KHUN Design Studio
"Transforming Ideas, Shaping Futures: Your Design Journey Starts Here”
"Raw Concrete ရဲ့ အေးစက်စက် အလှတရားနဲ့ ခိုင်ခံ့ထည်ဝါတဲ့ Brutalist Style Bar လေး တစ်ခု🧱✨
အဆောက်အအုံရဲ့ ဖွဲ့စည်းပုံ ကိုယ်တိုင်က အလှတရားဖြစ်နေတတ်တာ က Modern Brutalist Style ရဲ့ အားသာချက်ပါပဲ။ ဒီ ဒီဇိုင်းမှာ အပိုအဆာ ဆေးအရောင်တွေ မသုံးဘဲ ကွန်ကရစ်သားရဲ့ မူလ Texture အလှ၊ မှန်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ လိမ္မာရောင်ဘောင်လိုင်းတွေကိုပဲ အချိုးကျကျ ပေါင်းစပ်ပြီး ဆိုင်ရဲ့ Facade (မျက်နှာစာ) ကို ပိုဆွဲဆောင်မှု ရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
Contact no: 095278416
10/08/2026
Simple, Bold, and Sustainable 🏡💚
ခပ်ပြတ်ပြတ် Line တွေနဲ့ အရောင်အသွေး ဆန်းဆန်းလေးကိုမှ သဘောကျတတ်သူတွေအတွက် စိတ်ကြိုက်ဖြစ်စေမယ့် ခေတ်မီ လူနေအိမ် ဒီဇိုင်းဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ စတိုင်ကျနေစေဖို့အတွက် Form, Function နဲ့ Aesthetics ၃ ခုလုံး မျှတအောင် ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ခေတ်မီတဲ့ Modern Architecture အသွင်အပြင်ကိုမှ သဘာဝရဲ့ အစိမ်းရောင် (Sage Green) နဲ့ အဖြူရောင်ကို လိုက်ဖက်ညီစွာ ပေါင်းစပ်ပေးထားတဲ့ ၃ ထပ်ခွဲ လူနေအိမ်ဒီဇိုင်း ဖြစ်ပါတယ်။
08/08/2026
ဒီဇိုင်း ဆိုတာ အိမ်ရဲ့ နှလုံးသားပါ
🏡 အိမ် 🏡 တစ်လုံးရဲ့ နယ်နိမိတ်လေထု ဟာ သင့်ရဲ့ ဘဝ အမောတွေကို ဖြေလျော့စေတဲ့ နေရာလေး ဖြစ်ပါတယ်။ 💭 အိမ်ဒီဇိုင်းဆိုတာ အလှအပတင်မဟုတ်ဘဲ လူနေမှုပုံစံနဲ့ ကိုက်ညီဖို့ပါ အရေးကြီးပါတယ်။ ခုလို Classic ဒီဇိုင်းတွေက ဘယ်တော့မှ ရိုးမသွားတဲ့ အိမ်ရဲ့ ကျက်သရေကို ပိုင်ဆိုင်စေပါတယ်။ အိပ်မက်ထဲက အိမ်တစ်လုံးကို ပိုင်ဆိုင်ဖို့ဆိုတာ သင့်စိတ်ကူးကို လက်တွေ့ဖြစ်လာအောင် ဖန်တီးပေးနိုင်တဲ့သူနဲ့ လည်း တွေ့ဖို့ လိုပါတယ်။မှန်ကန်တဲ့ ဒီဇိုင်းတစ်ခုက သင့်ရဲ့ ငွေကြေးနဲ့ အချိန်ကို သက်သာစေရုံသာမက နေချင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးပေးပါတယ်။
🪄🪄ဒီဇိုင်းတစ်ခုချင်းစီတိုင်းရဲ့ နောက်ကွယ်မှာ သေချာမှုတွေ အများကြီးရှိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ သေချာချင်တဲ့ အိပ်မက်တွေကို ဒီဇိုင်းဆွဲဖို့အတွက် ဆိုရင် KHUN Design Studio ကို ဆက်သွယ်လိုက်ပါ။ (Viber no. 095278416) ကိုလည်း အချိန်မရွေး မေးမြန်း စုံစမ်းနိုင်ပါတယ်။
*** Construction Company များအတွက် သီးသန့် Design Fees တွေ ရှိထားပါတယ်နော်။***
29/05/2026
✨ ခေတ်မီဆန်းသစ်မှုနဲ့ ဘာသာရေး အမှတ်လက္ခဏာတို့ရဲ့ ပေါင်းစပ်မှု ✨
ကျေးဇူးတော်ကြောင့် Architectural Design ပိုင်း ပါဝင်ဆပ်ကပ်ရေးဆွဲခွင့်ရခဲ့တဲ့ ဝတ်ပြုကျောင်းလေးကတော့ အစပြု တည်ဆောက်နေပါပြီ။ 😇😇😇
အခုမြင်တွေ့ရတဲ့ ဝတ်ပြုကျောင်းဒီဇိုင်းလေးဟာ KHUN Design Studio ရဲ့ အသေးစိတ် ဂရုစိုက်ပြီး ဖန်တီးထားတဲ့ လက်ရာတစ်ခုပါ။
* Modern Aesthetic: ခေတ်မီပြီး ကျစ်လျစ်တဲ့ ပုံစံ။
* Cultural Essence: ရိုးရာအဆင်တန်ဆာများဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း။
* Purposeful Space: လူတိုင်းအတွက် အဆင်ပြေစေမည့် Functionality။
ဒီဇိုင်းဟာ ရိုးရှင်းမှု (Simplicity) နဲ့ နက်နဲတဲ့ ဝိညာဉ်ရေးရာ အနှစ်သာရကို ပေါင်းစပ်ပြသထားခြင်းဖြစ်ပါတယ်။ ဖြူစင်တဲ့ အဆောက်အဦးရဲ့ ပုံသဏ္ဍာန်နဲ့ ခိုင်ခံ့တဲ့ လက်ဝါးကပ်တိုင် ဒီဇိုင်းဟာ အမြင်မှာ ကျက်သရေရှိစေသလို ယုံကြည်ခြင်းရဲ့ ခိုင်မာမှုကိုလည်း ကိုယ်စားပြုပါတယ်။အဆောက်အဦးရဲ့ အဝင်ဝမှာရှိတဲ့ ရိုးရာအဆင်လေးတွေက ဒေသယဉ်ကျေးမှု၊ ရိုးရာ အဆင်တန်ဆာများကို လေးစားတန်ဖိုးထားကြောင်း ပြသထားပါတယ်။ ဒီ ဝတ်ပြုကျောင်းဟာ အလှအပတင်မကဘဲ အဓိပ္ပာယ်နဲ့ ပြည့်ဝတဲ့ ဒီဇိုင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ✝️✝️✝️
KHUN Design Studio အနေနဲ့ ပရောဂျက်တစ်ခုချင်းစီကို အသက်ဝင်စေဖို့ အကောင်းဆုံးကြိုးစားအားထုတ်ပါတယ်။ သင်တည်ဆောက်ချင်တဲ့အိပ်မက်တွေကို ကျွန်ုပ်တို့နဲ့အတူ စတင်ဖန်တီးလိုက်ပါ။ ဒီဇိုင်းပိုင်းဆိုင်ရာ အကြံဉာဏ်များအတွက် ကျွန်ုပ်တို့ဆီကို အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 🤝🤝🤝 Viber No. (095278416) ကိုလည်း အချိိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ 🤝🤝🤝
Design Approved 😇😇😇😇
Proposal Church Design
2025 အတွင်း ရေးဆွဲပြီးခဲ့သော ရင်တွင်းဖြစ်လေးများ 😇😇😇😇
Category
Contact the business
Telephone
Website
Address
Theinni Road
Lashio
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when KHUN Design Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.