Learning with Treasure Pyae

Learning with Treasure Pyae

Share

စာရေးစာဖတ်အနုပညာများဖလှယ်ရန်

17/09/2025

Let's try the best, everyone!

12/08/2024
01/08/2024

အင်းဝ

' အဝ' ဆိုတဲ့ မြို့လေးကို
လွန်ခဲ့သောနှစ်များစွာက ရောက်ခဲ့ပါရဲ့။

မြို့အဝင်မန်ကျည်းပင်တန်းနဲ့
အုတ်ရိုးချို့ချို့ဟာ
ဆီးလို့ကြိုခဲ့။

အချစ်ရေ
"အဝ" ကို ရောက်ပြီ
ဘယ်ကိုသွားကြမလဲဆိုတော့

ရာဇဝင်ထဲမှာ အင်းဝကို
ရှာဖွေထားတဲ့ကိုယ်ဟာ
နန်းမြိုးရိုးကို သွားချင်သလို
နာရီစင်ကိုလဲ ရောက်ချင်ရဲ့

ကဲပါလေ
"မယ်နုအုတ်ကျောင်း"ကို အရင်သွားကြတာပေါ့။

အုတ်ကျောင်းဝါဝါ မိုးပြာပြာနဲ့
ထနောင်းအုပ်အုပ် ခေါင်းငုံ့ငုံ့နဲ့
မြေတိုက်မှောင်ထဲ တို့လှမ်းခဲ့ကြ။

အချစ်ရေ
တို့တော့ လှေကားပေါ်တက်
အတိတ်ကို မျှော်ငေးမယ်

မန်ကျည်းရွက်နုနုလို့ မသုံးနဲ့
မန်ကျည်းရွက်ထွတ်ထွတ်လို့ သုံး ရမယ်

အမည်ကို အပိုင်စီး
မာန်နဲ့ ကန့်သတ်ခဲ့တဲ့
မိဖုရားခေါင်ကြီးဟာ
အာရုံထဲ ဝင်လာခဲ့။

နန်းမတော်မယ်နုကို သတိရသလို
ဆရာတော်ဦးဗုဓ်ကိုလဲ အောက်မေ့မိတယ်။

ဪ -------
သံသရာမှာ ဆင်ခြင်စရာတွေ များခဲ့ပါရော့။

အုတ်ကျောင်းက ထွက်ခွာ
မြို့ရိုးတံခါးကိုဖြတ်ပြီး
ထားခဲ့ပြီ မယ်နုရေ။

ဆင်ကျုံးခံတပ်မှာ
နွားနို့ပူပူကိုသောက်ရင်း
ဧရာဝတီဟာ
နာကျင်စရာတွေ တွေးစေခဲ့။

နှစ်လေးဆယ်စစ်ပွဲဟာ
အင်းဝနဲ့ ဟံသာဝတီကို
ဘယ်လောက်တောင် ထောင်းထောင်းကြေစေခဲ့မလဲ။

ဗားကရာကျောင်း ၊ ရွှေစည်းခုံနဲ့
ထီးလှိုင်ရှင် စေတီကို ဖူးပြီး
ကိုယ်တို့ပြန်ခဲ့ကြတယ်။

မိုးရာသီ ရွှံ့ခရီးလမ်းမို့
တို့‌ေတွ ခရီးမဆက်ခဲ့ကြတာ မှတ်မိပါသေးရဲ့။

အခုတော့ အချစ်ရေ
တို့တွေ ပြောင်းလဲသလို
အုတ်ကျောင်းကြီးလဲ ပြောင်းလဲသွားပြီ။

မင်းခန္ဓာကိုယ်ကို ပြန်ပိန်အောင် လုပ်လို့ရနိုင်ပေမဲ့
တို့နှစ်ယောက်ရဲ့ ပျိုမြစ်နုနယ်ချိန်တွေကိုတော့
ပြန်မရနိုင်တော့ဘူး။

ဒါ့ထက်
ဆေးသုတ်ခံရတဲ့ အုတ်ကျောင်းကြီး
ရှေးမူပျက်သွားတာဟာ ပိုနာကျင်ရတာပေါ့။

ဒါနဲ့
ကိုယ်တို့ နောက်တစ်ခေါက်
"အဝ" ကိုရောက်ခဲ့ရင်
အုတ်ကျောင်းဆီကို လှည့်ကြဦးမလား-----------။

17/06/2024

🐊Crocodile နဲ့ Alligator 🐊က တူတူပဲလား🤔

ယနေ့ June 17ရက်နေ့ကတော့ Crocodile day ပဲ ဖြစ်ပါတယ်။🤎

မိကျောင်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) ကတည်းကရှိခဲ့တယ်လို့ ယူဆရတဲ့အတွက်
ယခုခေတ်မှာ အသက်အကြီးဆုံးတွားသွားသတ္တဝါတွေ ဖြစ်ပါတယ်။🤎

မိကျောင်းခေါင်းတိုကို Alligator လို့ခေါ်ပြီး Crocodile ကတော့ မိကျောင်းခေါင်းရှည်ပါ။🐊

ကဲ ဒါဆို မိကျောင်းခေါင်းတိုနဲ့ ခေါင်းရှည်ကို ပုံပန်းသွင်ပြင်အရ ဘယ်လိုခွဲကြမလဲ🤔

💥မိကျောင်းခေါင်းတို🐊

- ဦးခေါင်းက ကျယ်ပြန့်တယ်
-တိုပြီးဝိုင်းတဲ့ နှာတံရှိတယ်
-စတုတ္ထအောက်သွားက တခြားသွားတွေထက်ရှည်ပေမဲ့ ပါးစပ်ပိတ်လိုက်တဲ့အခါ အထက်မေးရိုးရှိ တွင်းကလေးထဲကို အံကျ ဝင်နေတယ်

💥မိကျောင်းခေါင်းရှည်🐊

-နှာခေါင်းနဲ့မျက်လုံးတွေဟာ မျက်နှာပေါ်မှာ မို့တက်နေတယ်
- တခါတလေ နှာခေါင်းနဲ့ မျက်လုံးတွေကိုပဲ ရေပေါ်မှာ ဖော်ပြီးနေတဲ့အခါ သစ်လုံးရှည်ကြီး မျောနေသလိုထင်ရတယ်။
- သူ့ရဲ့ စတုတ္ထအောက်သွားကလဲ တခြားသွားတွေထက်ရှည်တယ်။
-ပါးစပ်ပိတ်လိုက်တဲ့အခါ အထက်မေးရိုးအပြင်ဘက်ကို ထွက်လာတယ်။

💥မိကျောင်းတွေဟာ အသားစားသတ္တဝါ‌ေတွဖြစ်ပြီး
လူနဲ့ တိရိစ္ဆာန်တွေကို ရန်မူတတ်‌ေပမဲ့ သဘာဝပတ်ဝန်းကျင်ကို တစ်နည်းတဖုံ အကျိုးပြုနေပါတယ်။

💥မိကျောင်းတွေဟာ အသိုက်ဆောက်ပေးခြင်း၊ တွင်းတူးပေးခြင်းအားဖြင့် တခြားတိရစ္ဆာန်တွေအတွက် နေစရာတွေ ဖန်တီးပေးတတ်ပါတယ်။

💥မိကျောင်းတွေဟာ အရွယ်ရောက်လာတာနဲ့ အခြားတိရစ္ဆာန်ဦးရေကို ထိန်းညှိပေးပါတယ်။

💥အချို့ တိရစ္ဆာန်များ အလွန်အကျွံများပြားလာခြင်းဟာ အစာကွင်းဆက် တွက် သတိထားစရာဖြစ်လာပြီး ဂေဟစနစ်ကို ပျက်စီးစေတဲ့အတွက် မိကျောင်းတွေက သည်လိုနည်းနဲ့ အကျိးပြုနေတာပေါ့ကွယ်။

သို့ပေမယ့် ယခုအချိန်မှာတော့ လူတွေရဲ့ လောဘ၊ စည်းစိမ်ခံမှု တွေကြောင့် မိကျောင်းအကောင်ရေလျော့နည်းလာမှုကို ထိန်းသိမ်းဖို့နဲ့ မိမိကိုယ်ကို မိကျောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ တွက်
ဇွန်လ (၁၇)ရက်နေ့ " World's crocodile day" မှာ အသိပညာလေးတွေ မျှဝေလိုက်ရအောင်နော်။🥰

16/06/2024

မိကျောင်းလို ရက်စက်ကြမ်းကြုတ်‌တဲ့ သတ္တဝါမှာတောင် အချစ်ဆုံးသူငယ်ချင်းငှက်ကလေး Egyptian plover ရှိသတဲ့🐦

ချစ်သူကပစ်သွားတဲ့ အပြင် သူငယ်ချင်းကပါ ပလစ်ထားတဲ့ ခင်ဗျားလေးတို့အတွက် ဘာရှိပါသလဲ🤪

စကားမစပ် June17ရက်နေ့ဟာ မိကျောင်းခေါင်းရှည်နေ့
World's Crocodile Day ပါနော်

Photos from Learning with Treasure Pyae's post 08/06/2024

Grade - 5

Unit 1 Everyday English

Look at the picture and Read the phrase!

After reading the phrase,
Let's answer the worksheet!

Telegram: Contact @learningareawithtrpyae 04/06/2024

Facebook သုံးဖို့ အဆင်မပြေတော့ရင် Telegram channel မှာရှိနေပါမယ်။

သင်ရိုးသစ် သင်ခန်းစာများအတွက် အထောက်အကူဖြစ်စေမဲ့ additional knowledge and resources
များကို ဖြည့်ဆည်းပေးနိုင်ဖို့ကြိုးစားနေပါတယ်။

Link 👇လေးjoinပေးပါဦးနော်

Telegram: Contact @learningareawithtrpyae

Photos from Learning with Treasure Pyae's post 03/06/2024

G4
Science

အခန်း ၃ Animal Classes

မြန်မာနိုင်ငံတွင်မတွေ့ရသော ဥ ဥတတ်သည့်
နို့တိုက်သတ္တဝါ

နို့တိုက်သတ္တဝါများတွင် တစ်မျိုးတည်းသော
အဆိပ်ရှိသတ္တဝါ

သြစတေးလျတိုက်တောင်ပိုင်းနှင့် တက်စမေးနီးယားအနီးနားရှိ ကျွန်းများတွင်သာတွေ့ရသော
💬
**ဘဲတူဖျံတူ (duck_billed platypus)**

Photos from Learning with Treasure Pyae's post 03/05/2024

Unit 4 Grade 5📖
Signs, instructions and rules 📚

27/03/2024

ဆရာကြီးက - We are making history --လို့ဆိုရင်
ကိုယ်ကတော့ ဒီလိုလေး ဖြည့်ချင်တယ်
We are making strong people who can face wax and wane with self-possession.💪

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာလေးက အင်ကြင်းစာကြည့်တိုက်ရဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ အညာဒေသရဲ့ ရတနာတစ်ပါးဖြစ်တဲ့ မန်ကျည်းပင်ရိပ်အောက်မှာ ကလေးတွေစာဖတ်နေကြပုံပါ😍။ စာကြည့်တိုက်မှူးက ဆရာမြသန်းတင့် ရဲ့ စကားကို မျှဝေထားပေရဲ့။

"ဒီမယ်ကိုအောင်သင်း
ကျုပ်တို့ဦးနှောက်ထက်ကောင်းတဲ့ ဦးနှောက်တွေကိုယူပြီး ကလေးတွေအတွက်ပေးရမယ်။ ကလေးတွေ ဦးနှောက်ကောင်းဖို့ ကျုပ်တို့ အစွမ်းကုန်လုပ်ပေးရမယ်။ We are making history ... ကျုပ်တို့ဟာ သမိုင်းကို ဖန်တီးနေတာ။ ကလေးတွေကို အကောင်းစားကလေးတွေဖြစ်အောင် လုပ်ပေးတာသာလျှင် သမိုင်းကို ဖန်တီးရာရောက်မှာပေါ့။ ခင်ဗျားတို့ ကျုပ်တို့က တော်ကြာရင် သေကြတော့မှာ။"

- ဆရာမြသန်းတင့်

#ကလေးစာအုပ် #ကလေးပျော်စာကြည့်တိုက်

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Learning with Treasure Pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.