Dualpower Autoworks Magway
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dualpower Autoworks Magway, Automotive, aircraft & boat, Magway.
မကွေးမြို့ Dualpower Autoworks တွင် တာဝန်
ထမ်းဆောင်ရန်အတွက်
အင်ဂျင် / အောက်ပိုင်း ဖြုတ်တပ် ကျွမ်းကျင် = ကျား 5 ဦး အလိုရှိသည်။
လုပ်သက် = ၂ နှစ်နှင့် အထက်
အသက် = ၁၈ နှစ်မှ ၃၅ အတွင်း
လစာ = ညှိနှိုင်း
ကားဝပ်ရှော့ ပညာသင် = ကျား ၁၀ ဦး အလိုရှိသည်။
အသက် = ၁၅ နှစ်မှ ၂၅ အတွင်း
ပညာသင်နေစဥ်အတွင်း လစာပေးမည်။
အမှန်တကယ် ပညာသင်ယူလိုသူများသာ လျှောက်ထားရန်။
မှတ်ချက််။ ။
customer များအပေါ်စေတနာထားရမည်။
မိမိအလုပ်နှင့်လုပ်ဖော်ကိုင်ဖက်များအပေါ် စေတနာထားရမည်။
စည်းကမ်းလိုက်နာနိုင်ပြီးအဖွဲ့အစည်းစိတ်ဓာတ်ရှိရမည်။
အပြောအဆို ယဥ်ကျေးသိမ်မွေ့ပြီး အသောက်အစားကင်းရှင်းရမည်
အသေးစိတ် သိရှိလိုပါက dualpower autoworks magway page ( သို့မဟုတ် ) Ph-09266922942/09409204488
ဆက်သွယ်မေးမြန်းနိုင်ပါသည်။
01/04/2024
မြန်မာ့နှစ်သစ် အတာသကြ်န် ပိတ်ရင် ကြေငြာခြင်း
မြန်မာ့နှစ်သစ် အတာသကြ်န် ပိတ်ရက်ကို 11.4.2024 မှ 18.4.2024 ရက်နေ့အထိ ပိတ်ရက်အဖြစ် ထားရှိကြောင်း Dual Power Autoworks မိသားစုမှ ရပ်ဝေး ရပ်နီးမှ မိဘပြည်သူများအား အသိပေးအပ်ပါသည်ရှင့်။
မိဘပြည်သူ ညီအကို မောင်နှမများအားလုံး မြန်မာ့နှစ်သစ် အတာသကြ်န်တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း Dual Power Autoworks မိသားစုများမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့်။
ဝန်ထန်းအလိုရှိသည်……👇👇👇
Mechanic Helper(စက်ပြင်အကူ) ကျား (၁၅) ဦး
- ကားစက်ပြင်လုပ်ငန်းတွင် စိတ်ပါဝင်စားသူဖြစ်ရမည်။
လုပ်ငန်းအပေါ်လေးစားမှုရှိပြီး အသင်းအဖွဲ့ဖြင့် လုပ်ကိုင်နိုင်ရမည်။
စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်ရေး အချက်
အလက်အပြည့်အစုံ CV Form တို့ဖြင့် ရုံးသို့
လူကိုယ်တိုင်ဖြစ်စေ Page Messenger မှဖြစ်စေပေးပို့လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက 09966669666 / 09266922942 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Dual Power Autoworks Magway Branch-1
ပြည်တော်သာလမ်းနှင့် သုခိတာလမ်း ၊ ရန်ကျော်ရပ်၊
မကွေးမြို့ ။
09408866588
Dual Power Autoworks Magway Branch-2
ပြည်တော်သာလမ်းနှင့် မြို့ပတ်လမ်းထောင့် ၊
ရန်အောင်ရပ် ၊ မကွေးမြို့ ။
09408638844
29/07/2023
ရပ်ဝေး ရပ်နီးမှ မိတ်ဟောင်း မိတ်သစ်များအားလုံး ကျနော်တို့၏ ဆိုင်အသစ်ဖွင့်ပွဲသို့ ကြွရောက် ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ခင်များ။
04/07/2023
Dualpower Autoworks မကွေးတွင် တာဝန်ထမ်းဆောင်ရန်အတွက် -
ကားအောက်ပိုင်း ဖြုတ်/ တပ် ကျွမ်းကျင် = ၅ ဦး
လစာ = ညှိနိူင်း
အမှန်တကယ် အလုပ်လိုအပ်၍ စိတ်ပါဝင်စားသူများသာ လျှောက်ရန်။
ကားဝပ်ရှော့ပိုင်း ပညာသင် = ၅ ဦး
အသက် ၁၅ မှ ၂၅ နှစ်အတွင်း
ပညာသင်နေစဥ်အတွင်း လစာပေးမည်။
အမှန်တကယ် စိတ်ပါဝင်စားသူများသာ လျှောက်ရန်။
အသေးစိတ် သိရှိလိုပါက page Messager (or) 09966669666 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
05/05/2023
⭕ ကလပ်ဝေးခြင်း၊ ကလပ်နီးခြင်း၊ ကလပ်ချော်ခြင်း၊ ကလပ်ညော်ခြင်း၊ ကလပ်တုန်ခြင်း နှင့် ကလပ်ပြစ်ချက်များ ⚙☢👨🔧
Clutch ဆိုတာ mechanical device တစ်မျိုးပါပဲ။ သူ့ဟာ engine နဲ့ gearbox ကြားမှာရှိနေပြီး engine ကလာတဲ့ rpm ကို ထိန်းချုပ်ပေးပါတယ် တနည်းပြောရရင် လည်နေတဲ့ shaft ၂ ချောင်းကို အလယ်ကနေ ထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ သူကနေဘယ်လိုထိန်းချုပ်ပေးလည်းဆိုတော့ clutch ထဲမှာရှိတဲ့ pressure plate နဲ့ friction plate အဲ့နှစ်ခုက clutch ရဲ့ အသက်ပါပဲ။ ဒါ့အပြင် clutch ဟာ engine နဲ့ gearbox ကြားမှာရှိတဲ့ output power control device လို့ပြောရမည့် တစ်ခုတည်းသော ကိရိယာတမျိုးပါ။ နောက်ပြီး အဖြုတ်အတပ်အရှင်လုပ်လို့လည်းရသလိုလိုအပ်သလို ကစားလို့ရပါတယ်။ သူ့ရဲ့ main function က engine ရဲ့ shaft power ကို မလိုရင်ပေးလိုရင်ဖြတ်ချနိုင်စွမ်းရှိပါတယ် နောက်ပြီး clutch ရဲ့ အလုပ်လုပ်ဆောင်ပုံမှာ သူ့ထဲမှာရှိတဲ့ pressure plate နဲ့ friction plate ဟာ ပူးလိုက် ကပ်လိုက် အတူတကွ အလုပ်လုပ်လေ့ရှိပြီး clutch နင်းလိုက်ရင်တော့ engine ရဲ့ အားကို ခတ္တခဏ ဖြတ်ချပေးထားပါတယ်။ ဒါ့အပြင် clutch နင်းရင် pressure plate ကနေ friction plate ကိုဆွဲယူထားပြီး clutch လွှတ်လိုက်ရင် friction plate က flywheel နဲ့ အတူတကွ လိုက်ပါ လုပ်ဆောင်ပြီး engine ရဲ့ အားတွေဟာ gearbox ကနေတဆင့် propeller shaft အဲ့ကနေတဆင့် ဘီးတွေဆီကို ပို့လွှတ်ပြီး ကားတစ်စီးလုံးရွှေ့လျားစေပါတယ်။
အရပ်အခေါ်အရ clutch brake လို့လည်းတနည်း သုံးနှုန်းကြပါသေးတယ်။ ဘာလို့လည်းဆိုရင် clutch ဟာ engine ကနေလာတဲ့ powerflow ကို ဖြတ်တောက်နိုင်စွမ်းရှိလို့ပဲဖြစ်ပါတယ်။ အဲ့လိုဆိုတော့ clutch နင်းလိုက်ရင် engine ရဲ့ powerflow ဟာ gearbox ဘက်အခြမ်းသို့မရောက်ပဲ clutch မှာတင်လမ်းဆုံးပြီး မိမိလိုချင်တဲ့ အရှိန်နဲ့ကားကို ထိန်းချုပ်လုပ်ဆောင်နိုင်ကြပါတယ်။ သီအိုရီအရဆိုရငျ clutch ဆိုတာကို ဒီလိုပြောပါတယ် " small power to high interia load " ဒါ့ကြောင့် clutch ကို control of engine power လို့တင်စားကြပြီး သူ့ရဲ့ လုပ်ဆောင်မှုက manual gear သုံးကားတွေအတွက် အထူးအရေးပါလှပါတယ်။ နောက်တခုက clutch နင်းတဲ့ ပုံစံပါ clutch ကို ကြိုးနဲ့သွားတာရှိသလို hydraulic နဲ့သွားတာမျိုးလည်းရှိပါတယ်။ အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာဆိုရင် clutch actuator နဲ့သွားတာပဲဖြစ်ပါတယ်။
Engine ဟာ high speed နဲ့ လည်နေပေမဲ့လည်း clutch ထိုးဖို့လွယ်ကူရပါမယ်။
Clutch pedal နင်းတဲ့အခါမှာ သိပ်အားစိုတ်စရာမလိုပဲ ပေါ့ပေါ့ပါးပါး လေးဖြစ်ရပါမယ်။
Clutch အုံနဲ့ အထဲမှာပါတဲ့ အစိတ်အပိုင်းတွေဟာ ပေါ့ပါးကျစ်လစ်မှုဖြစ်ရမယ် နောက်ပြီး အဖြုတ်အတပ်လည်းလွယ်ကူရပါမယ်။
Clutch ထဲမှာပါတဲ့ friction plate ဟာ ပွန်းစားမှုဒဏ်ကို အတော်အတန်ခံနိုင်ရည်ရှိနေရပါမယ်။ ဒါဟာ clutch ရဲ့ simple function ပဲ ဖြစ်ပါတယ်။
🅰 ဆိုင်ကယ်တွေအတွက် ကလပ်ပြား
ဆိုင်ကယ်တွေမှာ ကလပ်ပြားတွေပါကြပါတယ်။ အဲ့ဒီ ကလပ်ပြားတွေရဲ့ ပုံစံက မတူပါဘူး။ ဆိုင်ကယ် ဂီယာဘောက်မှာ ကလပ်ပြား ၄ပြားကနေ ၆ပြားထိ ပါဝင်ပါတယ်။ ဆိုင်ကယ်ကလပ်ပြားတွေက ကားရဲ့ အော်တိုဂီယာဘောက်ထဲရှိ ကလပ်ပလိတ်တွေနဲ့ သွားကားကလပ်ပြားနဲ့တူပါတယ်။ ဆိုင်ကယ်ကလပ်ပြားတွေသည် အနည်းဆုံး ၃နှစ်ကနေ ၅နှစ်လောက်ထိ အသုံးခံတာတွေ့ရပါတယ်။ ကလပ်ပြားတွေ အသုံးပိုခံချင်တယ်ဆိုရင်တော့ မလိုအပ်ဘဲ ကလပ်မဆော့သင့်ပါဘူး။ ကလပ်ဆော့ပါများရင် ကလပ်ပြားတွေ ပိုပျက်တက်ပါတယ်။
🅰 ကားမန်နူရယ် ကလပ်ပြား
ကားတွေရဲ့ ကလပ်ပြားကတော့ ဂီယာဘောက်တစ်လုံးအတွက် တစ်ခုသာပါဝင်အလုပ်လုပ်မှာဖြစ်ပါတယ်။ မန်နူရယ်ဂီယာဘောက်အတွက် ကလပ်အရေးကြီးတယ်။ ကလပ်တွေ ပျက်စီးရင် ဂီယာမဝင်တာတွေ နဲ့ ကားအထနှေးနေတာမျိုးတွေဖြစ်တက်ပါတယ်။ ကလပ်ပြားတွေ ပျက်စီးရခြင်း အဓိက အကြောင်းအရင်းက အပူဖြစ်ပါတယ်။ အင်ဂျင်ဖလိုင်းဝှီး နဲ့ ကလပ်ဒစ်ကြားမှာ ပွတ်တိုက်မှုအလွန်များပြားတဲ့အခါ ကလပ်တွေ ပျက်စီးရပါတယ်။ ဒါကြောင့် dual clutch gearbox ၊ semi-auto gearbox တွေ သုံးလာတာပဲကြည့်ပါ။ အဆိုပါ ဂီယာဘောက်တွေမှာတော့ ကလပ်သိပ်အလုပ်မပေးလို့ ပုံမှန် ကလပ်အသက်ရှည်တက်ပါတယ်။ ကလပ်တွေရဲ့ သက်တမ်းသည် မန်နူရယ်ဂီယာဘောက်မှာ ၃ နှစ်လောက်ပဲ ခံတာတွေ့ရပါတယ်။
ကလပ်ပြားတွေ ပျက်စီးနေပြီဆိုရင်
# ကလပ်ညှော်နံ့ တွေထွက်လာပါမယ်။
# ကလပ်ဝေးသွားမယ်။
# ဂီယာထိုးလို့ မရတော့ဘူး။
# ဂီယာထိုးရင်ပဲဖြစ်ဖြစ် ၊ ကလပ်နင်းရင်ပဲဖြစ်ဖြစ် အသံတစ်မျိုးမျိုးထွက်လာမယ်။
# အရုန်းအဆွဲတွေ ကျဆင်းလာပါမယ်။
# ဂီယာကြာကြာမနေတော့ဘူး။
# ကလပ်နင်းရတာ မကောင်းတော့ဘူး။
ဒီလို ပြစ်ချက်မျိုးတွေ ကြုံရရင် ကလပ်တွေ ပျက်စီးနေကြောင်းသိနိုင်ပါတယ်။
▶ ကလပ်နင်းမရတော့ဘူးဆိုရင် ....
ကလပ်လင့်တွေ ပျက်စီးတာဖြစ်နိုင်တယ် ၊ ကလပ်ဘယ်ရာရင်တွေ ပျက်စီးတာဖြစ်နိုင်ပါတယ်။ ကလပ်ပြားတွေ ပျက်စီးတာဖြစ်နိုင်ပါတယ်။ အများစုကတော့ ကလပ်တွေပါးတာဖြစ်နိုင်ပါတယ်။
▶ ကလပ်နင်းတံလေးနေတာ ....
ကလပ်ဘယ်ရာရင်တွေ ပျက်စီးနေတာ ၊ ကလပ်လင့်တွေမကောင်းတာ ၊ ကလပ်ဆီနည်းနေတာ ၊ ကလပ်ဆလင်ဒါတွေ မကောင်းရင်လဲဖြစ်တက်ပါတယ်။
▶ ကလပ်ချော်နေတာ ....
ကလပ်နင်းလိုက်ချိန်မှာ ကလပ်စလစ်ဖြစ်ပြီး ဂီယာမဝင်တာမျိုးတွေ မန်နူရယ်ကားတွေမှာ ကြုံနေကြဖြစ်ပါတယ်။ အဲ့လိုမျိုးဖြစ်ခဲ့ရင် ဖလိုင်းဝှီးတွေ မကောင်းတာမျိုး ၊ ကလပ်အစိတ်အပိုင်းတွေ ပျက်စီးတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
▶ ကလပ် အသံထွက်နေတာ .....
ကလပ်ဟပ် ၊ ကလပ်ဒစ်တွေ ပျက်စီးတာ ၊ ကလပ်ဟောက်ဇင်း ၊ ဘယ်ရာရင် ၊ ကလပ်လင့်တွေ စတဲ့ အစိတ်အပိုင်းတွေကို အပြစ်ရှာဖွေရပါတယ်။
▶ ကလပ်တုန်ခါနေတာ .....
ဖလိုင်းဝှီးတွေ မကောင်းရင် ကလပ်တုန်တက်ပါတယ်။ မိန်းရှပ် မကောင်းရင်၎င်း ၊ ကလပ်ဖင်းဂါးတွေ ၊ ကလပ်ဒစ်တွေ ကလပ်တုန်ခါတက်ပါတယ်။ ကလပ်တုန်ခါခြင်းသည် အဖြစ်များဆုံး ကလပ်ပြဿနာတစ်မျိုးလဲဖြစ်ပါတယ်။
☑📖 ယခုဆောင်းပါးသည် AMB ၏ မူပိုင်ဖြစ်ပြီးအခြားပေ့စ်များတွင်ကူးတင်ခြင်းခွင့်မပြုပါ 🙅
#ဝပ်ရှော့ဆရာညီအကိုတွေ အားလပ်တဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၄)အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ 🙏
စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/100064755550366/posts/551421737026340/
#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/
မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476
09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
Category
Telephone
Website
Address
Magway
54321
Alerts
Be the first to know and let us send you an email when Dualpower Autoworks Magway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.