Red Bench - Kalaw
Home rental for the family/ a group of friends who like to stay Home away from Home
21/09/2026
ပြတင်းပေါက်တစ်ချပ်ရဲ့ အပြင်ဘက်မှာ
တောင်တန်းတွေ၊ သစ်ပင်စိမ်းစိမ်းတွေနဲ့
စိတ်ကို အေးချမ်းစေတဲ့ မြင်ကွင်းလေးတစ်ခုရှိတယ်…..
တောင်တန်းတွေကို ငေးရင်း
အေးအေးဆေးဆေး အနားယူဖို့…
ဒီလိုနေရာလေးကနေ ဖိတ်ခေါ်ချင်တယ်။
18/09/2026
တချို့နေရာတွေက ရောက်လာသူတိုင်းရဲ့စိတ်ကို
စကားမပြောဘဲ အေးချမ်းစေတတ်တယ် ❤️
16/09/2026
ဒီနေ့မနက်...
ဒီရှုခင်း ...
ဒီမြင်ကွင်း...
12/09/2026
မြူခိုးတွေကြားမှာ ပျောက်ကွယ်နေတဲ့ တောင်တန်းတွေ၊
လေညှင်းထဲမှာ ယိမ်းနွဲ့နေတဲ့ သစ်ပင်လေးတွေ…
တိတ်ဆိတ်ခြင်းကပဲ ဒီနေရာရဲ့ စကားသံတွေမလိုဘဲ အလှတရားကို ပြောပြနေတဲ့နေရာ
ဒါဟာ ကလောမြို့လေးရဲ့ ရိုးရှင်းပြီး အေးချမ်းတဲ့ အရသာအစစ်ပါ 🍀
03/09/2026
အေးမြတဲ့ညတစ်ညမှာ နွေးထွေးမှုလေးတစ်ခု၊
ဆူညံသံတွေနဲ့ဝေးရာမှာ အေးချမ်းမှုလေးတစ်ခု၊
မမေ့နိုင်တဲ့ အချိန်လေးတွေ.......
တခါတလေ အဲဒီလောက်ဆို လုံလောက်ပါပြီ။
တိတ်ဆိတ်တဲ့ည၊ နွေးထွေးတဲ့ မီးပုံ
အေးချမ်းခြင်းဆိုတာ ဒီလိုလေးလဲ ဖြစ်နိုင်ပါတယ်။
24/08/2026
No Rush, No Noise
Just Nature, Peace & Beautiful moments.
Maybe this is the little escape
you've been looking for 💚
17/08/2026
🌿 မိုးမှုန်တွေကြားက အေးချမ်းတဲ့နေရာလေး
တောင်တန်းတွေပေါ်မှာ မိုးမှုန်လေးတွေ တဖြည်းဖြည်းကျလာတဲ့အခါ သစ်ပင်စိမ်းစိမ်းတွေ၊ ပန်းပင် လေးတွေနဲ့ သဘာဝရဲ့အလှက ပိုပြီးအသက်ဝင်လာပါတယ်။
မြို့ပြရဲ့ ဆူညံသံတွေကို ခဏမေ့ထားပြီး တောင်တန်းအလှကို ကြည့်ရင်း လေကောင်းလေသန့်ရှူဖို့၊ စိတ်ကို အေးအေးချမ်းချမ်း အနားပေးဖို့အတွက် ဒီလိုနေရာလေးက ပြီးပြည့်စုံတဲ့ getaway တစ်ခုပါ။
မိုးရာသီရဲ့ အေးမြတဲ့လေ၊ မြူတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တန်းမြင်ကွင်းလေးကို တိတ်တိတ်လေးထိုင်ပြီး သဘာဝကိုခံစားရင်း ကိုယ့်အတွက် အေးချမ်းတဲ့အချိန်လေးတစ်ခု ဖန်တီးလိုက်ပါ။
09/08/2026
တစ်ခါတလေ ခရီးတစ်ခုရဲ့ အလှဆိုတာ
လည်ပတ်စရာနေရာတွေထက်
လှပတဲ့ သဘာဝနဲ့နီးတဲ့ နေရာလေးတစ်ခု
အေးချမ်းတဲ့ညနေခင်းလေးနဲ့ စိတ်ကို အနားပေးနိုင်တဲ့ အချိန်လေးတစ်ခု ဆိုရင် လုံလောက်ပါတယ် 💚
23/07/2026
Good Morning From Red Bench - Kalaw !
မိုးတိမ်တွေဖုံးလွှမ်းထားတဲ့ တောင်တန်းတွေ၊ စိမ်းလန်းတဲ့ သဘာဝနဲ့ တိတ်ဆိတ်တဲ့ အချိန်လေးက မနက်ခင်းတိုင်းကို အေးချမ်းစွာ နိုးထနိုင်မယ့် နေရာလေးပါ ☘️
ကော်ဖီတစ်ခွက်နဲ့ သဘာဝအလှကို ခံစားရင်း ဒီနေ့လည်း စိတ်ချမ်းသာပြီး သာယာ လှပတဲ့နေ့လေး ဖြစ်ပါစေ 💚
14/07/2026
ဒီနှစ်တော့ ခြံထဲက ချယ်ရီပင်လေးက စပြီးသီးနေပြီ။
အရမ်းတော့ အများကြီးမသီးသေးပေမဲ့ အပင်ပေါ်က ချယ်ရီသီးတွေကို ကြည့်နေရတာနဲ့တင် ပျော်နေပြီ ☺️
Category
Contact the business
Telephone
Website
Address
No. 271, Shwe Myanmar North Street , Quarter 1
Kalaw