Flower Commerce Platform
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Flower Commerce Platform, No(75), Kyar Ni Street, Ward(3), Lashio.
22/03/2023
FCP ဈေးဝယ်စာအုပ် အသုံးပြုကြသော ရင်းနှီးမြှုပ်နှံသူ လူကြီးမင်းများသို့ မေတ္တာရပ်ခံချက်
Flower Group သည် လူကြီးမင်းတို့ ဈေးဝယ်ယူကြရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ လားရှိုးမြို့ရှိ စားသောက်ကုန် လူသုံးကုန်ဆိုင်များနှင့် ချိတ်ဆက်၍ ဈေးဝယ်ယူသည့် FCP စနစ်ကို လည်ပတ်ခဲ့ပါသည်။
FCP စနစ်အား လည်ပတ်ရာတွင် ရင်းနှီးမြှုပ်နှံသူများအား ဈေးဝယ်စာအုပ်အား ကိုင်ဆောင်စေ၍ FCP နှင့်ချိတ်ဆက်ထားသော ဆိုင်များအား FCP မှ ထုတ်ပေးထားသော ဘောက်ချာစာအုပ်အား ကိုင်ဆောင်စေကာ နှစ်ဖက်သွင်း စာရင်းပုံစံဖြင့် စာရင်းရေးသွင်းစေခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများဝယ်ယူလိုက်သော စာရင်းပမာဏသည် မိမိတို့ရရှိမည့် အမြတ်ပမာဏထဲမှ ပြန်လည်နှုတ်ယူသည်ကိုလည်း လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါသည်။
သို့ရာတွင် ကုမ္ပဏီ၏ လတ်တလော ဖြစ်ပေါ်လာသော အခက်အခဲများကြောင့် ၁၆.၂.၂၀၂၃မှ စ၍ FCP စနစ်ဖြင့် ဈေးဝယ်ယူခြင်းကို ယာယီ ပိတ်သိမ်းကာ စာရင်းများ ပြန်လည်စီစစ်ခဲ့ပါသည်။
ယခု စာရင်းများ ပြန်လည်စီစစ်နေစဉ် ကာလအတွင်း FCP နှင့်ချိတ်ဆက်ထားသော ဆိုင်များမှ မိမိတို့ မူလရောင်းချထားသော ပစ္စည်းများအား ရင်းနှီးမြှုပ်နှံသူများထံမှ ပြန်လည် သိမ်းယူပြီး ရင်းနှီးမြှုပ်နှံသူ၏ ဈေးဝယ်စာအုပ်တွင် စာရင်းပြန်ဖျက်လိုက်သော်လည်း ဆိုင်များဘက်မှ စာရင်းရေးသွင်းလိုက်သော ဘောက်ချာများတွင် ရင်းနှီးမြှုပ်နှံသူများဝယ်ယူခဲ့သော စာရင်းများကို ပယ်ဖျက်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများမှ စာရင်းများ စီစစ်ရာတွင် ပိုမိုမြန်ဆန်စေရန်အတွက် မိမိ၏ ဈေးဝယ်စာအုပ်များအား ပြန်လည်စစ်ဆေး၍ ဆိုင်များမှ ပြန်လည်သိမ်းယူလိုက်သော ပစ္စည်းများတန်ဖိုးများအတွက် ပယ်ဖျက်ထားသော စာရင်းများရှိပါက FCP ရုံးချုပ်၏ Hotline ဖုန်းနံပါ
တ် 09-949099923 , 09-949099924 သို့ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
02/03/2023
ယနေ့ ( ၂.၃.၂၀၂၃ ) တွင်ကျရောက်သော
" တောင်သူလယ်သမားနေ့ " အား
Flower Commerce Platform မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
16/02/2023
" FCP နှင့်ချိတ်ဆက်ရောင်းချနေသောဆိုင်များ နှင့် ဈေးဝယ်စာအုပ်အသုံးပြုကာ ဝယ်ယူနေကြသော ရင်းနှီးမြှုပ်နှံသူလူကြီးမင်းတို့အတွက် အသိပေးပန်ကြားချက် "
၁၆.၂.၂၀၂၃ မှ စတင်ကာ ဈေး၀ယ်စာအုပ်အသုံးပြ၍ ရောင်းချခြင်း ၊
၀ယ်ယူခြင်းများကိုရပ်ဆိုင်းထားမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။
12/02/2023
၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက် (တနင်္ဂနွေနေ့) တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။
" Flower Commerce Platform မိသားစု "
10/02/2023
FCP ၏ စျေးဝယ်စာအုပ်ကို အသုံးပြုနေသော ရင်းနှီးမြှုပ်နှံသူ မိဘပြည်သူများ ခင်ဗျာ ၁၁.၂.၂၀၂၃ မှစတင်၍ FCP ၏ ၁၀% အမြတ်ငွေ ထပ်ဆောင်းပေးခြင်း အစီအစဥ်ကို ရပ်နားတော့မှာဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ခင်ဗျာ
05/02/2023
မကြာမီတွင် Flower Group မှ ရွှေဆိုင်ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့်
FCP နှင့်မချိတ်ဆက်ထားသောရွှေဆိုင်များမှ ဝယ်ယူထားသည့်
ရွှေဘောက်ချာများကို ရှင်းချင်သည့်လူကြီးမင်းများအတွက်
(5.2.2023 ) ရက်အရှေ့ပိုင်းကဝယ်ထားသည့် ရွှေဘောက်ချာများကိုသာ
လက်ခံရှင်းပေးတော့မည်ဖြစ်ပါသည်။
ရွှေဘောက်ချာရှင်းမည့်လူကြီးမင်းများ အနေဖြင့်
FCP ရုံးသို့ ရုံးချိန်အတွင်းလာရောက်ကာ ရက်ချိန်းရယူနိုင်ပါသည်။
04/02/2023
ဒါကတော့ January လရဲ့ ရောင်းအားအကောင်းဆုံး
ဖုန်းဆိုင်များနဲ့ ဆန်ဆိုင်များ စာရင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့ "FCP" နဲ့ယုံကြည်စိတ်ချစွာ ချိတ်ဆက်ပြီးလုပ်ငန်းအတူလုပ်ကိုင်ခဲ့ကြသော ဆိုင်ရှင်များနှင့်အတူ ယင်းလုပ်ငန်းများကို အမြဲအစဉ်တစ်ဆက်အားပေးခဲ့ကြသော ရင်းနှီးမြှုပ်နှံသူ customer များအားလုံးကိုလည်း "Flower Group"ကြီးမှ များစွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏
၀ယ်နေကြသူတွေလည်းထပ်၀ယ်ရင်း မ၀ယ်ဖူးတဲ့သူတွေလည်း၀ယ်ကြရအောင် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
04/02/2023
🙏ရင်းနှီးမြှုပ်နှံသူလူကြီးမင်းများခင်ဗျာ🙏
အခုဆိုရင် January လရဲ့FCP နှင့်ချိတ်ဆက်ထားသောရောင်းအားအကောင်းဆုံး Top(5) ဆိုင်များစားရင်း ထွက်ပေါ်လာပါပြီ🎉
ကျွန်တော်တို့ "FCP" နဲ့ယုံကြည်စိတ်ချစွာ ချိတ်ဆက်ပြီးလုပ်ငန်းအတူလုပ်ကိုင်ခဲ့ကြသော ဆိုင်ရှင်များနှင့်အတူ ယင်းလုပ်ငန်းများကို အမြဲအစဉ်တစ်ဆက်အားပေးခဲ့ကြသော ရင်းနှီးမြှုပ်နှံသူ customer များအားလုံးကိုလည်း "Flower Group"ကြီးမှ များစွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏
03/02/2023
🙏မနက်ဖြန် (4.Feb.2023) မှာကျရောက်မဲ့ တပို့တွဲလပြည့်နေ့လေးမှာ ကျွန်တော်တို့ (FCP) ရုံး တစ်ရက်ပိတ်မှာဖြစ်ပါတယ်။
(5.Feb 2023) တနင်္ဂနွေနေ့တွင် စျေးဝယ်စာအုပ်ထုတ်ယူလိုသူများ ကို မနက် ၉ခွဲကနေ ညနေ ၃နာရီအတွင်း ပုံမှန်အတိုင်း
ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။🙏
26/01/2023
Flower Group (FCP) နှင့် ထပ်မံချိတ်ဆက်လိုက်တဲ့ ဆိုင်များရဲ့ စာရင်းကိုဖော်ပြလိုက်ရပါတယ်။ (26.1.2023)
ဇေယျာ (ဆန်ဆိုင်)
လိပ်စာ - ရပ်ကွက်(၁၀)၊ ဘူတာလမ်းမကြီး၊ အထက(၈)ရှေ့၊ လားရှိုးမြို့။
Ph - 09 7764 21217
သစ္စာစံ အထူးကုဆေးခန်း
လိပ်စာ - ရပ်ကွက်(၁၀)၊ ဘူတာလမ်းမကြီး၊ စံပယ်ထမင်းဆိုင်ဘေး၊ လားရှိုးမြို့။
Ph - 09 2651 04119
ရွှေချမ်းသာ (ဆေးခန်း)
လိပ်စာ - ရပ်ကွက်(၁)၊ နယ်မြေ(၄)၊ ဗျူဟာလမ်းကုန်းဆင်း၊ လားရှိုးမြို့။
Ph - 09 7579 53879
ပတ္တမြားမိုး (ကုန်စုံဆိုင်)
လိပ်စာ - ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နားမခေါ် ကားကြီးကွင်းအတွင်း၊ မန်းရွှေပြည်အပေါ်ထပ်၊ လားရှိုးမြို့။
Ph - 09 2569 46994
အောက်ပါ Link များကနေလဲ Flower Group (FCP) နှင့်ချိတ်ဆက်ထားသော ဆိုင်များကို ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/101032046150439/posts/130901516496825/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/105885762331734/
https://www.facebook.com/101032046150439/posts/107345598852417/
https://www.facebook.com/101032046150439/posts/112777118309265/
https://www.facebook.com/101032046150439/posts/115895634664080/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/118589844394659/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/119024167684560/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/122609830659327/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/125107520409558/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/126475470272763/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/135819299338380/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/137252582528385/?mibextid=Nif5oz
https://www.facebook.com/101032046150439/posts/137500955836881/?mibextid=Nif5oz
https://m.facebook.com/story.php?story_fbid=138960122357631&id=101032046150439&mibextid=Nif5oz
Contact the business
Telephone
Website
Address
No(75), Kyar Ni Street, Ward(3)
Lashio
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Flower Commerce Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.