Golden Future PWDs Development Organization

Golden Future PWDs Development Organization

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Future PWDs Development Organization, Service Apartments, Lashio.

21/07/2026

💛 လားရှိုးမြို့ရှိ စားဝတ်နေရေးခက်ခဲနေသော မသန်စွမ်းသူတစ်ဦးအား အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့ခြင်း

ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လားရှိုးမြို့တွင် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသော မသန်စွမ်းသူ မနာဘို အား အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှုအဖြစ် ဆန် (၆ ပြည်)၊ ဆီ (၁ ပိဿာ) နှင့် ကြက်ဥ (၁ ပိဿာ) တို့ကို သွားရောက်ပံ့ပိုးပေးခဲ့ပါသည်။

ယခုလို အချိန်မီ ထောက်ပံ့ကူညီမှုကြောင့် မနာဘိုအနေဖြင့် မိသားစု၏ စားဝတ်နေရေးအတွက် ယာယီအဆင်ပြေသွားခဲ့ပြီး အဖွဲ့နှင့် အလှူရှင်များအား အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။

မနာဘိုသည် ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်ပြီး ကလေးငယ်တစ်ဦးနှင့် အသက်အရွယ်ကြီးရင့်သော မိခင်တို့ကို ပြုစုစောင့်ရှောက်ကာ နေထိုင်လျက်ရှိပါသည်။ ၎င်း၏ အမျိုးသားမှာ “အလုပ်သွားရှာမည်” ဟုဆိုကာ နေအိမ်မှ ထွက်ခွာသွားပြီးနောက် ယနေ့အချိန်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသဖြင့် မိသားစု၏ စားဝတ်နေရေးမှာ အလွန်ခက်ခဲနေပါသည်။

ရွှေရောင်အနာဂတ်အဖွဲ့အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော မသန်စွမ်းသူများထံသို့ ဆက်လက်ရောက်ရှိကာ လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

🙏 ယခုလို မသန်စွမ်းသူများ၏ ဘဝအခက်အခဲများကို မျှဝေခံစားကာ စေတနာဖြင့် ပါဝင်လှူဒါန်းပေးကြသော အလှူရှင်တစ်ဦးချင်းစီအား ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

“သင့်ရဲ့ မျှဝေမှုလေးတစ်ခုက လိုအပ်နေသူတစ်ဦးရဲ့ မျှော်လင့်ချက်ကို အသက်ဝင်စေပါတယ်။” 💙

03/07/2026

ထိုင်းက ဖြစ်ရပ်ဆိုးနဲ့ Special Needs ကလေးငယ်များရဲ့ Hyperfocus အန္တရာယ်

မနေ့က ထိုင်းနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် Special Needs ကလေးငယ်တစ်ယောက် ပစ်ကပ်ကားမောင်းပြီး တိုက်မိရာကနေ အသေအပျောက်ရှိခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကို မေမေတို့ ကြားမိကြမှာပါရှင်။ လူမှုကွန်ရက်ပေါ်မှာ "၁၁ နှစ်သားလေးက လူကြီးမသင်ပေးဘဲ ဘယ်လိုလုပ် ကားမောင်းတတ်သွားတာလဲ" ဆိုပြီး ငြင်းခုံနေကြတာတွေ ရှိပါတယ်။

ကျမတို့အနေနဲ့ ဒီဖြစ်ရပ်မှာ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို မငြင်းခုံချင်ပေမယ့်... ဒီကိစ္စကနေတစ်ဆင့် Special Needs (အထူးလိုအပ်ချက်ရှိသော) ကလေးငယ်တွေကို ပြုစုပျိုးထောင်နေရတဲ့ မိဘတွေ သွေးမအေးဘဲ မဖြစ်မနေ သတိထားသင့်တဲ့ ကိစ္စတစ်ခုကို မျှဝေပေးချင်ပါတယ်။

တချို့သော SN ကလေးငယ်တွေ (အထူးသဖြင့် ASD သမားတွေ) မှာ သာမန်လူတွေထက် ထူးခြားတဲ့ "Hyperfocus (အစွန်းရောက် စူးစိုက်မှုစွမ်းရည်)" ဆိုတာ ရှိတတ်ကြပါတယ်။

သူတို့ စိတ်ဝင်စားတဲ့အရာ၊ သူတို့ အာရုံကျတဲ့အရာတစ်ခုခု (ဥပမာ - စက်ပစ္စည်းတွေ၊ ခလုတ်တွေ၊ ကားမောင်းတဲ့ စက်ယန္တရားတွေ) ဆိုရင် လူကြီးတွေက ဘာမှ တကူးတက သင်ပေးစရာမလိုပါဘူး။ လူကြီးတွေ လုပ်နေတာကို ဘေးကနေ "မျက်စိနဲ့ ကြည့်ရုံ၊ အကဲခတ်ရုံတင်" နဲ့တင် ဘယ်ခလုတ်က ဘာလုပ်တာ၊ ဘယ်လို နှိုးရတာ၊ ဘယ်လို မောင်းရတာဆိုတာကို ကွက်တိ မှတ်မိပြီး အသေးစိတ် လိုက်လုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိတတ်ကြပါတယ်။

ဒီနေရာမှာ ပိုပြီး အန္တရာယ်ရှိတာက... သာမန်ကလေးတွေဆိုရင် လူကြီးမသိအောင် ကားခိုးမောင်းဖို့ ကြိုးစားရင်တောင် "လူကြီးမိရင် ဆူခံရမလား၊ ကားတိုက်ရင် ဘာဖြစ်မလဲ" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတတ်ကြပေမယ့်... သူတို့ကတော့ အဲလို မဟုတ်ပါဘူး။ "ငါ ကားမောင်းမယ်" ဆိုတဲ့ Target (ပန်းတိုင်) တစ်ခုတည်းအပေါ်မှာပဲ Focus အပြည့် ရှိနေတာမို့လို့... ကြောက်စိတ်၊ တွန့်ဆုတ်စိတ် လုံးဝမရှိဘဲ ရဲရဲဝံ့ဝံ့ကြီး ထလုပ်ပစ်လိုက်ကြတာပါ။

ဒါဟာ ဉာဏ်ကောင်းတာထက် သူတို့ရဲ့ ဉာဏ်ရည်ဖွဲ့စည်းပုံအရ တစ်ခုခုကို စွဲလန်းသွားရင် အဆုံးစွန်အထိ အာရုံစိုက်တတ်တဲ့ သဘာဝကြောင့်ပါ။ ဒါပေမဲ့ ပြဿနာက ကလေးတွေဟာ "မောင်းတတ်၊ နှိုးတတ်" ပေမယ့်... အဲ့ဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲဖြစ်လာမယ့် "အန္တရာယ်နဲ့ ဘေးထွက်ဆိုးကျိုး (Consequences)" ကိုကျတော့ သဘာဝအရ ခွဲခြားနားလည်နိုင်စွမ်း မရှိကြသေးတာပါပဲ။

ဒါကြောင့် ကိုယ့်အိမ်က ကလေးက ဉာဏ်ကောင်းတယ်၊ မပြောဘဲနဲ့ တတ်တယ်ဆိုပြီး ဝမ်းသာနေရုံတင် မကဘဲ... အန္တရာယ်ရှိနိုင်တဲ့ အောက်ပါ ကိစ္စရပ်တွေကို မိဘတွေအနေနဲ့ အထူး ဂရုပြု ကာကွယ်ထားဖို့ လိုအပ်ပါတယ် —

ကားသော့၊ ဆိုင်ကယ်သော့များ သိမ်းဆည်းခြင်း: ကားသော့၊ ဆိုင်ကယ်သော့တွေကို ကလေး လက်လှမ်းမမီတဲ့ နေရာ၊ လျှို့ဝှက်တဲ့နေရာတွေမှာ စနစ်တကျ သိမ်းဆည်းပါ။ ကလေးတွေက လူကြီးတွေ သော့ဘယ်မှာ ထားလဲဆိုတာကိုပါ မျက်ခြေမပြတ် ကြည့်နေတတ်ကြပါတယ်။

မီးဖိုချောင်နှင့် လျှပ်စစ်ပစ္စည်းများ: ဂတ်စ်မီးဖိုခလုတ်တွေ၊ မီးခြစ်တွေ၊ ဓားတွေနဲ့ လျှပ်စစ်ပစ္စည်း ခလုတ်တွေကို ကလေးသူ့ဘာသာ သွားဆော့လို့မရအောင် Safety Locks (အန္တရာယ်ကင်း သော့ပိတ်စနစ်) တွေ သုံးထားပါ။

တံခါးမကြီးများ ပိတ်ထားခြင်း: မိဘ မျက်စိတစ်ချက်အလစ်မှာ အပြင်ကို ကိုယ်တိုင် တံခါးဖွင့်ပြီး ထွက်သွားတတ်တဲ့အတွက် အိမ်တံခါးမကြီးတွေကို အပေါ်နားမှာ နောက်ထပ် Lock တစ်ခု ထပ်တပ်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။

ကိုယ့်ကလေးက ဘာကို hyper focus ဖြစ်နေလဲ၊ ဘယ်အရာတွေကို မျက်စိနဲ့ကြည့်ပြီး လိုက်လုပ်နေလဲဆိုတာကို မိဘတွေဘက်က အမြဲ အကဲခတ်နေဖို့ လိုပါတယ်။ ဉာဏ်များပြီး လျင်မြန်တဲ့ ကလေးတွေကို ပြုစုရတာဟာ မိဘတွေဘက်က "မျက်စိ ရှင်ရှင်၊ နား ရှင်ရှင်" နဲ့ တစ်လှမ်းဦးအောင် ကြိုတင် ကာကွယ်ထားမှသာ အခုလို စိတ်မကောင်းစရာ ဖြစ်ရပ်ဆိုးတွေကနေ ကင်းဝေးမှာ ဖြစ်ပါတယ်ရှင်။

14/05/2026

ကိုမျိုးမြင့်အောင်+နန်းမွန်းစိန်(MMT ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး
မှ(ဆယ့်တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့)အဖြစ် “ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”သို့ အလှူငွေ
၁၁၀၀၀၀(တသိန်းတသောင်း)ကျပ်ကိုအမှတ်တရလှူဒါန်းသွားပါသည်…
ဤသို့လှူဒန်းရခြင်းကြောင့် အဆုံးမတိုင်သောချစ်ခြင်းများဖြင့်ရှေ့ဆက်ပြီး ပြီးးပြည့်စုံသောချစ်ခြင်းများဖြင့်❤️❤️❤️❤️

Photos from Golden Future PWDs Development Organization's post 23/04/2026

ဆရာမင်းလွင်ဦး၏ မမျှော်လင့်ဘဲ ကွယ်လွန်သွားခြင်းကြောင့် ရွှေရောင်အနာဂတ် မသန်စွမ်းအဖွဲ့မှ အထူးဝမ်းနည်းကြောင်း ရေးသားအပ်ပါသည်။

ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ မိသားစုဆရာဝန်အဖြစ် တ
ကူညီပေးပါသော ဆရာ

မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ကုသပေးခြင်းသာမက လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ ကူညီပံ့ပိုးပေးခဲ့သော သနားကြင်နာစိတ်ပြည့်ဝသည့် ဆရာဝန်တစ်ဦးဖြစ်ပါသည်။

ဆရာ၏ လူမှုရေးအကျိုးပြုလုပ်ဆောင်ချက်များနှင့် သဘောထားကောင်းများကို ရွှေရောင်အနာဂတ်မှ အမြဲတမ်း မှတ်တမ်းတင်ထားမည် ဖြစ်ပြီး ဆရာကို ချစ်ခင်လေးစားသော မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးနှင့်အတူ ဝမ်းနည်းပူဆွေးမှုများကို မျှဝေပါသည်။

ဆရာမိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းမိပါကြောင်း နှင့်
ဆရာ ကောင်းရာမွန်ရာ ရောက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

09/04/2026

ကိုငြိမ်းချမ်းနိုင်၏(၁၀-၄-၂၀၂၆)ရက်နေ့တွင်ကျရောက်သောမွေးနေ့အလှူအဖြစ်
“ရွှေရောင်အနာဂတ်မသန်စွမ်းသူများ
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”သို့ မွေးနေ့အမှတ်တရအလှူငွေ တသိန်းကျပ်(၁၀၀၀၀၀)ကိုလှူဒါန်းမှုပြုခဲ့ပါသည်။
လှူဒါန်းမှုအတွက် ကိုငြိမ်းချမ်းနိုင်နှင့်မိသားစု စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများရရှိပါစေကြောင်း မသန်စွမ်းသူများကိုယ်စား ကျနော်တို့အဖွဲ့မှမေတ္တာဆုမွန်ကောင်းများဆုတောင်းပေးလိုက်ပါသည်🙏🙏🙏

03/03/2026

(၃-၃-၂၀၂၆)ရက်နေ့တွင်ကျရောက်သော
ဒေါ်အေးအေးသွင်၏(၆၉)နှစ်မြှောက်မွေးနေ့
အလှူဒါနအဖြစ်…
ဦးအေးကို+ဒေါ်အေးအေးသွင်မိသားစုမှ
“ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးရေးအဖွဲ့သို့”အလှူငွေ တသိန်းတသောင်း
(၁၁၀၀၀၀)ကျပ်ကိုလှူဒါန်းခဲ့ပါသည်။
ဤသို့တသိတရလှူဒါန်းရသောအကျိုး
ကြောင့် အန်တီဒေါ်အေးအေးသွင်နှင့်မိသားစု စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းပြည့်စုံပါစေကြောင်း
မသန်စွမ်းသူများကိုယ်စား “ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”မှဆုတောင်းမေတ္တာပို့
သအပ်ပါသည်🙏🙏🙏

24/01/2026

24-1-2026 တွင်ကျရောက်သော
မွေးနေ့မင်္ဂလာကုသိုလ်အဖြစ်
မခင်မိုးမိုးဦး(ရွှေလားရှိုးစားသောက်ဆိုင်)
မိသားစုမှ “ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”သို့
ငွေကျပ်နှစ်သိန်း(၂၀၀၀၀၀-/)လှူဒါန်းပါသည်။လှူဒါန်းမှုကုသိုလ်အစုစုအတွက်
မသန်စွမ်းသူများကိုယ်စား“ရွှေရောင်အနာ
ဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”မှကျေးဇူးအထူးတင်ရှိပါကြောင်း
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်🙏🙏🙏

27/12/2025
Photos from Golden Future PWDs Development Organization's post 09/12/2025

ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိန်းအမှတ်အနေဖြင့်

မသန်စွမ်းသူများZoom application ဖြင့် တွေ့ဆုံခြင်းကို ပြုလုပ်ပြီး

ရှမ်းမြောက်အတွင်းနေထိုင်သော
လားရှိုး
ကျောက်မဲ
သီပေါ မြို့အတွင်းရှိ
ခက်ခဲလျက်ရှိသော မသန်စွမ်း အယောက် ၁၀၀ကျော်အား ဆန် /ဆီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်

ယခုလို ဆန် ဆီ ထောက်ပံ့ပေးနိုင်ရန်
ပါဝင်လှူဒါန်းပေးပါသော
အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါကြောင်းကို မသန်စွမ်းသူများကိုယ်စား ကျေးဇူးရှိပါတယ်ရှင့်

Telephone

Website

Address


Lashio

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Golden Future PWDs Development Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Lashio.