Sigma Solar

Sigma Solar

Share

Solar systems sales & installation

02/10/2026

အနေအထားကတော့ဖြင့် 😊🤫

30/09/2026
30/09/2026

ထပ်ပြီး သိထားသင့်တာ တစ်ခု...
6000 Cycles ပြည့်ရင် ဘက်ထရီ ပျက်သွားမယ်လို့ မဆိုလိုပါဘူး။
အဲ့ဒီအချိန်မှာ battery SOH ၆၀-၇၀% လောက် ကျန်နိုင်ပါသေးတယ်... ဆက်သုံးလို့ရပါ‌ေသးတယ်၊ Backup Time တော့ နည်းနည်း လျော့သွားမယ်‌ပေါ့။

မိတ်ဆွေတို့ battery တွေဆိုရင်ရော cycle ဘယ်လောက်ပါပါသလဲ ?

09797390087
09966335771

Sigma Solar
73လမ်း 109x110 လမ်းကြား
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

29/09/2026

ဆိုလာနဲ့ပတ်သတ်လို့
သိချင်တာ စုံစမ်းချင်တာရှိရင်
အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရပါတယ်

09797390087
09966335771

Sigma Solar
73လမ်း 109x110 လမ်းကြား
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

19/09/2026

Solar System တပ်ဆင်ထားရုံနဲ့ မီတာခ အလိုအလျောက် သက်သာသွားမှာမဟုတ်ပါဘူး

တကယ်တမ်း မီတာခ သက်သာဖို့ဆိုရင် Solar Panel Capacity, Battery Capacity, Load Consumption နဲ့ Inverter Setting တွေ အားလုံးမှန်ကန်ဖို့ လိုအပ်ပါတယ်။

ဒီနေ့ 6kW Solar System တစ်ခုကို အခြေခံပြီး ဘာတွေကြောင့် မီတာခ သက်သာလဲ မသက်သာလဲဆိုတာ ရှင်းပြပေးပါမယ်။

Customer တစ်ယောက်အိမ်မှာ
6 kW Inverter ၁ လုံး
615 W Jinko Bifacial Solar Panel ၁၀ ချပ်
51.2V 314Ah (16 kWh) Battery ၁ လုံး တပ်ထားတယ်ဆိုကြပါစို့

615 W × 10 ချပ် = 6.15 kWp Solar Capacity
ဒီ 6.15 kWp က Panel ရဲ့ စာရွက်ပါ Rated Capacity ဖြစ်ပါတယ်။ လက်တွေ့ Output ကတော့ နေရောင်ခြည်၊ အပူချိန်၊ Shading နဲ့ System Loss တွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
တစ်ရက်ကို နေရောင်ခြည်ကောင်းကောင်း ၆ နာရီလောက်ရတယ်ဆိုပါက

ဥပမာ -
Solar Output = 5.2 kW(after losses) x 6 = 31.2kWp
နေ့လည် သုံးစွဲမှု= 1hp Aircon (2) လုံး + lighting = ~1.7 kW x 6 hr = 10.2kWh

နေ့လည်မှာ Solar က အိမ်သုံး Load ကို ထောက်ပံ့ပေးနိုင်ပြီး ပိုလျှံတဲ့ Power ကို Battery အားသွင်းဖို့ အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် ညဘက်မှာ အရေးကြီးတာက Solar Panel အရေအတွက် မဟုတ်ပါဘူး။
Battery ထဲမှာ တကယ်အသုံးပြုနိုင်တဲ့ Energy ဘယ်လောက်ကျန်လဲဆိုတာပါ။

ပထမ အချက်အနေနဲ့ 16 kWh Battery ၁ လုံးက ညတစ်ညလုံး အဲကွန်းသုံးဖို့ လုံလောက်ရဲ့လား?

16 kWh Battery ကို 80% DoD နဲ့တွက်မယ်ဆိုရင်
16 kWh × 80% = 12.8 kWh ကျန်ပါမယ်.
ဥပမာ 1 HP Aircon က ပျမ်းမျှ 750 W သုံးတယ်လို့ ယူဆရင် ပြီးတော့
ည ၆ ကနေ မနက် ၆ နာရီထိ ၁၂ နာရီလောက်သုံးချင်တယ်ဆိုပါဆို့
0.75 kW × 12 hours = 9 kWh
အဲကွန်းတစ်လုံးအတွက် 9 kWh ဝန်းကျင် လိုအပ်နိုင်ပါတယ်။
ဒီအတိုင်းဆို ok ပြီ. နေ့ရော ညရော မီတာခ မကုန်တော့ဘူးပေါ့.

သို့ပေမယ့် ဒီနေရာမှာအရေးကြီးတာတစ်ခု ထပ်ရှိနေပါသေးတယ်.

ဥပမာ
Battery မှာ အားအပြည့်ရှိနေတယ်
ညဘက်ရောက်ပြီ
ဒါပေမယ့် Load ကို Grid ကနေ သုံးနေတယ်
ဒါတင်မဟုတ်သေးဘူး မီးပျက်နေတုန်းက သုံးထားတဲ့ battery အားတွေကိုပါပြန် charging လုပ်နေပြီးဆိုရင်တော့

မီတာခက မသက်သာတော့ပါဘူး

ခါတိုင်းထက်တောင်ပိုကုန်နိုင်ပါသေးတယ်. ဒီလိုမျိုးအခြေနေတွေဖြစ်လာပြီဆိုရင်တော့ သက်ဆိုင်ရာ company နဲ့ ပြန်လည်တိုင်ပင်ဆွေးနွေးသင့်ပါတယ်

ဒါတွေက Inverter Setting နဲ့ ဆက်နွယ်နေပါတယ်
Inverter ရဲ့ ( သုံးတဲ့ Inverter ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်)
Output Source Priority, Battery Discharge Setting, Grid / Utility Priority, Battery Reserve SOC,
Grid Charging Setting, SUB or SBU or SOL စာသဖြင့် setting
တွေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။

နေ့ဘက်မှာ Solar ကို ဘယ်လောက်တိုက်ရိုက်သုံးနိုင်လဲ၊ ညဘက် Battery ဘယ်လောက်ခံလဲ၊ Battery အားကုန်တဲ့အချိန်မှာ EPCကအား ပြန်ဝင်သလား ဒီအချက်တွေက မီတာခသက်သာမှုကို တကယ်ဆုံးဖြတ်ပေးတာပါ။

နောက်ဆုံးအနေနဲ့ ထပ်ပြောချင်တာက
Solar System ဆိုတာ Panel, Inverter, Battery တွေ ဝယ်ယူတပ်ဆင်လိုက်ရုံနဲ့ ပြီးဆုံးသွားတဲ့အရာ မဟုတ်ပါဘူး။
မှန်ကန်တဲ့ Calculation + သင့်တော်တဲ့ System Design + စနစ်တကျ Setting + လက်တွေ့ Data Analysis
ဒီအချက်တွေ ပြည့်စုံမှသာ မီတာခ သက်သာမှုနဲ့ မီးပျက်ချိန် Backup Power ကို မျှော်မှန်းထားသလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။
Solar System တပ်ဆင်မယ်ဆိုရင် ပစ္စည်းအရေအတွက်ကိုပဲ မကြည့်ဘဲ မိမိအိမ်ရဲ့ Load Profile နဲ့ သုံးစွဲမှုပုံစံကို အခြေခံပြီး စနစ်တကျ တွက်ချက်တပ်ဆင်ဖို့ အရေးကြီးပါတယ်။

Mandalay
Sigma Solar Engineering
Free Survey | Free Calculation | Free Quotation
ဖုန်း - 09797390087, 09966335771, 09968385875

29/08/2026

🎯 ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝရဖို့ ပစ္စည်းကောင်းရုံတစ်ခုတည်းနဲ့ တကယ်ပဲ လုံလောက်ရဲ့လား ❓

ဒီမေးခွန်းရဲ့ အဖြေကို
🔹 မီတာခတွေ ထင်သလောက်လျော့မသွားတာ
🔹 ညဘက်ဆို ဘက်ထရီအားမခံတာနဲ့
🔹 ဆိုလာကနေ ရသင့်သလောက် လျှပ်စစ်စွမ်းအင်မရတဲ့ ပြဿနာတွေက ဘရန်းကောင်း တပ်ဆင်ထားရုံတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကို သက်သေပြနေပါပြီ။

ဒါဆိုရင် ပစ္စည်းတွေဝယ်ယူတာအပြင် ဘယ်အချက်တွေကိုပါ ထပ်ဂရုစိုက်သင့်လဲ❓

တကယ်တော့ ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်က ပစ္စည်းတစ်ခုရဲ့ အရည်အသွေး တစ်နည်းအားဖြင့် Hardware ပိုင်းကောင်းမွန်ဖို့လည်း လိုသလို ဆိုလာစနစ်ကို တပ်ဆင်တဲ့အပိုင်းနဲ့ စနစ်ကိုချိန်ညှိပေးတဲ့ Setting ပိုင်းဆိုင်ရာမှာ မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။

✅ ဒါကြောင့် ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို ရာနှုန်းပြည့် အပြည့်အဝရနိုင်ဖို့အတွက် တပ်ဆင်မှုပိုင်းနဲ့ Setting ချိန်ညှိတဲ့အပိုင်း နှစ်ခုကို ဘယ်လိုမျိုး ဂရုစိုက်သင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

1️⃣ နေရောင်ခြည်စွမ်းအင်အပြည့်အဝရနိုင်ဖို့နဲ့ ဘေးကင်းလုံခြုံစေဖို့အတွက် ဆိုလာစနစ်ကို စနစ်တကျ တပ်ဆင်ပါ။

ဆိုလာပြားက နေရောင်ခြည်ရလေ လျှပ်စစ်စွမ်းအင်ပိုထုတ်နိုင်လေဆိုပေမဲ့ နေရောင်ခြည်ရတဲ့ ပမာဏတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ ဆိုလာပြားရဲ့ ဘယ်ထောင့်ကနေ နေရောင်ရနေလဲ၊ အရိပ်ကျနေလား၊ ဘေးကင်းရဲ့လားဆိုတဲ့အချက်တွေကိုပါ သတိထားသင့်ပါတယ်။

ဒါကြောင့် ဆိုလာတပ်ဆင်တဲ့အခါ

⚠️ နေရောင်ခြည်ကို အပြည့်အဝရဖို့ ကိုယ့်အိမ်ရဲ့ အနေအထားပေါ်မူတည်ပြီး နေရောင်ခြည် အများဆုံးရနိုင်မယ့် အရပ်မျက်နှာနဲ့ ဒီဂရီကို သေချာတွက်ချက်တပ်ဆင်ရပါမယ်။

⚠️ အထူးသဖြင့် သစ်ပင်၊ ရေတိုင်ကီနဲ့ တခြားဘေးအဆောက်အအုံတွေရဲ့ (ဘေးပတ်ဝန်းကျင်က အဆောက်အအုံတွေရဲ့") အရိပ်ကျရောက်မှုရှိမရှိကိုလည်း ကြိုတင်တွက်ချက်ထားသင့်ပါတယ်။ ကျွန်တော်တို့ ဆိုလာတပ်ဆင်ခဲ့တဲ့ အတွေ့အကြုံနဲ့ လေ့လာတွေ့ရှိချက်တွေအရ ဆိုလာပြားတစ်ခုရဲ့ နေရာတချို့ပေါ်မှာ အရိပ်ကျရုံနဲ့တင် လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းသွားပြီး အစဥ်လိုက်ချိတ်ဆက်မှု (Series Connection) လုပ်ထားတဲ့ ဆိုလာစနစ်တစ်ခုလုံးရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်လို့ပါပဲ။ ဒါကြောင့် ဆိုလာပြားကိုရွေးချယ်တဲ့အခါ ပစ္စည်းကောင်းဖို့လည်း လိုအပ်သလို ဘယ်နေရာမှာ တပ်ဆင်မလဲဆိုတာကပါ အဓိကျနေတာပဲဖြစ်ပါတယ်။

⚠️ ဆိုလာစနစ်တပ်ဆင်တဲ့အခါမှာ ဘေးကင်းလုံခြုံမှုပိုင်းကိုလည်း မဖြစ်မနေ သတိထားသင့်ပါတယ်။ ဒါကြောင့် cable ကြိုးအရွယ်အစားနဲ့ ဆိုလာစနစ်ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း၊ ဘရိတ်ကာအပါအဝင် ကာကွယ်ရေးပစ္စည်း (Protection Devices) တွေကို သေချာတပ်ဆင်ခြင်းတွေက အပူလွန်ကဲတာနဲ့ ဝါယာရှော့ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

2️⃣ Setting ပိုင်းဆိုင်ရာကို သေချာချိန်ညှိပါ။

ဆိုလာတပ်ဆင်သူအများစုက တပ်ဆင်မှုအပိုင်းနဲ့ ပစ္စည်းအရည်အသွေးပိုင်းကိုတော့ သတိထားကြည့်ကြပေမဲ့ Setting ချိန်ညှိတဲ့အပိုင်းကိုတော့ အမြဲ လျှော့တွက်ကြလေ့ရှိပါတယ်။ တကယ်တော့ ဆိုလာစနစ်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်က Setting ချိန်ညှိမှုပေါ်မှာ 50% လောက် မူတည်နေတာပါ။ ဒါကြောင့် Setting ချိန်ညှိတော့မယ်ဆိုရင် အင်ဗာတာရဲ့ Setting ပိုင်း၊ ဘက်ထရီအား ထုတ်လုပ်တဲ့ (Depth of Discharge) Setting ပိုင်းနဲ့ ကာကွယ်ရေး setting (Protection Setting) ပိုင်း (၃) ခုကို အမြဲဂရုစိုက်သင့်ပါတယ်။

⚠️ ဆိုလာ၊ အင်ဗာတာနဲ့ ဝန်အား (Load) ချိန်ညှိမှု Setting: ကိုယ့်အိမ်မှာ အသုံးပြုမယ့် လျှပ်စစ်ပစ္စည်းတွေရဲ့ ဝန်အား (Load) ဟာ တပ်ဆင်ထားတဲ့ ဆိုလာပြားရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အင်ဗာတာရဲ့ ခံနိုင်ရည် (Capacity) နဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဝန်အားများသွားချိန်မှာ မနိုင်တော့ဘဲ (Overload ဖြစ်ပြီး) မီးခဏခဏ ပိတ်ကျတာမျိုးကို ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် Hybrid Inverter တွေမှာဆိုရင် ဆိုလာနဲ့ ဘက်ထရီမီးကိုတင် မကဘဲ အစိုးရမီး (Grid) နဲ့ လျှပ်မီတာ (Meter) တို့ကိုပါ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမလဲဆိုတာ စီမံပေးတာဖြစ်လို့ ဆိုလာနဲ့ တိုက်ရိုက်သုံးတာ (Load First) ကို ဦးစားပေးမလား၊ ဘက်ထရီကိုပဲ အရင်အားသွင်းမလား (Battery First) စသဖြင့် မိမိအသုံးပြုမှုပုံစံအတိုင်း Setting ကို တိကျစွာ ချိန်ညှိထားဖို့ လိုအပ်ပါတယ်။

⚠️ ဘက်ထရီအား ထုတ်လုပ်တဲ့ (Depth of Discharge) Setting ပိုင်းကို ဘယ်လို ချိန်ညှိမလဲ။
DOD – Depth of Discharge (ဘက်ထရီအား ထုတ်သုံးသည့်အတိုင်းအတာ) ဆိုတာ ဘက်ထရီရဲ့ အားထဲက ဘယ်လောက် ထုတ်သုံးထားလဲဆိုတာကို ဆိုလိုပါတယ်။ ဥပမာ - Battery 100% ကနေ 30% ကျန်တဲ့အထိ သုံးရင် DOD 70% ဖြစ်ပါတယ်။ ဘက်ထရီကို အသုံးပြုတဲ့အခါမှာ အား 0% အထိ ကုန်အောင် အသုံးပြုတာက Battery ရဲ့ Cycle Life (အားသွင်း/အားထုတ် အသုံးပြုနိုင်တဲ့သက်တမ်း) ကို ထိခိုက်စေနိုင်တဲ့အတွက် အား 20% ဒါမှမဟုတ် 30% လောက်ကျန်တဲ့အချိန်မျိုးမှာ မီတာ (Grid) ဘက်သို့ အော်တိုပြောင်းသုံးပေးတာက ဘက်ထရီသက်တမ်းကို ကာကွယ်ပေးနိုင်ပါတယ်။

⚠️ Protection Setting ကိုရော ဘာလို့ သေချာချိန်ညှိသင့်တာလဲ။
Protection Setting (ကာကွယ်ရေးသတ်မှတ်ချက်) ဆိုတာ လျှပ်စစ်အား ပုံမှန်မဟုတ်တဲ့အခြေအနေ ရောက်လာတဲ့အခါ အင်ဗာတာနဲ့ ချိတ်ဆက်ထားတဲ့ စနစ်တွေကို ထိခိုက်မှုမဖြစ်အောင် ကန့်သတ်၊ ဖြတ်တောက်၊ ရပ်တန့်ပေးဖို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ အဓိကအားဖြင့် ဗို့အားများတဲ့ ပြဿနာနဲ့ ဗို့အားနည်းတဲ့ ပြဿနာတွေကို ကာကွယ်ပေးဖို့ပါပဲ။ ဘာကြောင့် ဒီဗို့အားပြဿနာကို ကာကွယ်ပေးဖို့ အရေးကြီးလဲဆိုရင်… ဗို့အား (Voltage) အရမ်းမြင့်တဲ့အချိန်တွေမှာ ဆက်လက်အလုပ်လုပ်နေမယ်ဆိုရင် အင်ဗာတာ ရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းတွေကို ထိခိုက်စေနိုင်သလို ဗို့အားကျသွားရင်လည်း အင်ဗာတာနဲ့ ဝန်အားအတွက် ပုံမှန်အလုပ်လုပ်ဖို့ အဆင်မပြေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် Protection Setting တွေကို အင်ဗာတာ၊ ဘက်ထရီနဲ့ ဆိုလာစနစ်ပေါ်မူတည်ပြီး ဗို့အား၊ လျှပ်စစ်ကြောင်းနဲ့ အပူချိန် (Temperature) ကန့်သတ်ချက်တွေကို သတ်မှတ်ချက်နဲ့အညီ ချိန်ညှိသင့်ပါတယ်။

ဒီအချက်တွေကို ခြုံကြည့်လိုက်မယ်ဆိုရင် တပ်ဆင်မှုအပိုင်းနဲ့ Setting ချိန်ညှိတဲ့အပိုင်းဟာ ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်၊ သက်တမ်းနဲ့ ဘေးကင်းလုံခြုံမှုအပေါ် ဘယ်လောက်အထိ အဓိက သက်ရောက်နေလဲဆိုတာ သတိထားမိကြမှာပါ။
ဒါကြောင့် ဆိုလာစနစ်ကို စနစ်တကျ တပ်ဆင်ပြီး Setting တွေကို မှန်ကန်စွာ ချိန်ညှိလိုက်တဲ့အခါ...
▪️ နေရောင်ခြည်ကို အပြည့်အဝ အသုံးချနိုင်တဲ့အပြင် ဝန်အား (Load) ချိန်ညှိမှု မှန်ကန်လို့ ခဏခဏ မီးပိတ်ကျတာမျိုးမရှိဘဲ မီတာခပါ သိသိသာသာ လျော့ကျသွားပါမယ်။
▪️ DOD Setting ကြောင့် ဘက်ထရီအား အကုန်ခံသုံးမိတာမျိုး မဖြစ်တော့ဘဲ ဘက်ထရီသက်တမ်း ပိုရှည်လာပါမယ်။
▪️ မှန်ကန်တဲ့ တပ်ဆင်မှုနဲ့ Protection Setting တွေကြောင့် မီးဘေးအန္တရာယ်နဲ့ ဗို့အားအတက်အကျကြောင့် စနစ်တစ်ခုလုံး ပျက်စီးဆုံးရှုံးမယ့် အန္တရာယ်ကနေလည်း ရာနှုန်းပြည့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ မိတ်ဆွေရဲ့ ဆိုလာစနစ်အတွက် Setting သေချာချိန်ညှိထားရဲ့လားဆိုတာနဲ့ တပ်ဆင်မှုပိုင်းမှာရော မှန်ကန်ရဲ့လားဆိုတာကို ပြန်လည်စစ်ဆေးချင်ရင်ပဲဖြစ်ဖြစ် ဆိုလာစနစ်တပ်ဆင်ဖို့ တိုင်ပင်ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် မိတ်ဆွေတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့ လုပ်ငန်းခွင်ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံ (Load Profile) ကို သေချာတွက်ချက်ပြီး Setting ချိန်ညှိပေးမယ့်အပြင် ဆိုလာကို စနစ်တကျ တပ်ဆင်ပေးနေတဲ့ Sigma Solar ကိုသာ သတိရလိုက်ပါ။

Sigma Solar အနေနဲ့...
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာနဲ့ ရွေးချယ်တပ်ဆင်ပေးခြင်း။
✅ မိမိတို့ထံတွင် တပ်ဆင်ထားသူများသာမက အခြားစနစ်အသုံးပြုနေသူများကိုပါ ကျွမ်းကျင် Technician များမှ စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို အခမဲ့ စစ်ဆေးအကြံပေးခြင်းတို့အပြင်
✅ Supply & Installation အပြင် Safety Devices များကို စနစ်တကျ ထည့်သွင်းတပ်ဆင်ပေးပြီး ဆိုလာစနစ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့လို့ ကိုယ့်အိမ်အတွက် အသင့်တော်ဆုံး ဆိုလာစနစ်ကို သိချင်တယ်ဆိုရင်တော့ Sigma Solar Page Messenger ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

21/08/2026

☀️ “နေပူလေ…. လျှပ်စစ်စွမ်းအင်ပိုထွက်လေ”လို့ အယူအဆမှားနေသူထဲမှာ မိတ်ဆွေရော တစ်ယောက်အပါအဝင်ပဲလား ❓

ဆိုလာပြားက နေရောင်ခြည်ကို စုပ်ယူပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးတယ်ဆိုပေမဲ့ သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုမြင့်သွားရင်တော့ ဆိုလာပြားရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ကျဆင်းသွားတတ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ❓

သိပ္ပံသဘောတရားအရ ဆိုလာပြားတွေဟာ လျှပ်စစ်ထုတ်ဖို့အတွက် "အလင်းရောင်" ကိုသာ လိုအပ်တာဖြစ်ပြီး "အပူချိန်" ကို လိုအပ်တာ မဟုတ်ပါဘူး။ အပူချိန် အရမ်းမြင့်တက်လာတဲ့အခါ ဆိုလာပြားအတွင်းမှာရှိတဲ့ အီလက်ထရွန် (Electron) လေးတွေရဲ့ လှုပ်ရှားမှုတွေများလာပြီး လျှပ်စစ်စီးဆင်းမှုကို တွန်းပို့ပေးတဲ့ ဗို့အား (Voltage) ကို သိသိသာသာ ကျဆင်းသွားစေပါတယ်။

လွယ်လွယ်ပြောရရင် ကျွန်တော်တို့ သုံးနေတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ အပူလွန်ကဲလာရင် လေးသွား၊ ဟန်းသွားသလိုမျိုးပါပဲ။ ဆိုလာပြားတွေလည်း အပူချိန် အရမ်းလွန်ကဲလာတဲ့အခါ အလုပ်လုပ်နိုင်စွမ်း (Efficiency) တွေ ထိုးကျသွားတာဖြစ်ပါတယ်။

⚠️ ဒီပြဿနာက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အညာဒေသတွေလိုမျိုး ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ ဒီလို‌ဒေသတွေက နေ့ခင်းဘက်မှာ အပူချိန်အရမ်းမြင့်ပြီး ခြောက်သွေ့တာကြောင့် မြေပြင်၊ အဆောက်အအုံနဲ့ ခေါင်မိုးတွေပါ ပိုပူလာပြီး ဆိုလာပြားရဲ့ စွမ်းဆောင်ရည်ပါ ပိုပြီးကျဆင်းသွားစေလို့ပါပဲ။

ဒါကြောင့် အလယ်ပိုင်းဒေသနဲ့ အညာဒေသတွေလိုမျိုး ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ဆိုလာတပ်ဆင်တဲ့အခါ အပူဒဏ်ကြောင့် စွမ်းဆောင်ရည် မကျဆင်းစေဖို့ အောက်ပါအချက် (၄) ချက်ကို မဖြစ်မနေသိထားသင့်ပါတယ် ‼️

1️⃣ အပူချိန်ကွာခြားမှု (Climate Mismatch) ပြဿနာမဖြစ်စေဖို့ မိမိဒေသနဲ့ ကိုက်ညီတဲ့ ဆိုလာပြားကို အရင်ရွေးချယ်ပါ။

တချို့က နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတဲ့ ဆိုလာပြားဆိုရင် အကုန်ကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဥရောပတို့၊ တရုတ်နိုင်ငံ မြောက်ပိုင်းတို့လို အေးတဲ့ဒေသတွေအတွက် ထုတ်ထားတဲ့ ဆိုလာပြားတွေဟာ အညာဒေသရဲ့ အပူဒဏ်နဲ့ မကိုက်ညီဘဲ (Climate Mismatch) ဖြစ်ကာ စွမ်းဆောင်ရည် ရုတ်တရက် ကျဆင်းတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက်ဆိုရင် ပူပြင်းတဲ့ဒေသတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ "Tropical Grade" (အပူပိုင်းဒေသသုံး) အမျိုးအစား ဟုတ်၊ မဟုတ် အရင်ဆုံးမေးမြန်းသင့်ပါတယ်။

ဒါ့အပြင် အပူဒဏ်ခံနိုင်ရည်ကို အတိအကျပြသတဲ့ Temperature Coefficient (အပူဖော်ကိန်း) ကိုလည်း အမြဲသတိထားကြည့်သင့်ပါတယ်။ ဒီအညွှန်းကိန်းဟာ စံသတ်မှတ်အပူချိန် 25°C ထက် 1°C တက်သွားတိုင်း ကျဆင်းသွားမယ့် စွမ်းဆောင်ရည်ကို အနှုတ်ရာခိုင်နှုန်းနဲ့ ဖော်ပြထားတာပါ။ ဥပမာ -0.3%/°C နဲ့ -0.4%/°C ကို နှိုင်းယှဥ်မယ်ဆိုရင် အနှုတ်တန်ဖိုးနည်းတဲ့ -0.3%/°C ကို ရွေးချယ်သင့်ပါတယ်။ ပူပြင်းတဲ့အညာဒေသတွေအတွက်ကတော့ Temperature Coefficient -0.35%/°C အောက်ရှိတဲ့ ဆိုလာပြားတွေကိုသာ ဦးစားပေးဝယ်ယူသင့်ပါတယ်။

2️⃣ သင့်တော်တဲ့ ဆိုလာပြားအမျိုးအစားကို ဦးစားပေး ရွေးချယ်ပါ။

ဆိုလာပြားအမျိုးအစားကို ရွေးချယ်တဲ့အခါမှာ ဒီအချက်နှစ်ချက်ကို သေချာကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ ပထမတစ်ချက်အနေနဲ့ကတော့ Monocrystalline Panel တွေကို Polycrystalline ဆိုလာပြား တွေထက် ပိုရွေးချယ်သင့်တာပါ။ ဘာကြောင့်လဲဆိုရင် Monocrystalline တွေက နေရောင်ခြည်ကို လျှပ်စစ်အဖြစ် ပိုမိုပြောင်းလဲပေးနိုင်တာကြောင့် နေပူရှိန်ပြင်းတဲ့အပြင် ခေါင်မိုးနေရာ အကန့်အသတ်ရှိတဲ့ ဒေသတွေအတွက် ပိုအဆင်ပြေလို့ပါ။

ဒုတိယအချက်အနေနဲ့ TOPCon နဲ့ HJT တို့လို N-Type အခြေခံ နည်းပညာမြင့် ဆိုလာပြားတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ N-Type ဆိုလာပြားတွေက မြန်မာနိုင်ငံရဲ့ ပြင်းထန်တဲ့အပူချိန်ကို အံ့တုနိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှုကို သေချာထိန်းသိမ်းပေးနိုင်လို့ပါပဲ။ ဒါ့အပြင် Solar Cell တွေကို တစ်ဝက်စီခွဲပေးထားတဲ့ Half-Cut Cell နည်းပညာကလည်း ဆိုလာပြားအတွင်း အပူစုပုံလာတာကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆိုလာပြား ဝယ်ယူတဲ့အခါ N-Type + Half-Cut Cell ပါတဲ့ Monocrystalline Panel တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

3️⃣ ဆိုလာပြားတွေကို သေချာစနစ်တကျ တပ်ဆင်ဖို့ လိုအပ်ပါတယ်။

ဆိုလာပြားအရည်အသွေး ဘယ်လောက်ပဲ ကောင်းကောင်း၊ တပ်ဆင်ထားတဲ့ပုံစံ မှားယွင်းနေရင်လည်း စွမ်းဆောင်ရည်ကျဆင်းနိုင်တယ်ဆိုတာကို အမြဲသတိထားသင့်ပါတယ်။ ခေါင်မိုးပေါ်မှာ ဆိုလာတပ်ဆင်မယ်ဆိုရင် ဆိုလာပြားအောက်မှာ လေဝင်လေထွက်ကောင်းအောင် ခေါင်မိုးနဲ့ ဆိုလာပြားကြား အနည်းဆုံး ၄ လက်မကနေ ၆ လက်မလောက် အကွာအဝေးထားပေးသင့်ပါတယ်။ နေရာအကျယ်အဝန်းလုံလောက်တဲ့သူတွေအနေနဲ့ကတော့ မြေပြင်မှာ တပ်ဆင်တဲ့စနစ်ကို ပိုရွေးချယ်သင့်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဆိုလာပြားတွေက အရမ်းပူလာရင် လျှပ်စစ်ထုတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည် ကျသွားတတ်ပါတယ်။ မြေပြင်မှာ တပ်ဆင်တဲ့အခါ ဆိုလာပြားအောက်မှာ လေဝင်လေထွက် ပိုကောင်းတဲ့အတွက် အပူအောင်းမနေဘဲ ဆိုလာပြားတွေကို အေးနေစေပါတယ်။ ဒါကြောင့် ဆိုလာကနေ လျှပ်စစ်စွမ်းအင်ကို အပြည့်အဝ ပိုထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။

4️⃣ အရည်အသွေးနဲ့ အာမခံပိုင်းကို အမြဲဦးစားပေးပါ။

ဆိုလာပြားဆိုတာ တစ်နှစ်၊ နှစ်နှစ်ပဲသုံးပြီး ပြန်လဲရမယ့် ပစ္စည်းမျိုး မဟုတ်ပါဘူး။ ဒါကြောင့် နှစ်ပေါင်းများစွာကြာအောင် နေပူဒဏ်တွေကို ခံနိုင်ရည်ရှိဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Brand မျိုးတွေကို ရွေးချယ်ဝယ်ယူသင့်တဲ့အပြင် ပစ္စည်းအာမခံ (Product Warranty) နဲ့ စွမ်းဆောင်ရည်အာမခံ (Performance Warranty) အနည်းဆုံး (၂၅) နှစ်ရှိတဲ့ ဆိုလာပြားတွေကိုသာ သေချာစစ်ဆေး‌မေးမြန်းပြီးမှ ဝယ်ယူသင့်ပါတယ်။ အရည်အသွေးပိုင်းမှာဆိုရင်လည်း အပူဒဏ်တွေကို တခြားဆိုလာပြားတွေထက် ပိုခံနိုင်ရည်ရှိတဲ့ Tier 1 အဆင့်ရှိ Brand တွေကိုသာ သေချာရွေးချယ်သင့်ပါတယ်။

⚠️ အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် “မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့ အကိုက်ညီဆုံး ဆိုလာပြားကို ရွေးချယ်ရာမှာ”

▪️ Tropical Grade ဖြစ်ဖို့နဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိမရှိဖော်ပြပေးတဲ့ Temperature Coefficient (အပူဖော်ကိန်း) ကို သေချာစစ်ဆေးကြည့်သင့်သလို
▪️ Monocrystalline Panel အမျိုးအစားထဲက N-Type + Half-Cut Cell ပါတဲ့ ဆိုလာပြားတွေကို ဦးစားပေးရွေးချယ်သင့်တဲ့အပြင်
▪️ လေဝင်လေထွက်ကောင်းမွန်တဲ့စနစ်နဲ့ သေချာတပ်ဆင်ထားသင့်ပါတယ်။
▪️ ဒါမှသာ ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်အောက်မှာ ဆိုလာပြားရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းမသွားဘဲ ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေရဲ့ အိမ်အတွက် အရည်အသွေးပြည့်မီတဲ့ ဆိုလာပြားတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Sigma Solar Team က ပစ္စည်းရောင်းချပေးရုံတင်မဟုတ်ဘဲ မိတ်ဆွေတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့ လုပ်ငန်းခွင်ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံ (Load Profile) ကို သေချာတွက်ချက်ပြီး အသင့်တော်ဆုံး ဆိုလာစနစ်ကို အခမဲ့ အကြံပေးဆွေးနွေးပေးနေပါတယ်။ 💬

Sigma Solar အနေနဲ့...
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာနဲ့ ရွေးချယ်တပ်ဆင်ပေးခြင်း။
✅ မိမိတို့ထံတွင် တပ်ဆင်ထားသူများသာမက အခြားစနစ်အသုံးပြုနေသူများကိုပါ ကျွမ်းကျင် Technician များမှ စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို အခမဲ့ စစ်ဆေးအကြံပေးခြင်းတို့အပြင်
✅ Supply & Installation အပြင် Safety Devices များကို စနစ်တကျ ထည့်သွင်းတပ်ဆင်ပေးပြီး ဆိုလာစနစ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့လို့ ကိုယ့်အိမ်အတွက် အသင့်တော်ဆုံး ဆိုလာစနစ်ကို သိချင်တယ်ဆိုရင်တော့ Sigma Solar Page Messenger ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

17/08/2026

💡 Quotation တွေယှဉ်ကြည့်တဲ့အခါ အစပိုင်းမှာ ဈေးအနည်းငယ် သက်သာလို့ ရွေးလိုက်ပေမဲ့ (၃) နှစ်အကြာမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ❓

ဆိုလာတပ်ဆင်ဖို့ လေ့လာနေတဲ့အခါ ဈေးကွက်ထဲမှာ အင်ဗာတာနဲ့ ဘက်ထရီ Brand တွေ တူနေပြီး ဈေးနှုန်း အနည်းငယ်စီ ကွာခြားနေတဲ့ Quotation တွေကြားမှာ ဘယ်ဟာကို ရွေးရမလဲ ဝေခွဲမရ ဖြစ်နေပါသလား?

ဆိုလာစနစ်တပ်ဆင်တဲ့အချိန်မှာ ဘရန်းနဲ့ အရည်အသွေးက အဓိကလို့ ပြောကြပေမဲ့ လက်တွေ့မှာတော့ လူအများစု အရင်ဆုံးကြည့်မိကြတာ "စုစုပေါင်း ဈေးနှုန်း" ပါပဲ။ ဒါကြောင့် ရင်းနှီးရမယ့် စနစ်ကြီးတစ်ခုလုံးမှာ "ဒီဆိုင်က ဈေးနည်းနည်း ပိုသက်သာတယ်" ဆိုတာကို မြင်လိုက်တာနဲ့တင် ဘရန်းတူတာပဲဆိုပြီး အကောင်းဆုံးရွေးချယ်မှုလို့ ထင်တတ်ကြတာ ဝယ်ယူသူတိုင်းရဲ့ သဘာဝပါ။

ဒါပေမဲ့ တူညီတဲ့ Brand နာမည်တွေအောက်မှာ ဈေးနှုန်း အနည်းငယ် သက်သာသွားတိုင်း တကယ်ပဲ တွက်ခြေကိုက်သွားတာလား ဆိုတာကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန် အောက်ပါ အချက်လေးများကို သတိပြု ယှဉ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

🔍 ၁။ အတွင်းပိုင်း အရည်အသွေး နှင့် အာမခံ (Core Quality & Warranty)

အပြင်ပန်းမှာ Brand နာမည် တူနေပေမဲ့ အတွင်းမှာ အသုံးပြုထားတဲ့ Battery Cell အမျိုးအစား (Grade) နဲ့ အင်ဗာတာရဲ့ တရားဝင် အာမခံ (Official Warranty) ပါ/မပါ ဆိုတာက အင်မတန် အရေးကြီးပါတယ်။ အစပိုင်းမှာ ဈေးအနည်းငယ် သက်သာပေမဲ့ တရားဝင် အာမခံ မပါတဲ့၊ တရားဝင် ကိုယ်စားလှယ်ထံမှ တင်သွင်းထားခြင်း မဟုတ်သော (Unofficial) ပစ္စည်းတွေဟာ ရေရှည်မှာ Error တက်လာတဲ့အခါ တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိဘဲ ပိုမို နစ်နာတတ်ပါတယ်။

🛡️ ၂။ မျက်စိနဲ့ မမြင်ရတဲ့ လုံခြုံရေး စနစ် (Safety Standards)

Quotation တွေ ယှဉ်တဲ့အခါ အလွယ်တကူ သတိမထားမိတတ်တဲ့ နေရာကတော့ Safety Kits တွေ ဖြစ်ပါတယ်။ DC Breaker တွေ၊ မိုးကြိုးကာကွယ်ရေး စနစ် (SPD) တွေနဲ့ သတ်မှတ်စံချိန်မီ ကြိုးအထူ (Cable Size) တွေကို လျှော့ချသုံးစွဲလိုက်တဲ့အခါ ဈေးနှုန်း သက်သာသွားသယောင် ရှိပေမဲ့၊ စနစ်တစ်ခုလုံးရဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေး အသက်သွေးကြောကို ဖြတ်တောက်လိုက်သလို ဖြစ်သွားပါတယ်။

⚙️ ၃။ ဈေးနှုန်းလျှော့ချရာမှ ပြောင်းလဲသွားမည့် ရေရှည်ခိုင်ခံ့မှု (Durability)

ဈေးနှုန်း ပိုမိုသက်သာစေရန်အတွက် တပ်ဆင်ဘောင် (Structure) တွေကို စံချိန်မီ အလူမီနီယမ်ဘောင်တွေအစား သာမန် သံဘောင်တွေနဲ့ အစားထိုး အသုံးပြုထားတာမျိုး ကြုံရတတ်ပါတယ်။

⏳ ဒါဆို ဒီလို စံချိန်မမီတဲ့ ပစ္စည်းတွေနဲ့ တပ်ဆင်ထားတဲ့ စနစ်တစ်ခုဟာ ဝယ်ယူခါစမှာ ပြဿနာမပြသေးပေမဲ့ (၂) နှစ်၊ (၃) နှစ်အကြာမှာ ဘယ်လို ပြဿနာတွေ ယူဆောင်လာပေးနိုင်လဲ ❓

🔋 ဘက်ထရီပိုင်းဆိုင်ရာ ပြဿနာများ

အားသိုလှောင်နိုင်စွမ်း (Capacity) မြန်မြန်ကျဆင်းခြင်း : စံချိန်မမီတဲ့ ဘက်ထရီအများစုဟာ Cycle Life နည်းတဲ့အတွက် အသုံးများလာတာနဲ့အမျှ Capacity မြန်မြန်ကျဆင်းသွားတတ်ပါတယ်။ စံချိန်မီ ဘက်ထရီတွေကသာ နှစ်ပေါင်းများစွာ အားသိုလှောင်နိုင်စွမ်းကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။

BMS အရည်အသွေးနိမ့်ခြင်း : Grade နိမ့်တဲ့ BMS စနစ် သုံးထားတာကြောင့် Over Charge ဖြစ်တာနဲ့ အပူချိန်လွန်ကဲတာတွေကို မထိန်းချုပ်နိုင်ဘဲ ဘက်ထရီဖောင်းတာ၊ သက်တမ်းတိုတာတွေအပြင် ပေါက်ကွဲတာအထိပါ ဖြစ်လာနိုင်ပါတယ်။

Depth of Discharge ကွာခြားခြင်း : စာရွက်ပေါ်မှာ စွမ်းရည်ပြည့်တယ်လို့ ရေးထားပေမဲ့ လက်တွေ့အသုံးပြုတဲ့အခါ မီးအားမြန်မြန်ကျသွားတတ်ပါတယ်။ Quality ကောင်းတဲ့ ဘက်ထရီတွေကတော့ မီးအားကို 80% ကနေ 100% နီးပါးအထိ အချိန်ကြာကြာ အပြည့်အဝ သုံးနိုင်ပါတယ်။

☀️ ဆိုလာပြားပိုင်းဆိုင်ရာ ပြဿနာများ

စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းခြင်း (Degradation) : B Grade / C Grade Solar Panels တွေဟာ စွမ်းဆောင်ရည်ကျဆင်းတဲ့နှုန်း ပိုမြင့်တဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာပဲ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။

အတွင်းပိုင်း အက်ကွဲမှု (Micro Cracks) များ : ဒီလို အက်ကွဲတာတွေပေါ်လာတာနဲ့အမျှ Hot Spots တွေ ပေါ်လာနိုင်ပြီး စွမ်းဆောင်ရည်ကျဆင်းတာအပြင် မီးဘေးအန္တရာယ်အထိပါ ဖြစ်လာနိုင်ပါတယ်။

⚡ အင်ဗာတာနှင့် လျှပ်စစ်ပစ္စည်း ထိခိုက်မှုများ

Waveform မသန့်စင်ခြင်း : အရည်အသွေးမပြည့်မီတဲ့ အင်ဗာတာတွေက Pure Sine Wave (သန့်စင်ညီညာတဲ့ လျှပ်စစ်လှိုင်း) ကို မထုတ်ပေးနိုင်တာကြောင့် လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မော်တာနဲ့ အိမ်သုံး အီလက်ထရွန်းနစ်ပစ္စည်းတွေကို ရေရှည်မှာ ထိခိုက်ပျက်စီးစေပါတယ်။

⚠️ Safety Kits နှင့် Mounting Structure ပြဿနာများ

Circuit ဘရိတ်ကာနဲ့ Cable ကြိုး အရည်အသွေးနိမ့်ခြင်း : အချိန်မီ မဖြတ်တောက်နိုင်တာ၊ လျှပ်စစ်စီးဆင်းမှု များလာတဲ့အခါ ကြိုးအပူလောင်တာ၊ အရည်ပျော်တာနဲ့ မီးလောင်နိုင်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။

သံချေးတက်ခြင်း နှင့် မုန်တိုင်းအန္တရာယ် : ရိုးရိုးသံဘောင်တွေက သံချေးတက်လွယ်ပြီး လေပြင်းတိုက်တဲ့အချိန်မှာ ပုံပျက်/ပြုတ်ကျနိုင်ပေမဲ့၊ အရည်အသွေးမြင့် အလူမီနီယမ် ဘောင်တွေကတော့ လေပြင်းဒဏ်ကို ကောင်းစွာခံနိုင်ပါတယ်။

💸 တကယ်တမ်း ကုန်ကျစရိတ် (Long-term ROI) ကို တွက်ကြည့်ဖူးပါသလား❓

ဆိုလာစနစ်တစ်ခု တပ်ဆင်တယ်ဆိုတာ (၁) နှစ်၊ (၂) နှစ် သုံးပြီး ပစ်လိုက်ရမယ့် အရာမဟုတ်ဘဲ (၅) နှစ်၊ (၁၀) နှစ်အထိ ရေရှည် ရင်းနှီးမြှုပ်နှံမှု (Long-term Investment) ဖြစ်ပါတယ်။

ဒီလို ပြဿနာတွေ ၃ နှစ်အကြာမှာ ဖြစ်လာတဲ့အခါ...
▪️ ဘက်ထရီအသစ်/အင်ဗာတာအသစ် ပြန်လဲရမယ့်စရိတ်
▪️ ပျက်စီးသွားတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း တန်ဖိုးများ
▪️ ပြင်ဆင်နေစဉ် မီးမရလို့ အလုပ်အကိုင် အဆင်မပြေဖြစ်ရသည့် ဆုံးရှုံးမှုများ
စတာတွေကို ပေါင်းလိုက်ရင် အစက သက်သာခဲ့တဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုမိုကုန်ကျ သွားရတတ်ပါတယ်။

ဒါကြောင့် စတင် တပ်ဆင်ကတည်းက ဈေးသက်သာတာတစ်ခုတည်းကို မကြည့်ဘဲ၊ အရည်အသွေးပြည့်မီတဲ့ Hardware တွေ၊ ပြည့်စုံတဲ့ Safety စနစ်တွေနဲ့ တရားဝင် အာမခံပါဝင်တဲ့ ဝန်ဆောင်မှုကို ရွေးချယ်ခြင်းကသာ တကယ့် ရေရှည်အကျိုးအမြတ် (High Long-term ROI) ကို သေချာပေါက် ပြန်လည် ရရှိစေမှာ ဖြစ်ပါတယ်။

Sigma Solar အနေနဲ့ -
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေသလို၊
✅ ကျွန်တော်တို့ Sigma Solar နဲ့ လက်တွဲတပ်ဆင်ထားတဲ့သူတွေသာမက၊ တခြားသော ကျွမ်းကျင်သူများနဲ့ တပ်ဆင်အသုံးပြုနေသူတွေအနေနဲ့လည်း မိမိတို့ရဲ့စနစ်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေရင် ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Technician တွေကနေ အခမဲ့ စစ်ဆေးဖြေရှင်းပေးနေပါတယ်။
✅ ဒါ့အပြင် ဆိုလာနဲ့ အရန်မီးပေးစနစ် တစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Safety Devices တွေကို စနစ်တကျ ထည့်သွင်းပေးတာကအစ ပစ္စည်းရောင်းချခြင်းနဲ့ တပ်ဆင်ခြင်း (Supply & Installation) လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာနဲ့ အခုပဲ Sigma Solar Page Messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

14/08/2026

“Post တင်စရာမလိုအောင်ကို အမြဲတမ်းလာဝယ်ကြတဲ့ Sigma Solar ရဲ့ Safety Kit များ”

⚡ မိတ်ဆွေတို့ရဲ့ ဆိုလာစနစ်အတွက် အရည်အသွေးအကောင်းဆုံး Safety Devices စုံစုံလင်လင်ကို Sigma Solar မှာ ဝယ်ယူနိုင်ဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါပဲ။ ဘာလို့လဲဆိုတော့ ဆိုလာစနစ်ဆိုတာ လျှပ်စစ်မီး၊ ဝိုင်ယာကြိုးတွေအပြင် လျှပ်စစ်ပစ္စည်းများစွာ ချိတ်ဆက်တပ်ဆင်ထားရတာကြောင့် ဘေးကင်းလုံခြုံမှု (safety) ပိုင်းက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

❗ ဒါကြောင့် Sigma Solar မှာ Safety Devices တွေ တစ်နည်းအားဖြင့် Safety Kit တွေဟာ Post တင်စရာတောင် မလိုဘဲ ဖောက်သည်တွေ အမြဲလာရောက်အားပေးကြတဲ့ အရောင်းသွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အရောင်းသွက်ပြီး အကုန်မြန်လေ့ရှိတဲ့ ပစ္စည်းတွေဖြစ်ပေမဲ့လည်း
🔹 Safety Kits က ဘာလဲဆိုတာနဲ့၊
🔹 ဆိုလာစနစ်တစ်ခုမှာ Safety Kit ရဲ့ အရေးပါမှုကို သေချာမသိကြသေးတဲ့သူတွေလည်း ရှိတာကြောင့် Sigma Solar ရဲ့ လူကြိုက်အများဆုံး Safety Kit ပစ္စည်းတွေကို မိတ်ဆက်မပေးခင်မှာ Safety Kit တွေ အကြောင်းကို အရင်ရှင်းပြပေးသွားပါမယ်။

❓ "Safety Kit" ဆိုတာ ဘာလဲ?

Safety Kit နဲ့ပတ်သက်ပြီး လူအများစု နားလည်မှုလွဲကြတာကတော့ ဆိုလာတပ်ရင် ဆိုလာပြား (Panel) နဲ့ အင်ဗာတာ ရှိရင်ရပြီလို့ ထင်ကြတာပါ။ ဒါပေမဲ့ ဒါက အိမ်တစ်အိမ် ဆောက်ပြီး မီးခလုတ်တွေ၊ ဘရိတ်ကာတွေ မတပ်ထားသလိုမျိုးနဲ့တူပါတယ်။ Safety Kit ဆိုတာ ဆိုလာစနစ်ကို မမျှော်လင့်ထားတဲ့ လျှပ်စစ်အန္တရာယ်တွေ (ဥပမာ- မိုးကြိုး၊ လျှပ်စီးကြောင်း၊ ဝါယာရှော့) ကနေ အဓိက ကာကွယ်ပေးတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

❓ ဒါဆို Safety Kit က ဘယ်နှစ်မျိုးရှိတာလဲ၊ ပြီးတော့ လျှပ်စစ်အန္တရာယ်တွေကို ဘယ်လိုကာကွယ်ပေးတာလဲ?

အရှေ့မှာ ရှင်းပြခဲ့သလိုပဲ ဆိုလာစနစ်ရဲ့ နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့ လျှပ်စစ်အန္တရာယ်တွေ ရှိနေတတ်ပါတယ်။ Safety Kit က ဘယ်အန္တရာယ်တွေကို ဘယ်လိုမျိုး ကာကွယ်ပေးလဲဆိုရင်

1️⃣ လျှပ်စီး (Surge) အန္တရာယ်မှ ကာကွယ်ပေးခြင်း : လျှပ်စီးကြောင်းအန္တရာယ်ဆိုတာဟာ မိုးကြိုးပစ်တဲ့အချိန်မှ စိတ်ပူရတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အိမ်နားတစ်ဝိုက်က လျှပ်စစ်မီးတိုင်မှာဖြစ်တဲ့ လျှပ်စီးကြောင်း (Surge) တွေက ဝါယာကြိုးတွေကနေတဆင့် အင်ဗာတာနဲ့ ဆိုလာပြား (Panel) တွေဆီကို စက္ကန့်ပိုင်းအတွင်း ဝင်ရောက်ဖျက်ဆီးပစ်နိုင်ပါတယ်။ Safety Kit တစ်ခုဖြစ်တဲ့ Surge Protection တွေက ရုတ်တရက်ဝင်ရောက်လာနိုင်တဲ့ လျှပ်စီးလှိုင်းတွေကို ကြားကနေ ဖြတ်တောက်ပေးပြီး အင်ဗာတာရဲ့ Board ပြားတွေ မလောင်ကျွမ်းအောင် ကာကွယ်ပေးပါတယ်။

2️⃣ ဗို့အား (Voltage) အတက်အကျထိန်းညှိပေးခြင်း : အင်ဗာတာကို On-Grid သုံးတာပဲဖြစ်ဖြစ်၊ Off-Grid သုံးတာပဲဖြစ်ဖြစ် Grid ဘက်က လာတဲ့ လျှပ်စစ်အားက အမြဲတမ်း မတည်ငြိမ်နိုင်ပါဘူး။ မီးအား ရုတ်တရက် တက်လာတာ (High Voltage) ဒါမှမဟုတ် ကျသွားတာမျိုး (Low Voltage) ဖြစ်တဲ့အခါ အင်ဗာတာတွေက အရင်ဆုံး ပျက်စီးတတ်ပါတယ်။ Safety Kit တစ်မျိုးဖြစ်တဲ့ VA Protector ကတော့ မီးအားကို အမြဲတမ်း စောင့်ကြည့်ပေးပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်တာနဲ့ ဆိုလာစနစ်ကို ချက်ချင်းရပ်တန့်လိုက်ပြီး လျှပ်စစ်ပစ္စည်းတွေကို ကာကွယ်ပေးပါတယ်။

3️⃣ လျှပ်စစ်မီးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ပေးခြင်း : လျှပ်စစ်မီးအန္တရာယ်တွေနဲ့ မီးလောင်မှုတွေကို အဓိက ကာကွယ်ပေးတာကတော့ ဘရိတ်ကာပဲဖြစ်ပါတယ်။ ဘရိတ်ကာဆိုရင် မီးကို ပိတ်ဖို့၊ ဖွင့်ဖို့ (on-off) လောက်ပဲ အသုံးဝင်တယ်လို့ အထင်မှားတတ်ကြပါတယ်။ တကယ်တော့ ဘရိတ်ကာဟာ ဝန်ပို (Overload) ဖြစ်တဲ့အချိန်နဲ့ ဝါယာရှော့ (Short Circuit) ဖြစ်တဲ့အချိန်တွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်အောင် ကာကွယ်ပေးလေ့ရှိပါတယ်။ Safety Kit တစ်ခုဖြစ်တဲ့ ဘရိတ်ကာတွေကတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို စက္ကန့်ပိုင်းအတွင်း ဖြတ်တောက်ပေးလေ့ရှိပါတယ်။

❗ ဒီနေရာမှာ တစ်ခုသတိထားရမှာက အရည်အသွေးမပြည့်မီတဲ့ ဘရိတ်ကာတွေက လျှပ်စစ်အန္တရာယ်ကို ချက်ချင်းမဖြတ်တောက်ပေးနိုင်တဲ့အတွက် အပူလွန်ကဲပြီး မီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ Safety Kit ဝယ်ယူတဲ့အခါ Safety Kit ဖြစ်ရုံနဲ့ မပြီးဘဲ အရည်အသွေးပြည့်မီတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့က အရေးကြီးဆုံးပါပဲ။

ဒီလိုမျိုး ဆိုလာစနစ်တစ်ခုလုံးရဲ့ အသက်သွေးကြောလိုဖြစ်နေတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် Safety Kit တွေရဲ့ အရည်အသွေးပိုင်းက အထူးပဲ အရေးကြီးပါတယ်။ ဒါဆိုရင်…

❓ Sigma Solar က ရောင်းချတဲ့ Safety Kit တွေရဲ့ အရည်အသွေးကို ဘာနဲ့တိုင်းတာလဲ?
ကျွန်တော်တို့ Sigma Solar မှာ ရောင်းချပေးနေတဲ့ Safety Devices တွေဟာ "အရည်အသွေးကောင်းပါတယ်" လို့ ရိုးရိုးပြောနေရုံတင်မဟုတ်ဘဲ အောက်ပါအချက်တွေနဲ့ သေချာသက်သေပြ တိုင်းတာထားတာ ဖြစ်ပါတယ်။

💯 နိုင်ငံတကာ စံချိန်စံညွှန်းလက်မှတ်များ (International Certifications) : ပစ္စည်းတိုင်းဟာ ကမ္ဘာ့အဆင့်မီ TUV, CE, CB နဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ IEC (International Electrotechnical Commission) စံနှုန်းတွေကို အပြည့်အဝရရှိထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

💯 နာနိုစက္ကန့်ပိုင်းအတွင်း တုန့်ပြန်နိုင်စွမ်း (Response Time) : လျှပ်စီးကြောင်း (Surge) ဝင်လာတဲ့အခါ စက္ကန့်ရဲ့ သန်းပုံတစ်ပုံ (Nanoseconds) အောက်အတွင်းမှာတင် စနစ်တစ်ခုလုံးကို အလိုအလျောက် လမ်းလွှဲကာကွယ်ပေးနိုင်ပါတယ်။

💯 မီးဒဏ်ခံနိုင်ရည်ရှိသော ပစ္စည်းများ (Flame-Retardant Materials) : ပစ္စည်းတွေရဲ့ ကိုယ်ထည်ကို အပူချိန်မြင့်မားမှုနဲ့ မီးလောင်ကျွမ်းမှုကို အကောင်းဆုံးအဆင့် (V-0 Class) အထိ ခံနိုင်ရည်ရှိတဲ့ အထူးပလတ်စတစ်ပစ္စည်းများနှင့် ကြေးနီစစ်စစ်တွေနဲ့သာ တည်ဆောက်ထားပါတယ်။

ဒီလို နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ တင်းကျပ်တဲ့ အရည်အသွေး သတ်မှတ်ချက်တွေနဲ့ အပြည့်အဝကိုက်ညီနိုင်ဖို့အတွက် Brand ရွေးချယ်မှုကလည်း အဓိကကျလာပါတယ်။

❓ Sigma Solar က ဘာလို့ ဒီ Brand တွေကိုပဲ ရွေးချယ်တာလဲ?

စျေးကွက်ထဲမှာ အခြား Brand ပေါင်းစုံရှိပေမဲ့ Sigma Solar အနေနဲ့ Suntree, LOGO, SOLID စတဲ့ Brand တွေကိုပဲ ရွေးချယ်တင်သွင်းရတဲ့ အဓိကအကြောင်းရင်းကတော့ -

💯 Suntree : သူကတော့ တစ်ကမ္ဘာလုံးက ဆိုလာလုပ်ငန်းရှင်တွေ ယုံကြည်အားကိုးရတဲ့ Solar & DC Protection ပိုင်းမှာ ကမ္ဘာ့ထိပ်တန်း သီးသန့်အထူးပြု ထုတ်လုပ်တဲ့ Brand ဖြစ်လို့ပါ။

💯 LOGO & SOLID : မြန်မာနိုင်ငံရဲ့ အပူချိန်မြင့်မားတဲ့ ရာသီဥတုနဲ့ မီးအား မငြိမ်သက်မှုတွေ ရှိတဲ့ အခြေအနေတွေအောက်မှာ စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ အကြမ်းဆုံးခံနိုင်ကြောင်း လက်တွေ့စမ်းသပ်မှုတွေအရ သက်သေပြပြီးသား Brand တွေဖြစ်လို့ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အရည်အသွေးပိုင်းရော၊ Brand ပိုင်းမှာပါ ယုံကြည်စိတ်ချရတဲ့အတွက် Sigma Solar မှာ အမြဲတမ်း အရောင်းသွက်နေတဲ့ ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါခင်ဗျာ။

⚡ မိုးကြိုးနှင့် လျှပ်စီးအန္တရာယ်တွေကို ကာကွယ်ပေးမယ့် Surge Protection Device များ

🔌 Suntree DC Side Surge Protection (SRD-30 နှင့် SUP2H8-PV)

ဒီပစ္စည်းလေးတွေက ဆိုလာပြား (Panel) ဘက်ကနေ ဝင်လာနိုင်တဲ့ လျှပ်စီး (Surge) တွေကို အင်ဗာတာဆီ မရောက်ခင် ကြားဖြတ်ကာကွယ်ပေးတာပါ။

✅ SRD-30 : အိမ်သုံး ဆိုလာစနစ် အသေးစားလေးတွေနဲ့ ဆိုလာပြား နည်းနည်းပဲသုံးတဲ့ နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ လျှပ်စီးပမာဏ 30kA အထိ ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားပါတယ်။

✅ SUP2H8-PV : သူကတော့ Solar စနစ်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အဆင့်မြင့်အမျိုးအစားပါ။ အင်ဗာတာ ဆိုဒ်ကြီးကြီးတွေနဲ့ ဆိုလာပြား အများကြီးတပ်ဆင်ထားတဲ့ စနစ်ကြီးတွေအတွက် ဗို့အားနဲ့ လျှပ်စီးခံနိုင်ရည် ပိုများတဲ့ မော်ဒယ်ဖြစ်လို့ ပိုပြီး စိတ်ချရပါတယ်။

🔌 Suntree AC Side Surge Protection (SUP1H-40)

ဒီပစ္စည်းကတော့ အစိုးရမီး (Grid) ဘက်ကနေ လျှပ်စစ်မီးတိုင်တွေကတစ်ဆင့် ရုတ်တရက် ဝင်ရောက်လာနိုင်တဲ့ လျှပ်စီးအန္တရာယ်တွေကို ကာကွယ်ပေးတာပါ။ မော်ဒယ်နာမည်မှာပါတဲ့ '40' အရ လျှပ်စီးပမာဏ 40kA အထိ အလွယ်တကူ ခံနိုင်ရည်ရှိအောင် အထူးထုတ်လုပ်ထားတဲ့အတွက် အင်ဗာတာကို အထိရောက်ဆုံး အကာအကွယ်ပေးနိုင်ပါတယ်။

⚡ မီးအားအတက်အကျ (Voltage) အန္တရာယ်ကို ကာကွယ်ထိန်းချုပ်ပေးမယ့် Voltage Protection များ

🔌 Logo VA Protector

သာမန် ဘရိတ်ကာတွေလို မီးပျက်မှ ပြုတ်ကျတာမျိုးမဟုတ်ဘဲ၊ အစိုးရမီး (Grid) ဘက်ကလာတဲ့ ဗို့အား (Voltage) အတက်အကျနဲ့ လျှပ်စစ်စီးဆင်းမှု (Current) ကို အမြဲတမ်း စောင့်ကြည့်ပေးနေတဲ့ ပစ္စည်းပါ။ ကိုယ်သတ်မှတ်ထားတဲ့ မီးအားပမာဏထက် ကျော်လွန်တာနဲ့ အလိုအလျောက် ဖြတ်ချပေးပြီး၊ မီးအားပြန်မှန်သွားတဲ့အခါမှသာ စနစ်ထဲကို မီးပြန်လွှတ်ပေးတဲ့အတွက် အင်ဗာတာ Board ပြားလောင်ကျွမ်းခြင်းကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

⚡ ဝါယာရှော့နှင့် လျှပ်စစ်မီးအန္တရာယ်တွေကနေ ကာကွယ်ဖြတ်တောက်ပေးမယ့် Breaker System များ

🔌 Suntree AC Breaker System

ဒီ Safety Kit ကတော့ လျှပ်စစ်အသုံးပြုမှု များသွားလို့ ဝန်ပိုလာတဲ့အခါ (Overload) ဒါမှမဟုတ် ဝါယာရှော့ (Short Circuit) ဖြစ်လာတဲ့အခါမှာ စက္ကန့်ပိုင်းအတွင်း ချက်ချင်း ဖြတ်တောက်ပေးပါတယ်။ အရည်အသွေးမြင့် ပစ္စည်းဖြစ်လို့ အချိန်မီ မဖြတ်တောက်နိုင်ဘဲ အပူလွန်ကဲပြီး မီးလောင်ကျွမ်းတဲ့ အန္တရာယ်ကနေ ရာခိုင်နှုန်းပြည့် စိတ်ချရပါတယ်။

🔌 Solid Change Breaker (or Manual Change Breaker)

အစိုးရမီး (Grid) နဲ့ ဆိုလာမီးကို ကိုယ်တိုင် အလှည့်ကျ ပြောင်းလဲအသုံးပြုတဲ့အခါ (Manual Transfer) မီးနှစ်ခု တိုက်မိပြီး ရှော့ခ်ဖြစ်မယ့် အန္တရာယ် (Backfeeding) မဖြစ်အောင် သေချာထိန်းချုပ်ပေးတဲ့ ဘရိတ်ကာပါ။ မီးပြောင်းတဲ့ လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့လွယ်ကူပြီး လုံခြုံစိတ်ချရအောင် လုပ်ဆောင်ပေးပါတယ်။

❓ စျေးနှုန်းက ဘယ်လောက်ရှိလဲ? စျေးကြီးနေမှာလား?
"ဆိုလာစနစ်တစ်ခုလုံးကို ကာကွယ်ပေးမယ့် ပစ္စည်းဆိုတော့ စျေးတွေ အများကြီးပေးရမှာလား?" လို့ စိုးရိမ်စရာ ရှိပါတယ်။

💡 စျေးနှုန်းကတော့ ပစ္စည်းတစ်ခုချင်းစီအလိုက် ကျပ်သောင်းဂဏန်းကနေ သိန်းဂဏန်းဝန်းကျင်အထိ အမျိုးမျိုးရှိပြီး လက်ရှိစျေးကွက်အခြေအနေအရ စျေးနှုန်းအပြောင်းအလဲရှိနိုင်လို့ Page Messenger မှာ တိုက်ရိုက်မေးမြန်းပြီး စျေးနှုန်းအမှန်ကန်ဆုံးကို စုံစမ်းရယူနိုင်ပါတယ်။

စျေးကွက်အတွင်းရှိ စံချိန်စံညွှန်းမပြည့်မီသော သာမန်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနဲ့ လုံခြုံရေးကို အဓိကထား ထုတ်လုပ်ထားတဲ့ Original Brand အစစ်အမှန်တွေ ဖြစ်တဲ့အတွက် စျေးနှုန်းအနည်းငယ် ကွာခြားမှု (ပိုမိုမှု) ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို တန်ဖိုးအနည်းငယ် ပိုတာကို ဘာကြောင့် ရင်းနှီးမြှုပ်နှံသင့်တာလဲဆိုရင် - ကိုယ့်အိမ်မှာ တပ်ဆင်ထားတဲ့ အင်ဗာတာနဲ့ ဘက်ထရီတွေဟာ သိန်းဆယ်ဂဏန်း၊ သိန်းရာဂဏန်းအထိ တန်ဖိုးရှိပါတယ်။ စျေးကွက်ထဲက အရည်အသွေးမမီတဲ့ သာမန်ပစ္စည်းတွေ သုံးမိလို့ အရေးကြုံတဲ့အခါ ချက်ချင်းမဖြတ်တောက်ပေးဘဲ ရှော့ခ်ဖြစ်သွားရင် သိန်းရာချီတန်တဲ့ ဆိုလာစနစ်တစ်ခုလုံး ပြာကျပျက်စီးသွားနိုင်ပါတယ်။

ဒါကြောင့် "သိန်းရာချီတန်တဲ့ စနစ်ကြီးကို ကာကွယ်ဖို့အတွက် သိန်းဂဏန်းဝန်းကျင်တန်တဲ့ စံချိန်စံညွှန်းမီ Safety Kit တွေကို ရင်းနှီးမြှုပ်နှံခြင်းကသာ" အမြော်အမြင်အရှိဆုံးနဲ့ စိတ်အချရဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေအနေနဲ့လည်း ကိုယ့်အိမ်ရဲ့ ဆိုလာစနစ်အတွက် စိတ်ချယုံကြည်ရပြီး အရည်အသွေးကောင်းမွန်တဲ့ Safety Kit ကိုမှ ဝယ်ယူချင်ရင်ပဲဖြစ်ဖြစ်၊ ဆိုလာစနစ်တပ်ဆင်ဖို့ ဆွေးနွေးတိုင်ပင်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်ချက်အခြေအနေပေါ်မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် စနစ်မျိုးရရှိစေဖို့ Sigma Solar က 'အခမဲ့ အကြံပေးဆွေးနွေးခြင်း' ကို လုပ်ဆောင်ပေးနေပါတယ်။ 💬

Sigma Solar အနေနဲ့ -
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေသလို
✅ ကျွန်တော်တို့ Sigma Solar နဲ့ လက်တွဲတပ်ဆင်ထားတဲ့သူတွေသာမက တခြားသော ကျွမ်းကျင်သူများနဲ့ တပ်ဆင်အသုံးပြုနေသူတွေအနေနဲ့လည်း မိမိတို့ရဲ့စနစ်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေရင် ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Technician တွေကနေ အခမဲ့ စစ်ဆေးဖြေရှင်းပေးနေပါတယ်။
✅ ဒါ့အပြင် ဆိုလာနဲ့ အရန်မီးပေးစနစ် (Solar & Backup Power System) တစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Safety Devices တွေကို စနစ်တကျ ထည့်သွင်းပေးတာကအစ ပစ္စည်းရောင်းချခြင်းနဲ့ တပ်ဆင်ခြင်း (Supply & Installation) လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာနဲ့ အခုပဲ Sigma Solar Page Messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

Telephone

Website

Address


64(A) Street, Between 108th X 109th Street, Chanmyatharzi Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Sigma Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.