4U2Listen
This page is about sharing audios of books, poems and some famous quotes. This is dedicated to peopl
01/01/2024
Happy new year ပါ
မင်မင် ပစ်ထားမိတာ ကြာပြီဖြစ်တဲ့ ဒီpage လေးကို ပြန်စတော့မှာမို့ အားပေးကြပါဦး။
ဒီနှစ်အတွက် ဆုတောင်းလွှာလေးကတော့ မင်မင် အရမ်းသဘောကျရတဲ့ မင်မင့်အဘိုး ပေးလေ့ရှိတဲ့ ဆုတောင်းစကားလေးပဲ ဖြစ်ပါတယ်။
ကောင်းမှု မြတ်နိုး
ကောင်းအောင် ကြိုး၍
ကောင်းကျိုးကိုယ်၌တည်စေသော်
ကောင်းကျိုးခပ်သိမ်းကြွယ်စေသော်
May you take pride in doing good deeds.
May you be able to do good deeds.
May the good deeds always be with you.
May the good deeds flourish in your life.
31/12/2020
မင်မင်တို့ 2020 မှာ စိတ်ညစ်စရာတွေ စိတ်မောစရာတွေ အများကြီး ကြုံ တွေ့ခဲ့ရပြီးပြီဆိုတော့ လာမည့် 2021 မှာ အားလုံးကို ကျော်ဖြတ်ပြီး စိတ်သစ်ကိုယ်သစ်နဲ့ အတူတူ ဖြတ်သန်းသွားကြတာပေါ့။ page ကိုလည်း အမြဲ active ဖြစ်အောင် ကြိုးစားသွားပါမယ်။ နားဆင်သူတို့အတွက် အကောင်းဆုံးသော အရာများကိုသာ ပြင်ဆင်ပေးရင်း....
အားလုံး Happy New Year ပါ။
မင်မင် သဘောကျတဲ့ စာစုလေးကို ဖတ်ပြတာပါ။ စာရေးသူကို credit ပေးပါတယ်။
လွှတ်ချသင့်တဲ့ အရာတွေကို လွှတ်ချလိုက်ပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဆီ အပြေးကလေး လှမ်းသွားလိုက်ပါနော်။
11/12/2020
ဒီနေ့ကတော့ ကမ္ဘာ့ ကုလသမဂ္ဂက တရားဝင်သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ ဖြစ်ပါတယ်။ လွမ်းမောဖွယ်ကောင်းတဲ့ မင်မင်တို့ရဲ့ ရှမ်းရိုးမ၊ လျှို့ဝှက်ချက်တွေများတဲ့ ချင်းတောင်တန်း၊ အံ့ဩစရာတွေ ပြည့်နှက်နေတဲ့ ပဲခူးရိုးမ၊ ကမ္ဘာဦးလူသားတွေ အစတည်ခဲ့တယ်လို့ ပြောတဲ့ ပုံတောင်ပုံညာ တောင်တန်းကြီးတွေ အတွက် ဂုဏ်ပြုပေးလိုက်ရအောင်နော်။
Netflix ရဲ့ our planet series ကို တင်ပေးလိုက်တယ်နော်။ ခေါင်းစဉ်အများကြီး ရှိတဲ့ အထဲက မင်မင်ရဲ့ အကြိုက်ဆုံးနေရာဖြစ်တဲ့ ”သစ်တောများ” ခေါင်းစဉ်အောက်က ”တောမီး၏စွမ်းပကား” ဆိုတဲ့ ခေါင်းစဉ်ခွဲလေး အကြောင်း အရင် တင်ပေးလိုက်ပါတယ်နော်။ အကြောင်းအရာကရှည်လို့ ခွဲပြီးတင်ပေးမယ်နော်။ ပျင်းလည်း မပျင်းရအောင်ပေါ့။ နားဆင်ရင်း ဗဟုသုတေတြ ရနိုင်ပါစေနော်။
02/12/2020
https://www.youtube.com/channel/UCztcolBtSuio5Sby4Y8OdsA
ဒါလေးကတော့ မင်မင်ရဲ့ YouTude Channel link လေးပါ။ Fb ကနေကျ audio သီးသန့် download လုပ်လို့ မရမှာစိုးလို့်ပါနော်။
4U 2Listen - YouTube Convey Love through Voices.
ဒီကဗျာလေးက မင်မင် သဘောကျလို့ 4oems ထဲက ယူပြီး ဖတ်ပြထားတာပါ။ မူလကဗျာက English version လေးမို့လို့ အားလုံး နားဆောင်ဖို့ မင်မင် ကိုယ်တိုင် ဘာသာပြန်ပြီး Myanmar version နဲ့ရော နားထောင်နိုင်ဖို့ ဖတ်ပြပေးလိုက်ပါတယ်နော်။ အားလုံး နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
https://www.facebook.com/hyourburmesepoet/
ဒီpageက ကဗျာလေးတွေက အရမ်း ချစ်ဖို့လည်းကောင်း၊ ဖတ်လို့လည်းကောင်း၊ ခံစားလို့လည်းကောင်းတော့ မင်မင် အနေနဲ့ ဒီထဲက ကဗျာလေးတွေကို အဓိကထားပြီး ဖတ်ပြပေးမယ်နော်။ သယ်ရင်းတို့ထဲက ဖတ်ပြစေချင်တဲ့ ကဗျာလေးတွေ ရှိရင်လည်း ment ခဲ့ပါနော်။ မင်မင်က အားလုံးကို ဖတ်ပြပေးသွားမှာမို့ မင်မင့် page ဆီ အမြဲတမ်း အလည်လာခဲ့ပါလို့နော်။
4OEMS ကဗျာဖတ်ပါ။
01/12/2020
ဒီစာအုပ်ကတာ့ Netflix မှာ အလွန်နာမည် ကြီးခဲ့တဲ့ Our Planet ဆိုတဲ့ documentary series ကို မြန်မာဘာသာ ပြန်ဆိုပြီး ရေးသားထားတာပါ။ သတ္တဝါတွေ အကြောင်း သိချင်လို့ပဲဖြစ်ဖြစ်၊ netflixမှာ မကြည့်ရသေးလို့ပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးအကြောင်းသိချင်လို့ပဲဖြစ်ဖြစ် နားထောင်ချင်ရင် ဒီ page လေးကို followလေး လုပ်ထားပေးနော်။ မြန်မာဘာသာနဲ့ဆိုတော့ ပိုအဆင်ပြေတာပေါ့။
ကဗျာလေး နားဆင် ခံစားပေးပါဦးရှင့်။
29/11/2020
Beauty of the sky can't be perfect without clouds. My life can't be complete without you.
ကောင်းကင်းကြီးရဲ့ အလှတရားဟာ တိမ်တွေ မရှိရင် မပြည့်စုံသလို မင်းမရှိတဲ့ ငါ့ဘဝကလည်း မပြည့်စုံနိုင်ပါ။
Category
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when 4U2Listen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.