JHDE Construction
Construction & Home Decor
03/08/2026
🎉 အထူးသတင်းကောင်း! 🎉
🏡 အင်းစိန်ခရိုင် အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်များအတွက်
မိမိ၏ အိမ်ခြံမြေလုပ်ငန်းကို ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA - Myanmar Real Property Development Association) မှ ကြီးမှူးကျင်းပမည့်
📚 နိုင်ငံတော်အဆင့် အိမ်ခြံမြေအကျိုးဆောင် အသိပညာပေး အထူးမွမ်းမံသင်တန်း
ကို အင်းစိန်ခရိုင်အတွက် များမကြာမီ ကာလတွင်
ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
✅ အိမ်ခြံမြေအကျိုးဆောင်လိုင်စင် ရရှိရန် စိတ်ဝင်စားသူများ
✅ အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လိုသူများ
✅ အိမ်ခြံမြေလုပ်ငန်းတွင် အသိပညာနှင့် ကျွမ်းကျင်မှု မြှင့်တင်လိုသူများ
အားလုံး တက်ရောက်သင့်သည့် အထူးသင်တန်း ဖြစ်ပါသည်။
📩 စာရင်းပေးသွင်းလိုပါက Messenger (Chat Box) မှ တိုက်ရိုက်စာရင်းပေးနိုင်သလို၊ အောက်ပါတာဝန်ရှိသူများထံသို့ ဖုန်း (သို့မဟုတ်) Viber မှတစ်ဆင့်လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
📞 ဆက်သွယ်ရန် • ဦးကျော်သူနိုင် (ဥက္ကဋ္ဌ – အင်းစိန်ခရိုင်) – 09 881 336167
• ဒေါ်ခင်မိုးနှင်း (ဒုဥက္ကဋ္ဌ) – 09 45256 8062
• ဒေါ်အိအိသိန်း (အတွင်းရေးမှူး) – 09 777 350535
• ဦးဂျာနော် (ဘဏ္ဍာရေးမှူး) – 09 440 700 450
• ဒေါ်ဧကရီကျော် (စာရင်းစစ်) – 09 42103 4940
• ဦးအောင်ကျော်မြင့် (စည်းရုံးရေးမှူး) – 09 44042 1710
• ဒေါ်အေးအေးသော် (တွဲဖက်အတွင်းရေးမှူး) – 09 42027 3500
• ဒေါ်ဖြူဖြူဦး (တွဲဖက်ဘဏ္ဍာရေးမှူး) – 09 263 329 991
• ဒေါ်သန်းသန်းဝင်း (တွဲဖက်စာရင်းစစ်) – 09 421 002 256
✨ အခွင့်အရေးကို လက်မလွတ်စေနဲ့! ယနေ့ပဲ စာရင်းပေးသွင်းပြီး ပရော်ဖက်ရှင်နယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအဖြစ် ရှေ့တိုးလိုက်ပါ။
#အိမ်ခြံမြေအကျိုးဆောင် :::
19/07/2026
The Curse of Competence
“တတ်မြောက်မှု၊ ကျွမ်းကျင်မှု၊
အရည်အချင်းများလွန်းခြင်းကြောင့်
ဖြစ်လာနိုင်သော မမြင်ရသည့် အန္တရာယ်”
ကျွမ်းကျင်မှုက ကောင်းမြတ်သောအရာဖြစ်ပေမယ့်
နှိမ့်ချမှု၊ မျှဝေတတ်မှု၊
အခြားသူများကို တိုးတက်စေမှု မရှိရင်
အဲဒီကျွမ်းကျင်မှုက
“ကျိန်စာ” တစ်ခုလို ဖြစ်လာနိုင်ပါတယ်။
ရှင်ယာကုပ် 4:6
ထိုဝိညာဉ်တော်သည်
သာ၍များသော ကျေးဇူးကို ပြုတော်မူ၏။
ထိုသို့နှင့်အညီ
ကျမ်းစာလာသည်ကား၊
ထောင်လွှားစော်ကားသောသူတို့ကို
ဘုရားသခင် ဆီးတားတော်မူ၏။
စိတ်နှိမ့်ချသော သူတို့အား
ကျေးဇူးပြုတော်မူ၏ဟု လာသတည်း။
*
အရည်အချင်းများလာတဲ့အခါ —
မိမိကိုယ်ကို အားကိုးလာနိုင်တယ်။
မာန်တက်လာနိုင်တယ်။
ဘုရားကို အားကိုးခြင်း
လျော့နည်းလာနိုင်တယ်။
နှိမ့်ချမှု ပျောက်ဆုံးလာနိုင်တယ်။
**
ခေါင်းဆောင်မှုမှာ
ခေါင်းဆောင်တစ်ယောက်က
အရာအားလုံးကို ကိုယ်တိုင်လုပ်နိုင်တယ်။
ဒါကြောင့် အခြားသူတွေကို မလွှဲအပ်ဘဲ
ကိုယ်တိုင်ပဲ လုပ်နေတတ်တယ်။
အဲဒါက
အဖွဲ့သားတွေကို မတိုးတက်စေတော့ဘူး။
***
အလုပ်ခွင်တစ်ခုမှာ
လူတစ်ယောက်က အလုပ်အရမ်းတော်မယ်။
အားလုံးက သူ့ကိုပဲ အားကိုးလာမယ်။
အစမှာဟုတ်သလိုနဲ့
အလုပ်အသစ်တွေ၊
တာဝန်တွေ အမြဲသူ့ဆီပဲ ရောက်လာမယ်။
နောက်ဆုံးမှာ အဲဒီက
ရုန်းထွက်ဖို့/ တိုးတက်ဖို့
အချိန်မရတော့ဘူး။
Vital Spirit (JHDE)
2026 FIFA World Cup
Final Tournament
JHDECONSTRUCTION
[email protected]
+959440700450
+959763273045
#အိမ်ဆောက်ခြင်း
TYC B3
"မဟေရရှာလလဟာရှဗတ်”
TYC B3
JHDE Construction
+959440700450
[email protected]
🙏By the grace of God🙏
18/06/2026
အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင်...
စိတ်အေးရဖို့ ဘာတွေ အရင်ပြင်ဆင်မလဲ။
"အိမ်ဆိုတာ တစ်သက်မှာ တစ်ခါပဲ
အများအားဖြင့် ဆောက်လေ့ရှိတဲ့
ကိုယ်ပိုင်အိုအေစစ်လေးပါ" 🏡
ဒါကြောင့်...
အိမ်ဆောက်တော့မယ်ဆိုရင်
စိတ်ကူးထဲကအတိုင်း လှပခိုင်ခံ့ပြီး
ရေရှည်မှာ စိတ်ဒုက္ခမရောက်စေဖို့အတွက်
ကြိုတင်ပြင်ဆင်ထားရမယ့်
အရေးကြီးအချက် (၄) ချက်ကို
မျှဝေပေးချင်ပါတယ်။
၁။ ဘတ်ဂျက်ကို တိတိကျကျ သတ်မှတ်ပါ
အိမ်ဆောက်တဲ့အခါ "ကုန်မှကုန်ရော" ဆိုပြီး
စိတ်လွှတ်လိုက်ရင် ဆုံးရှုံးမှုတွေများသွားတတ်ပါတယ်။
ကုန်ကျစရိတ် ခန့်မှန်းခြေထက်
၁၀% မှ ၁၅% အထိကို မမျှော်လင့်ဘဲ
ကုန်ကျနိုင်တဲ့ အထွေထွေစရိတ်
အဖြစ် သီးသန့်ဖယ်ထားပါ။
၂။ ပညာရှင်များနှင့်သာ တိုင်ပင်ပါ
ကုန်ကျစရိတ်သက်သာချင်ရုံနဲ့ ကျွမ်းကျင်မှုမရှိတဲ့
သူတွေနဲ့ပဲ ပုံစံချဆောက်လုပ်တာမျိုးဟာ
ရေရှည်မှာခိုင်ခံ့မှုအားနည်းခြင်းနှင့်ဆုံးရှုံးမှုများဖြစ်ပြီး
အဆောက်အအုံအက်ကွဲတာ၊
ရေယိုတာတွေ ဖြစ်စေနိုင်ပါတယ်။
အင်ဂျင်နီယာ၊ ဗိသုကာပညာရှင် တွေနဲ့
စနစ်တကျ တိုင်ပင်ပြီး
(အဆောက်အအုံခိုင်ခံ့မှုတွက်ချက်ချက်)
အမှန်ကို သုံးပါ။
၃။ ကုန်ကြမ်းပစ္စည်း အရည်အသွေးကို မလျှော့ပါနဲ့။
"အုတ်၊ သဲ၊ ဘိလပ်မြေ၊ သံချောင်း" စတဲ့ အခြေခံအဆောက်အအုံသုံးပစ္စည်းတွေဟာ
အိမ်ရဲ့ သက်တမ်းကို ဆုံးဖြတ်ပေးတာပါ။
ဈေးသက်သာတာတစ်ခုတည်းကို မကြည့်ဘဲ
စံချိန်စံညွှန်းမီတဲ့ ကုန်ကြမ်းတွေကိုပဲ ရွေးချယ်ပါ။
၄။ ဥပဒေကြောင်းအရ ခွင့်ပြုချက်များ ရယူပါ။
မဆောက်ခင်မှာ သက်ဆိုင်ရာ
စည်ပင်သာယာရေးကော်မတီ သို့မဟုတ်
ရပ်ကွက်/မြို့နယ်ရုံးတွေမှာ
ဆောက်လုပ်ခွင့်တင်ဖို့ မမေ့ပါနဲ့။
ဥပဒေနဲ့အညီ ဆောက်လုပ်မှသာ
နောက်နောင် အိမ်အရောင်းအဝယ်ကိစ္စတွေ၊
ပိုင်ဆိုင်မှုကိစ္စတွေမှာ
စိတ်အေးရမှာပါ။
💬 လူကြီးမင်းတို့ရဲ့ အိမ်မက်အိမ်လေးကို
စိတ်တိုင်းကျ ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ [JHDE Construction] က
အမြဲအဆင်သင့်ရှိနေပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေ၊
ကုန်ကျစရိတ်ခန့်မှန်းခြေ တွက်ချက်တာတွေနဲ့
ပတ်သက်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်လိုပါက
အခုပဲ Page Messenger ကနေ
ဆက်သွယ်လိုက်နိုင်သလို👷♂️✨
📞 ဖုန်းနံပါတ်: [09440700450] ဖြင့်လည်း
ဆက်သွယ်နိုင်ပါပြီ
📍 လိပ်စာ: [Yangon, Myanmar]
#အိမ်ဆောက်ခြင်း
#ဆောက်လုပ်ရေး
Click here to claim your Sponsored Listing.
Contact the business
Address
Kaytumati Street
Insein
11011