Distance Learning Academy - DLA

Distance Learning Academy - DLA

Share

Distance Learning

19/06/2024

အမေစု အမှတ်တရ သီချင်း

"အမေ" သီချင်းလေးကို ကျောင်းသားမိဘတစ်ဦးက သီဆိုထားပါတယ်။ အမေစုမွေးနေ့ အမှတ်တရ လွမ်းဆွတ်သတိရခြင်း အနေဖြင့်ပေါ့။

အနှစ်သာရရှိတဲ့ သီချင်းလေးကို နားထောင်ပေးပါနော်။
Comment Box မှာ လည်း YouTube link ချထားပေးပါမယ်။

https://youtu.be/iA91s9wLkKo?si=xMefaeZ6zabPt9wz

08/12/2023

Certificate in Teacher Education (Primary) Program သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ

နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်မှ ဖွင့်လှစ်သည့် Certificate in Teacher Education(Primary) သင်တန်းအတွက် ၂၀၂၄ ပညာသင်နှစ် သင်တန်းသား/သူ ခေါ်ယူခြင်းဖြစ်သည်။

သင်တန်းလျှောက်လွှာကို ဒီဇင်ဘာ ၂၅ တွင် ပိတ်သိမ်းမည်ဖြစ်သည်။

သင်တန်းသား/သင်တန်းသူများအနေဖြင့် အောက်ပါ သင်တန်းဆိုင်ရာ အချက်အလက်များကို သိရှိရမည်ဖြစ်သည်။
သင်တန်းအမျိုးအစား - Certificate in Teacher Education(Primary)
သင်တန်းကာလ - တစ်နှစ် (အပတ်စဥ် စနေ တနင်္ဂနွေ ညပိုင်းများ)
သင်တန်းနေရာ Zoom Cloud Meetings

နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ် ကို အောက်ပါသတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

- လျှောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ရမည်
(နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းပြီးဆုံးကြောင်း လက်မှတ် ပြသနိုင်လျှင် အသက်ကန့်သက်ချက်မထားပေ)
- အထက်တန်းအဆင့်နှင့်ညီမျှသော အောင်လက်မှတ်ပြသနိုင်ရမည်
(အောင်လက်မှတ် မပြသနိုင်သော်လည်း လက်ရှိသင်ကြားရေးလုပ်ငန်းများ တွင် ပါ၀င်လုပ်ဆောင်နေကြောင်း အဖွဲ့အစည်းထောက်ခံချက်ပါလျှင် လက်ခံမည်)
- ဆရာအတတ်ပညာကို ချစ်မြတ်နိုးပြီး ပညာရေးဖြင့်အသက်မွေး၀မ်းကြောင်းပြုရန် ရည်ရွယ်ထားသူဖြစ်ရမည်
- အွန်လိုင်းမှ သင်ကြားမည်ဖြစ်၍ ကောင်းမွန်သော အင်တာနက် ရရှိရမည်
- သင်တန်းမှ ပေးသည့် Reading Assignment များ၊ Quizzများ ၊ Presentation များကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရမည်

Application Form ကို အောက်ပါအတိုင်း ဖြည့်သွင်းနိုင်ပါသည်။ သင်တန်းဆိုင်ရာ အထောက်အထားတချို့ကို သီးခြားတောင်းခံမည်ဖြစ်ပါသည်။

https://forms.gle/womoEkqjb9ixPash7

မိမိကိုယ်တိုင်သင်တန်းအပေါ် တာ၀န်ယူမှု တာ၀န်ခံမှုရှိပြီး အမှန်တကယ်ပညာလိုချင်မှသာ ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါသည်။

အခြားသိရှိရန် အချက်များ

- နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်အနေဖြင့် အခြားသော ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် Partnership အနေဖြင့် ချိတ်ဆက်ဆောင်ရွက်နေပါသည်။
- Certificate in Teacher Education (Primary) သင်တန်းကို နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်၏ အရည်အသွေးအာမခံနိုင်မှုကိုသာ ပေးနိုင်သည်။
- သင်တန်းသား/သူ ရွေးချယ်ရာတွင် လူတွေ့စစ်ဆေးမေးမြန်းမှုပြုလုပ်မည်
- ကောင်းမွန်သည့်ပညာရေးရရှိရန်အတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်သည့်အတွက် သင်တန်းလည်ပတ်နိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လစဥ် မြန်မာငွေ ၁၀၀၀၀ ကျပ် လှူဒါန်းပေးရန် မေတ္တာရပ်ခံပါသည်။
-ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ကြိုးစားနေသည်။

နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်

01/12/2023

Certificate in Primary Education

Photos from Distance Learning Academy - DLA's post 21/04/2023

နွေဦးဖက်ဒရယ်အထက်တန်းကျောင်းတွင် စစ်ဆေးသည့် သိပ္ပံဘာသာရပ် မေးခွန်းလွှာ

https://www.facebook.com/nwayoofederalhighschool?mibextid=ZbWKwL

Photos from Distance Learning Academy - DLA's post 21/04/2023

နွေဦးဖက်ဒရယ်အထက်တန်းကျောင်းတွင် စစ်ဆေးသည့် သင်္ချာ မေးခွန်းလွှာ

https://www.facebook.com/nwayoofederalhighschool?mibextid=ZbWKwL

Photos from Distance Learning Academy - DLA's post 19/04/2023

နွေဦးဖက်ဒရယ်အထက်တန်းကျောင်းတွင် စစ်ဆေးသည့် အင်္ဂလိပ်စာ မေးခွန်းလွှာ

https://www.facebook.com/nwayoofederalhighschool?mibextid=ZbWKwL

Photos from Distance Learning Academy - DLA's post 18/04/2023

နွေဦးဖက်ဒရယ်အထက်တန်းကျောင်းတွင် စစ်ဆေးသည့် မြန်မာစာမေးခွန်းလွှာ

https://www.facebook.com/nwayoofederalhighschool?mibextid=ZbWKwL

07/04/2023

Grade 12 လေ့လာလိုသူများအတွက်

Grade 12 Mathematical Induction အခန်းကို ရှင်းပြပေးထားပါတယ်။ လိုအပ်သူများ နားထောင်သင်ယူနိုင်ပါတယ်။ Comment Box မှာ နားထောင်ပါ

03/02/2023

ကျောင်းအပ်လို့ရပြီနော်

မင်္ဂလာပါ
နွေဦးဖက်ဒရယ်အထက်တန်းကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကြားကာလ ပြည်သူ့ပညာရေးကျောင်းတစ်ခုဖြစ်ပါသည်။

ကျောင်းသားသူများ စဥ်ဆက်မပြတ်ပညာလေ့လာသင်ယူနိုင်စေရန် အခြေခံပညာမူလတန်းအဆင့်ကို ထပ်မံခေါ်ယူသွားပါမည်။

KG အပ်ရန်လိုအပ်ချက်များ

၁။ အသက် ၅ နှစ်ပြည့်ပြီးဖြစ်ရမည်။
၂။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၃။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/3361inkAN22qwzjj6

Grade 1 အပ်ရန်လိုအပ်ချက်များ

၁။ အသက် ၆ နှစ်ပြည့်ပြီးဖြစ်ရမည်။
၂။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၃။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/WdAX1BpvQs3HiR3X7

Grade 2 အပ်ရန်လိုအပ်ချက်များ

၁။ Grade 1 သင်ခန်းစာများကို သင်ယူပြီးမြောက်ပြီး ဖြစ်ရမည်။
၂ ။ အသက်၇ နှစ်ပြည့်ပြီးဖြစ်ရမည်။
၃။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၄။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/ # #

Grade 3 အပ်ရန်လိုအပ်ချက်များ

၁။ Grade 2 သင်ခန်းစာများကို သင်ယူပြီးမြောက်ပြီး ဖြစ်ရမည်။
၂ ။ အသက်၈ နှစ်ပြည့်ပြီးဖြစ်ရမည်။
၃။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၄။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/nhd1D54EoczTYhTM6

Grade 4 အပ်ရန်လိုအပ်ချက်များ

၁။ Grade 3 သင်ခန်းစာများကို သင်ယူပြီးမြောက်ပြီး ဖြစ်ရမည်။
၂ ။ အသက်၉ နှစ်ပြည့်ပြီးဖြစ်ရမည်။
၃။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၄။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/PUinGhVqEESGpnCu6

Grade 5 အပ်ရန်လိုအပ်ချက်များ

၁။ Grade 4 သင်ခန်းစာများကို သင်ယူပြီးမြောက်ပြီး ဖြစ်ရမည်။
၂ ။ အသက်၁၀ နှစ်ပြည့်ပြီးဖြစ်ရမည်။
၃။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၄။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/ecVe2XZHm5i3K9hk8

Grade 6 အပ်ရန်လိုအပ်ချက်များ

၁။ Grade 5 သင်ခန်းစာများကို သင်ယူပြီးမြောက်ပြီး ဖြစ်ရမည်။
၂ ။ အသက်၁၁ နှစ်ပြည့်ပြီးဖြစ်ရမည်။
၃။ ပြည်သူ့ပညာရေးကို သက်ဝင်ယုံကြည်သူဖြစ်ရမည်။
၄။ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများကို သပိတ်မှောက် ဆန့်ကျင်သူဖြစ်ရမည်။
ဖောင်ဖြည့်ရန် Link

https://forms.gle/MKUdjjP4aSTQypRKA

Category

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Distance Learning Academy - DLA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.