KoNi
+959400457410
+959988743667
+959960900474
+959783880950
03/07/2025
Today .
09/02/2025
မနက်ဖြန် စတော်ဘယ်ရီ ခြင်းလေးတွေ
တင်ပေးမယ်နော် မှာထားတဲ့ အမျိုးတို့ နေ့တိုင်းမရနိုင်တာလေးကိုတော့ နားလည်ပေးကြပါဗျာ။
24/08/2024
စျေးကွက်သစ္စာ
နယ်ပယ်အသီးသီးမှာ စျေးကွက် ရှိပါတယ်။ ကိုယ်သတ်မှတ်ရွေးချယ်ထားတဲ့ နယ်ပယ်မှာ စျေးကွက်ဝေစု ခိုင်မာဖို့ အရေးကြီးဆုံးက “စျေးကွက်သစ္စာ” ဖြစ်ပါတယ်။ မြတ်မှ လုပ်မယ် ရှုံးသွားရင်မလုပ်တော့ဘူး ဆိုတာ မျိုးမဟုတ်ပဲ၊ ရှုံးချိန်မှာ တတ်နိုင်သလောက် ကျောကော့ တောင့်ခံထားပြီး စျေးကွက်သံသရာလည်လို့ မြတ်လာတဲ့ အခါကျရင် ရလာတဲ့ အမြတ်ကို စားမယ် ဆိုတာ သက်ဆိုင်ရာနယ်ပယ်ရဲ့ စျေးကွက်သစ္စာပါပဲ။
ခေတ်သစ်စျေးကွက်ရှာဖွေရေး ပညာရပ်တွေကတော့ နယ်ပယ် ခပ်များများကို ခြေလှမ်းစထားဖို့ ခြေချထားဖို့ အကြံပေးကြပါတယ်။ ကောင်းပါတယ်။ ကိုယ့်လက်ထဲမှာ ရင်းနှီး ပိုလျှံ ငွေ ရှိနေရင်တော့ လုပ်သင့်ပါတယ်။ ဒါပေမယ့် မေးစရာတစ်ခုရှိတာက နယ်ပယ်တစ်ခု ကို အခြေစိုက်ပြီးပြီဆိုရင် ရင်းနှီးပိုလျှံငွေ ဆိုတာ တကယ်ရှိသလား ဆိုတဲ့ မေးခွန်းပါ။
လေ့လာသိရှိရသလောက်က “မပိုပါဘူး”။ သက်ဆိုင်ရာ အခြေကျ နယ်ပယ်ထဲမှာတင်ကို အရင်းနဲ့ အမြတ်ဟာ “ဗုံလုံတလှည့် ငါးပျံတလှည့်” ပါပဲ။ အရင်းများရင် အမြတ်များမယ် ဆိုတဲ့ ခေတ်ကာလ ကနေ အရင်းများရင် အကြွေးများမယ် ဆိုတဲ့ ခေတ်ထဲမှာ ရှင်သန်နေကြတာ အများစုပါ။
ဒါကြောင့်မို့ ကိုယ်ကြိုးစားထိုးဖေါက်ပြီး အခြေခိုင်ပြီးသား နယ်ပယ်ကသာ ကိုယ့်ကို အကျိုးပြုမှာပါ။ အဲဒီနယ်ပယ်ထဲမှာ ကိုယ့်နေရာကို ပိုပြီးခိုင်မာစေချင်ရင်တော့ “စျေးကွက်သစ္စာ” ရှိရပါမယ်။
ရှေးရိုးဆန်လှချည့် လို့ ပြောချင်ပြောနိုင်ပါတယ်။ စျေးကွက်သစ္စာ စောင့်သိသူဆီမှာသာ ဖေါက်သည်သစ္စာ ရှိသူများက စျေးဝယ်ချင်ကြတယ် ဆိုတာကလဲ ရှေးကတည်းက အခုအချိန်ထိ ကျင့်သုံးခဲ့ကြတဲ့ စကားပါပဲ။
“စျေးကွက်သစ္စာ” ဆိုတာ သိပ်ကို ကြီးကျယ်တဲ့ BRAND တစ်ခုပါ။ အဲဒီ brand ကိုတော့ နေ့ချင်းညချင်း၊ မျက်စိတမှိတ် လျှပ်တပြက် အတွင်း တည်ဆောက်လို့ မရနိုင်တာ အများသိကြပါတယ်။ ကိန်းဂဏန်းတွေအပေါ်မှာလဲ လုံးဝဥဿုံ မယုံစားလိုက်ပါနဲ့ ။ ကိန်းဂဏန်းတွေဟာ တန်ဖိုးအမှန်ကို ကိုယ်စားမပြုပါဘူး။
လှပတင့်တယ်အောင် အမွှန်းတင်ခြယ်မှုံးထားတဲ့ အလှအပဆန်း တွေပေါ်မှာလဲ မသာယာလိုက်ပါနဲ့။ အလှအပဟာလဲ တန်ဖိုးအမှန်ကို ကိုယ်စားမပြုပါဘူး။ “စျေးကွက်သစ္စာ” ကိုသာ ခိုင်မြဲအောင် တည်ဆောက်ပါ။ သက်ဆိုင်ရာနယ်ပယ်ထဲမှာ “စျေးကွက်သစ္စာ” က အမြင့်ဆုံး ဂုဏ်သိက္ခာကိုပေးပါလိမ့်မယ်။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၂၄.၀၈.၂၀၂၄)
29/05/2024
Category
Website
Address
Kalemyo
Alerts
Be the first to know and let us send you an email when KoNi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.