Jet Electrical Engineering Group

Jet Electrical Engineering Group

Share

Inspection & Testing

Photos from Jet Electrical Engineering Group's post 09/08/2026

လက်​တွေ့ နှင့် Theory
(Minimum bending radius)

11KV 3 core cable​တွေကို bending လုပ်တဲ့အခါ 12Dထက် ပို မ​ကွေးသင့်ပါဘူးလို့ ​လေ့လာခဲ့ဘူးတယ်။
ဥပမာ ၊ 70mm2cableဆိုရင် outer diameter 60mm​လောက်ရှိမယ်။
12D= 12x 60= 720mm
=0.72m
0.72meterဆိုတာ bendingလုပ်မဲ့ အချင်းဝက်ဖြစ်တယ်။
တနည်းအားဖြင့် အချင်း 1.44mရှိသင့်တယ်လို့ ယူဆတယ်။
လက်​တွေ့မှာ​တော့ ​အောက်ပါပုံအတိုင်း သွယ်တန်းထားတာ​တွေ့ရပါတယ်။
အခု​တော့ ဘာမှမဖြစ်​သေးဘူး လမ်းသွားရင်း သတိထားမိတာ ၂ နှစ်​လောက်ရှိပြီ ​နောက်​တော့ ------.
(မည်သို့ပင်ဆို​စေကာမူ manufactureရဲ့ instructionကို​တော့ လိုက်နာသင့်ပါတယ်)

Engr, Zaw Win Maw

Photos from Jet Electrical Engineering Group's post 23/07/2026

Electrical design calculation and thinking သီးသန့် သင်တန်း

Calculation များပါရှိသည့်အတွက် အ​ခြေခံ သချ်ာတွက်ချက်မူနားလည်ပြီး လုပ်ငန်းခွင် လက်​တွေ့ ​ဆောင်ရွက်​နေသူများအတွက် electrical design ဖွင့်လှစ်သင်ကြား​ပေးခြင်းဖြစ်ပါတယ်။

မိမိလုပ်ကိုင်​နေ​သောအလုပ်ကို ပိုမိုယုံကြည်မူရှိ​လာအောင် လမ်းညွှန်​ပေးခြင်း​ပေးခြင်းဖြစ်ပါတယ်)

* Load Calculation
* Cable Sizing
* Protection Device Selection
* Voltage Drop
* Short Circuit Calculation
* Earthing Design
* Lightning Protection
* Lighting Design နှင့်
အခြားသိထားသင့်​သော Electrical knowledges များကို MNBC, IET, IEC standardများကို ကိုးကား၍(နှစ် ၃၀ အ​တွေ့အကြုံများ) သင်ကြား​ပေးမှာဖြစ်ပါတယ်။

(Scientific calculator လိုအပ်ပါတယ်)

* Every Sunday,

* 9-8-2026 ရက်​နေ့ စသင်မည်,

* (from 9 am to 12 am) ,

*(10)Weeks

* 120A× 60E,Mandalay

*သင်တန်း​ကြေး 200000

*သင်တန်းသား(၁၀)ဦးသာလက်ခံမည်။

(RSE ​ဖြေဆိုမည့် အင်ယာများအတွက်လည်း အ​ထောက်အကူဖြစ်ပါတယ်)

(သင်တန်းတက်ပြီးသည်နှင့် အ​တွေးအ​ခေါ် အယူအဆ တစ်မျိုး​ပြောင်းလဲသွားပါမယ်)

Viber ; 092037107 ဖြင့် စာရင်းလက်ခံပါသည်၊

Engr; U Zaw Win Maw
AGTI(EP), BE(EP), PE(BS)

Photos from Jet Electrical Engineering Group's post 16/07/2026

Site visit to 40MW Solar Project.
Solar power systems knowledge အပြင် HT(High Tension) နှင့် LT(Low Tension)အ​ကြောင်းကို လည်း နားလည်တတ်ကျွမ်ထားဖို့ လိုအပ်ပါတယ်။

650W Solar panel sheet 84672 Nos

Photos from Jet Electrical Engineering Group's post 04/06/2026

AI ရှိ​နေ​တော့ post မတင်ဘဲထားတာ ​တော်​တော်ကြာသွားပြီ။AIက နည်းပညာနှင့်ပတ်သတ်လို့ ​မေးရင် 90%​လောက်မှန်တာ ​တွေ့ရတယ်။
ဒီ​နေ့​တော့ Ungrounded systemအ​ကြောင်း​လေး​​ဆွေး​နွေးခြင်လို့ပါ။
မ​နေ့က စက်ရုံတစ်ရုံမှာ ဓါတ်​တွေလိုက်​နေလို့ လာစစ်​ပေးပါအုံးဆိုလို့ သွားခဲ့တယ်။
စက်ရုံ​ရောက်​တော့ စက်​တော်တော်များများ မှာ leakage voltage ​ရောက်​နေတာ​တွေ့တယ်။

စစ်​ဆေးချက်။
Protective Earth result = 1.5 Ohms

Phase to phase voltage
RY- 402V
RB- 405V
YB- 401V

Phase to Neutral voltage

RN-231V
YN- 232V
BN- 230V

Phase to Ground voltage

R- G = 365V (??)ပုံမှန်အ​ခြေအ​နေ(230V)

Y-G = 366V (??)ပုံမှန်ဆိုရင် 230V

B-G= 2.5V (??)ပုံမှန်ဆိုရင် 230V

Ground to Neutral voltage
N-G =229V (??) ပုံမှန်ဆိုရင် 0V နီးပါး

စက်တစ်ခုရဲ့ Neutral wireသည် Ground wire( Protective earth) ချိတ်ဆက်ထားတာ​တွေ့ရတယ်။

Transformer or generatorတို့ရဲ့ star pointကို ​မြေစိုက်ကြိုးဖြင့်ဆက်မထားခြင်း (သို့) ​မြေစိုက်ကြိုး ခုခံမူ resistanceများ​နေခြင်း ဖြစ်​နေတဲ့အချိန်တွင် phase တစ် phase သည် ground faultဖြစ်ပါက အထက်ပါ resultများရရှိပြီး လျှပ်စစ်အန္တရာယ် ကျ​ရောက်နိုင်ပါတယ်။
ကျွန်​တော်တို့ နိုင်ငံအ​နေဖြင့် TN earthing systemကို မသုံးသင့်ဘဲ TT earthing system ကိုသာ သုံးသင့်​ကြောင်း အကြံပြု​ရေးသားခြင်းဖြစ်ပါတယ်။
( ပုံသည် ungrounded systemမှာ ground faultဖြစ်ပါက ဖြစ်​ပေါ်လာနိုင်​သော resultများကို ပြသ​နေ​သောပုံဖြစ်ပါတယ်)
Transformer or generatorများ ၏ star pointကို voltage stability ဖြစ်​စေရန် ​မြေဓါတ်ချစနစ်ကို စနစ်တကျလုပ်သင့်ပါတယ်။

စက်ပစ္စည်းများ Earth ချထား​သော်လည်း ဓါတ်လိုက်နိုင်ပါတယ်။( Touch voltageသည် 50Vအထက်မှာရှိလို့ပါ) ​နောက်postတွင် calculationဖြင့် တွက်ပြပါမယ်။

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Zaw Win Maw

Photos from Jet Electrical Engineering Group's post 03/03/2026

Today Inspection & Testing

ဒီ​နေ့ (၅၀)​ကျော် သူငယ်ချင်း ဦး​လေးကြီး နှစ်​ယောက် ​(ဦးမြင့်ထွန်း(RSE)နှင့် ကျွန်​တော် ဦး​ဇော်ဝင်း​မော်(P.E)တို့သည် လေးထပ်အ​ဆောက်အဦ တစ်ခုကို လျှပ်စစ်အန္တရာယ်ကင်းရှင်း​ရေးအတွက် သွား​ရောက် စစ်​ဆေးခဲ့ပါတယ်။
Testings are following;

1, Earth resistance test
2, Insulation resistance test
3, Continuity test
4, Prospective fault current test
5, loop impedance test
6, RCD test
7,Socket test

Inspection & Testing result- - -

1, Visual inspection is good.

2, Earth resistance - 0.63 Ohm, LA- 4.5 Ohms

3 , RCCB ,30mA
Trip- 24mA, 9ms,0'
-24mA,12ms,180'
-×1/2, ×1 ,×5 time are satisfied.

4, MCB,C type 40A
PFC(prospective fault current)-514A.
13 times of MCB rated current.
It can trip within 0.1s.
(BS7671- 230V,0.2s)in TT system.

All results are satisfied.
But---,
L.A down conductor size is 10mm2.
I suggested it to change ---- mm2.
ဘယ်​ကြိုးအရွယ်အစားကို ​ပြောင်းသင့်ပါသလဲဗျ။

*** Inspection& Testing (HT,LT)နှင့် ပတ်သတ်၍ သိလိုသည်များကို အခမဲ့ ​ဆွေး​နွေးနိုင်ပါတယ်။

သင်၏ အ​ဆောက်အဦအား လျှပ်စစ်အန္တရာယ် ကင်းရှင်း​ရေးအတွက် စစ်​ဆေးလိုပါက ဆက်သွယ်လိုက်ပါဗျ။
စံသတ်မှတ်ချက်များနှင့်အညီ စိတ်ချမ်းသာစွာ စစ်​ဆေး​ပေးပါမယ်ဗျ။

092037107,09442037107

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Photos from Jet Electrical Engineering Group's post 25/02/2026

မိုးကြိုးလျှပ်စီး(lightning strike)ပစ်လို့ အနီးနားမှာ လူရှိရင်​သေနိုင်လားလို့ '' ​ဖုန်းဆက်မေးလာလို့ အားလုံးသိ​အောင် sharing လုပ်​ပေးခြင်းဖြစ်ပါတယ်။
လူကိုတိုက်ရိုက် အပစ်မခံရ​သော်လည်း Step Voltage ​ကြောင့် ​သေနိုင်ပါတယ်လို့ ​ဖြေခဲ့ပါတယ်။

** Step Voltage ဆိုတာ ဘာလဲ?
Step voltage (Step potential) ဆိုတာက
မြေပြင်ပေါ်မှာ လူတစ်ယောက်ရဲ့ ခြေလှမ်းအကွာအဝေး (ပုံမှန် ~1 meter) အတွင်းမှာ ဖြစ်ပေါ်တဲ့ Voltage difference (ဗို့အားကွာခြားချက်) ကို ဆိုလိုပါတယ်။

မိုးကြိုးလျှပ်စီး( lightning strike)ဟာ air terminal မှတဆင့် down conductor, Down conductor မှတဆင့် ​မြေကြီးထဲသို့ High current စီးဆင်းသွားပါတယ် (သို့မဟုတ်) မြေပြင်ကို တိုက်ရိုက် ပစ်တဲ့အချိန်မှာလည်း High current က ​မြေကြီးထဲသို့ စီးဆင်းသွားနိုင်ပါတယ်။
ငှင်း High current က မြေထဲသို့ စီးဆင်းသွားတဲ့အခါ မြေပြင်မှာ Potential gradient (ဗို့အားအဆင့်အတန်းပြောင်းလဲမှု) ဖြစ်​ပေါ်လာပါတယ်။

** ​မြေပြင်မှာ ဗို့အားခြားနားချက်​ကြောင့် လူ၊တိရိစ္ဆာန်တို့ကို အန္တရာယ် ဖြစ်​ပေါ်နိုင်ပါတယ်။

ဥပမာ- မိုးကြိုးပစ်တဲ့ အနီးနားမှာလူတစ်​ယောက်ရှိ​နေတယ်ဆိုရင်---
လူတစ်ယောက်ရဲ့
ခြေတစ်ဖက်မှာ 3000V
အခြားခြေတစ်ဖက်မှာ 2500V ရှိရင် Voltage difference(ဗို့အားခြားနားချက်) က 500V ဖြစ်ပါတယ်။
ဒီ 500V က လူ့ခန္ဓာကိုယ်ရဲ့
ခြေတစ်ဖက် မှ ကိုယ်ထည် ၊ကိုယ်ထည်မှ တဆင့် အခြားခြေတစ်ဖက် သို့ Current စီးစေနိုင်ပါတယ်။
လူတစ်​ယောက်ဟာ 1000 ohms ဆိုပါစို့--
I= V/R
= 500/ 1000 = 0.5A
0.5A( 500mA) စီးဆင်းနိုင်ပါတယ်။
လူတစ်​ယောက်ဟာ 30mAဖြတ်စီးခံရရင် 0.5 s အတွင်း ​သေ​စေနိုင်ပါတယ်။

ဒါကိုပဲ Step voltage shock လို့ ခေါ်ပါတယ်။
မိုးကြိုးပစ်ချတဲ့​နေရာနှင့် ကင်းလွတ်အကွာအ​ဝေးက အကြမ်းအားဖြင့် meter(20), ​ပေ ၆၀ ​လောက် ရှိနိုင်ပါတယ်။

အ​သေးစိတ်သိလိုပါက calculation ဖြင့် တွက်ပြ​ပေးပါမယ်။commentမှာ yesလို့​​ရေးပေးပါဗျ။

Edit;
step voltageကို သိချင်ရင်
Vr= ρ If / 2×3.14×r
ρ= soil resistivity
If = fault current
r= earth rodမှ အကွာအ​ဝေး
ဥပမာ
ρ= 100 Ohm -meter(​မြေအ​နေအထားကြည့်ပြီးယူရတယ်)
မိုးကြိုးမှာ Lightning protection Level​(LPL)လေးခုရှိတယ်
LPL 1 - 200KA
LPL2 - 150KA
LPL3- 100KA
LPL4- 100KA

LPL 2 ဟုယူဆမယ်ဆိုရင် 150KA

လူတစ်​ယောက်သည် lightningအတွက်​မြေဓါတ်ချထား​သော earth rod နှင့် 10Meter အကွာမှာ ရပ်​နေတယ်ဆိုပါစို့

E10= 100×150×1000/ 2×3.14×10
= 238.85KV
လူတစ်​ယောက်သည် level 2 အဆင့် မိုးကြိုးပစ်တဲ့အချိန်တွင် Earth Rod နှင့် 10meter အကွာ မြေကြီးမှာ ရှိ​နေမည့် voltage 238.85KV

လူတစ်​ယောက် ​ခြေလှမ်းသည် 1 meterဟုယူဆပါက, Earth rodနှင့် 11 meter ကွာ​ဝေးမည်ဖြစ်ပါတယ်။

E11= 100×150×1000/ 2×3.14×11
= 217.13KV
ထို့​ကြောင့် ​ခြေလှမ်းတစ်ခုနှင့် တစ်ခုကြား voltage= 238.85- 217.13 = 21.72KV

လူတစ်​ယောက်သည် 50V ခြားနားချက်ရှိရင်​တောင် ​သေနိုင်ပါတယ်။

မိုးကြိုးLevel အဆင့်(၂)ဖြင့် ပစ်တဲ့အချိန်မှာ 10 meterအကွာတွင် ရှိ​နေတာ​တောင်မှ stèp voltageသည် 21.72KV ရှိ​နေပါတယ်ဗျ။
အန္တရာယ်ရှိပါတယ်။​သေ​စေနိုင်ပါတယ်
ဒီလိုမဖြစ်​အောင် ကာကွယ်တဲ့နည်း​တွေရှိပါတယ်။
စိတ်ဝင်စားရင် ထပ်​ပြော​ပေးပါမယ်ဗျ။

အာလုံးစိတ်ချမ်းသာကြပါ​စေ။

Engr, U Zaw Win Maw

Photos from Jet Electrical Engineering Group's post 14/02/2026

မန္တ​လေးဘုရားကြီး အတွက် lightning Protection

- Air terminal
- Solid bonding
- Equipotential bonding
- Down conductor metal, size, route
- Nos of down conductor
-Test link boxs
- Earth resistance ( tested with earth resistance tester and loop impedance tester)
- ------
- ------
ဒါ​လေး​တွေကို Discuss လုပ်ခဲ့ပါတယ်၊၊

အားလုံးစိတ်ချမ်းသာကြပါ​စေ။
14- 2-2026

29/01/2026

မိုးအုံတဲ့အချိန်မှာ Deye က charge လုပ်ပြီး Growattက ဘာလို့ charge မလုပ်တာလဲ?

ဟိုတစ်​နေ့က လက်ဖက်ရည်ဆိုင်မှာ အထက်ပါ topic အ​ကြောင်းအရာကို ​ပြောခဲ့ကြတယ်၊၊
ကျွန်​တော်​က​တော့ irradiation​ကြောင့်ဖြစ်မယ်ထင်တယ်လို့ ​ပြောခဲ့တယ်။
Solar ​တွေမှာ -
Voltage သည် temperatureနှင့် ​ပြောင်းပြန်သက်ဆိုင်တယ်
Ampere သည် irradiationတိုက်ရိုက်သက်ဆိုင်တယ်
Temperatureများလွန်ရင် voltage နည်းလာမယ်။
Irradiationများရင် Ampere အထွက်များမယ်။
မိုးအုံ​နေရင် irradiationအလွန်နည်းပြီး Current မထွက်ဘဲဖြစ်​နေပါတယ်။

Solar panel​တွေရဲ့ data sheetမှာ STC( standard test condition)အတိုင်းထုတ်လုပ်ထားတယ်လို့ ​ရေးထားတယ်။
ဆိုလိုတာက irradiationက 1000 w/ m2, temperatureက 25'C, Air mass(AM) 1.5 ဖြစ်ပါတယ်။
Power ဆိုတာက Vနှင့် A မြှောက်ထားတာဆို​တော့ မိုးအုံတဲ့အချိန်မှာ Voltရှိ​သော်လည်း Ampere အထွက်နည်းတဲ့အတွက်​ကြောင့် watt ထွက်တာ နည်း​နေခြင်းဖြစ်ပါတယ်။
ထူးခြားချက်က -
Deyeက 50-120Wရှိရင်​တောင် charge လုပ်တယ်၊
Growattက 300-500Wattရှိမှသာလျင် charge လုပ်တယ်လို့ ​လေ့လာသိရှိရပါတယ်။

(ဆရာတို့ရဲ့ ယူဆချက်​တွေက​တော့ ဘယ်လိုလဲဗျ)

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Photos from Jet Electrical Engineering Group's post 24/01/2026

Circuit Tracing လိုက်ခြင်းအနုပညာ

အိမ်တစ်အိမ်မှာ ---
- 1 phase မီတာ( ၂)လုံး
- မီးစက် (၁)လုံး
- Inventer( 1)လုံး
- 2 phase step down transformer (1)လုံး
- Selector changeover (4)လုံး
-ATS တစ်လုံး
- Single phase sourceများက step down Transformer သို့ တစ်လိုင်းနှင့် loadသို့ တိုက်ရိုက်တစ်လိုင်း

Electrical installationကို ​အလွန်​တော်​သော မီးဆရာတစ်​ယောက် တပ်ဆင်ထားတယ်လို့ ထင်ပါတယ်ဗျ။

(လျှပ်စစ်အ​တွေ့အကြုံ ( ၂၈)နှစ်ရှိတဲ့ ကျွန်​တော်​တောင်မှ (၄၅)မိနစ်​လောက် circuit tracing စစ်လိုက်ရတယ်ဗျ)
Inspection and testing for Electrical safety. Not to be Electric shock and electric fire.

အားလုံးစိတ်ချမ်းသာကြပါ​စေ။

13/01/2026

Today meeting

Owner
Client
Vendor
Developer company
Contractor
Sub- contractor

​ဘယ်သူက ဘာလဲ​ပေါ့။

အဲဒီထဲမှာ ကျွန်​တော်က consultant ​ပေါ့

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Category

Telephone

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Jet Electrical Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.