတ်လေးတွေ ရှင်သန်လာအောင် ရည်ရွယ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနဲ့ ဆေးရောင်ခြယ်ပြိုင်ပွဲတွေကိုလဲ ကျင်းပခဲ့ကြပြီး ဆုရရှိခဲ့ကြတဲ့ သားသားမီးမီးတို့ကိုလဲ အခမ်းအနားမှာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။

မှတ်တမ်းဓါတ်ပုံလေးတွေလဲ ဝေမျှပေးလိုက်ပါတယ်နော်ရှင် 🤩🤩🤩

10/07/2026

🎉 Grade 5 စာမေးပွဲ ရလဒ်အဆင့်များကြေညာခြင်း

(၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ Grade - 5 အစိုးရစစ် စာမေးပွဲမှာ ပိုးစတားရဲ့ ကျောင်းသား/ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောက်ပါအတိုင်း အောင်မြင်မှုများ ရရှိခဲ့ပါတယ်။

📊 စာမေးပွဲရလဒ်

👨‍🎓 ဖြေဆိုသူစုစုပေါင်း – ၂၅ ဦး
✅ အောင်မြင်သူ – ၂၅ ဦး
💯 အောင်ချက် – ၁၀၀%

🏆 ထူးချွန်စွာ အောင်မြင်မှု

⭐ Straight A (All-A) – ၃ ဦး (၁၂%)
🌟 A အဆင့် – ၁၂ ဦး (၄၈%)

ကျောင်းသား/ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ မိဘများရဲ့ အားပေးပံ့ပိုးမှုနဲ့ ဆရာ/ဆရာမတွေရဲ့ စေတနာထား သင်ကြားပေးမှုတို့ကြောင့် ဒီလိုအောင်မြင်မှုရလဒ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အားလုံးကို အထူးဂုဏ်ပြုအပ်ပါတယ်ရှင် 🎊

08/07/2026

ယဉ်ကျေးလိမ္မာသင်တန်း ( Weekend Moral and Ethics Class)
စာရင်းပေးသွင်းနိုင်ပါပြီ။

တက်ရောက်နိုင်သည့် အတန်းများ - Grade 4,5,6,7
သင်တန်းရက် - အပါတ်စဉ် စနေ၊ တနင်္ဂနွေ (လာမည့် ၁၁.၇.၂၆ နေ့ စတင်ပါမည်။)
သင်တန်းအချိန် - မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီအထိ။ (၁း၃၀ နာရီအရောက်)
သင်တန်းနေရာ - အရိုးဆေးကန်ကျောင်းတိုက်၊ ညောင်ရမ်းရပ်၊ ထားဝယ်မြို့။

🔹သင်တန်းကြေး တစုံတရာပေးသွင်းရန် မလိုအပ်ဘဲ အခမဲ့ ဓမ္မဒါန အစီအစဉ်ဖြစ်ပါသည်။
🔹သင်တန်းနေရာသို့ မိဘများကိုယ်တိုင် အပို့အကြိုပြုလုပ်ပေးရပါမည်။
🔹သင်တန်းသား/သူများ ယောဂီဝတ်စုံ ဝတ်ဆင်ရပါမည်။
🔹လူမျိုးဘာသာမရွေးတက်ရောက်နိုင်သော်လည်း ဝတ်ရွတ်စဉ်များပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာ၀နာပွားများခြင်း၊ ဗုဒ္ဓဝင်ရုပ်စုံပုံပြင် စသည့် အခြေခံသီလဝတ် တရားများ ပါဝင်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော သားသားမီးမီးတို့အတွက် အံဝင်ခွင်ကျ မဖြစ်ဘဲ အခက်အခဲအနည်းငယ်ရှိနိုင်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးလိုပါသည်။
🔹စာရင်းပေးသွင်းသူများသည် ရေရှည်မပျက်မကွက်တက်ရောက်နိုင်ပါရန် မေတ္တာရပ်ခံပါသည်။
🔹သင်တန်းသား/သူ သားသားမီးမီးတို့အတွက် မုန့်၊ အအေး စတဲ့ Refreshments လှူဒါန်းကျွေးမွေးလိုသော မိဘများအနေနဲ့လည်း ကျောင်းမှာစာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

Photos from Pole Star's post 04/07/2026

ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲနှင့် မိုးရာသီ ကျောင်းကောင်စီဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ

(၂၀၂၆-၂၀၂၇) ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို (၂၉.၆.၂၆) နေ့က ရွှေဝယ်သီရိအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကျောင်းကောင်စီဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို (၂)ရက်တိုင် ဆက်လက်ကျင်းပခဲ့ပြီး အကြီးတန်းအဆင့်နဲ့ အငယ်တန်းအဆင့်ခွဲကာ စုစုပေါင်း အသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲရလဒ်များ

ပထမဆု (အငယ်တန်း) - ကျန်စစ်သားအသင်း
ဒုတိယဆု (အငယ်တန်း) - ဘုရင့်နောင်အသင်း

ပထမဆု (အကြီးတန်း) - အနော်ရထာအသင်း
ဒုတိယဆု (အကြီးတန်း) - ဘုရင့်နောင်အသင်း

ဆုချီးမြှင့်ခြင်းအစီအစဉ်မှာတော့ ဆုရအသင်းနဲ့ ကစားသမားများအပြင် အကောင်းဆုံးကစားသမားဆုများ၊ အကောင်းဆုံးဂိုးသမားဆုများလည်း ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ပါတယ်။

ကျေးဇူးမှတ်တမ်း

ဘောလုံးကွင်းအား အသုံးပြုခွင့်ပြုခဲ့ပါသော ရွှေဝယ်သီရိအားကစားကွင်းမှ တာဝန်ရှိသူများ...
ပွဲစဉ်တလျှောက် တာဝန်ယူကြီးကြပ်ပေးခဲ့ကြသော ဒိုင်လူကြီးအဖွဲ့ဝင်များအားလုံး...
Medical-cover ကူညီပေးခဲ့ကြတဲ့ ဇမ္ဗူသီရိအဖွဲ့သားများ...
ကြိုးစားယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသားများအားလုံးနဲ့ ကူညီပေးခဲ့ကြတဲ့ ဆရာ/မများအားလုံး...တို့ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်...။

23/06/2026

ဝန်ထမ်းခေါ်ပါတယ်ရှင် 📢 📢 📢

သင်ဟာ …

💡 စိတ်ကူးစိတ်သန်း ကောင်းမွန်တဲ့ Creative တစ်ယောက်လား?
🎨 အနုပညာအမြင်ရှိတဲ့ Artistic တစ်ယောက်လား?
📱 ခေတ်ရေစီးကြောင်းနဲ့ နည်းပညာတွေကို စိတ်ဝင်စားတဲ့ Trend & Tech-Savvy တစ်ယောက်လား?
📍"ထားဝယ်မြို့" မှာ နေထိုင်သူလား?

အယ်...ငါနဲ့ကွက်တိပဲဟ...လို့ တွေးမိနေရင်တော့ ပုံထဲက QR Scan ဖတ်ပြီး အမြန်ဆုံး လျှောက်ထားလိုက်တော့နော်။ တက်ကြွပြီး ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်တစ်ခုမှာ အတူတူ လက်တွဲလုပ်ကိုင်ဖို့ စောင့်ကြိုနေပါမယ်ရှင်...။ 🤩🤩🤩

21/06/2026

HOME ECONOMICS PROJECT 🍲 🍲 🍲 by GRADE – 7 (15.6.2026)

ဒီနေ့မှာတော့ စာသင်ခန်းထဲကထွက်ပြီး မေမေတို့၊ ဘွားဘွားတို့ နေ့စဉ်တာဝန်ယူထားရတဲ့
မီးဖိုချောင်ထဲက လုပ်ငန်းစဉ်တွေကို လက်တွေ့လေ့လာကြမှာပဲဖြစ်ပါတယ်။ Project လေးမှာ အဓိက အစိတ်အပိုင်းအနေနဲ့ အဆင့် (၅) ဆင့် ပါဝင်ပါတယ်ရှင်။

🧠 Part 1 - Brainstorming & Assigning Roles

လက်တွေ့ချက်ပြုတ်ဖို့ Item တွေ စုံလင်အောင်စဉ်းစားကြပြီးမှ (၁) မျိုးကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒီ Project အတွက် နောက်ဆုံးရွေးချယ်မှုကတော့ မာလာရှမ်းကော (Mala Xiang Guo) ပါ။

🔍Part 2 - Research & Planning

ဒီအဆင့်မှာတော့ မာလာရှမ်းကောနဲ့ပတ်သက်ပြီး စတင်လေ့လာကြပါတယ်။ ပါဝင်ပစ္စည်းနဲ့ အခြားလိုအပ်တဲ့ပစ္စည်း စာရင်းပြုစုတာ၊ ချက်ပြုတ်ပုံအဆင့်ဆင့်မှတ်သားတာ စတဲ့ သုတေသနလုပ်ငန်းစဉ်တွေ စနစ်တကျလုပ်ဆောင်ကြပါတယ်။ ခန့်မှန်းဘတ်ဂျက်တွက်ချက်တာနဲ့ ဝယ်ခြမ်းရေးအတွက်ပါ အစီစဉ်ချပြင်ဆင်ခဲ့ကြပါတယ်။

🛒 Part 3 - Grocery Shopping

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ စုဆောင်းဖို့ ကိုယ်တိုင်ကိုယ်ကျ စျေးသွားဝယ်ခဲ့ကြပါတယ်။ သဘောကောင်းပြီး အပိုထည့်ထည့်ပေးလိုက်ကြတဲ့ စျေးသည်တွေကြောင့်လည်း သူတို့ ပျော်ခဲ့ကြပါသေးတယ်။ စျေးဆစ်ပြီး ဝယ်ခဲ့ကြတယ်လို့လည်း သိရပါတယ် 😂

👩‍🍳 Part 4 - Cooking Together

မီးဖိုချောင်ထဲမှာတော့ တာဝန်တွေခွဲထားကြတဲ့အတိုင်း တက်ညီလက်ညီနဲ့ ပျော်ရွှင်စွာ ချက်ပြုတ်ခဲ့ကြပါတယ်။

✨ Part 5 - Ready to Serve!

နောက်ဆုံးမှာတော့ ဝိုင်းဝန်းကြိုးစား ဖန်တီးထားတဲ့ အရသာရှိတဲ့ မာလာရှမ်းကောဟင်းလျာကို အောင်မြင်စွာ ရရှိခဲ့ကြပါတယ်ရှင်။

ကလေးတို့ရဲ့ စုပေါင်းလုပ်ဆောင်မှု (Teamwork) နဲ့ ဖန်တီးနိုင်စွမ်းတွေကို ဒီဗွီဒီယိုလေးထဲမှာ အတူတူ ကြည့်ရှုအားပေးလိုက်ကြရအောင်ပါရှင် 🤩🤩🤩

13/05/2026

အောင်စာရင်း လာကြည့်လို့ရပါပြီရှင်...!

ကျောင်းကိုလာကြည့်ဖို့ အဆင်မပြေသူတွေအတွက် နောက်နေ့မှာ ဒီကနေပဲ တင်ပေးလိုက်ပါမယ်နော်ရှင်။

တနှစ်တာ ကြိုးစားခဲ့ကြတဲ့ သားသားမီးမီးအားလုံး Congratulations ပါနော် 🤩🤩🤩

Category

Telephone

Address


အမှတ် (၁၆၄)၊ ကမြောကင်းလမ်းနှင့် (၅)လမ်းထောင့် (မီးရုံးဘေး)၊ ထိန်သစ်ရပ်
Dawei
14011

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Alerts

Be the first to know and let us send you an email when Pole Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Dawei.