Winner Tech Japanese Language Center

Winner Tech Japanese Language Center

Share

အောင်မြင်မှုအတွက် Winner Tech! Computer Basic
Graphic Design
TOT (Training of Computer Trainer)
LCCI Level 1, 2, 3
Video Editing

15/07/2026

Japanese Language ကို ဘာကြောင့် N5 ကနေ စသင်သင့်တာလဲ?

လူတော်တော်များများက Japanese Language သင်ချင်တဲ့အခါ N4၊ N3 ကို အမြန်တက်ချင်တယ် လို့ တွေးတတ်ကြပါတယ်။

ဒါပေမယ့် တကယ်တိုးတက်တဲ့သူတွေကတော့ N5 ကို မကျော်သွားကြပါဘူး။

ဘာကြောင့်လဲ?

N5 က Japanese Language ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

Hiragana နဲ့ Katakana ကို မှန်မှန်ဖတ်တတ်လာမယ်။
အခြေခံ Vocabulary နဲ့ Grammar ကို နားလည်လာမယ်။
နေ့စဉ်အသုံးများတဲ့ စကားပြောတွေကို စတင်အသုံးချနိုင်မယ်။
Levelမြင့်လာရင် ပိုလွယ်ကူပြီး ယုံကြည်မှုရှိရှိ ဆက်လေ့လာနိုင်မယ်။

ခိုင်မာတဲ့ Foundation ရှိတဲ့သူကသာ အလုပ်အကိုင်၊ ပညာရေးနဲ့ JLPT စာမေးပွဲအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်ပါတယ်။

အမြန်သွားတာထက် မှန်မှန်သွားတာက ပိုအရေးကြီးပြီး အရာရောက်ပါတယ်။

Winner Tech Professional Training Center မှာ N5 ကို အခြေခံကနေ စနစ်တကျ သင်ကြားပေးနေတာဖြစ်လို့
Japanese Language ကို ယုံကြည်မှုရှိရှိ စတင်ချင်ရင် Winner Tech မှာ N5 ကနေ စတင်သင်ယူလိုက်ပါ။

အောင်မြင်မှုအတွက်


33(B), 65 Streets, Chan Aye Tharsan Township, Mandalay.
09 892 454 462 (Viber) , 09 791 119 729

Photos from Winner Tech Japanese Language Center's post 11/07/2026

🇯🇵 ဂျပန်နိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရမည့် အလုပ်ခေါ်စာများ 🇯🇵

​ဂျပန်နိုင်ငံမှာ မိမိရဲ့ ပညာအရည်အချင်း၊ ဘာသာစကား အရည်အချင်းတွေနဲ့အညီ အလုပ်အကိုင်ကောင်းများ ရှာဖွေနေသူများအတွက် အလုပ်အကိုင်မျိုးစုံကို တစ်နေရာတည်းမှာ စုစည်းခေါ်ယူနေပါပြီ။ ✨

​💼 ခေါ်ယူမည့် အလုပ်အကိုင်များနှင့် သတ်မှတ်ချက်များ

​🎯 N3 Level ရရှိထားသူများအတွက်:

🏗️ Civil Engineer (Work Visa) – အင်ဂျင်နီယာဘွဲ့ရ (ကျား/မ)

🏨 Hotel Staff – (မ)

🚖 Taxi Driver – (ကျား/မ) [ယာဉ်မောင်းလိုင်စင်သက်တမ်း ၃ နှစ်ရှိရမည်]
အသက် ကန့်သတ်ချက်မရှိပါ

​🎯 N4 Level ရရှိထားသူများအတွက်:

🏭 ကုန်ထုတ်လုပ်ငန်း

🧹 Hotel သန့်ရှင်းရေး

🧑‍🌾 စိုက်ပျိုးရေး

​📩 ဆက်သွယ် လျှောက်ထားရန်

စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form နှင့် ဂျပန်စာအောင်လက်မှတ် မူရင်း/မိတ္တူများနှင့်အတူ အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

​🏢 Winner Tech Professional Training Center

📌 ၆၅ လမ်း၊ ၃၃(B) လမ်း၊ မန္တလေးမြို့။

☎️ 09 892 454 462, 09 791 119 729

08/07/2026

🌸 ဆာကူရာမြေကို အမြန်ဆုံး ခြေချနိုင်ဖို့ အခွင့်အရေး 🌸
ဆာကူရာမြေကိုရောက်ဖို့ ခက်ခဲတယ်/ ကြာတယ်ဆိုသူများအတွက် "Winner Tech" မှ အထူးအခွင့်အရေး ယူဆောင်လာပါပြီ။

ဂျပန်နိုင်ငံမှာ Kaigo (ဘိုးဘွားပြုစုစောင့်ရှောက်ရေး) အလုပ်အကိုင်နဲ့ အောင်မြင်တဲ့ အနာဂတ်တစ်ခုကို ထုဆစ်ဖို့ ပြင်ဆင်နေကြတဲ့ မောင်နှမများအားလုံးအတွက် သတင်းကောင်း!

N3 + Tokutei (Kaigo) လက်မှတ် ရှိပြီးသူ (ကျား/မ) များအတွက် စိတ်ချရပြီး အလုပ်အကိုင် အခွင့်အလမ်း ခိုင်မာတဲ့ Winner Tech မှ ကြီးမှူးကျင်းပမယ့် အင်တာဗျူးကြီးတစ်ခု လာပါပြီ။

💼 အလုပ်အကိုင် အသေးစိတ်နှင့် သတ်မှတ်ချက်များ
အင်တာဗျူးမည့်ရက်: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ (August 8)

ခေါ်ယူမည့်ဦးရေ: အယောက် (၅၀) တိတိ (ကျား/မ မရွေး)

အရည်အချင်း သတ်မှတ်ချက်: * JLPT သို့မဟုတ် Nat-Test N3 အောင်မြင်ပြီးသူ ဖြစ်ရမည်။

Tokutei (Kaigo) အောင်လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

💡 ဘာကြောင့် Winner Tech ကို ရွေးချယ်သင့်တာလဲ။
"အယောက် ၅၀ အထိ အများအပြား ခေါ်ယူသွားမှာဖြစ်လို့ အင်တာဗျူး အောင်မြင်ဖို့ ရာခိုင်နှုန်း သိပ်ကို များပါတယ်။"

တန်းတူအခွင့်အရေး: ကျား/မ မရွေး တန်းတူညီမျှ လျှောက်ထားနိုင်ခြင်း။

စိတ်အေးချမ်းသာမှု: ခိုင်မာပြီး စနစ်ကျလှတဲ့ လုပ်ငန်းခွင်ဖြစ်လို့ ဂျပန်နိုင်ငံမှာ စိတ်ချလက်ချ အလုပ်လုပ်ကိုင်နိုင်ခြင်း။

အမြန်ဆုံး ဝန်ဆောင်မှု: အလုပ်အကိုင် လျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို Winner Tech မှ အကောင်းဆုံးနှင့် အမြန်ဆန်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးသွားခြင်း။

📌 ထူးခြားချက်: နယ်မှ လာရောက်လျှောက်ထား/သင်တန်းတက်လိုသူများအတွက်လည်း အဆောင် + နေ့လယ်စာ / ညစာ စီစဉ်ပေးပါသည်။

ဩဂုတ်လ (၈) ရက်နေ့မှာ ပြုလုပ်မယ့် အင်တာဗျူးကြီးမှာ ပါဝင်ပြီး သင့်ရဲ့ ဂျပန်အိပ်မက်ကို Winner Tech နဲ့အတူ လက်တွဲ အကောင်အထည်ဖော်ဖို့ အခုပဲ အမြန်ဆုံး ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းလိုက်တော့နော်။ 🏃‍♂️🏃‍♀️

🏅 အောင်မြင်မှုအတွက် Winner Tech 🏆
🏠 Winner Tech Professional Training Center

📍 လိပ်စာ: ၆၄ လမ်း နှင့် ၆၅ လမ်းကြား၊ ၃၃ (B) လမ်း၊ မန္တလေးမြို့။

☎️ ဖုန်း/Viber: 09 892 454 462

☎️ ဖုန်း: 09 791 119 729

Photos from Winner Tech Japanese Language Center's post 05/07/2026

ဒီနေ့မှာကျင်းပခဲ့တဲ့ JLPT N5/N4 စာမေးပွဲကို ကောင်းကောင်းဖြေဆိုနိုင်ခဲ့ကြတဲ့ သင်တန်းသား/သူတွေအတွက် ဝမ်းသာပီတိဖြစ်ရသလို... 🥰✨

ဇူလိုင်လမှ N5 စတင်လေ့လာနေကြတဲ့ Saturday & Sunday Class မှ သင်တန်းသား/သူတို့ရဲ့ ကြိုးစားသင်ယူနေမှုကလည်း တကယ့်ကို ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ။ 👏📖

သင်တန်းကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရောက်လာကြသူများဖြစ်လို့ Winner Tech Japanese Language Training ဘက်မှလည်း ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းနိုင်အောင် အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကြိုးစားပံ့ပိုးပေးသွားပါမယ်လို့ ကတိပြုပါတယ်။ 🤝❤️

✨ အောင်မြင်မှုအတွက် 𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 ✨

🏢 𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 Japanese Language 𝐂𝐞𝐧𝐭𝐞𝐫
📍 33(B), 65 Streets, Chan Aye Tharsan Township, Mandalay.
📞 09 892 454 462 (Viber)
📞 09 791 119 729

03/07/2026

📚 ဘာသာစကားလေ့လာနေသူတွေအတွက် ပိုမြန်မြန် တိုးတက်စေတဲ့ စာကျက်မှတ်နည်း ✨

ဘာသာစကားတစ်ခုကို မြန်မြန်တိုးတက်ချင်ရင် အချိန်အများကြီးစာကျက်တာထက် နေ့တိုင်းပုံမှန်လေ့ကျင့်တာ က ပိုအရေးကြီးပါတယ်။
✅ တစ်နေ့ 15–20 မိနစ်ပဲဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။
✅ စကားလုံးအသစ် (5) လုံးလောက်ပဲ သင်ပြီး ဝါကျနဲ့တွဲသုံးပါ။
✅ ကျက်ထားတာကို 1 ရက်၊ 3 ရက်၊ 7 ရက်ခြား ပြန်နွှေးပါ။
✅ အသံထွက်ဖတ်ပြီး အပြောလေ့ကျင့်ပါ။
📌 Consistency beats Intensity.
နေ့တိုင်းနည်းနည်းစီ လေ့လာတာက
တခါတည်း အများကြီးကျက်တာထက်
ပိုမှတ်မိပြီး ပိုတိုးတက်စေပါတယ်။

🎓 Winner Tech Japanese Language Center မှာလည်း လက်တွေ့အသုံးချနိုင်တဲ့ သင်ကြားမှုပုံစံနဲ့ ကိုယ့်ရဲ့ Language Skill ကို အဆင့်မြှင့်တင်နိုင်ပါတယ် ။

🏅အောင်မြင်မှုအတွက် 𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 🏆

📍𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
🏠 33(B), 65 Streets, Chan Aye Tharsan Township, Mandalay.
☎️ 09 892 454 462 (Viber) , 09 791 119 729

22/06/2026

🇯🇵 ဂျပန်စာ Exam အတွက် ပြင်ဆင်နေတဲ့ Winner Tech ရဲ့ သင်တန်းသား/သူဟောင်းများအတွက် သတင်းကောင်း! 🎉

​စာမေးပွဲနီးလာပြီဆိုတော့ မေးခွန်းဟောင်းတွေ ပြန်လေ့ကျင့်ဖို အချိန်ရှာရခက်နေလား? တစ်ယောက်တည်း ကျက်ရတာ ပျင်းနေပြီလား? 💭

​ဒါဆိုရင်တော့ စိတ်မပူပါနဲ့တော့! Winner Tech Professional Training Center ကနေပြီးတော့ သင်တန်းသား/သူဟောင်းတွေ Exam အောင်မြင်ဖိုအတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ပေးထားပါတယ်။

​✨ ဂျပန်စာ မေးခွန်းဟောင်း ပြန်လည်လေ့ကျင့်ခြင်း အစီအစဉ် ✨

​💡 စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ Pass ဖြစ်ဖိုဆိုတာ မေးခွန်းဟောင်း (Past Papers) တွေကို အကြိမ်ကြိမ် လေ့ကျင့်ထားဖိုက အဓိက သော့ချက်ပဲဖြစ်ပါတယ်။

​⏰ အချိန်ဇယား

• ​📅 နေ့ရက်များ: Monday to Wednesday (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)

• ​🕗 အချိန်: 8:00 AM to 10:00 AM (မနက်ပိုင်း)

​အရင်က သင်ခဲ့ရတဲ့ သင်ခန်းစာတွေကို ပြန်နွှေးပြီး မေးခွန်းဟောင်းတွေကို စနစ်တကျ ပြန်လည်လေ့ကျင့်ချင်တယ်ဆိုရင်တော့ အခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ဆုံး လာရောက်လေ့ကျင့်ဖို ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗

​🎯 Winner Tech နဲ့အတူ စာမေးပွဲကို အမှတ်ပြည့်နဲ့ အောင်မြင်ဖို အတူတူ ကြိုးစားကြစို!

🏆 အောင်မြင်မှုအတွက် Winner Tech🏆

🏢 Winner Tech Professional Training Center
📍 လိပ်စာ: အမှတ် ၃၃(B)၊ ၆၅ လမ်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📞 ဖုန်းနံပါတ်: 09 892 454 462 (Viber) , 09 791 119 729

26/05/2026

🚨 Tokutei Ginou Kaigo အလုပ်ခေါ်စာ 🚨

အားလုံးစောင့်မျှော်နေတဲ့ ကျား/မ မရွေး လျှောက်ထားနိုင်တဲ့ ဂျပန် Kaigo အလုပ်ခေါ်စာ ရောက်ရှိလာပါပြီ။ 🎌💼

ဂျပန်ပြည်တွင်း ဘယ်နေရာမဆို Kaigo (လူနာပြုစုစောင့်ရှောက်ရေး) အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်နိုင်မည့် အမျိုးသား/အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။

📌 လျှောက်ထားရန် အရည်အချင်းများ

🟣JLPT/JFT N3 Level အောင်မြင်ထားသူ။

🟣Tokutei Kaigo အောင်မြင်ထားသူ။

⚠️ အထူးသတိပြုရန်အချက်
ဂျပန်နိုင်ငံမှ ဆေးရုံအုပ်များကိုယ်တိုင် လူကိုယ်တိုင် လာရောက်အင်တာဗျူးမှာ ဖြစ်သည့်အတွက်ကြောင့် ရန်ကုန်မြို့တွင် သွားရောက်အင်တာဗျူးဖြေဆိုနိုင်သူများသာ လျှောက်ထားပေးကြပါရန်။

💰 လစာနှုန်းထား

၁၇ သောင်း မှ ၂၃ သောင်း ယန်းအထိ (170,000¥ ~ 230,000¥)

(လုပ်ကိုင်ရမည့် ဒေသ/နေရာအပေါ်မူတည်ပြီး လစာအပြောင်းအလဲ ရှိနိုင်ပါသည်။ Overtime ဆင်းကြေးလည်း ရှိပါသည်။)

🔥 လူဦးရေ ကန့်သတ်ထားသောကြောင့် အမြန်ဆုံး လာရောက်စာရင်းပေးသွင်းဖို့ လိုအပ်ပါမယ်။

🎯 အသေးစိတ် သိရှိလိုပါက Winner Tech Japanese Language Center သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

✨ အောင်မြင်မှုအတွက် 𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 ✨
𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
📍 ၆၄ x ၆၅ လမ်းကြား၊ ၃၃ (B) လမ်း၊ မန္တလေးမြို့။
📞 09 892 454 462 [Viber]
📞 09 771 119 729

Photos from Winner Tech Japanese Language Center's post 11/05/2026

🇯🇵 “Japanသွားမယ်” ဆိုတဲ့ အိပ်မက်ကနေ…
လက်တွေ့ အရောက်သွားနိုင်ဖို
ဒီနေ့ကစပြီး စတင်ကြိုးစားဖို လိုပါတယ် ✨

ဂျပန်စာက ခက်မယ်ထင်တယ်…”
“ငါ လုပ်နိုင်ပါ့မလား…”
ဆိုပြီး စာစမသင်ရသေးချိန်မှာ စိတ်မလျော့လိုက်ပါနဲ့ဦးနော်။
လက်ရှိ Japan ကို ရောက်ပြီး အောင်မြင်နေကြတဲ့သူတွေဟာလည်း တစ်နေ့က Hiragana တောင် မသိခဲ့ကြသူတွေပါပဲ 💯

📚 ဂျပန်စာကို လေ့လာခြင်းက
ဘာသာစကားတစ်ခု သင်ယူတာထက်ပိုပါတယ်။
🎓 ပညာသင်အခွင့်အလမ်း
💼 အလုပ်အကိုင်အခွင့်အရေး
🌍 နိုင်ငံတကာအတွေ့အကြုံ
💴 ပိုမိုကောင်းမွန်တဲ့ အနာဂတ်
ဒါတွေကို ဖွင့်ပေးနိုင်တဲ့ “သော့ချက်” တစ်ခုပါ 🔑

✨ အရေးကြီးတာက
“စတင်ဖိုနဲ့ ဆက်လက်ကြိုးစားဖို” ပါပဲ။

🎓 Japanese Language Classes

🔰 N5
⏰ 3 Months
👉 Beginner Level

🔰 N4
⏰ 4 Months
👉 Daily Life Conversation အသုံးပြုနိုင်

🔰 N3
⏰ 5 Months
👉 Intermediate Level

Winner Tech ရဲ့ Japanese Language Classes တွေမှာ
📘 Basic မှစပြီး
📘 JLPT Exam Preparation အထိ
📘 Speaking Skill & Real-life Conversation တွေအထိ
စနစ်တကျ သင်ကြားပေးနေပါတယ်။
🌟 Experienced Sensei များ
🌟 Friendly Learning Environment
🌟 Flexible Time Schedule
🌟 Exam + Career Guidance
တိုနဲ့အတူ သင်တန်းသားတိုရဲ့ Japan Dream ကို အကောင်အထည်ဖော်နိုင်ဖို ကူညီပေးနေပါတယ် ✨

🎯 “တစ်နေ့ Japan ကို သွားမယ်” လို စိတ်ကူးထားရုံနဲ့ မလုံလောက်ပါဘူး။
🎯 အဲ့ဒီအိပ်မက်ကို အမှန်တကယ် ဖြစ်လာအောင် “ဒီနေ့” စတင်ဖို လိုပါတယ်။

🏅အောင်မြင်မှုအတွက် 𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 🏆

📍𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
🏠 33(B), 65 Streets, Chan Aye Tharsan Township, Mandalay.
☎️ 09 892 454 462 (Viber) , 09 791 119 729

# #ဂျပန်စာ

14/04/2026

🇯🇵Japan Study Opportunity – October Intake Now Open! 🇯🇵
✨ Japan မှာ ပညာသင်ရင်း
• Japanese Language Skill တိုးတက်လာမယ်
• International Experience ရရှိမယ်
• Part-Time Job အခွင့်အလမ်းများ ရရှိမယ်
• Career Future ပိုမိုကောင်းမွန်လာမယ်
ဒီအခွင့်အလမ်းတွေ ရရှိစေတဲ့ Japan ကို ပညာတော်သင်သွားကြမယ့်သူတွေ အနေဖြင့် 2026 October Intake အတွက် ကျောင်းစတင်လျှောက်ထားလိုရနေပါပြီရှင့်။ 💯
Winner Tech Professional Training Centerမှာ 2026 October Intake အတွက်
ကျောင်းလျှောက်ထားလိုသူများကို စတင်
လက်ခံပေးနေပါပြီ။
👉 မိမိတိုရဲ့ သက်ဆိုင်ရာ အောင်လက်မှတ်/
ပညာအရည်အချင်း နှင့်အသက်အရွယ်အပေါ် မူတည်ပြီး
Japan နိုင်ငံအတွင်းရှိ ကျောင်းပေါင်းများစွာကို
🔸 တိကျမှန်ကန်မှု အရှိဆုံးနှင့်
🔸 အသက်သာဆုံးဖြစ်အောင် လျှောက်ထားပေးလျက်ရှိပါတယ်။
☑️ကျောင်းလျှောက်တဲ့နေရာမှာ လိုအပ်တဲ့
စာရွက်စာတမ်းများကိုလည်း
☑️တစ်နေရာထဲတွင် Fully Service ဖြင့်
One Stop စနစ်တကျ ဆောင်ရွက်ပေးနေတာဖြစ်လို
☑️ယုံကြည်စွာစိတ်ချစွာဖြင့် လျှောက်ထားနိုင်ကြပါပြီရှင့်။
📍ကျောင်းသူကျောင်းသားတိုက စာပဲကျက်မှတ် ၊ ကျန်တဲ့အပိုင်း‌က Winner Tech ရှိနေတာကြောင့်
📍October Intake အမီ ကျောင်းတက်ဖို
Winner Tech နဲ့အတူ လက်တွဲပြီး အခုပဲလျှောက်ထားလိုက်ကြပါစို။ 🍀
🏅အောင်မြင်မှုအတွက် 𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 🏆
🏠𝐖𝐢𝐧𝐧𝐞𝐫 𝐓𝐞𝐜𝐡 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
🏢 33(B) Street, 65 Street, Chan Aye Tharsan Township, Mandalay.
☎️ 09 892 454 462 (Viber) , 09 791 119 729

06/10/2025

🍀သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့ 🍀

ဝါလကင်းလွတ် သီတင်းကျွတ်မှာ
စိတ်၏ချမ်းသာ ကိုယ်ကျန်းမာဖြင့်
နှစ်ဖြာစိတ်ဝမ်း အေးချမ်းစေကြောင်း
စုမွန်တောင်းသည် လူသားအားလုံးရစေသောဝ်။

ချိန်ခါသမယ သီတင်းကျွတ်လမှာ
မီးထွန်းပူဇော် ပွဲတော်ပျော်သည်
ရွှင်သာနှလုံး အပြုံးပေါင်းများစွာ
အားလုံးရင်မှာ ကိန်းစေသောဝ်။

ချစ်ခြင်းမေတ္တာများစွာဖြင့်
Winner Tech

Category

Telephone

Website

Address


62 Street, Between 26 Street & 27 Street
Mandalay
05021

Alerts

Be the first to know and let us send you an email when Winner Tech Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.