ZEE KWAT - Language Hub

ZEE KWAT - Language Hub

Share

To learn a language is to have one more window from which to look at the world.

13/08/2026

လေးနှစ်ပြည့် နှစ်ပတ်လည်သင်တန်းဆင်းပွဲအမှတ်တရ 🎊

ZEE KWAT - Language Hub
4th Anniversary & Graduation Ceremony

Four Years of Learning, Growing & Inspiring

လွန်ခဲ့တဲ့ လေးနှစ်ကစပြီး…

အိပ်မက်တစ်ခုနဲ့ စတင်ခဲ့တဲ့ ခရီးလမ်းတစ်လျှောက်မှာ
စာသင်ခန်းတွေထဲက သင်ယူမှုတွေ၊
ဆရာ၊ ဆရာမတွေရဲ့ စေတနာတွေ၊
မိဘတွေရဲ့ ယုံကြည်အားပေးမှုတွေ၊
ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ဒီနေ့ရဲ့ ZEE KWAT Language Hub ကို ပုံဖော်ပေးခဲ့ပါတယ်။

လေးနှစ်အတွင်းမှာ…
သင်ယူခဲ့ကြတယ်။
ကြိုးစားခဲ့ကြတယ်။
စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ကြတယ်။
ပြီးတော့… အတူတူ တိုးတက်လာခဲ့ကြတယ်။

အဲဒီနေ့ဟာ သင်တန်းပြီးဆုံးတဲ့နေ့တစ်နေ့သာ မဟုတ်ပါဘူး။

ကြိုးစားခဲ့သမျှကို ဂုဏ်ပြုတဲ့နေ့၊
အောင်မြင်မှုတွေကို မျှဝေတဲ့နေ့၊
အမှတ်တရတွေကို သိမ်းဆည်းတဲ့နေ့ ဖြစ်ပါတယ်။

ဒီခရီးလမ်းမှာ ကျွန်ုပ်တို့ကို ယုံကြည်ပေးခဲ့ကြတဲ့
မိဘများအားလုံး၊
အတူတကွ ကြိုးစားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများအားလုံး၊ ပြီးတော့ မိမိရဲ့အိပ်မက်အတွက် မရပ်မနားကြိုးစားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို
ZEE KWAT Language Hub မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒီလေးနှစ်တာကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းဟာ
တစ်ဦးတစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။
It is our shared success.

ဒီနေ့မှာ သင်တန်းဆင်းသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ နောက်ထပ်ခြေလှမ်းတိုင်းမှာ
ယုံကြည်မှုတွေ၊ အသိပညာတွေ၊ အောင်မြင်မှုတွေနဲ့
ပိုမိုတောက်ပတဲ့ အနာဂတ်တစ်ခု ရှိနေပါစေ။

Four years have passed,
but our journey has only just begun.

ZEE KWAT Language Hub ဟာ
စာသင်ပေးတဲ့နေရာတစ်ခုထက်ပိုပြီး
အိပ်မက်တွေကို ပျိုးထောင်ပေးတဲ့နေရာ၊
အရည်အချင်းတွေကို မြှင့်တင်ပေးတဲ့နေရာ၊
အနာဂတ်ကို တည်ဆောက်ပေးတဲ့နေရာ တစ်ခုအဖြစ်
ဆက်လက်လျှောက်လှမ်းသွားမှာပါ။

Four Years.
Countless Memories.
Endless Possibilities.

Happy 4th Anniversary, ZEE KWAT Language Hub.

Learn. Grow. Achieve. Inspire.

Photos from ZEE KWAT - Language Hub's post 09/08/2026

🏆✨ CELEBRATING EXCELLENCE
CAMBRIDGE YLE FLYERS ✨🏆

A Full Shield is more than an achievement.
It is a reflection of dedication, discipline, and excellence.

Cambridge Young Learners English (YLE) A2, Flyers Exam တွင် Full Shields 🛡️ ရရှိအောင်မြင်ခဲ့ကြသော ZEE KWAT - Language Hub ၏ ထူးချွန်သော Young Learners လေးများအား ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါသည်။ 🎓👏

ဒီလိုထူးချွန်တဲ့ ရလဒ်တစ်ခုရရှိဖို့အတွက်
🌟 မရပ်မနားကြိုးစားခဲ့တဲ့ ကလေးငယ်လေးများရဲ့ ကြိုးစားအားထုတ်မှု
🌟 စနစ်တကျ လမ်းညွှန်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများရဲ့ dedication
🌟 အမြဲတမ်း ယုံကြည်အားပေးပေးခဲ့ကြတဲ့ မိဘများရဲ့ support

အားလုံးပေါင်းစပ်ပြီး ဖန်တီးခဲ့တဲ့ Proud Achievement တစ်ခုဖြစ်ပါတယ်။ ❤️

At ZEE KWAT, we believe that true success begins with building strong foundations.

ဒီနေ့ရရှိခဲ့တဲ့ Full Shield လေးတွေဟာ အောင်မြင်မှုတစ်ခုအဖြစ်သာမက မနက်ဖြန်ရဲ့ ပိုမိုကြီးမားတဲ့ အိပ်မက်တွေဆီ လျှောက်လှမ်းနိုင်ဖို့အတွက် ယုံကြည်မှုနဲ့ အခြေခံကောင်းတစ်ခု ဖြစ်လာပါစေ။ 🌱✨

Congratulations, our brilliant young achievers!
Your achievement makes us incredibly proud. 🏆

Learn with Purpose.
Grow with Confidence.
Achieve with Excellence.

ZEE KWAT Language Hub 🎓

07/08/2026

Reading Time 😍
Phonics and Reading Level 2


ZEE KWAT LANGUAGE HUB

06/08/2026

🎖️ Best Parenting Awards 2026 🎖️🏆

ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ အမြဲတမ်းရှိနေသူတွေကတော့ မိဘများ ဖြစ်ပါတယ်။

စာသင်ခန်းထဲမှာ ဆရာတွေက သင်ကြားပေးပေမယ့်...
အိမ်မှာတော့ မိဘတွေက ယုံကြည်မှု၊ မေတ္တာနဲ့ စည်းကမ်းကို နေ့စဉ်ပျိုးထောင်ပေးနေကြပါတယ်။

ဒါကြောင့် ZEE KWAT - Language Hub ရဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည် သင်တန်းဆင်းအခမ်းအနားတွင် ကလေးများ၏ ပညာရေးခရီးစဉ်တစ်လျှောက် အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသော မိဘများအား Best Parenting Awards ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ဒီဆုလေးဟာ ဆုတစ်ခုထက်ပိုသော အဓိပ္ပာယ်တစ်ခုကို ကိုယ်စားပြုပါတယ်။ "ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ကျောင်းသား၊ ဆရာနဲ့ မိဘတို့ လက်တွဲညီညွတ်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။"

ဆုရရှိခဲ့ကြသော မိဘများအား ထပ်မံဂုဏ်ပြုအပ်ပြီး၊ ကျွန်ုပ်တို့ကို အစဉ်ယုံကြည်အားပေးခဲ့သော မိဘတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

💙 Together, we nurture learners. Together, we build brighter futures.

05/08/2026

2025-2026 Academic Year တွင်
Excellent Students of the Year Awards ကို ဆွတ်ခူးရရှိခဲ့ကြတဲ့ ကျောင်းသူ၊ကျောင်းသားများရဲ့ Proud Moment လေးကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်

Congratulations to our Outstanding Students 👏🏼🎊🏆

ZEE KWAT LANGUAGE HUB

Photos from ZEE KWAT - Language Hub's post 27/07/2026

🌟 Proud Moment! Full Shields Achieved! 🌟

Cambridge YLE စာမေးပွဲမှာ Full Shields ရရှိခဲ့တဲ့ ZEE KWAT - Language Hub ရဲ့သားသားမီးမီးလေးတွေကို အထူးဂုဏ်ပြုပါတယ်။ 🏆🎉

ဒီအောင်မြင်မှုဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ မိဘတွေရဲ့ အားပေးမှုနဲ့ ဆရာ/ဆရာမတွေရဲ့ လမ်းညွှန်မှုတို့ ပေါင်းစပ်ထားတဲ့ အဖိုးတန်ရလဒ်တစ်ခုပါ။ ❤️

Dream Big.
Learn with Passion.
Shine with Confidence. ✨

နောက်ထပ် Full Shields Winners တွေ ပိုမိုပေါ်ထွက်လာဖို့ အားလုံးအတူတကွ ကြိုးစားကြပါစို့ကလေးတို့ရေ! 💙

12/07/2026

2026-2027 ပညာသင်နှစ်အတွက် 🏆 IELTS Preparation Scholarship🏆 ကို Four Skills English Batch (24)တွင် တက်ရောက်ပညာသင်ကြားနေတဲ့ #တောင်တွင်းကြီး မြို့မှ Grade-12 ကျောင်းသား မောင်ကောင်းခန့်နိုင် (၆ ဘာသာဂုဏ်ထူးရှင်)🥇 ကနေ ဆွတ်ခူးရရှိသွားပါတယ်ခင်ဗျ 🏆

IELTS ကို One on One လေ့လာသင်ယူခွင့်ရရှိနိုင်ဖို့အတွက် ငွေကျပ် သိန်း(၂၀) ကျော်တန်ဖိုးရှိ ပညာသင်ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတာပဲဖြစ်ပါတယ်...

တက္ကသိုလ်ပညာရေးဆက်လက်တက်ရောက်ရန်အတွက်လည်း လိုအပ်တဲ့ ပံ့ပိုးမှုများစွာကို ZEE KWAT - Language Hub မှ ဂုဏ်ယူစွာဖြင့် ချီးမြှင့်မြှောက်စားသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ...

11/07/2026

Phonics and Readings အတန်းများမှ
သမီးငယ်လေးများရဲ့ အမှတ်တရကပြဖျော်ဖြေမှု 😍
Gentleman & Gangnam Style 🕺🏼📸

Photos from ZEE KWAT - Language Hub's post 10/07/2026

သင်တန်းဆင်းပွဲအမှတ်တရ ဓာတ်ပုံမှတ်တမ်းများ 📸 😍

09/07/2026

အကြီးတန်းအဆင့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲ
🏆Winner - Ma La Yeik Wint Ye 🥇🏆

ပြိုင်ပွဲအဆင့်လေးဆင့်မှာ အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရပြီး လူပေါင်းရာကျော်ထဲကနေ နောက်ဆုံးအဆင့်အထိကြိုးစားခဲ့ပြီး Winnerဆုကိုရရှိခဲ့တဲ့အတွက် (၄)နှစ်ပြည့် သင်တန်းနှစ်ပတ်လည်နှင့် ဆုပေးပွဲအခမ်းအနားမှာ
Winner Award - 500,000 mmk
Gold medal , Winner Trophy များဖြင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်...

English 4skills Competition - Program 1
🥇

Want your school to be the top-listed School/college in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Address


Taungdwingyi
Magway