Kotes

Kotes

Share

My daily notes

19/01/2026
13/09/2022

ကျေးဇူးမသိတတ်တာ တဲ့လား ?

တစ်စုံတစ်ယောက်ရဲ့
လုပ်ရပ်ဟာ
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
မဟုတ်ခဲ့ဘူးဆိုရင်
ပြီးတော့
အဲ့ တစ်စုံတစ်ယောက်က
ကိုယ့်ရဲ့
အကူညီတခုခုကို
ရယူခဲ့သူဖြစ်ခဲ့ဖူးရင်
လူအများက
" ကျေးဇူးမသိတာ" "ကျေးဇူးကန်းတာ" လို့
ငြီးလေ့ငြီးထ ရှိတတ်ကြတယ်။

ဒီမှာ စဉ်းစားစရာက
အကူညီပေးတုန်းက
ဘာကိုမျှော်လင့်ပြီး
အကူညီ
ပေးလိုက်တာလဲ ?
ကူညီတဲ့ နေရာမှာ
မျှော်လင့်ချက်ထားပြီး
ကူညီခဲ့တယ်ဆိုရင်
ဒါဟာ အကူညီ စစ်စစ်မဟုတ်ဘူး။

သူငါ့ကို ငါလိုတဲ့အချိန်
ကူညီရင် သိပ်ကောင်းမှာပဲ။
သူငါ့ကို ငါလိုတဲ့အချိန်
မကူညီနိုင်သူဖြစ်ခဲ့ရင်လဲ
ငါကတော့ ကူညီနိုင်တဲ့
အနေထားမှာရှိနေရင်
ငါဆက်ပြီး ကူညီနေဦးမှာပဲ။

11/09/2022

ဆရာ လိုလား ?

သိခဲ့သမျှ တတ်ခဲ့သမျှအားလုံးက
ဆရာ သင်ပြခဲ့လို့ ဆိုရင် မှားပါလိမ့်မယ်။

ဘယ်သူကမှ ဘယ်သူ့ကို
သိအောင်လုပ်ပေးလို့မရပါဘူး။
ညွှန်ပြ လမ်းပြ ပေးလို့ပဲရပါတယ်။

သိခဲ့သမျှ အားလုံးက ကိုယ့်ကြောင့်သာ
သိခဲ့ရတာဖြစ်ပါတယ်။

Category

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Kotes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.