GT.Golden Triangle

GT.Golden Triangle

Share

သတင်းအမှန်များကိုသာတင်ပေးသည်။

16/11/2023
16/11/2023

ငါတို့ဟာ ရှမ်းမြောက်မှာ နိုင်ငံတော်ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်တွေကိုထမ်းဆောင်နေကြတာဖြစ်တယ် ။ စစ်ပွဲတွေကြားမှာ ကျည်ဆန်တွေနဲ့ ဘယ်လောက်ပဲအသက်လုနေရပါစေ ပြည်သူတွေနဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို အဆုံးထိ အသက်ပေးကာကွယ်သွားမယ်။
နောက်ဆုံးအချိန်အထိ လက်မမြှောက် ဒူးမထောက်ဘဲ အဆုံးအထိတိုက်ပွဲ ဝင်မယ်။
တရားသောစစ် ………အောင်ကိုအောင်ရမည်

Photos from GT.Golden Triangle's post 16/11/2023

သို့
လေးစားရပါသော နိုင်ငံတကာသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများရှင့်
ကျွန်မ လွိုင်ကော်တက္ကသိုလ်က နည်းပြဆရာမတစ်ယောက်အနေနဲ့ ဝမ်းနည်းစွာပဲ ဒီစာကိုရေးသား လိုက်ပါတယ်။ ကျွန်မတို့ လွိုင်ကော်တက္ကသိုလ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ KNPP နဲ့ KNDF အဖွဲ့တွေက ဒရော့ဗုံးတွေချပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က ကျွန်မတို့ ပညာရေးဝန်ထမ်းတွေကို လာရောက်ကယ်ထုတ်ပေမယ့်လည်း ဟိုဘက်အဖွဲ့က အင်အား အဆမတန်များနေတာကြောင့် အချိန်မမီတော့ဘဲ KNPP နဲ့ KNDF တွေက ကျွန်မတို့ ပညာရေးဝန်ထမ်းတစ်ချို့ကို ရက်ရက်စက်စက် သ-တ်ဖြတ်ခဲ့ပြီး၊ ဆရာ/ ဆရာမ ၃၆ ဦးနဲ့ မိသားစုတွေကို ဖမ်းဆီးခေါ်ဆောင်သွား ကြပါတယ်။ စစ်တပ်ဘက်က သေဆုံးသူ တွေလည်းရှိပါတယ်။ တက္ကသိုလ်ပါချုပ်ကြီးလည်း အ-သ-တ်ခံရတယ်ကြားပြီး သေလား၊ ရှင်လား မသိရသေးပါ။ ကျန်ရှိ တဲ့ဆရာ/ ဆရာမတွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်နေရပါတယ်။ ကျွန်မနဲ့ ဝန်ထမ်း ၂ ဦး သာကျောင်းရဲ့ အနောက်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်ပြီး ကံကောင်း ထောက်မစွာ ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
*
ကျွန်မတို့ ပညာရေးဝန်ထမ်းတွေဆိုတာ နိုင်ငံရေးတွေကို သေချာနားမလည်ပါဘူး။ ဘယ်အစိုးရတက်တက် ကျောင်းသားတွေကို စာသင်ပေးရမယ့် တာဝန်ရှိတယ်လို့ပဲ ခံယူထားကြတာဖြစ်ပါတယ်။ ဒါကို CDM မလုပ်လို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ KNPP နဲ့ KNDF တွေက သ-တ်ဖြတ်ခဲ့ကြပါတယ်။ ဒါကို ကျွန်မအနေနဲ့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ကျွန်မသိထားသလောက် ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို အကြမ်းဖက်တိုက်ခိုက်တာ ကုလသမဂ္ဂအပါအဝင် ဘယ်နိုင်ငံကမှ လက်မခံဘူး၊ ဥပဒေတွေနဲ့ ကာကွယ်ထားတယ်လို့ သိထားတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာ ဒီလို ပညာရေးကဏ္ဍအကြမ်းဖက်ခံနေရတာကို ဝင်ရောက် တားဆီးပေးခြင်းမရှိ၊ ထုတ်ပြန်ချက် လေးတစ်စောင်တောင် ထုတ်ပြန်မပေး တာကို တွေ့ရတော့ ကျွန်မနေနဲ့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ စစ်တပ်ကို မကြိုက်တာ တစ်ခုနဲ့ ပညာရေးကဏ္ဍကို အကြမ်းဖက်နေတာကို မသိချင်ယောင် ဆောင်နေကြတာက မဖြစ်သင့်ဘူးလို့ပဲထင်ပါတယ်။ ဒီလိုအကြမ်းဖက်သမားတွေ နိုင်သွားခဲ့ရင်တောင် မြန်မာနိုင်ငံအတွက် မတွေးရဲစရာပါပဲ။
*
ယခုလည်း KNPP နဲ့ KNDF အဖွဲ့တွေက လွိုင်ကော်တက္ကသိုလ် ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ မိသားစုတွေကို သူတို့ကယ်ထုတ်သွားကြ သယောင် လိုင်းပေါ်မှာ ပြောနေကြပေမယ့် လိမ်ပြောနေကြတာဖြစ်ပါတယ်။ အမှန်တော့ သူတို့သတ်ဖြတ်ခဲ့ ကြတာပါ။ စာမှာ အပြစ်မဲ့အရပ်သား ပညာရေးဝန်ထမ်း တစ်ဦးကို သတ်ဖြတ်ပြီး အောင်ပွဲခံနေတဲ့ KNDF တစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကို ထည့်ပေးလိုက်ပါတယ်။
*
မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍကို အကြမ်းဖက်ခံနေရာတာကို နိုင်ငံတကာက လျစ်လျူမရှုကြဖို့ ဒီစာကနေတစ်ဆင့် မေတ္တာရပ်ခံလိုက်ရပါတယ်။

16/11/2023

ငါတို့ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေကို
သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေကြတဲ့ စစ်သားတွေဖြစ်တယ်

စစ်ပွဲတွေကြားမှာ ဘယ်လောက်ပဲ ကျည်ဆံတွေနဲ့ အသက်လုနေရပါစေ
တိုင်းရင်းသား ပြည်သူတွေ၊ ကိုယ့်တပ်ဖွဲ့ဝင် မိသားစုတွေ၊ ကလေးတွေနဲ့ ရဲမေတွေကို အသက်နဲ့ရင်းပြီး ကာကွယ်မယ်

နောက်ဆုံးထွက်သက်အထိ ဒူမထောက် လက်မမြှောက်ဘဲ
အဆုံးထိ တိုက်ပွဲဝင်မယ်
ရှေ့တန်းစစ်မြေပြင်မှ တိုက်ပွဲဝင်စစ်သည်တစ်ဦး

တရားသောစစ် အောင်ရမည် ...

တရားသောစစ်အောင်ရမည်...

တရားသောစစ်အောင်ရမည်...
🇲🇲🇲🇲🇲🇲
💛💚❤️

16/11/2023

တစ်မှုန့်မြေစာ
တစ်လွှာပန်းခြောက်
တစ်ပေါက်ရေစက်
ငါတို့လက်မှ
ရန်သူရသော်
ငါတို့သမိုင်း ရိုင်းတော့မည်....

တရားသောစစ် အောင်ရမည် ...

တရားသောစစ်အောင်ရမည်...

တရားသောစစ်အောင်ရမည်...
🇲🇲🇲🇲🇲🇲
💛💚❤️

15/11/2023

Credit by Original

( မြန်မာ့တပ်မတော်မှာ နည်ပညာပိုင်းနဲ့ကတ်သက်ပြီး ရုရှားပြန်တွေအများကြီးရှိပြီး နည်းပညာအတွက်အားမပေးခဲ့တာ
ရင်းနီးမြုတ်နှံမူ အားနည်းတာ လုပ်ပိုင်ခွင့်မပေးတာ လက်အောက်ကိုယုံကြည်မူမရှိတာ စစ်ပွဲအနာဂတ်ကို နည်းပညာရှုဒေါင့်ကကြည့်ရှု့မူအားနည်းခဲ့တာ ကြိုတင်ပြင်ဆင်မူမလုပ်နိုင်ခဲ့တာတွေ နိုင်ငံခြားမှာ ပညာတော်သင်စေလွှတ်ပြီး နိုင်ငံဘဏ်ဌာ ဖြုန်းတီးနေတာနဲ့အတူတူဘဲ သူတို့သင်လာတဲ့ ပညာတွေအတွက် ပြန်လည်အသုံးပြုဖို့ badget သီးသန့်
ချပေးပြီးလွတ်လွတ်လပ်ပ်လပ် လုပ်ကိုင်ဖို့အားပေးသင့်နေပြီ
မဖြစ်မနေကိုလုပ်ဖို့လို့အပ်နေပြီ မဟုတ်ရင် Msc ရတဲ့တပ်ရင်းမှူးဖြစ်ဖြစ် PhD ရတဲ့ ဗျူဟာမှူးနဲ့ဘဲ စစ်တိုက်တိုက်
ရင်းနှီးမြုပ်နှံမူက အလကားပါဘဲ ဒါက ကိုယ်တိုင်ရေးတာ)

သိန္နီမြို့၊ကျူကုတ်ပန်ဆိုင်းစခန်း၊ဖောင်းဆိုင်စခန်းတိုက်ခိုက်မှုများကို ဒေသခံများသို့ မေးမြန်းစုံစမ်းရေးသားခြင်းဖြစ်ပါတယ်

နည်းပညာတွေမြင့်လာတယ်
တန်ဖိုးလည်း အများကြီး မကုန်ဘူး
အင်အား၁၅၀မှ၂၀၀ထိ ဒရုန်းအစီး၅၀၊ဒရုန်းဗုံးသီး၂၀၀-၅၀၀၊ဖီုးဝီးကား၂၀/၃၀ပါတယ်
နေရာတစ်ခုကို လုပ်တော့မယ်ဆိုရင်-
၁၀မိုင်၁၅မိုင်လောက်မှာအင်အား၁၀၀မှ၂၀၀ထိရောက်လာပြီးအထိုင်ချတယ်(ရှေ့တန်းစုရပ်ခေါ်မလား)
လုပ်မယ်နေရာကို လူ၂၀/၃၀၊ဒရုန်း၅စီးနဲ့လွှတ်လိုက်ပြီး၁စီးကကင်းထောက်၄စီးက ဒရုန်းဗုံးချ
Dataတွေယူတယ်။
ရယူခဲ့တဲ့Dataတွေကို အစီး၅၀ထဲ ရိုက်ထည့်ပြီးတာနဲ့ညဦးပိုင်းကနေ စပြီး ၁၀စီးတစ်သုတ်၅သုတ်ဖွဲ့ပြီး တညလုံး ဒရုန်းဗုံးချတော့တာပဲ။၁စီးကို၂လုံးနှုန်း(သို့မဟုတ်)၄လုံးနှုန်းနဲ့၅သုတ်၁ခေါက်အလုံး၁၀၀မှ၂၀၀အထိ၂ခေါက်ဆိုအလုံး၂၀၀မှ၄၀၀အထိချတော့တာပဲ။
ထည့်ထားတဲ့dataအရ ကိုင်တွယ်ထိန်းကျောင်းစရာ မလိုသလို ချချင်တဲ့နေရာ ဧရိယာထဲကျတယ် နေရာမလွှဲဘူး။ အသွားအပြန် ပြန်ရောက်တာနဲ့ နောက်တခေါက်ရှိရင် ဒရုန်းဗုံးချိတ်ပေးဖို့ပဲ လူကလုပ်ပေးရတယ်။အလုံး၁၀၀ကတော့ အနည်းဆုံးအသုံးပြုတယ်တဲ့။
နှစ်ချို့အပင်ကြီးများ၊နှစ်ရှည်အပင်ကြီးများ၊ခေါင်ကတုတ်ကောင်းကောင်းရှိတဲ့နေရာတွေက ခံရတာသက်သာမယ်။
ဒရုန်းအစီး၅၀ကို၁၀စီးစီ အသုတ်လိုက်လွှတ်တင်နေချိန်မှာ ဆက်သွယ်မှုစနစ်အားလုံး(UHF,VHF,Phoneစနစ်အားလုံး)ဖြတ်ထားတယ်။ဒရုန်းတွေကတော့ အလုပ်လုပ်တယ်။(ထူးခြားဆန်းပြားအဆင့်မြင့်တဲ့စနစ်ပဲ)
ဒရုန်းဗုံးအနည်းဆုံးအလုံး၁၀၀ချခံရပြီး ဆက်သွယ်မှုစနစ်အားလုံးဖြတ်ခံရတဲ့နေရာက စိတ်ခြောက်ခြားမခံနိုင်ဖြစ်ပြီး ဆင်းပြေးပြီဆိုမှာလူ၁၀၀လောက်လွှတ်ပြီး တတ်သိမ်းတယ်။ဓာတ်ပုံရိုက်တယ်။မဖျက်ဆီးနိုင်ပဲ အကောင်းအတိုင်းကျန်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကို သယ်ပြီး နေရာရွေ့တော့တယ်။
စခန်းသိမ်းဖို့လူ၁၀၀လွှတ်လိုက်ချိန်မှာ ဖြတ်တောက်ထားတဲ့ဆက်သွယ်ရေးလိုင်းတွေ ဆက်မဖြတ်တော့ဘူး ပြန်ဖွင့်ထားတယ်။ကိုယ့်ဆီကလူတွေက ဆင်းပြေးသွားလို့ ဘာအဆက်အသွယ်မှ မရတော့ဘူး။
နေရာ၃နေရာမှ၅နေရာထိ တပြိုင်တည်းလုပ်နိုင်တယ်။လူ၆၀၀မှ၁၀၀၀ထက် မပိုဘူး။
‌တနေရာကို တတ်သိမ်းလည်း၁၀၀ထက်မများဘူး။ဒရုန်းကနေ ကြည့်နေတာဖြစ်တဲ့အတွတ် စခန်းအထဲမှာ လူ ရှိသေးလား မရှိတော့ဘူးလား အားလုံး မြင်တွေ့နေရတယ်။
ညဖက်ကို လုပ်ရတဲ့ အကြောင်းရင်းကတော့
မိမိရဲ့လေကြောင်းရန်ကို စိုးရိမ်ကြောက်ရွံတာရော၊မြေပြင်ကနေ ခုခံပစ်ခတ်တဲ့နေရာကို ထွက်လာတဲ့မီးပွင့်အရ မြင်လွယ်တွေ့လွယ်တာလည်းပါမယ်ထင်တယ်။

မိမိကို လာလုပ်မှပဲ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ယုံပဲ ပြန်လုပ်ပါဆိုတာက အချိန်မမီတော့ဘူး။လက်နက်ခဲယမ်းတွေ ဖျက်ဆီးဖို့ အချိန်မရတော့ပဲ အကောင်းအတိုင်း ချန်ထားခဲ့ရတော့တယ်။

ခံစစ်ရည်ရွယ်ချက်အရ
နှောင့်နှေး-ရပ်တန့်-ချေမှုန်းနိုင်ရန်အတွတ် မိမိအား တိုက်ခိုက်‌ရန်လာသောရန်သူကို (၁၀)မိုင်ခန့်အကွာတွင်စတင်စုဖွဲ့နေရာများအား ခံစစ်ပစ်အဝေးဖြင့် ပစ်ခတ်နိုင်မှသာ ရန်သူအစီအစဉ်ကို နှောင့်နှေး ရပ်တန့်နိုင်မည်ဖြစ်ပါမည်။
(နို၅ရက်က တင်ထားတာကို ထပ်မံဖြည့်စွက် တင်ပါသည်)
မုံးကိုးစခန်းကိုတော့ တစ်ယောက်မှ မဝင်ရဲကြဘူးတဲ့ လေယာဉ်နဲ့လာတွယ်စဉ် မိသွားမှာကြောက်လို့ အနီးအနားရပ်ကွက်ကရွာသားတွေကိုပဲ တတ်ကြည့်ခိုင်းပြီး ဓာတ်ပုံရိုက်ပေးရတယ်လို့ ကြားသိရပါတယ်။ဖောင်းဆိုင်စခန်းထဲဓာတ်ပုံရိုက်ပစွည်းများသိမ်းဆီးစဉ် လေယာဉ်လာပစ်လို့ ခဲယမ်းတိုက်၂လုံးထိမှန်ပေါက်ကွဲပြီး၁၀၀ခန့် ဂန့်သွားလို့ စိုးရိမ်ကြောက်လန့်သွားတာဖြစ်မယ်။

*****
(နောက်ဆုံးအချိန်ထိ တောင့်ခံ သွားပါတယ်။ ဗျူဟာ ထွက်ခွာနိူင်ဖို့ အချိန် ရအောင် ဟန့်စစ် ဆင်နိူင်ခဲ့ပါတယ်။ နောက်ဆုံးည ထိ ပြောသွားတယ်။ အကိုကြိး ကျနော် တို့ ‌လို လူတွေ အတွက် ခြေလျင် ကို အဆင့်မြှင့်ပေးပါ။ ကျနော် တို့ အငယ်တွေ ရဲရင့်ပါတယ်တဲ့။ ယူကရိန်းရဲ့ ဒရုန်းတောင် ရုရှား မခံနိူင်ခဲ့တာ ။ပြင်ဆင်လိုက်မှ ဒရုန်း ရန်အေးသွားတာပါတဲ့။နေ့ရော ညရော ဒရုန်း နဲ့ လာချတာပါ။ ကျနော်တို့ရဲ့ အငယ်တွေ ရဲ ရင့်ကြပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အတွေးလောက် နဲ့ စစ်တိုက်လို့ မရပါဘူး။ နည်းပညာ ကို မှီငြမ်းမှ ရပါမယ်။

ထို ညီငယ်က နည်းပညာ ပိုင်းကျွမ်းကျင်သူပါ။ အထူးတပ်ဖွဲ့ ကို ဒီဇိုင်း ဆွဲပေး အကြံဉာဏ် ပေးခဲ့တဲ့ ညီလေးပါ။

စစ်သား ဆ်ုတာ ဘယ်ခေတ် စစ်သား ဖြစ်ဖြစ် ရဲရင့်ကြပါတယ်။ အကြီးတွေ က ထောက်ပံ့ပေးဖို့ ။ ခေါင်းခံ ပေးဖို့ပဲ လိုပါတယ်။ ရာထူး ဆိုတာ စစ်ပွဲ မှာ အသုံးမဝင်ပါဘူး။ စစ်သားစိတ် သာ အသုံးဝင်ပါတယ်။
********(စွန့်လွတ်စွန့်စားစွာတိုက်ပွဲဝင်သွားတဲ့ညီလေးတစ်ယောက်ရဲ့ခံစားချက်ပါ)***** ***

Photos from GT.Golden Triangle's post 15/11/2023

ခွေးက လူစကားပြောခြင်း
ခွေးသစ်မီဒီညာကပြောတယ် လွိုင်ကော်တက္ကသိုလ်က ဆရာ/ဆရာမ ၁၃၄ ဦးကို ကယားပဒက်တွေက ကယ်ထုတ်ပေးခဲ့တယ်တဲ့။ (ပုံ-၁)
-
သိပ်မကြာဘူး Non CDM တွေ ဖြစ်တဲ့အတွက် အသက်ကို အာမမခံဘူးတဲ့။ (ပုံ-၂)
-
ဟော .. မကြာပါဘူး ပက်ထရစ်ဂျွန်ဆိုတဲ့ ကယားပဒက် တစ်ကောင်က Non-CDM တွေကို ဒီဆေးလေးတွေ ကျွေးမှာပါဆိုပြီး အစဖျောက်ဖို့ ပြောတယ်။ (ပုံ-၃/၄)
-
အဲဒီတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ ဆရာ/ဆရာမလေးတွေ ဘေးရန်ကင်းကြပါစေ။။။

Photos from GT.Golden Triangle's post 15/11/2023

TNLA ကြောင့်ပျက်စီးနေရတဲ့ ရှမ်းပြည်နယ်
ရှမ်းလူမျိုးအများစုက စီးပွားရှာနိုင်ပြီး အေးဆေးစွာနေထိုင်တတ်တဲ့ လူမျိုးတွေပါ။ ငွေကြေးလည်း ချမ်းသာကြတယ်။ မွန်လူမျိုးပြီးရင် ရှမ်းလူမျိုးတွေက ဘာသာတရားလည်း အကိုင်းရှိုင်းဆုံးပဲ။ ဒါကြောင့် ရှမ်းလူမျိုးအများဆုံးနေထိုင်တဲ့ မြို့/ရွာတွေဟာ ဗြောစည်သံတညံညံနဲ့ ကြီးပွားတိုးတက်ကြတယ်။
-
အဲ့လိုစည်ကားတဲ့ ရှမ်းမြို့/ရွာလေးတွေဟာ ဘာမဟုတ်တဲ့ TNLA ကြောင့် ပျက်စီးခဲ့ကြရတယ်။ TNLA မှာ ပလောင်တွေ အများဆုံးဖြစ်ပါတယ်။ ယခင်က KIA ကို ဩဇာခံခဲ့သလို ယခုတော့ ဝ ရဲ့ထောက်ပံ့မှုတွေကိုယူပြီး စစ်ကိုင်းတိုင်းက ဗမာ PDF တွေနဲ့ပူးပေါင်းခဲ့လို့ အင်အားကြီးထွားပြီး ရှမ်းတွေနေတဲ့ဒေသတွေမှာ အဖျက်လုပ်ငန်းတွေ လုပ်ကိုင်လာကြတယ်။
-
အေးဆေးစွာနေထိုင်တတ်ပြီး ကြီးပွားချမ်းသာကြတဲ့ ရှမ်းလူမျိုးတွေက TNLA ကို မကျေမနပ် ဖြစ်နေကြတယ်။ ရှမ်းမှာလည်း RCSS/SSA နဲ့ SSPP/SSA (ဝမ်ဟိုင်း) ဆိုတဲ့ လက်နက်ကိုင် ၂ ဖွဲ့ရှိတယ်။ သူတို့ ၂ ဖွဲ့ကလည်း အချင်းချင်းမတည့်တော့ ရှမ်းတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ရှမ်းလူမျိုးတွေဟာ TNLA ပြုသမျှကို နုနေကြရတယ်၊ လက်ပိုက်ကြည့် နေကြရပါတယ်။
-
ပြောချင်တာက တပ်မတော်အနေနဲ့ ရှမ်းလူမျိုးတွေအတွက် TNLA ဌာနချုပ်တွေကို မြေလှန်သင့်ပြီ ဆိုတဲ့ အကြောင်းကိုပါ။ RC တို့၊ ဝမ်ဟိုင်းတို့ကလည်း တပ်နဲ့ ပူးပေါင်းကြဖို့တော့လိုတာပေါ့။။။

14/11/2023

Crd

14/11/2023

129 ဖြစ်စဉ်အမှန်က
ခလရ(၁၂၉)ဌနခက ဒကစ(လောက်ကိုင်)ကွပ်ကဲမှုအောက် ဖြစ်ပြီး ညံခွမ်းဒေသမှာ တည်ရှိပါတယ်။ ခေတ္တ တပ်ရင်းမှူး ဦးစီးပါတယ်။
(နို ၈ ရက်၊ ညနေ ၄ နာရီ)
ရင်းဌနခကို ရန်သူက အဝေးကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်တယ်။ အဲ့အချိန်မှာ တပ်က နယ်မြေလှုပ်ရှားနဲ့ အပြင်ကိုရောက်နေပြီး ရင်းဌနခမှာ နောက်ချန်စစ်သည်အချို့နဲ့ မှီခိုဝင်အချို့သာ ရှိပါတယ်။ ဖုန်းလိုင်းတွေ ပြတ်နေလို့ ရှေ့တန်းနဲ့ ရင်းဌနခဟာ ဆက်သွယ်ရေးစက်ဖြင့်သာ ဆက်သွယ်လို့ ရပါတယ်။
(နို ၉ ရက်၊ နေ့လည် ၁ နာရီ)
ရင်းဌနခကို ရန်သူရဲ့ပစ်ခတ်မှုက ပိုမိုများလာတဲ့အပြင် Drone ၃ စီးနဲ့ အဆောက်အဦတွေက Drop Bomb လာချတယ်။ ပစ်ကျင်းတွေမှာ နေရာယူထားတဲ့ စစ်သည်/ရဲမေများမှအပ အသက်ကြီးသူတွေ၊ ကလေးငယ်တွေကို ဗဟိုကင်းမှာ နေရာချပေးခဲ့ရပါတယ်။ ရန်သူက တစ်ညလုံး လက်နက်ကြီးတွေရော၊ Drone တွေရော ပစ်ခတ်နေပါတယ်။ ရှေ့တန်းမှာရှိတဲ့ တပ်ကတော့ ရင်းဌနခဆီကို တောတိုး၊ တောင်တက်ပြီး လာနေဆဲ။
(နို ၁၀ ရက်၊ တစ်ရက်လုံး)
ဗဟိုကင်းပေါ်ကိုလည်း Drop Bomb တွေကျလာပါပြီ။ မှီခိုသူတွေကို ဗဟိုကင်း ဘန်ကာတွေထဲကို နေရာရွေ့ လိုက်တယ်။ ဌနခခွဲမှူးက ရင်းဌနခရှေ့ခံစစ်စည်းမှာ တိုက်ပွဲဝင်နေပြီး ဗဟိုကင်းမှာ တပ်ရေးဗိုလ်ကြီးက စီမံ ခန့်ခွဲလျက်ရှိတယ်။ ဒီတရက်တည်းမှာပင် Drop Bomb ၈၀ ကျော် ကျတယ်။ ခေတ္တရင်းမှူးဦးဆောင်တဲ့ ရှေ့တန်းတပ်ကတော့ ရင်းဌနခဆီသို့ အပြင်းချီတက်နေတုန်းပဲ။ ပတ်ဝန်းကျင်ကုန်းတွေကို လေကြောင်း ပစ်ကူ စတင်ပစ်ခတ်ပေးနေပါပြီ။
(နို ၁၁ ရက်၊ တစ်ရက်လုံး)
ရန်သူဟာ မနက်ပိုင်းမှ နေ့လည်ပိုင်းအထိ လက်နက်ကြီး/ Drop Bomb နဲ့တိုက်ခိုက်မှု အကြိမ် ၂၀၀ ခန့် ပြုလုပ်ပြီး လက်နက်ငယ်တစ်ကမ်းအထိ ကပ်လာပြီး အညံခံဖို့ အော်ပြောနေကြပြီ။ ဌနခခွဲမှူး (နောက်တန်းမှူး)က ဗဟိုကင်းမှ တပ်ရေးဗိုလ်ကြီးအား မှီခိုသူတွေကို Drop Bomb ထံ ကင်းလွတ်တဲ့ ရင်းဌနခရဲ့ အနောက်တောင်ဘက် မီတာ ၅၀၀ လောက်မှာရှိတဲ့ ကျောက်ဂူတွေဘက်ကို ရွေ့ပြောင်းဖို့ အမိန့် ပေးလိုက်တယ်။ ည ၇ နာရီမှာ တပ်ရင်းရဲ့ ရှေ့ခံစစ်စည်း စပေါက်ပြီ။ ရန်သူတွေက အင်အား ၇၀၀ လောက်နဲ့ အဘက်ဘက်က ဝိုင်းထားပါပြီ။ ည ၉ နာရီခွဲခန့်မှာ နောက်တန်းမှ စစ်သည် ၄ ဦး အသက်ပေးလှူ သွားခဲ့ရပြီ။ ခေတ္တရင်းမှူးရဲ့ စစ်ကြောင်းက ရင်းဌနခကိုရောက်ဖို့ ဂရစ်ကွက် ၆ ကွက် လိုသေးတယ်။ ရှေ့တန်းတပ်နဲ့ နောက်ချန်တပ် အဆက်အသွယ် စတင်ပြတ်တောက်သွားပါပြီ။
-
(နို ၁၂ ရက်၊ တစ်ရက်လုံး)
ခေတ္တရင်းမှူးစစ်ကြောင်းက တစ်ညလုံး ညမအိပ်ဘဲ တောင်တက်ချီတက်ခဲ့ရာ မနက် ၈ နာရီခန့်မှာ ရင်းဌနခကို လှမ်းမြင်နေရပြီ။ မီးခိုးတွေတလူလူနဲ့ ရင်းဌနခကို တွေ့နေရပါပြီ။ ဇွတ်ဝင်မယ်လုပ်တုန်း တပ်ရင်းရဲ့ ဂိတ် ၂ နေရာမှာရောက်နေတဲ့ ရန်သူက စတင်ပစ်ခတ်ပါပြီ။ ခေတ္တရင်းမှူးစစ်ကြောင်းက ပြန်ပစ်တယ်။ အပြန်အလှန် ၄၀ မိနစ်ခန့် ပစ်ခတ်ပြီး “ပူးပေါင်းမလား .. မိသားစုတွေကို ငါတို့မိထားပြီး .. သတ်ရမလား”ဆိုပြီး အော်ပြောတယ်။ ပြောပြီး ၁ နာရီအကြာမှာ အသက်ကြီးအမျိုးသမီး ၃ ဦးနဲ့ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးကို သတ်ပစ်လိုက်တယ်။ ည ၈ နာရီခန့်မှာတော့ !!!!!
-
ဖြစ်စဉ်အမှန်က ဒါပါပဲ။
အသက်ကြီးသူနဲ့ ကလေးငယ်တွေကို ဓားစာခံလုပ်ပြီး အမြတ်ထုတ်ကာ ဓာတ်ပုံရိုက်၊ ဝါဒဖြန့်ပေါ့ဗျာ။။။

Telephone

Website

Address


Eastern Shan State
Kengtung

Alerts

Be the first to know and let us send you an email when GT.Golden Triangle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kengtung.