Master of Development Studies - MDevS Program

Master of Development Studies - MDevS Program

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Master of Development Studies - MDevS Program, College & University, Corner of Pyay Road and Inya Road, Kamayut.

08/07/2026

come & explore our beautiful campus and we can’t wait to welcome you🫵🏻👀

04/07/2026

ဒီနေ့တော့ MDevS (First Year, Second Quarter) မှာ
သင်ယူခဲ့ရတဲ့ ASEAN: Economies and Regional Integration ဘာသာရပ်ကနေ ရရှိခဲ့တဲ့
အတွေ့အကြုံတွေ၊ အမြင်သစ်တွေ၊ နဲ့
လက်ရှိလုပ်ငန်းခွင်မှာ
ဘယ်လိုအသုံးဝင်နေသလဲဆိုတာကို မျှဝေချင်ပါတယ်။

ကျွန်မကတော့ Yangon University of Economics (YUEco) မှာ လက်ရှိဖွင့်လှစ်သင်ကြားနေတဲ့
Master of Development Studies
(MDevS 20th Batch, Group 5) မှာ
ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။🙋🏻‍♀️

ASEAN ကို မြင်တဲ့ အမြင်
ပြောင်းလဲသွားခဲ့တဲ့ ဘာသာရပ်….👀

ဒီဘာသာရပ်ကို မသင်ခင်တုန်းက
ကျွန်မအတွက် ASEAN ဆိုတာ အိမ်နီးချင်းနိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလောက်ပဲ
ဖြစ်ခဲ့ပါတယ်။ သတင်းတွေထဲမှာ ကြားရတဲ့
မူဝါဒတွေ၊ အစည်းအဝေးတွေ၊
သဘောတူညီချက်တွေနဲ့သာ ဆက်စပ်နေတဲ့
အရာတစ်ခုလို့ပဲ ထင်ခဲ့မိတယ်။

ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ အလုပ်အကိုင်၊
စီးပွားရေးနဲ့ ဘယ်လောက်အထိ
ဆက်နွယ်နေလဲဆိုတာကိုလည်း
အဲဒီအချိန်က သိပ်ပြီး သတိမထားမိခဲ့ပါဘူး။

ဒါပေမယ့် ဘောဂဗေဒဌာနက ဖွင့်လှစ်တဲ့
Master of Development Studies Programmeမှာ
စနစ်တကျ လေ့လာခွင့်ရတဲ့အခါမှ
ASEAN ဆိုတာဟာ ဒေသတွင်း
အဖွဲ့အစည်းတစ်ခုသာ မဟုတ်ဘဲ
ကြီးမားတဲ့ စီးပွားရေးစျေးကွက်တစ်ခု
ဖြစ်နေတယ်ဆိုတာကို နားလည်လာခဲ့ပါတယ်။

လွတ်လပ်စွာကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်း၊
ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု စတာတွေဟာ
ကျွန်မတို့ရဲ့ နေ့စဉ်ဘဝနဲ့
တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာကို သိမြင်လာပြီး
ကမ္ဘာ့စီးပွားရေးကို ကြည့်တဲ့အမြင်လည်း
ပိုပြီး ကျယ်ပြန့်လာခဲ့ပါတယ်။

သီအိုရီထက် ပိုပြီး အသက်ဝင်တဲ့ Case Studies📚

ဒီဘာသာရပ်ကို စိတ်ဝင်စားစေခဲ့တဲ့ အချက်ကတော့ ဘောဂဗေဒဌာနရဲ့ သင်ကြားပုံပါပဲ။

စာအုပ်ထဲက သီအိုရီတွေကိုပဲ
အလွတ်ကျက်ခိုင်းတာမဟုတ်ဘဲ
လက်ရှိကမ္ဘာမှာ တကယ်ဖြစ်နေတဲ့
ကုန်သွယ်ရေးအခြေအနေတွေ၊
အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးမဟာဗျူဟာတွေကို Case Studies တွေနဲ့ ချိတ်ဆက်ပြီး
ရှင်းပြပေးခဲ့တာကြောင့်
သင်ခန်းစာတိုင်းဟာ ပိုပြီး အသက်ဝင်လာခဲ့ပါတယ်။

အထူးသဖြင့်…

“ASEAN ကို လေ့လာတယ်ဆိုတာ စာမေးပွဲအောင်ဖို့ သီအိုရီတွေ ကျက်မှတ်ရုံ မဟုတ်ဘူး။
ကိုယ့်နိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်ကို
နားလည်ပြီး ဒေသတွင်းပေါင်းစည်းမှုထဲမှာ
ကိုယ့်အတွက် အခွင့်အလမ်းအသစ်တွေကို
ရှာဖွေတတ်ဖို့ ဖြစ်တယ်။” ဆိုတဲ့ စကားက ကျွန်မရဲ့
စဉ်းစားပုံကို အများကြီး ပြောင်းလဲပေးခဲ့ပါတယ်။

FTA (Free Trade Agreement)၊
Import–Export Policies၊
Supply Chain Integration စတဲ့
အကြောင်းအရာတွေဟာ စာအုပ်ထဲက
ခက်ခဲတဲ့ သီအိုရီတွေ မဟုတ်တော့ဘဲ
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်လိုမျိုး
ချိတ်ဆက်နေသလဲဆိုတာကို မြင်နိုင်တဲ့
အတွေးအမြင်တစ်ခု ဖြစ်လာခဲ့ပါတယ်။

လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးဝင်နေသလဲ?🤔

အခု လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့အချိန်မှာတော့
ဒီဘာသာရပ်က သင်ယူခဲ့တဲ့
အခြေခံဗဟုသုတတွေဟာ နေ့စဉ်လိုလို
အသုံးဝင်နေတာကို ခံစားရပါတယ်။

Project တစ်ခု စဉ်းစားတဲ့အခါ၊
Marketing Plan ရေးတဲ့အခါ၊
Supply Chain ကို သုံးသပ်တဲ့အခါ၊
ASEAN နိုင်ငံတွေရဲ့ စျေးကွက်အခြေအနေ၊
Consumer Behavior နဲ့ Trade Trends တွေကို
ထည့်သွင်းစဉ်းစားတတ်လာခဲ့ပါတယ်။

Regional Integration၊ Value Chains နဲ့
Trade Regulations တွေကို
ကြိုတင်နားလည်ထားတာကြောင့်
လုပ်ငန်းခွင်ထဲမှာ မဟာဗျူဟာကျတဲ့
ဆုံးဖြတ်ချက်တွေ ချမှတ်ရတာ
ပိုပြီး လွယ်ကူလာခဲ့ပါတယ်။

ဥပမာအားဖြင့်…

Marketing Campaign အသစ်တစ်ခု စီစဉ်မယ်ဆိုရင်
ဒါမှမဟုတ် ကုန်ကြမ်းတင်သွင်းမယ့်
လမ်းကြောင်းရွေးချယ်မယ်ဆိုရင်
ကိုယ့်နိုင်ငံတစ်ခုတည်းကိုပဲ မကြည့်တော့ဘဲ…
* ASEAN Tariff Preferences က ဘယ်လိုရှိသလဲ?
* ထိုင်း၊ ဗီယက်နမ်လို နိုင်ငံတွေမှာ
Consumer Trends က ဘာတွေပြောင်းလဲနေသလဲ?
* Supply Chain ကို ဘယ်နိုင်ငံက
ပိုအကျိုးရှိအောင် ချိတ်ဆက်နိုင်မလဲ? ဆိုတာတွေကိုပါ
စဉ်းစားတတ်လာပါတယ်။

ဒီလိုအမြင်တွေ ရလာတာက
ASEAN Economic Community (AEC) ကို
နားလည်ခဲ့တဲ့ အကျိုးကျေးဇူးတစ်ခုလို့ ထင်ပါတယ်။

Digital Transformation နဲ့ ASEAN ရဲ့ အနာဂတ်🤫

ဒီနေ့ခေတ်မှာ ASEAN ရဲ့ Digital Economy က အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။

E-commerce၊ Cross-border Digital Payment၊
Digital Trade စတဲ့ ပြောင်းလဲမှုတွေဟာ
စီးပွားရေးလုပ်ပုံလုပ်နည်းကို
အများကြီး ပြောင်းလဲနေပါတယ်။

ဒီဘာသာရပ်ကို လေ့လာခဲ့တဲ့အတွက်
အနာဂတ်စီးပွားရေးလမ်းကြောင်းတွေကို
ပိုပြီး ကြိုတင်မြင်နိုင်လာပြီး လုပ်ငန်းခွင်မှာလည်း
ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ
ချမှတ်နိုင်လာပါတယ်။

ASEAN Centrality နဲ့ Regional Cooperation ရဲ့
အရေးပါမှုကို နားလည်လာတာကြောင့် ကမ္ဘာ့စီးပွားရေး
အပြောင်းအလဲတွေ ကြုံလာရင်တောင်
ပိုပြီး ကြိုတင်ပြင်ဆင်နိုင်တဲ့ အတွေးအခေါ်တွေ
ရရှိလာခဲ့ပါတယ်။

ဘဝအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု✨

ကျွန်မအတွက်တော့ ASEAN: Economies and Regional Integration ဘာသာရပ်ဟာ စာမေးပွဲအောင်ဖို့
သင်ယူခဲ့ရတဲ့ ဘာသာရပ်တစ်ခုထပ်ကို
အများကြီး ပိုပါတယ်။

ဒီဘာသာရပ်က ကျွန်မရဲ့ စီးပွားရေးအမြင်ကို ကျယ်ပြန့်စေခဲ့သလို လက်ရှိလုပ်ငန်းခွင်မှာလည်း
နေ့စဉ်အသုံးချနိုင်တဲ့ ဗဟုသုတတွေကို ပေးခဲ့ပါတယ်။

ဒါကြောင့် ဒီဘာသာရပ်ကို သင်ယူခွင့်ရခဲ့တာဟာ
ကျွန်မရဲ့ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့
အနာဂတ်အတွက် တန်ဖိုးအရှိဆုံး
ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခု လို့ ယုံကြည်ပါတယ်။

စာအုပ်ထဲက အချက်အလက်တချို့ကို
အချိန်ကြာလာရင် မေ့သွားနိုင်ပေမယ့်
ဒီဘာသာရပ်က ပေးခဲ့တဲ့ ကျယ်ပြန့်တဲ့
စီးပွားရေးအမြင် ကတော့
ကျွန်မရဲ့ စိတ်ထဲမှာ အမြဲကျန်ရှိနေမှာ သေချာပါတယ်။

ဒီ Sharing Session လေးကို ဖတ်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။🤍

📌 MDevS 20th Batch Admission Form များကို
ယခု စတင်လက်ခံနေပြီဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက
Page Chat Box မှ ဆက်သွယ်နိုင်တဲ့အပြင်
09-455308087 နှင့် 09-792464415 သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။☎️

Photos from Master of Development Studies - MDevS Program's post 27/06/2026

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ဖွံဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies – MDevS, EMDevS) သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ဘောဂဗေဒဌာနမှ ဖွင့်လှစ်မည့် ဖွံဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies – MDevS, EMDevS) သို့ သင်တန်းဝင်ခွင့်များ လျှောက်ထားနိုင်ပါသည်။
၂။ အဆိုပါ မဟာဘွဲ့သင်တန်းသို့ အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်စေရ။
(ဂ) သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသောအချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
(ဃ) ဤမဟာဘွဲ့သင်တန်းအတွက် သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့အကဲဖြတ် စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင်လာရောက်ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
(င) EMDevS သင်တန်းအတွက် (၁-၇-၂၀၂၆)ရက်နေ့တွင် အသက်(၃၂) နှစ်ပြည့်ပြီးသူဖြစ်ရမည်။ အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိလုပ်သက် အနည်းဆုံး (၃)နှစ် ရှိရမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် Executive Level(စီမံခန့်ခွဲမှုအဆင့်) လုပ်သက်(၃) နှစ်ရှိရမည်။
၃။ သင်တန်းနှင့် သက်ဆိုင်သောစာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ ဘောဂဗေဒဌာန တွင် သတ်မှတ်ရက်အတွင်း တင်သွင်းလျှောက်ထားနိုင်ပါသည်။
• လျှောက်လွှာတင်သွင်းရမည့်ရက် - ၁-၇-၂၀၂၆ (ဗုဒ္ဓဟူးနေ့) မှ ၆-၉-၂၀၂၆ (တနင်္ဂနွေနေ့) ထိ
• ရေးဖြေ ဖြေဆိုရမည့်ရက် - ၂၇-၉-၂၀၂၆ (တနင်္ဂနွေနေ့)
သင်တန်းနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက
၀၉၄၅၅၃၀၈၀၈၇ / ၀၉၇၉၂၄၆၄၄၁၅
သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဘောဂဗေဒဌာန ရန်ကုန်စီးပွါးရေးတက္ကသိုလ်
Master of Development Studies - MDevS Program

17/06/2026

ပြီးခဲ့တဲ့ သောကြာနေ့က တင်ခဲ့တဲ့ Quiz အတွက် အဖြေမှန်ကတော့ —
👉 A. Controlling the amount of money in the economy ဖြစ်ပါတယ်။
📊ဒီနေ့မှာတော့ Monetary Policy ဆိုတာဘာလဲဆိုတာကို အနည်းငယ်လေးပြောပြပေးချင်ပါတယ်။ Monetary Policy ဆိုတာမှာ နိုင်ငံတစ်နိုင်ငံရဲ့ Central Bank (ဗဟိုဘဏ်) ကနေ စီးပွားရေးတစ်ခုလုံးကို တည်ငြိမ်မှုရှိစေရန် 💰 ငွေပမာဏ (Money Supply) 📉 အတိုးနှုန်း (Interest Rates) တို့ကို ထိန်းညှိစီမံခန့်ခွဲတဲ့ မူဝါဒကို ဆိုလိုပါတယ်။
🎯 Why is it important? ဒါဆိုဒါကဘာကြောင့် အရေးပါနေရတာပါလဲ။?
အဖြေကတော့ Monetary Policy က Inflation (စျေးနှုန်းမြင့်တက်မှု) ကို ထိန်းချုပ်နိုင်တယ်။ Economic Growth (စီးပွားရေးတိုးတက်မှု) ကို support လုပ်နိုင်တယ်။ Employment (အလုပ်အကိုင်အခွင့်အလမ်း) တွေကိုလည်း သွယ်ဝိုက်သက်ရောက်စေနိုင်ပါတယ်။
💡အလွယ်နည်းနဲ့ ရှင်းပြရရင်တော့
👉 Interest Rate လျှော့တဲ့အခါ → လူတွေ ပိုမိုငွေချေးပြီး သုံးစွဲကြမယ် → Economy ပိုလှုပ်ရှားလာမယ်။
👉 Interest Rate တိုးတဲ့အခါ → သုံးစွဲမှုလျှော့မယ် → Inflation ကို ထိန်းနိုင်မယ်။
📌 ဆိုတော့ Knowledge Insight Monetary Policy ဆိုတာ "ငွေထုတ်နိုင်စွမ်း" တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးသွားလာမှုကို ဦးတည်ညွှန်ကြားပေးနေတဲ့ အရေးပါဆုံး economic tool တစ်ခုဖြစ်ပါတယ်။
📘 Economics ကို deeper နားလည်ပြီး Real-world issues တွေကို analyze လုပ်ချင်သူများအတွက် 🎓 Master of Development Studies (MDevS) Program မှာ ဒီလို knowledge တွေကို theoretical + practical ပေါင်းစပ်ပြီး လေ့လာနိုင်မှာဘဲ ဖြစ်ပါတယ်။

ဘောဂဗေဒဌာန ရန်ကုန်စီးပွါးရေးတက္ကသိုလ်
Master of Development Studies - MDevS Program

15/06/2026

📘 ASEAN Economies and Regional Integration: Knowledge Sharing

ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းအတွင်း
ဒေသတွင်း ပေါင်းစည်းမှု (Regional Integration) ဟာ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် (YUECO) ၏
Master of Development Studies (MDevS) Program အတွင်း သင်ကြားလျက်ရှိသော
“ASEAN Economies and Regional Integration” ဘာသာရပ်ဆိုတာကတော့
အာဆီယံဒေသအတွင်းရှိ စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုများ၊
ကုန်သွယ်ရေးစနစ်များနှင့် နိုင်ငံတကာ ပေါင်းစည်းမှုအယူအဆများကို
နက်ရှိုင်းစွာ နားလည်စေသော အရေးပါသော သင်ခန်းစာတစ်ရပ်ဖြစ်ပါတယ်။

🌏 ASEAN as a Dynamic Economic Region
ASEAN သည် အိမ်နီးချင်းနိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်းတစ်ခုသာမက
ဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှုစနစ်များ၊
ကုန်သွယ်မှုအခွင့်အလမ်းများနှင့် အလုပ်အကိုင်အလားအလာများကို ဖန်တီးပေးနေသော
အရေးပါသည့် စီးပွားရေးမြေပြင်တစ်ခုဖြစ်သည်ကို သိမြင်လာနိုင်မှာဖြစ်ပါတယ်။

📖 From Theory to Practice
ဘာသာရပ်သင်ကြားမှုများတွင်
စာအုပ်ထဲက သီအိုရီဆိုင်ရာအယူအဆများနှင့်အတူ
လက်တွေ့ဖြစ်ပျက်နေသော ကုန်သွယ်ရေးအခြေအနေများ၊
ဒေသတွင်း နိုင်ငံများ၏ မူဝါဒများကို Case Study များဖြင့် ဆက်စပ်လေ့လာစေမှာဖြစ်ပါတယ်။

အထူးသဖြင့်
- Free Trade Agreements (FTA)
- Supply Chain Integration
- Regional Market Dynamics

စသည့်အယူအဆများကို လက်တွေ့အခြေအနေနှင့် ချိတ်ဆက်လေ့လာနိုင်ခြင်းသည်
ကျောင်းသားများ၏ စီးပွားရေးအမြင်များကို ပိုမိုကျယ်ပြန့်စေမှာဖြစ်ပါတယ္။

💼 Practical Applications in the Real World
ဒီဘာသာရပ်မှ ရရှိသောဗဟုသုတများသည်
လုပ်ငန်းခွင်အတွင်း မဟာဗျူဟာရေးဆွဲမှုများတွင် အထောက်အကူဖြစ်စေနိုင်တာဘဲဖြစ်ပါတယ်။

ဥပမာအားဖြင့်
- ASEAN စျေးကွက်များ၏ Consumer Behavior ကို နားလည်ခြင်း
- Tariff Preferences များကို သုံးသပ်နိုင်ခြင်း
- Regional Supply Chains များကို ချိတ်ဆက်စဉ်းစားနိုင်ခြင်း
အားဖြင့် စီးပွားရေးဆုံးဖြတ်ချက်များတွင် ပိုမိုထိရောက်မှု ရရှိစေနိုင်ပါတယ်။

🌐 Digital Economy & Future Trends
ASEAN Region အတွင်း
- E-commerce expansion
- Cross-border digital payments
- Digital transformation

တို့သည် လျင်မြန်စွာ အားကောင်းလာနေပြီး
ဒေသတွင်း စီးပွားရေးပုံစံများကို ပြောင်းလဲလျက်ရှိပါတယ်။

ဒီလိုခေတ်ရေစီးကြောင်းများကို နားလည်ခြင်းအားဖြင့်
အနာဂတ်အတွက် လုပ်ငန်းမဟာဗျူဟာများကို ကြိုတင် စီစဉ်နိုင်မှာဖြစ်ပါတယ်။

🎓 A Valuable Academic Foundation
“ASEAN Economies and Regional Integration” သည်
ကျောင်သားတွေကို စာပေပိုင်း အတွေးအမြင်များကို သာမက
လက်တွေ့စီးပွားရေးလောကအတွက် အသုံးဝင်သော
Strategic Thinking နှင့် Global Perspective များကို ပေးစွမ်းနိုင်သော
အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင်မို့ 🎓 Master of Development Studies (MDevS) Program သည်
ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် မဟာဗျူဟာမြောက်အတွေးအခေါ်များကို
စနစ်တကျ ပေါင်းစပ်ပေးနေသည့် အကောင်းဆုံး Programe တစ်ခုဘဲဖြစ်ပါတယ်။

👉 စိတ်ကူးနှင့် အလားအလာများကို အကောင်အထည်ဖော်လိုသူများ
👉 ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အမြင်များဖြင့် ရှေ့ဆောင်ဖြစ်လိုသူ ညီအစ်ကိုမောင်နှမများ အနေဖြင့်
MDevS Program ကို ဝင်ရောက်လျောက်ထားကြဖို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။

ဘောဂဗေဒဌာန ရန်ကုန်စီးပွါးရေးတက္ကသိုလ်
Master of Development Studies - MDevS Program

13/06/2026

🕊️ ဝမ်းနည်းကြောင်း အသိပေးကြော်ငြာခြင်း 🕊️

ချစ်ခင်ရသော ကျောင်းသား မောင်စောကျော်လင်း (EMDevS 20th Batch) ၏ ခရစ်တော်တွင် အိပ်ပျော်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။

မောင်စောကျော်လင်းသည် ကြိုးစားသင်ယူတတ်သူ၊ ယဉ်ကျေးလိမ္မာပြီး ပတ်ဝန်းကျင်ရှိသူများအား လေးစားချစ်ခင်တတ်သော
ကျောင်းသားကောင်းတစ်ဦးဖြစ်ခဲ့ပါသည်။

ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရင်း၊
ဘုရားသခင်၏ နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းများ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Rest in Peace, Mg Saw Kyaw Lin 🕊️

🕊️ In Loving Memory 🕊️

We are deeply saddened by the passing of our beloved student, Mg Saw Kyaw Lin (EMDevS 20th Batch).

Saw Kyaw Lin was a hardworking, respectful, and kind-hearted student who was loved by those around him. His gentle nature, positive attitude, and warm presence will always be remembered by his friends, teachers, and classmates.

We are deeply sorry for this loss and extend our heartfelt condolences to his family and loved ones. We pray that God will give them comfort, strength, and peace during this difficult time. May they feel His love and care as they go through this time of sadness.

May the Lord receive Saw Kyaw Lin into his eternal kingdom and grant him everlasting rest. May God’s grace be with all who grieve his passing.

"For we know that if the earthly tent we live in is destroyed, we have a building from God, an eternal house in heaven, not built by human hands."2 Corinthians 5:1

Rest in Peace, Mg Saw Kyaw Lin. You will always remain in our hearts.🖤

ဘောဂဗေဒဌာန ရန်ကုန်စီးပွါးရေးတက္ကသိုလ်
Master of Development Studies - MDevS Program

12/06/2026

စီးပွားရေးစနစ်တစ်ခု တည်ငြိမ်စွာ လည်ပတ်နိုင်ဖို့
ငွေကြေးပမာဏနဲ့ အတိုးနှုန်းတွေကို ထိန်းညှိပေးတဲ့ အရေးကြီးတဲ့ မူဝါဒတစ်ခု ရှိပါတယ်။
အဆိုပါ မူဝါဒဟာနိုင်ငံတစ်နိုင်ငံရဲ့ Central Bank ကနေ စီးပွားရေးကို ထိန်းညှိဖို့ အသုံးပြုတဲ့
👉 “Monetary Policy” ဆိုတာ ဘာဖြစ်ပါသလဲ?

အဖြေမှန်လေးကို Comment မှာဖြေသွားပေးပါအုံး MDevS, EMDevS ဘွဲ့ရ၊တက်ရောက်ဆဲနဲ့ တက်ရောက်ဖို့စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမတို့ရေ။

11/06/2026

အားလုံးပဲ မင်္ဂလာပါ။ လက်ရှိလုပ်နေတဲ့ အလုပ်မှာ အတွေ့အကြုံတွေတော့ ရှိပါရဲ့... ဒါပေမဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးကို ခြုံငုံသုံးသပ်နိုင်တဲ့အမြင် (Big Picture) ရှိဖို့လိုနေပြီလား? 🤔
ကိုယ့်ရဲ့ ကဏ္ဍအလိုက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သာမန်ဝန်ထမ်းတစ်ယောက်လို Routine ဖြေရှင်းတာမျိုး မဟုတ်ဘဲ၊ ပြဿနာရဲ့ တကယ့်အရင်းအမြစ်ကို မဟာဗျူဟာမြောက် မြင်တတ်လာဖို့ဆိုရင်(ပြောရရင် Professional ဆန်ဆန် ဖြေရှင်းပေးနိုင်ဖို့ဆိုရင်)... သင့်ရဲ့ အတွေးအခေါ်တွေကို ပုံဖော်ပေးမယ့် Master of Development Studies (MDevS) လို့ခေါ်တဲ့ ဖွံဖြိုးရေးပညာမဟာဘွဲ့က လိုအပ်တာဘဲဖြစ်ပါတယ်။

ဒီ Program ဟာ သင့်ကို စာအုပ်ထဲကအကြောင်းအရာတွေ သီအိုရီတွေဘဲ သင်ပြပေးမှာမဟုတ်ဘဲ၊ လက်ရှိမှာ သင်ရှိနေတဲ့ နယ်ပယ်အသီးသီးအတွက် အလိုအပ်ဆုံးသော "တွေးခေါ်‌ေမြှာ်မြင်မှုပုံစံ (Mindsets)" တွေကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🌍 UN, INGO & NGO ဝန်ထမ်းများအတွက် “ကမ္ဘာ့အမြင်နှင့် ဒေသတွင်း ပကတိအရှိတရားကို ချိတ်ဆက်နိုင်စွမ်း"
Field ထဲမှာ Project တွေ ဘယ်လောက်ပဲ လုပ်ခဲ့ဖူးပါစေ... "ဒီ Project က လူထုအတွက် တကယ်ပဲ ရေရှည်အကျိုးရှိရဲ့လား" ဆိုတာကို ဆန်းစစ်ဖို့ တွေးခေါ်မှုအပိုင်း လိုအပ်လာတတ်ပါတယ်။ MDevS ဟာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးစံနှုန်း (SDGs) တွေနဲ့ မိမိမြေပြင်က ပကတိအခြေအနေကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ရေရှည်တည်တံ့မယ့် စီမံကိန်းတွေကို ရေးဆွဲ၊ ဆုံးဖြတ်၊ အကဲဖြတ်နိုင်မယ့် "မဟာဗျူဟာမြောက် အမြင် (Strategic Vision)" ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
🏢 Private Sector (ပုဂ္ဂလိကကော်ပိုရိတ်များ) အတွက် "ရေရှည်တည်တံ့မယ့် စီးပွားရေးအတွေးအခေါ် (Sustainability Mindset)"
ယနေ့ခေတ် စီးပွားရေးလောကဟာ အမြတ်အစွန်း (Profit) တစ်ခုတည်းကိုပဲ ကြည့်လို့ မရတော့ဘူးဆိုတာ အားလုံးသိရှိနာလည်းပြီးဖြစ်ကြမှာပါ။ "လူထုနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ စီးပွားရေးကို ဘယ်လိုရေရှည် သယ်ဆောင်မလဲ" ဆိုတဲ့ ကမ္ဘာ့အဆင့်မီ ESG (Environmental, Social, and Governance) အတွေးအခေါ်တွေ လိုအပ်လာပါတယ်။ MDevS က သင့်ကို လုပ်ငန်းစုကြီးတွေမှာ အမြတ်အစွန်းနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အချိုးကျကျ ပေါင်းစပ်ပေးနိုင်မယ့် "ခေတ်ရှေ့ပြေး စီးပွားရေးသမားတစ်ဦးရဲ့ အမြင်" ကို ပျိုးထောင်ပေးမှာပါ။
🏛️ Public & Cooperative Sectors အတွက် "လူထုဗဟိုပြု မူဝါဒရေးရာအမြင် (People-Centered Policy Mindset)"
မိမိဒေသ သို့မဟုတ် မိမိအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါ "ဘယ်သူ့ကိုမှ ချန်မထားခဲ့ဘဲ အားလုံး အကျုံးဝင်စေမယ့်" အတွေးအခေါ်မျိုး လိုအပ်ပါတယ်။ MDevS ဟာ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို တကယ်မြှင့်တင်ပေးနိုင်မယ့် မျှတတဲ့ မူဝါဒတွေ၊ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွေကို စနစ်တကျ ဖန်တီးတွေးခေါ်တတ်မယ့် "မူဝါဒရေးရာ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အမြင်" ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
✨ သင့်အတွက် MDevS က ပေးမယ့် တကယ့် Value က ဘာလဲ?
• ခြုံငုံသုံးသပ်ပြီးတော့ မြင်နိုင်စွမ်း (Macro View): ပြဿနာတစ်ခုကို ဒေသတွင်းအဆင့်တင်မကဘဲ နိုင်ငံတကာ ဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့ပါ ချိတ်ဆက်တွေးတောတတ်လာမယ်။
• ခိုင်မာတဲ့ Networking အသိုက်အဝန်း: နယ်ပယ်စုံက စိတ်တူကိုယ်တူ ပညာရှင်တွေနဲ့ ဆွေးနွေးရင်း၊ အတွေးအခေါ်ချင်း ဖလှယ်ရင်း ကိုယ့်ရဲ့ အတွေးအမြင် Horizon ကို ပိုမိုကျယ်ပြန့်လာစေမယ်။
• နိုင်ငံတကာသို့ လှေကားထစ်: ပြည်ပနိုင်ငံတွေ (ဥပမာ- ထိုင်းနိုင်ငံ သို့မဟုတ် ဥရောပနိုင်ငံတွေ) က ဖွံ့ဖြိုးရေးလုပ်ငန်းခွင်တွေမှာ ရင်ဘတ်ချင်းတူတူ ရင်ဘောင်တန်း ဝင်ဆံ့နိုင်မယ့် အသိအမှတ်ပြုမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
“Experience” တွေက သင့်ကို လုပ်ငန်းကျွမ်းကျင်စေပေမဲ့၊ "စနစ်တကျ လေ့ကျင့်ထားတဲ့ အတွေးအခေါ် (A structured mindset) " ကသာ သင့်ကို အနာဂတ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေမှာပါ။
သင့်ရဲ့ Career အမြင်ကို Next Level သို့ မြှင့်တင်ရန်... Master of Development Studies (MDevS) အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

04/06/2026

“Future Leaders are not born, they are trained.”

ဒီစကားလေးတစ်ခွန်းကို လူတိုင်းရင်းရင်းနှီးနှီးကြားဖူးကြမှာပါ။
နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာနဲ့ အနာဂတ်အခန်းကဏ္ဍကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အလမ်းဟာ အခြားအရာတွေထဲမှာမရှိပါဘူး။ ကျွန်တော်တို့ လူငယ်တွေရဲ့ ရင်ဘတ်ထဲက အိပ်မက်တွေ၊ သူတို့ရဲ့ လက်တွေထဲက လုပ်ဆောင်နိုင်စွမ်းတွေထဲမှာပဲ ရှိပါတယ်။
ခေါင်းဆောင်မှု (Leadership) ဆိုတာ မွေးရာပါ ပါလာတဲ့ အရည်အချင်း သက်သက် မဟုတ်ပါဘူး။ အနာဂတ်ကို ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ စနစ်တကျ လေ့ကျင့်ပျိုးထောင်ယူရတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ စိတ်ကူးစိတ်သန်းတစ်ခုတည်းနဲ့ ရှေ့ဆက်ဖို့က ဘယ်လိုမှ မလုံလောက်တော့ပါဘူး။
Knowledge (ဗဟုသုတ): ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ်ဘဲ ပြဿနာတွေရဲ့ အရင်းအမြစ်ကို နားလည်နိုင်စွမ်း။
Skills (ကျွမ်းကျင်မှု): အချက်အလက် တွေကို မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ပြီး လက်တွေ့ကျတဲ့ မူဝါဒတွေ ချမှတ်နိုင်စွမ်း။
Training (လေ့ကျင့်မှု): ဘယ်လိုအကျပ်အတည်းမျိုးမှာမဆို တည်ငြိမ်စွာနဲ့ အဖြေရှာပေးနိုင်မယ့် အလေ့အကျင့်။
ဒီအရည်အချင်း သုံးခု ပေါင်းစပ်လိုက်တဲ့အခါမှသာ စစ်မှန်ပြီးတော့ တာဝန်ယူမှုအပြည့်ရှိတဲ့ ခေါင်းဆောင်မှုတစ်ခု စတင်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Master of Development Studies (MDevS) Program ဟာ စာအုပ်ထဲက သီအိုရီတွေကို သင်ကြားပေးရုံသက်သက် မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့မယ့် မူဝါဒရေးဆွဲရေးနဲ့ လက်တွေ့ရင်ဆိုင်‌‌ေနရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် "အနာဂတ်ခေါင်းဆောင်လောင်း" တွေကို စနစ်တကျ သွန်းလုပ်ပေးနေတဲ့ နေရာတစ်ခုဘဲ ဖြစ်ပါတယ်။ Master of Development Studies Programme တွေထဲကနေ ရရှိလာမယ့် စဉ်းစားတွေးခေါ်မှုတွေဟာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့ လမ်းပြကြယ်တွေ ဖြစ်လာမှာ သေချာပါတယ်။
MDevS, EMDevS ကိုတက်ရောက်ကြမယ့် မိတ်ဆွေ ညီအစ်ကို မောင်နှမ တို့အနေနဲ့
လူသားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အာဏာဆိုတာ ရာထူးအဆင့်အတန်းထဲမှာ မရှိပါဘူး။ သင်ယူလိုစိတ်၊ ပြောင်းလဲလိုစိတ်နဲ့ တာဝန်ယူရဲတဲ့ သင့်ရဲ့ ဆုံးဖြတ်ချက်ထဲမှာပဲ ရှိပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကို ဘယ်သူက ဦး‌ေဆာင်မလဲ ဆိုပြီး ထိုင်စောင့်မနေပါနဲ့။ သင်ကိုယ်တိုင်ပဲ ထရပ်ပြီး အဲဒီအနာဂတ်ကို ဦးဆောင်လိုက်ပါ။
သမိုင်းဆိုတာ စောင့်ကြည့်သူတွေအတွက် မဟုတ်ပါဘူး။ သမိုင်းဆိုတာ ရဲရဲဝံ့ဝံ့နဲ့ ဝင်ရောက်ပုံဖော်သူတွေအတွက်သာ ဖြစ်ပါတယ်။
ယနေ့ သင်ယူလေ့ကျင့်လိုက်တဲ့ သင့်ရဲ့ ခြေလှမ်းတိုင်းဟာ မနက်ဖြန် တိုင်းပြည်ကို ကယ်တင်မယ့် အင်အားစုတွေ ဖြစ်လာပါလိမ့်မယ်။ မိမိကိုယ်ကို ယုံကြည်ပါ၊ စနစ်တကျ ပြင်ဆင်ပါ၊ ပြီးရင်... ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်လိုက်ပါ။

Master of Development Studies - MDevS Program

Telephone

Address


Corner Of Pyay Road And Inya Road
Kamayut
-