Miko-Singer

Miko-Singer

Share

မင်္ဂလာပါရှင် Miko-Singer Page မှကြိုဆိုပါတယ်ရှင့်

11/08/2026

ပတ်ဝန်းကျင်ဆိုတာ အမြဲဂရုစိုက်နေဖို့မလိုဘူး
________________________

တစ်ထောင်ဖိုးလောက်ပေးလည်း
တစ်ရာဖိုးလောက်တောင် ကျေးဇူးမတင်တဲ့အပြင်
တစ်သက်လုံး အမှန်လုပ်ခဲ့တာကိုတော့မမြင်ဘဲ
တစ်ခါလောက် လုပ်မိတဲ့အမှားကို
ပြောဖို့ ထိုင်ကြည့်နေတတ်တာကို
ပတ်ဝန်းကျင်လို့ ခေါ်တယ်

တကယ်တော့
ကိုယ့်ဘဝအကြောင်း သေချာမသိ
ကိုယ့်အလုပ်အကြောင်း နားမလည်ဘဲ
ထင်ရာမြင်ရာတွေ ပြောပြီး
လာဝေဖန်နေတာတွေက
ကိုယ့်အတွက်တော့ လုံးဝဘောင်မဝင်ဘူး

တစ်ချို့အရာတွေက
ရှင်းပြလိုက်မှ ပိုရှုပ်သွားတာတွေရှိတယ်

တစ်ချို့လူတွေနဲ့ဆက်ဆံရေးက
ကိုယ်ကတော့ ကောင်းစေချင်ပေမယ့်
အရင်ထက် ပိုဆိုးသွားတာတွေလဲ ရှိတယ်

လောကမှာ
ကိုယ့်စေတနာနဲ့ကိုယ်
အမုန်းခံရတာလဲ ရှိတယ်

ကိုယ့်ထမင်း ကိုယ်စားပြီး
အပြောခံနေရတာတွေလဲ ရှိတယ်

ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်နေလဲ
အပြစ်တင်ခံ အတင်းပြောခံရတာတွေလဲရှိတယ်

နောက်တော့
ငါတုန့်ပြန်နေလို့လဲ
ဘာမှ မထူးဘူးလေဆိုပြီး
ကိုယ့်အလုပ်ပဲ ကိုယ်အာရုံစိုက်လုပ်ပြီး
တိတ်တိတ်လေးပဲ နှုတ်ဆိတ်နေလိုက်တော့တယ်

ဘယ်သူ ဘာထင်ထင်
ကိုယ်မမှားဘူးလို့ ယုံကြည်ရင်
ကိုယ်လုပ်ချင်တာဘဲ ကိုယ်လုပ်တော့တယ်

ပတ်ဝန်းကျင်ဆိုတာ
ဂရုစိုက်နေဖို့ မလိုဘူးလေ။

10/08/2026

#သမ္ဗုဒ္ဓေဂါထာတော် #၏
#နောက်ခံဇာတ်ကြောင်း
---------------------------------------------------------------------------------

***ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင်
၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။

*ဒီပင်္ကရာ ၂ ဆူရှိတယ်၊
လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။

*အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်း ငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့ထဲမှာ ဆီအလှူခံတယ်။

*အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

*သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။
*ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။

*အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။

*တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပ ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။

*ဒီတော့ ပေါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။

*နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း "မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း" ပြန်မိန့်တယ်။

*မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။

*ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့်
အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

*အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့်
စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။
"အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်"။

*နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။
အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ "အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်"။

*မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။

*၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

*ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။

* ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။

* အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။
(သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

*သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

*အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈
ဝီသဉ္စ ဆိုတာ ၂၀
*အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈

ဒွါဒဿ ဆိုတာ ၁၂
သဟဿ ဆိုတာ ၁၀၀၀
*ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပဉ္စ ဆိုတာ ၅
သတ ဆိုတာ ၁၀၀
ပဉ္စသတ ဆိုတော့ ၅x၁၀၀ = ၅၀၀
သဟဿ ဆိုတာ ၁၀၀၀
*ပဉ္စသတ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊ ဆိုတာ
*၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ - ရှိခိုးခြင်း
သိရသာ - ဦးခေါင်းဖြင့်
အဟံ - ကျွန်ုပ်သည်
*နမာမိ သိရသာ မဟံ - ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏

ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။
နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။
သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး
ဦးညွတ်ထားတာမျိုး။

အပ္ပကာ - နည်းသေး၏
ဝါဠုကာ - သဲ
ဂင်္ဂါ - ဂင်္ဂါမြစ်
*အပ္ပကာ ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏

အနန္တာ - မရေမတွက်နိုင်အောင်များသော
နိဗ္ဗူတာ - နိဗ္ဗာန်ဝင်ခြင်း
ဇိနာ - မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်
*အနန္တာ နိဗ္ဗူတာ ဇိနာ - မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ

တေသံ - ထိုဘုရားရှင်တို့၏
ဓမ္မဉ္စ - တရားဓမ္မတို့ကို
သံဃဉ္စ - သံဃာတော်တို့ကို

အာဒရေန - ရိုသေစွာ
နမာမိ - ရှိခိုးပါ၏
အဟံ - ကျွန်ုပ်သည်
*အာဒေရန နမာမဟံ - ကျွန်ုပ်သည် ရိုသေစွာ ရှိခိုးပါ၏။

နမက္ကာရ - ဤသို့ရှိခိုးရသော
အာနုဘာဝေန - အကျိုးအားကြောင့်

ဟိတွာ - ပယ်ပျောက်ခြင်း
သဗ္ဗေ - ခပ်သိမ်းသော
ဥပဒ္ဒဝေ - ဘေးရန်တို့သည်
*ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ - ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ။

အနေက အန္တရာယာပိ - တစ်ခုမကသော အန္တရာယ်တို့သည်
ဝိနဿန္တု - ပျောက်ကွယ်ပါစေ။
အသေသတော - အကြွင်းမရှိ
*အနေက အန္တရာယာပိ ဝိနဿန္တု အသေသတော - တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ။

သမ်ဗုဒ်ဓေ အဌဝီသဉ်စ ၊ ဒှါဒသဉျစ သဟဿကေ
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
၅၁၂၀၂၈ ဆူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကို ကျန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗူတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ။
ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်းကျွန်ုပ်သည် ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။
ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

09/08/2026

‎ခံစရာရှိရင် ဦးနှောက်မပါတဲ့
‎လူကောင်းတွေက ထိပ်ဆုံးက
‎ခံရတာပဲ ဆိုတဲ့ စကားဟာ
‎နားထောင်လိုက်ရင် ရိုင်းသလိုလို ရှိပေမယ့်...
‎
‎တကယ့် လက်တွေ့ဘဝမှာတော့
‎အခါးသီးဆုံးသော အမှန်တရား
‎တစ်ခု ဖြစ်နေပါတယ်...
‎
‎ကျွန်တော်တို့ ငယ်ငယ်ကတည်းက
‎လူကောင်းဖြစ်အောင် နေပါ
‎သူတစ်ပါးကို ကူညီပါလို့
‎အမြဲ သွန်သင်ခံခဲ့ရပါတယ်...
‎
‎ဒါပေမယ့် ကံဆိုးတာက ဉာဏ်ပါတဲ့
‎လူကောင်းဖြစ်အောင် နေပါလို့တော့
‎သေချာ မသင်ပေးခဲ့ကြပါဘူး...
‎
‎အဲဒီအခါမှာ သနားတတ်တဲ့စိတ်
‎ကူညီချင်တဲ့စိတ် အားနာတတ်တဲ့
‎စိတ်တွေကိုပဲ ရှေ့တန်းတင်ပြီး...
‎
‎နောက်ဆုံးမှာ သူများတကာ
‎ကျူးလွန်ထားတဲ့ အမှားတွေ၊
‎ပေးဆပ်ရမယ့် အပြစ်တွေအတွက်...
‎
‎ထိပ်ဆုံးကနေ မြေစာပင်
‎ဖြစ်သွားရတဲ့ "လူကောင်း" တွေ
‎လောကမှာ ဒုနဲ့ဒေး ရှိပါတယ်...
‎
‎ဒီနေရာမှာ "ဦးနှောက်မပါဘူး" လို့
‎သုံးနှုန်းထားတာဟာ ပညာမတတ်တာ
‎IQ နိမ့်တာကို ဆိုလိုတာ မဟုတ်ပါဘူး...
‎
‎အခြေအနေကို မသုံးသပ်တတ်တာ
‎လူကဲမခတ်တတ်တာ၊ ကိုယ်ချင်းစာ
‎တရားကို နေရာလွဲမှား အသုံးချမိတာနဲ့...
‎
‎အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်
‎ကာကွယ်ရမယ့်စည်း မထားတတ်တာကို
‎ဆိုလိုတာ ဖြစ်ပါတယ်...
‎
‎ဉာဏ်မပါတဲ့ လူကောင်းတွေမှာ
‎အောက်ပါ ဆိုးကျိုးတွေကို
‎အမြဲတမ်း ရင်ဆိုင်ရတတ်ပါတယ်...
‎
‎သူတို့ဟာ အားနာတတ်တဲ့အတွက်
‎ဟင့်အင်း လို့ ငြင်းရမယ့် စကားကို
‎ဘယ်တော့မှ မပြောရဲပါဘူး...
‎
‎အဲဒီအခါ အခွင့်အရေးယူချင်သူတွေ
‎ အချောင်ခိုချင်သူတွေအတွက်
‎အကောင်းဆုံး ပစ်မှတ်ကြီး ဖြစ်လာပါတယ်...
‎
‎ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင်
‎အတူတူလုပ်ခဲ့တဲ့ သူတွေက
‎ရှောင်ထွက်သွားတတ်ပေမယ့်....
‎
‎တာဝန်ယူလိုစိတ်ရှိတဲ့
‎လူကောင်းတွေကတော့
‎မထွက်ပြေးဘဲ အားလုံးရဲ့ ကိုယ်စား...
‎
‎ထိပ်ဆုံးကနေ အပြစ်တွေ
‎ဒဏ်ရာတွေကို
‎ခံယူလိုက်ရတတ်ပါတယ်...
‎
‎လွယ်လွယ်နဲ့ ရတဲ့အရာကို
‎လူတွေက တန်ဖိုးမထားတတ်ကြပါဘူး...
‎
‎အမြဲတမ်း ခိုင်းတိုင်းရ
‎အကူအညီတောင်းတိုင်း ရနေတဲ့
‎လူကောင်းတစ်ယောက်ရဲ့
‎ပေးဆပ်မှုကို ကြာလာတဲ့အခါ...
‎
‎ကျေးဇူးတင်ရကောင်းမှန်း
‎မသိတော့ဘဲ "ဒါ သူ့တာဝန်ပဲ" လို့
‎ထင်လာတတ်ကြပါတယ်...
‎
‎ကရုဏာကို ပညာနဲ့ ထိန်းကျောင်းပါ
‎ဗုဒ္ဓဘာသာမှာလည်း "ကရုဏာ"
‎(သနားကြင်နာခြင်း) ရှိရုံနဲ့ မလုံလောက်ဘဲ...
‎
‎"ပညာ" (ဆင်ခြင်တုံတရား) ပါ
‎တွဲဖက်ပါမှ ပြည့်စုံတယ်လို့
‎ဟောကြားထားပါတယ်...
‎
‎သင့်ရဲ့ ကောင်းမြတ်တဲ့
‎စိတ်ထားဟာ သင့်ကို
‎ဒုက္ခပြန်မပေးစေဖို့ အောက်ပါ
‎အချက်တွေကို လေ့ကျင့်ကြည့်ပါ...
‎
‎ကိုယ် မလုပ်ပေးနိုင်တဲ့
‎အရာ ကိုယ့်အတွက်
‎ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အရာတွေကို ပြတ်ပြတ်သားသား ငြင်းပယ်တတ်ပါစေ...
‎
‎ငြင်းလိုက်လို့ စိတ်ဆိုးသွားမယ့်
‎လူတစ်ယောက်ဟာ သင့်အတွက်
‎တကယ့် မိတ်ဆွေကောင်း မဟုတ်ပါဘူး...
‎
‎လူတိုင်းအပေါ် ကောင်းမွန်စွာ
‎ဆက်ဆံတာ မှန်ပေမယ့်၊
‎သင့်ခေါင်းပေါ် တက်နင်းခွင့်တော့
‎ဘယ်သူ့ကိုမှ မပေးပါနဲ့...
‎
‎ကိုယ် ဘယ်လောက်အထိ
‎လိုက်လျောနိုင်တယ် ဘယ်အရာကို
‎တော့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့
‎ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိပါစေ...
‎
‎လူတိုင်းကို ကယ်တင်ရှင်
‎လုပ်နေဖို့ မလိုပါဘူး
‎တကယ် ဒုက္ခရောက်နေလို့
‎ကူညီရမယ့်သူလား...
‎
‎သင့်ရဲ့ စေတနာကို အခွင့်အရေး
‎ယူချင်နေတဲ့သူလား ဆိုတာကို
‎"ဉာဏ်" နဲ့ အရင်ဆုံး သုံးသပ်ပါ...
‎
‎"လူကောင်းတစ်ယောက်
‎ဖြစ်ရတာဟာ ဂုဏ်ယူစရာပါ...
‎
‎ဒါပေမယ့် သင့်ရဲ့ ဖြူစင်မှုကို
‎အမြတ်ထုတ်ချင်နေတဲ့
‎လောကကြီးထဲမှာ အသက်ရှင်
‎ရပ်တည်နိုင်ဖို့ဆိုရင်...
‎
‎သင့်ရဲ့ ကောင်းမြတ်မှုနောက်မှာ
‎'ဉာဏ်ပညာ' ဆိုတဲ့ အကာအကွယ်
‎တစ်ခု မဖြစ်မနေ ရှိနေဖို့ လိုအပ်ပါတယ်...
‎
‎အားနာတတ်တဲ့ စိတ်ကြောင့်
‎သူတစ်ပါးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို
‎ကိုယ့်ပခုံးပေါ် မတင်လိုက်ပါနဲ့...
‎
‎"ခံစရာရှိရင် ထိပ်ဆုံးက ခံရတဲ့
‎လူကောင်း" အဖြစ်ကနေ ရုန်းထွက်ပြီး...
‎
‎"နေရာမှန်မှာ စေတနာထားတတ်တဲ့
‎ဉာဏ်ပါသော လူကောင်း"
‎တစ်ယောက်အဖြစ် ရပ်တည်နိုင်ပါစေ...
‎
#စာပေ

25/11/2025

ချစ်သောဓာဓုကလျာ
တေးရေး သျှန်းထွဏ်(မြန်မာစာ)
တေးဆို မီကို
AI Generated Music Video

ချစ်သောဓာတုကလျာ 25/11/2025

မီကို YouTube ချန်နယ်အသစ်လေးကို subscribersလုပ်ခဲ့ကျပါအုံးရှင့် နောက်သီချင်းအသစ်လေးတေကို YouTube ကနေ အမြဲတင်ပေးသွားပါမယ်ရှင့်

ချစ်သောဓာတုကလျာ ချစ်သောဓာတုကလျာတေးရေး သှျန်ထွဏ်း {မြန်မာစာ}တေးဆို မီကိုAI Generated Music Video

Category

Website

Address


Mandalay