KBC Hospital

KBC Hospital

Share

The Karen Baptist Convention Hospital ( KBC Hospital) was established as an out-patient clinic in 1993.

The clinic was upgraded to include in-patient care and treatment. Today it become a hospital and provides specialists services.

09/06/2026

🚨ဆေးရုံအမည်ပြောင်းလဲခြင်းအား အသိပေးကြေညာခြင်း 🏥

"လူသားတို့အား ပြုစုကုသပေးခြင်းသည် ဘုရားသခင်၏ မေတ္တာတော်ကို သက်သေခံခြင်းဖြစ်သည်"
KBC ဆေးရုံသည် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဂရုပြုခြင်းနှင့်အတိုင်ပင်ခံဌာနလက်အောက်တွင် ၁၉၉၃ ခုနှစ်မှစတင်၍ ဆေးခန်းငယ်အဖြစ်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် ကုတင်(၅၀)ဆံ့ဆေးရုံအဖြစ် ဆက်လက်၍ ကျန်းမာရေးဝန်ဆောင်မှုကိုပေးခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဆေးရုံကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက် ဆေးရုံအမည်အား အောက်ပါအတိုင်း ပြောင်းလဲခေါ်ဆိုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
• အမည်ဟောင်း - ကေဘီစီဆေးရုံ
• အမည်သစ် - ကရင်နှစ်ခြင်းအဖွဲ့ချုပ်ဆေးရုံ (ကေဘီစီ)

ကျွန်ုပ်တို့ဆေးရုံသည် "We Treat, God Heals" (ကျွန်ုပ်တို့ ကုသပေးသည်၊ ဘုရားသခင် အနာငြိမ်းစေသည်) ဟူသော ဆောင်ပုဒ်နှင့်အညီ လူမျိုး၊ ဘာသာမရွေး ထိုက်သင့်သော ကုန်ကျစရိတ်ဖြင့် ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုများဖြင် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ရန်ဆက်လက်ကြိုးပမ်းသွားပါမည်။

လေးစားစွာဖြင့်,
ကရင်နှစ်ခြင်းအဖွဲ့ချုပ်ဆေးရုံ (ကေဘီစီ)။

20/05/2026

🚨အသိပေးကြေငြာခြင်း🚨
လတ်တလောတွင် KBC ဆေးရုံအမည်အား အသုံးပြု၍ အွန်လိုင်း Platform များမှတဆင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသူများရှိကြောင်း သိရှိရပါသည်။

KBC ဆေးရုံအနေဖြင့် အောက်ပါအတိုင်း တရားဝင် အသိပေးအပ်ပါသည်။

• KBC ဆေးရုံသည် Personal Account များမှတဆင့် ငွေလွှဲရန် တောင်းခံခြင်းများ မပြုလုပ်ပါ။
• တရားဝင်ဆက်သွယ်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊Official Page နှင့် တရားဝင်ဖုန်းနံပါတ်များမှသာ ဆောင်ရွက်ပါသည်။
• မသေချာသော Account များထံသို့ ငွေလွှဲခြင်း၊ Personal Information များ ပေးပို့ခြင်း မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

အကြောင်း တစ်စုံတစ်ရာရှိခဲ့ပါကဆေးရုံမှ လုံးဝတာဝန်ယူမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ သတိပြုဆင်ခြင်နိုင်ကြပါရန်နှင့် ယခုကြေညာချက်အား မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Htoo Khu Paw

Photos from KBC Hospital's post 05/05/2026

"We Treat; God Heals"

✨ KBC ဆေးရုံမိသားစုဝင်အဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ✨

ကျွန်ုပ်တို့ KBC ဆေးရုံသည်လူနာများအား အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး၊ ဆေးရုံ၏ လုပ်ငန်းဆောင်တာများချောမွေ့စေရန်အတွက် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများကို ရှာဖွေလျက်ရှိပါသည်။

အောက်ပါ ရာထူးနေရာများအတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

ရာထူး: ပြုပြင်ထိန်းသိမ်းရေးနှင့်လုံခြုံရေးဝန်ထမ်း
အရေအတွက်: (၄) ဦး
တည်နေရာ: အင်းစိန်၊ ရန်ကုန်။

ပြုပြင်ထိန်းသိမ်းရေးနှင့်လုံခြုံရေးဝန်ထမ်း၏တာဝန်ဝတ္တရားများ
(၁) ဆေးရုံရှိ မီးစက်၊ ရေစက်များကို Operate လုပ်ရန်နှင့်ပျက်လျှင် မှတ်တမ်းထားရှိရမည်။
(၂) ရေပိုက်များ၊ မီးခလုပ်၊ မီးချောင်း၊ ပန်ကာစသည့် အသုံးအဆောင်ပစ္စည်းများကို နေ့စဉ်လိုက်လံကြည့်ရှု၍ပျက်စီးသည်များကို စာရင်းပြုစုပေးပြီး လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများထံသို့ တင်ပြအစီရင်ခံရမည်။
(၃) လူနာခန်းများ၊ စမ်းသပ်ခန်းများအား နေ့စဉ်ကြည့်ရှုပြီး လိုအပ်ချက်များကို မှတ်တမ်းတင်ပြီး Engineer ထံသို့တင်ပြအစီရင်ခံရမည်။
(၄) လူနာများအား အတင်အချပြုလုပ်ပေးရမည်။
(၅) ဆေးရုံရှိ Car Parking ကိုလည်း ဝိုင်းဝန်ကြည့်ရှုပေးရမည်။
(၆) မီးစက်/ရေစက်မောင်းချိန်တွင် မီးစက်/ရေစက်အနီးအနားတွင်သာနေရမည်။
(၇) ဓါတ်လှေကားပုံမှန်လည်ပတ်နိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်ပေးရမည်။

လိုအပ်သောအရည်အချင်းများ
* အသက်အရွယ် (၁၈)နှစ်အထက်ရှိပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
*အပြောအဆိုပြေပြစ်၍ ယဉ်ကျေးပျူဌာဖော်ရွှေမှုရှိရမည်။
*လူထုဆက်ဆံရေးကို ကောင်းမွန်စွာနားလည်ရမည်။
*တာဝန်ယူမှု တာဝန်ခံရှိသူဖြစ်ရမည်။
*အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
*သက်ဆိုင်ရာအတွေ့အကြုံရှိသူ ဉီးစားပေးမည်။

ရာထူး: သန့်ရှင်းရေးနှင့်အဝတ်လျှော်ဝန်ထမ်း
အရေအတွက်: (၅) ဦး
တည်နေရာ: အင်းစိန်၊ ရန်ကုန်။

သန့်ရှင်းရေးဝန်ထမ်း၏တာဝန်ဝတ္တရားများ
(၁) မိမိတို့တာဝန်ကျသောအဆာင်၏သန့်ရှင်းရေးကို နေ့စဉ်အလေးထားဆောင်ရွက်ရမည်။
(၂) မိမိတို့ဂျူတီဝင်ချိန်မှစ၍ အခန်းတစ်ခန်းချင်းစီအလိုက် တံမြက်စည်းများသေချာလှဲကျင်းရန်နှင့် စနစ်တကျ ကြမ်းတိုက်ခြင်း၊ နံရံများနှင့်မှန်များကို စနစ်တကျသန့်ရှင်းရေးပြုလုပ်ရမည်။
(၃) ကြမ်းပြင်များကို အနည်းဆုံးနေ့စဉ်တစ်နေ့(၂)ကြိမ်ရေနှင့်ပိုးသတ်ဆေးရည်များဖြင့်စင်ကြယ်စွာတိုက်ဆေးရမည်။
(၄) အမှိုက်ပုံးများကို သတ်မှတ်ထားသည့်အရောင်အတိုင်းနေ့စဉ်သွန်ရန်နှင့်ပလတ်စတစ်အိတ်များကို သတ်မှတ်ာထားသည့်အရောင်အတိုင်းပြန်စွပ်ထားရမည်။
(၅) အိမ်သာများကိုအနည်းဆုံးနေ့စဉ်တစ်နေ့ (၃)ကြိမ်တိုက်ချွတ်ဆေးကြောရန်နှင့် အနံ့အသက်ကင်းစင်ရန် ဆောင်ရွက်ရမည်။

အဝတ်လျှော်ဝန်ထမ်း၏တာဝန်ဝတ္တရားများ

(၁) မိမိတို့ ဂျူတီဝင်ချိန်မှစ၍ ဆေးရုံနှင့်ပတ်သက်သော အဝတ်များကို သေချာစွာလျှော်ဖွတ်ရမည်။
(၂) လျှော်ဖွတ်ရန်အဝတ်အထည်များကို အရေအတွက်မှတ်သားပြီးလက်ခံရမည်။
(၃) လျှော်ဖွတ်ပြီးသောအဝတ်များကို အဝတ်တန်းများတွင် စနစ်တကျလှန်းရမည်။
(၄) အဝတ်များခြောက်ပါက မီးပူသေချာစွာတိုက်၍ သက်ဆိုင်ရာသို့အရေအတွက်ဖြင့်အပ်ရမည်။
(၅) ဆေးရုံ၏တာဝန်များကို ဦးစားပေး၍ ပြီးစီးအောင်ဆောင်ရွက်ရမည်။
(၆)မိမိတို့အဝတ်လျှော်သည့်နေရာ ပတ်ဝန်းကျင်သန့်ရှင်းရေးကို နေ့စဉ်လုပ်ဆောင်ရမည်။
(၇) အဝတ်အထည်များကို သန့်ရှင်းစင်ကြယ်ရေးအတွက် လုပ်ငန်းကိုစေ့စပ်သေချာစွာ လုပ်ဆောင်ရမည်။

လိုအပ်သောအရည်အချင်းများ
* အသက်အရွယ် (၁၈)နှစ်အထက်ရှိပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
*အပြောအဆိုပြေပြစ်၍ ယဉ်ကျေးပျူဌာဖော်ရွှေမှုရှိရမည်။
*လူထုဆက်ဆံရေးကို ကောင်းမွန်စွာနားလည်ရမည်။
*တာဝန်ယူမှု တာဝန်ခံရှိသူဖြစ်ရမည်။
*အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
*သက်ဆိုင်ရာအတွေ့အကြုံရှိသူ ဉီးစားပေးမည်။

လျှောက်ထားလိုသူများအနေဖြင့် အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞ဖုန်း - 09781931838
📱Viber – 09422280026
ဆေးရုံလိပ်စာ - ကေဘီစီဆေးရုံ
ကျမ်းစာသင်ကျောင်းဝန်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်။

Photos from KBC Hospital's post 19/04/2026

Edit - လက်ခံမည့်သင်တန်းသားဉီးရေ ပြည့်သွားပါပြီရှင့်

Karen Baptist Convention KBC Hospital
Nurse Aid Training School Program
Three Months ( June , 2026 to August , 2026 )
Download Application for pdf here:
https://drive.google.com/file/d/1FyzL2ayVsw2XWjYDBPjsclkBAwtE4Wwf/view?usp=sharing
Please download the above application and summit it to KBC Hospital Office in person or via viber - 09 785229357 / 09 794381575
no later than 25.5.2026
သုံးလသင်တန်း ( နှစ်လ (Theory) + တစ်လ (Practical)
အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန်ဖုန်း
- 09 785229357 / 09 794381575
သင်တန်းကြေး- 450,000 ကျပ်
လက်ခံမည့်သင်တန်းသားဦးရေ- 25 ဦးပြည့်ပါက Form ပိတ်ပါမည်...

Photos from KBC Hospital's post 22/12/2025

Karen Baptist Convention KBC Hospital
Nurse Aid Training School Program
Three Months ( February , 2026 to April , 2026 )

Download Application for pdf here:
https://drive.google.com/file/d/1FyzL2ayVsw2XWjYDBPjsclkBAwtE4Wwf/view?usp=sharing
Please download the above application and summit it to KBC Hospital Office in person or via viber - 09 785229357 / 09 794381575
no later than 25.1.2026

သုံးလသင်တန်း ( နှစ်လ (Theory) + တစ်လ (Practical)

အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန်ဖုန်း
- 09 785229357 / 09 794381575

သင်တန်းကြေး- 400,000 ကျပ်

လက်ခံမည့်သင်တန်းသားဦးရေ- 25 ဦးပြည့်ပါက Form ပိတ်ပါမည်...

Want your organization to be the top-listed Non Profit Organization in Insein?
Click here to claim your Sponsored Listing.

Telephone

Address


No(14/A) Seminary Hill
Insein
11012