Lapyae

Lapyae

Share

black pan

25/05/2024

အပိုဝင်ငွေ ရှာချင်ပါသလား
အရူံးနည်းပိးအမြတ်များများ
ထွက်တဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ
အဲဒါဆိုရင် ဆက်သွယ်လိုက်နော်

20/05/2024

အရာအားလုံးပီးဆုံးဖို့
အချိန်အနည်းငယ်သာ
လိုပါတော့သည်
အရာရာတိုင်းတွက်
ကျေးဇူးတင်ပါတယ်😌😌😌

18/05/2024

With Habits & Ideas Sharing – I just got recognized as one of their top fans! 🎉

08/04/2024

" တစ်ခါတစ်ရံ "

ကိုယ်မှန်သလား
မှားသလား သေချာမသိပေမဲ့ ကိုယ့်ကြောင့်
နစ်နာသွားမလားဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့
အရာရာကို ခွင့်လွတ်ပေးနိုင်အောင်နေခဲ့ဖူးတယ်။

ပြောသင့်လား
မပြောသင့်ဘူးလားဆိုတာ
ကိုယ်တိုင် သေချာမဝေခွဲနိုင်ပေမဲ့
ကိုယ့်ကြောင့်သူတို့ ထိခိုက်သွားမှာစိုးလို့
အရာရာကို ရေငုံနူတ်ပိတ်နေခဲ့ဖူးတယ်။

မြင်နေရ တွေ့နေရပေမဲ့
မေးသင့်လား မမေးသင့်ဘူးလားဆိုတာ
ကိုယ်တိုင်မဆုံးဖြတ်နိုင်ပေမဲ့ ကိုယ့်ကြောင့်သူတို့
အနှောက်အယှက်ဖြစ်သွားမလားလို့တွေးပြီး
အရာရာမသိသလို ဟန်ဆောင်ပေးခဲ့ရဖူးတယ်။

လုပ်သင့်လား
မလုပ်သင့်လားဆိုတာ
ကိုယ်တိုင် မစဉ်းစားတတ်သေးပေမဲ့
ကိုယ့်ကြောင့်သူတို့ နာကျင်သွားမလားဆိုတဲ့ စိတ်နဲ့
အရာရာ အရှုံးပေးလိုက်ခဲ့ဖူးတယ်။

တုန့်ပြန်သင့်လား
ခွင့်လွှတ်သင့်လားဆိုတာ
ကိုယ်တိုင် နားမလည်သေးပေမဲ့
ကိုယ့်ကြောင့် သူတို့အဆင်မပြေဖြစ်သွားမလားဆိုတဲ့
စိတ်နဲ့အရာရာ လက်လွတ်ခဲ့ဖူးတယ်။

တစ်ခါတစ်ရံ ကိုယ်မှန်တယ်ဆိုပေမဲ့
တစ်ပါးသူအတွက် နစ်နာမှာစိုးတဲ့စိတ်နဲ့
အမှန်တရားကို ချနင်းခဲ့ရတာမျိုး။

တစ်ခါတစ်ရံ ပြောသင့်ဖြေရှင်းသင့်ပေမဲ့
တစ်ပါးသူတွေ ထိခိုက်မှာစိုးတဲ့အတွက်
စကားလုံးတွေကို မျိုသိပ်သိမ်းဆည်းပေးလိုက်ရတာမျိုး။

တစ်ခါတစ်ရံ မေးသင့်မေးထိုက်ပေမဲ့
တစ်ပါးသူစိတ်ထဲ အနှောက်အယှက်ရသွားမှာစိုးလို့
မသိသလိုဟန်ဆောင် ပေးခဲ့ရတဲ့အခိုက်အတန့်မျိုး။

တစ်ခါတစ်ရံ လုပ်သင့်လုပ်ထိုက်ပေမဲ့
တစ်ပါးသူနာကျင် ဒဏ်ရာရသွားမှာစိုးလို့
အလျော့ပေးအရှုံးခံအညံ့ပေးလိုက်ရသလိုမျိုး။

တစ်ခါတစ်ရံ တန်ပြန်တုန့်ပြန်သင့်ပေမဲ့
တစ်ပါးသူ အဆင်မပြေဖြစ်သွားမှာစိုးလို့ ခွင့်လွတ်ခဲ့ရတဲ့
အချိန်မျိုး တကယ်ကို ဘဝမှာရှိခဲ့ဖူးတယ်။

©® မိုးရည်စက်များ
❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
____________________________________
မူရင်းရေးသူအား
Credit_ပေးပါသည်
_________________

#ကျနော်သိပ်အားနာတက်တယ် #တစ်ခါတစ်ရံ
#ချစ် #မိတ်ဆွေ #မူရင်းရေးသားသူကို ေးပါသည်
#စာပေဟောပြောပွဲ #စာပေချစ်သူ #ဘဝစာပေ
#ဖတ်မိဖတ်ရာစာစုများ #ဗဟုသုတစာပေ

01/04/2024

လူတစ်ယောက်ကို
မချစ်မိအောင် ကြိုးစားရင်းက
တစ်နေ့ထက် တစ်နေ့
ပိုချစ်မိသွားတဲ့ နေ့ရက်တွေပါပဲ ။

သူငါ့ကို ချစ်ပါလား ...
ဂရုစိုက်ပါလားဆိုတဲ့
ခံစားချက်မျိုး မခံစားမိတော့တာ
အတော်ကြာလာတဲ့အခါ

ငါလည်း ဒီထက်ပို မချစ်မိအောင်
ကြိုးစားမယ်ဆိုတာမျိုးတော့
တွေးခဲ့ဖူးပါတယ် ...

ဒါပေမယ့် ...
တစ်ခုခု အဆင်မပြေဘူးဆိုတာနဲ့
ပြေးမကြည့်ပဲ မနေနိုင်သလို

မျက်နှာလေး ညှိုးနေတာနဲ့
ဘာဖြစ်တာလဲ မေးဖို့
တွေဝေမနေဘူး ...

မေ့ဖို့ ကြိုးစားရင်း
ပိုလွမ်းရသလိုပဲ
နေနိုင်ဖို့ ကြိုးစားရင်း
အနီးအနား ပိုပြီး ပြေးသွားနေမိတယ် ...

ဒီရက်တွေမှာ
မချစ်မိအောင် အတတ်နိုင်ဆုံးကြိုးစားရင်း
မနေ့ကထက်
တဖြေးဖြေး ပိုချစ်မိလာခဲ့တယ် ။

ကိုယ်က မင်းနဲ့ ပတ်သက်ရင်
ကိုယ့်ကိုယ်ကိုယ် အစိုးမရဘူးကွယ် ။

#ကျေးကို

31/03/2024

လူတွေလူတွေ
🤔🤔🤔

08/03/2024

ဘယ်ဆီကိုများထွက်သွားလိုက်တာလဲ ကိုရယ်
ဖြစ်နိုင်ရင် အမြန်ဆုံးပြန်လာပေးပါ
အရင်လိုချစ်ချစ်ခင်ခင်နေသေးတယ်ဗျ😭😭
မျော်လင့်ထားတာနဲ့ ဖြစ်သွားတာနဲ့က
တခြားဆီဖြစ်သွားပိ အမြန်စုံးပြန်လာပါစေလို့
ဆုတောင်းပါတယ် ချစ်ရပါသောအကို😭😭

29/12/2023

အရက်ကို
အားကစားဝတ်စုံလေး ဝတ်ပြီး
သောက်ကြည့်တယ်။
မူးတာပဲ …

စတစ်ကော်လံလေးနဲ့
လူကောင်းယောင်ဆောင်ပြီး
သောက်ကြည့်တယ်
မူးတာပဲ…

Tshirt လေးဝတ်ပြီး
လူငယ်အထာနဲ့ သောက်ကြည့်တယ်
မူးတာပဲ…

Shirt ဝတ်ပြီး
လူကြီးလူကောင်းတစ်ယောက်လို
သောက်ကြည့်တယ်
မူးတာပဲ…

စွတ်ကျယ် ဝတ်ပြီး
ရပ်ကွက် အထာလေးနဲ့
သောက်ကြည့်တယ်
မူးတာပဲ…

စုပ်ပျက်သက်နေတဲ့
အဝတ်စားလေးနဲ့ ထပ်သောက်ကြည့်တယ်
မူးတာပဲ…

ကျနော်အရက်ကို နားလည်သွားပြီ
ဒီကောင်က ဝတ်စားဆင်ယင်မှုတွေ
ဂုဏ်ဓနတွေ ငွေကြေးတွေ မခွဲခြားပဲ
တန်းတူညီမျှမှုဆိုတဲ့ အရာကိုပေးတယ်။

သူက လူမျိုးမရွေးဘူး
ဘာသာလည်းမခွဲခြားဘူး ..!

အသားအရောင် ဖြူ နက် ညိုပြာ စိတ်မဝင်စားဘူး !

ကိုကာကိုလာနဲ့လည်း နေပျော်တယ်
ရေခဲနဲ့လဲ တင်းတိမ်တယ်
ရေသန့်လေးနဲ့ဆိုလည်း ရောင်ရဲတယ်
ဆိုဒါနဲ့လဲ ကျေနပ်တယ်

အဓိက သူ့ရဲ့ ရည်ရွယ်ချက်ကိုက
လူတန်းစားမရွေး မူးယစ်ရီဝေစေဖို့ပဲ

မာန်မာန ကင်းတယ်
အဆောင်ယောင်နဲတယ်

သူ့မှာ စေတနာလေးတစ်ခုပဲ ရှိတယ်
လူတန်းစားအနိမ့်မြင့်မရွေး
မူးယစ်ရီဝေ ပျော်ရွှင်စေချင်တာလေးတစ်ခုပါပဲ

ဒါ့ကြောင့် ရိုးသားအပြစ်ကင်းစင်ပြီး
စေတနာဖြူတဲ့ အရက်ကိုပဲ
ကျနော်ချစ်တယ်…

Crd

28/12/2023

ဖြစ်နိုင်ရင်လူတေနဲ့ဝေရမာသွားနေကြည့်ချင်တယ် ဒီလောကကြီးက
ငါ့တွက်ဖြစ်မလာဘူး😫😫😫

20/12/2023

ဒီနိူင်ငံ မှာနေရတာ 𝙇𝙚𝙚...လိုပဲ
ဟိုက ပစ် လိုက် ဒီက ပစ် လိုက်
ဒီကြားထဲ ချစ်ရတဲ့ မင်းကပါ ပစ်သွားတော့
ငါမှာ တစ်ယောက််ထဲ 𝙡𝙚𝙚 တွေဖြစ်လို့💔
♧︎︎︎ 𝙉 𝙈 𝙃 ♧︎︎︎

19/12/2023

ဝမ်းနည်းချင်းတွေ
သိမ်ငယ်ချင်တွေ
အားငယ်ချင်းတွေ
မခံချင်စိတ်တွေ
နဲ့ နန့်လန် သို့ ရောက်ရှိခဲ့ပါသည်
တချို့လူတွေငါပြန်လာရင် ငါနဲ့ကင်းအောင်နေဖို့
ကြိုးစားထားနော်

#လူတွေအားလုံး

18/12/2023

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အချိန်
တစ်ယောက် ထဲ နေပါ....
ကိုယ့်မှာ ပိုက်ဆံ မရှိရင် လက်ဖက်ရည် ဆိုင် ၊
ထိုင် ပြီ တခြား သူ တွေ ငါ ရှင်း လိုက်မယ် ၊
သူရှင်း လိုက်မယ် ပြော နေ ချိန် .
မျက်နှာ ငယ်လေး နဲ့ မင်း၊
ကြည့် နေရ လိမ့် မယ် .....
ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို စားပါအုံး လို့၊
ပြော တဲ့ လူ တွေ ရဲ့ အသံ ကို ၊
ဝတ်ကျေ တန်းကျေ အသံ လောက် ပဲ ၊
မင်း ကြား ရလိမ့်မယ် ....
ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို ၊
တစ်ခု ပေး တစ်ခု ကျွေး ပြီး၊
ပညာသား ပါ တဲ့ လူ တွေ က ၊
မင်း ကို ပညာသား ပါ ပါ တခုခု၊
ပြန် ခိုင်းတာ ခံ ရတတ် တယ်....
ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို ၊
ဘယ်သူ မှ ကြိုဆို နေ ကြမှာ မဟုတ်ဘူး
အဲ့လူ တွေ ကို လဲ အပြစ် မတင်လိုက်ပါနဲ့၊
မင်း လဲ အပြစ် မရှိပါဘူး
လောက နိယာမ သဘာဝကိုက၊
ဘယ်သူမှ လွန်ဆန်လို့မရပါဘူး
ကိုယ့် မှာ မရှိရင်
တစ်ယောက်ထဲ နေခြင်း ဟာ ၊
မျက်နှာ မငယ်ရတော့ ပါဘူး ...
မျက်နှာ ငယ်ခံ ပြီး စားရတာ ထက် ၊
အငတ် ခံ လိုက်တာ က ပို ပြီ အဆင်ပြေပါတယ် ...
ကိုယ့် ကို မကြိုဆို မယ့် ဘယ်နေရာ မှ ၊
မသွား မိ စေ နဲ့၊
ကိုယ့် အတွက် ဝန်လေး စေမယ် ထင်ရင်၊
ဘယ်သူ မှ မသိအောင် ရှောင် ထွက်လိုက် ပါ...
အတတ် နိုင် ဆုံး တစ်ယောက် ထဲ နေ ကြည့်၊
ရှေ့ ဆက် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစား ၊
ပိုက်ဆံ ရအောင်ရှာ ကိုယ့် မှာ ရှိလာ ပြီ ဆို ကိုယ့် လို ၊
ခံစား ဖူး တဲ့ လူ တွေ ကို ကိုယ်ချင်စာ၊
ဖေး မ ကူညီ ပေးလိုက်ပါ.....;
crd

Category

Telephone

Address


Lashio

Alerts

Be the first to know and let us send you an email when Lapyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Lashio.