Ame Collection

Ame Collection

Share

Fashion,Skincare &Cosmetic လက်လီလက်ကားဝယ်ယူနိုင်ပါတယ်ရှင်

Photos from Ame Collection's post 04/10/2026

Babi Mild က အသစ်ထပ်မံထွက်ရှိထားတဲ့
Babi Mild Organic Deo Roll-on လေး (instock) ရောက်ထားပါပြီရှင်

ကလေးလေးတွေအတွက် သီးသန့်ထုတ်ထားတာမို့ စိတ်ချစွာသုံးလို့ရပါတယ်ရှင်။အဆော့သန်တဲ့ ကလေးလေးတွေ ၊ချွေးထွက်များတဲ့ သားသားမီးမီးတို့အတွက် တစ်ဗူးဝယ်ထား လုံးဝမမှားဖူးနော်

အသက်(၅) နှစ်အထက်ကလေးလေးတွေကစပြီး သုံးလို့ရပါပြီနော်။ဒီ Roll On ရနံ့လေးက သင်းသင်းမွှေးမွှေးလေးမို့ ကလေးရော လူကြီးပါ သုံးလို့အတော်လေးအဆင်ပြေတာနော်

ဂျိုင်းသားမည်းတာ အနံ့ဆိုးထွက်တာ အဖုအပိမ့်ထွက်တာ ယားယံတာ တွေအတွက် စိတ်မပူရတော့ဘူးနော် 🙅‍♀️❌

Organic formula မို့ ကလေးလေးတွေလို နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ

Sensitive skin ဖြစ်လို့ roll-on သုံးရမှာ ကြောက်နေတဲ့သူလေးတွေအတွက် ဒါလေးသုံးကြည့်နော်

Organic Chamomile ပါဝင်လို့ အသားအရေယားယံခြင်းကို ကာကွယ်ပေးပြီး တနေကုန် မွှေးရနံ့လေးနဲ့ လန်းဆန်းနေစေမှာပါ Sensitive ဖြစ်တဲ့ ဂျိုင်းသားလေးတွေအတွက် လုံးဝ အဆင်ပြေတယ်

ဂျိုင်းသား ညိုမည်းတာတွေကို သဘာဝအတိုင်း ဖြူဝင်းလာစေတယ်။အသားအရေ မည်းမှာ၊ ယားယံမှာ စိတ်ပူစရာ လုံးဝမလိုဘူးနော်။ကိုယ်သင်းရနံ့လေးကို တနေကုန်ထိန်းပေးနိုင်တဲ့ ပစ္စည်းကောင်းလေးပါရှင်

Photos from Ame Collection's post 03/10/2026

Babi Mild Ultra Mild Organic Shower (380ml)
အရောင်စုံလေး စိတ်ကြိုက်ရွေးနော်(Instock)

📌ရွေးချယ်စရာအရောင်(၃) ရောင်ရှိပါတယ်ရှင်
ကလေးရော လူကြီးပါ ကြိုက်ကြတာလေး

Organic ဖြစ်လို့ ကလေးပိစိလေးတွေကအစ စိတ်ချလက်ချသုံးပေးလို့ရပါတယ်နော်။ သူလေးက ကလေးရော လူကြီးတွေကအစ ကြိုက်နှစ်သက်စေတာလေးပါရှင်

ဗီတာမင်များစွာပါဝင်တဲ့အတွက်ကြောင့် အသားအရည်ကိုလဲ စိုပြေစေပါတယ်။အမြှုပ်ထွက်အားလဲ ကောင်းတယ်ရှင်

ရနံ့လေးကလဲ ခန္တာကိုယ်ပေါ် ၊ စွဲကျန်တာမို့ တကယ်စိတ်ကို ကြည်နူးလန်းဆန်းစေတာအမှန်ပါနော်

Photos from Ame Collection's post 03/10/2026

လူကြိုက်များတဲ့ ပစ္စည်းအသစ်အဝင်လေးတွေပါရှင့်

လက်လီ&လက်ကား (instock) မို့ ပစ္စည်းမှန်၊စျေးနှုန်းမှန်ဖြင့် စိတ်ချစွာ ဝယ်ယူအားပေးလို့ရပါတယ်ရှင်

လက်ကား Group Join ချင်တဲ့သူလေးတွေရှိလဲ အစ်မကို cb မှာ လာပြောလို့ရပါတယ်နော်🫶🫶🫶

Photos from Ame Collection's post 03/10/2026

Clinique Love pop Lipstick လေး အတန်ဆုံးစျေးနဲ့ရမှာမို့ လက်သွက်မှရမယ်ရှင်

📌Price - 25,000 ks
💄Shade - Love pop
📌USA made

ပန်းငါးပိရောင်လေးကိုမှ စိုစိုအိအိ Satin Type လေး၊ နူတ်ခမ်းသားပျက်စီးမှာ လည်းစိတ်ပူစရာမလိုအောင် Lip care effect ပါပါပြီးသားမို့ စိုးလိုက်တာနဲ့ အိစက်နေရော‌ဘဲ

Smooth Texture , Lightweight Feel , Comfortable Wear ဖြစ်လို့ Everyday ဆိုးလို့အရမ်းအဆင်ပြေသော

အရောင်လေး လည်းက အသားဆောင် တဲ့ အရောင်လေး မို့လေ ဘယ်လို skin colour မျိုး မဆို လိုက်တဲ့အရောင်လေးပါနော်

Moisturizer & primer effect ပါလို့ နှုတ်ခမ်းသားခြောက်တဲ့သူ ၊ နှုတ်ခမ်းသား ညို တဲ့ သူအဖတ်အဖတ် တွေ လန်ပြီး နှုတ်ခမ်းနီ ဆိုးရင် စပ်တတ်တတ် ကြီး ဖြစ်တတ်တဲ့ customer များ အတွက် ဒီ lipstick လေးတွေ ကို recommend ပေးပါတယ် ရှင့်

Photos from Ame Collection's post 02/10/2026

Clinique ထဲက Best Seller ဖြစ်တဲ့ နှုတ်ခမ်းနီလေးကို
Special Sale -25000 ks နဲ့ (instock) တန်တန်လေးရတုန်းယူပါနော်

💄02 - Bare Pop
👄ထူထူဆိုးလည်းလှ ပါးပါးဆိုးလည်းလှတဲ့ ဘိုဆန်ဆန်အရောင်လေး

ဘယ်မိတ်ကပ်lookနဲ့မဆို လှတယ်ကွယ်။လူကိုနုသွားစေတဲ့အရောင်မျိုးတာ ဒါလေးနော်

နှုတ်ခမ်းသားကိုအားဖြည့်ကာကွယိပေးတဲ့ lip primer ပါ ပါဝင်တဲ့
Clinique
Lip color + primer Lipstick
Full Size (USA Authentic)

❤️Glitter လေးလဲ ပါတော့ ခြောက်ကပ်ကပ်ကြီးလဲ ဖြစ်မနေဘူးနော် အရောင်လေးကလည်းလှမှလှလေး

❤️ Moisture ပါတဲ့ Lipstick လေးတွေကဆိုးရင်
နှုတ်ခမ်းသား ကို စိုစိုအိအိလေး ဖြစ်နေစေပါတယ်

❤️Clinique Color Pops lipstickလေးတွေဟာ
primer ပါပီးသား Primer + Lip Color မို့

❤️နှုတ်ခမ်း ညိုမဲတာကို ကာကွယ်ပေးတဲ့အပြင်
တာရှည်ပိုခံပါတယ်နော်
🛒အတန်ဆုံးစျေးနဲ့ရတုန်း ယူထားနော်ကိုယ့်ကာကာတို့

Photos from Ame Collection's post 02/10/2026

Japan က နာမည်ကြီးPelican Loving Butt Hip Care Scrub Soap 🍑
📌Price-24,000 ks (Instock)
🏆Japan မှာ Cosme No.1 ဆုရရှိထားတာမို့ result ကတော့ ရှယ်

မိန်းကလေးတွေ Body Area တစ်ခုမှာ တင်ပါး၊ ပေါင်နောက်ဘက်နဲ့ ပေါင်ခြံနားတဝိုက် မဲတာလေးတွေ
ကြာဆူးရှိသူလေးတွေ ဝက်ခြံရှိသူလေးတွေအတွက်တစ်တုံးတော့ ဝယ်ထားနော်

တစ်တုံးကိုအကြာကြီးသုံးးး၃လလောက်သုံးရတယ်

✔️Office မှာ အချိန်ကြာကြာထိုင်ရသူတွေ၊
✔️ဘောင်းဘီအကျပ်တွေ ဝတ်တာများသူတွေ၊
✔️ပွတ်တိုက်မှုများသူတွေဆို…

🍑 တင်ပါးအသားအရေ မွဲမဲလာတာ
🍑 ထိလိုက်ရင် ကြမ်းကြမ်းလေးဖြစ်နေတာ
🍑 ဂျွတ်တက်သလို Dead Skin စုပုံနေတာ
🍑 အဖုသေးသေး၊ ကြာဆူးလေးတွေလို
Texture မညီတာ
🍑 ဒူး၊ တံတောင်ဆစ်ပါ ကြမ်းပြီး မွဲနေတာ
တွေ ဖြစ်လာရော

သူကတင်ပါးအသားအရေအတွက်ကို အဓိကထားပြီး
ထုတ်ထားတဲ့ Specialty Scrub Soap လေး။

သူ့ထဲမှာ Exfoliation ကို တစ်မျိုးတည်းမဟုတ်ဘဲ—

🍑 Peach Seed Powder + Konjac Scrub

Scrub နှစ်မျိုးပေါင်းထားလို့
စုပုံနေတဲ့ Dead Skin တွေကို
ဖြည်းဖြည်းဖယ်ရှားပေးပြီး
ကြမ်းတမ်း၊ အဖုအထစ်ဖြစ်နေတဲ့
Skin Texture ကို ပိုချောမွေ့လာအောင် ကူညီပေးတယ်။

ပြီးတော့ Fruit-derived AHA ပါလို့
Dead Skin Cell တွေဖယ်ရှားပေးပြီး
ပွတ်တိုက်မှုကြောင့် မွဲညစ်မညီညာတဲ့
Body Skin ကို ပိုကြည်လင်ညီညာတဲ့အသွင်ရလာအောင် ကူညီပေးတယ်။

🌿 Peach Leaf Extract
🌿 Aloe Vera
🥝 Kiwi Extract
🌿 Loquat Extract

လို Moisturizing Botanical Extract တွေပါလို့
ဆေးပြီးတဲ့အခါ အသားကို ခြောက်ကြမ်းကြမ်းကြီးမဖြစ်စေဘဲ နူးညံ့စိုပြေစေဖို့လည်းပါတယ်..

ပြီးတော့ အနံ့လေးကလည်း

🍑 Fresh & Sweet Peach Scent လေး…

အသည်းပုံ Soap လေးက ချစ်စရာအတွက်

သက်သက်မဟုတ်ဘူးနော်။

❤️ တင်ပါး၊ ပေါင်၊ ဒူးလို Body Curve တွေပေါ်မှာ ကိုင်ပြီး Massage လုပ်ရလွယ်အောင်
ဒီဇိုင်းလုပ်ထားတာ။

🍑 ဘယ်လိုသုံးမလဲ?

Soap ကို ရေစိုအောင်လုပ်ပြီး
အမြှုပ်ထွက်အောင်ပွတ်ပါ။

တင်ပါး၊ ပေါင်၊ ဒူး၊ တံတောင်ဆစ်လို
ကြမ်းပြီး မွဲနေတဲ့နေရာတွေကို စက်ဝိုင်းပုံစံနဲ့ ညင်ညင်သာသာ Massage လုပ်ပေး။

အမြှုပ်လေးကို ခဏထားပြီးရေလေးနဲ့
သေချာပြန်ဆေးချလိုက်ရုံပဲ။

Scrub ပါလို့ အားနဲ့ဖိတိုက်စရာမလိုပါဘူး။

အထိုင်များလို့ တင်ပါးမွဲမွဲကြမ်းကြမ်းဖြစ်နေပြီဆို
Body Lotion တစ်မျိုးတည်းနဲ့ ဖုံးမထားနဲ့တော့…

အရင်ဆုံး Dead Skin ကို သေချာ Care လုပ်။
ပြီးမှ Moisturize လုပ်။

🍑 တင်ပါးလေးလည်း Peach လေးလို
နူးနူးညံ့ညံ့ ချောချောမွေ့မွေ့ ဖြစ်နေမှပေါ့ရှင်❤️

Photos from Ame Collection's post 01/10/2026

𝐓𝐡𝐞 𝐎𝐫𝐝𝐢𝐧𝐚𝐫𝐲 Glycolic Acid 7% Exfoliating Toner(100 ml)
တမေးတည်းမေးနေကြတာလေး Instock ပါရှင့်

🏆ဆုတွေလဲ သိမ်းပိုက်ထားပြီးအရမ်းကိုမှ လူကြိုက်များ၊နာမည်ကြီးနေတဲ့ The ordinary ရဲ့ Exfoliating toner လေး
တစ်ဗူးတော့ ဝယ်သုံးကြည့်နော်(တစ်ဗူးဝယ်ထား ဘက်စုံသုံးပဲရှင်

မျက်နှာပေါ်မှာရှိတဲ့ အမဲစက် ၊ဝက်ခြံ &အဆီဖု၊အမာရွတ် တွေကို သက်သာစေပြီး မျက်နှာလေး ကြည်လင်စေရုံသာမက ချွေးပေါက်လေးတွေလဲ ကျဉ်းစေတယ်

ဂျိုင်းချွေးနံ့မနံအောင် ၊ဂျိုင်းမဲ ဒူးမဲ အသားရောင်မညီတာတွေနဲ့ ညိုမဲတဲ့နေရာတွေကအစ (၂) ပတ်အတွင်းသက်သာစေပါတယ်

ဦးရေပြား အဆီပြန် ဗောက်ထ ယားယံတာတွေကိုလဲ သက်သာစေတယ်။

ဒါ့ပြင် ခန္ဓာကိုယ်ပေါ်ရင်ဘတ်/ ကျောပြင်တို့မှာ ဖြစ်တတ်တဲ့ ဝက်ခြံဖု /ကြာစူး တွေကိုလဲ သက်သာစေပါတယ်နော်

ဒီ Glycolic acid လေးက အသားအရည်အတွင်းပိုင်းထိ dead cells တွေကို သန့်စင်ပေးနိုင်ပြီး ချွေးပေါက်များကို သက်သာစေလို့ အသားအရည် ကြည်လင်စေတယ်

💢 နေ့တိုင်းတော့ လိမ်းစရာမလိုဘဲ Exfoliating toner ဖြစ်လို့ တစ်ပါတ်မှာ 3 ကြိမ်လောက်သာသုံးပေးရပါတယ်

ညပိုင်း Cotton pad လေးနဲ့ သုံးပေးလဲ ရပါပီရှင်

‼️သူ့ကို သုံးပြီးရင် Moisturizer သေချာ လိမ်းပေးဖို့နဲ့
နေ့ဘက်မှာ ☀️ Sunscreen လေးတော့ လိမ်းဖို့ မမေ့ပါနဲ့နော်

💯 Authentic (USA import)

Photos from Ame Collection's post 01/10/2026

Bkk မှာ နာမည်ကြီးအသုံးများတဲ့ Vaseline ကအသစ်စက်စက်ထွက်ရှိိထားတဲ့ Body Wash (430 ml)
ဗူးတွေ အရောင်စုံ instock ရောက်ထားပါပြီရှင်

ကိုယ့်အသားရေနဲ့ ကိုက်ညီတာလေး ရွေးချယ်ဝယ်ယူလိုက်တော့နော်🫶ရေချိုးပြီးရင်ခန္ဓာကိုယ်လေးက ပိုသန့်သွားတယ်ဆိုတဲ့ ခံစားမှုလေးကိုလဲရစေတယ်ရှင်

ဒီ Vaseline body wash ကလည်း 99.99% antibacterial တွေကို သန့်စင်ဖယ်ရှားပေးပြီးအသားရေအတွက်လည်း အရမ်းကောင်းတယ်နော်။

Sale price နဲ့ဝယ်လို့ရထားလို့ စျေးတန်တန်လေးနဲ့ပဲရောင်းချထားပေးပါတယ်ရှင်

Vitamin B3 , Niacinamide , Lauric acid , Citri acid တို့ပါဝင်လို့ အသားရေလည်း ကြည်ဝင်းလာတယ်

အမဲစက် အမာရွတ်တွေကို မှေးမှိန်စေတယ်
သုံးပြီးရင် အသားရေသန့်သွားတာသိသာချင်တယ် အသားရေက ကြည်ကြည်လေးနဲ့ healthy skin လေးဖြစ်ချင်ရင်တော့ သုံးကြည့်ပါ

နည်းနည်းလေးသုံးရုံနဲ့ အမြုပ်ထွက်အားကောင်းတဲ့ body wash မို့ အသုံးလဲခံတယ်

Photos from Ame Collection's post 01/10/2026

Kiko ရဲ့ one magic touch လေးက်ိုဖွာတာအရမ်းပဲရှင်
📌Price-7****ks (instock)

💄01,02,03,04,05,06,07,08,09,10,11,12

One Click နဲ့ ပွင့်ပြီး နှုတ်ခမ်းထက်မှာ တစ်ချက်ထဲ နှိပ်လိုက်တာနဲ့ အလွယ်တကူ သုံးလို့ရတဲ့ Click System လေးနဲ့ မိုက်ချက်ကွယ်

Packaging ကအစ Luxury ဆန်ဆန်နဲ့သုံးချင်စရာလေး

Demi-Matte Soft Finish လေးမလို့ နှုတ်ခမ်းခြောက်မှာ လုံးဝပူစရာမလိုဘဲ ရေဓာတ်ကို အပြည့်အဝ ဖြည့်ပေးပါတယ်။ ကတ္တီပါလို နူးညံ့ပြီး နှုတ်ခမ်းပေါ်မှာ ဆွဲရတာ အိစက်ငြိမ့်ညောင်းလွန်းလို့ အမြဲ ဆောင်ထားချင်မယ့် Must-Have Item လေးပါရှင်

တနေကုန်ဘာစားစားလဲ မပျက်ဘူးနော်။အရောင်လေးတွေကအစ ဘိုဆန်ဆန်လေးနဲ့ Daily ဆိုးလဲလှသလို ပွဲတက်ပါမျက်နှာလေးကိုလင်းစေတဲ့အရောင်မျိုးလေးတွေကြည့်ပဲရှင်

Photos from Ame Collection's post 01/10/2026

BB LAB Lemon Dual Shot နာမည်ကြီးလူကြိုက်များနေတာလေး 📣

📌Price-4**** ks ,20g (10pcs) instock

BB LAB Olibly Organic EVOO Lemon Dual Shot ဖြစ်ပြီး Extra Virgin Olive Oil (EVOO) 65% + Lemon Juice 35% ကို ရောစပ်ထားတဲ့ wellness shot တစ်မျိုးပါ။

ဒီပစ္စည်းက ဆေးမဟုတ်ဘဲ အစားအစာဖြည့်စွက်/ကျန်းမာရေးအထောက်အကူပြု သောက်စရာလေးပါနော်

📌Olive Oil (Extra Virgin Olive Oil)
• Oleic acid ဆိုတဲ့ healthy fat ပါဝင်လို့ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်
• Polyphenol antioxidants တွေ ပါဝင်လို့ oxidative stress နဲ့ inflammation လျော့စေနိုင်တယ်
• အူလမ်းကြောင်းလှုပ်ရှားမှုကို ကူညီပြီး ဝမ်းချုပ်တာ သက်သာစေပါတယ်

🍋 Lemon Juice
• Vitamin C ပါဝင်လို့ antioxidant အကျိုးရှိတယ်
• အစာချေမှုကို အနည်းငယ် ကူညီနိုင်တယ်

BB LAB Lemon Dual Shot က lemon flavor နဲ့ သောက်ရလွယ်ပြီး daily routine ထဲ ထည့်သောက်ရတာ အဆင်ပြေပါတယ် 🍋အသားရေအတွက်ရော ကျန်းမာရေးအတွက်ပါ အထောက်ကူပြုပေးတာလေး

ကျွန်မအကြိုက်ဆုံးကတော့ fresh feeling ပေးပြီး အလုပ်များတဲ့နေ့တွေမှာ ကိုယ့်ကိုကိုယ် care လုပ်ပေးနေသလို ခံစားရတာပါ

အသားအရေကို အတွင်းကနေ support လုပ်ပေးချင်သူတွေ၊ busy lifestyle နဲ့ wellness routine ထည့်ချင်သူတွေအတွက် စမ်းကြည့်လို့ကောင်းတဲ့ product လေးပါ

Telephone

Website

Address


Mandalay
05011

Alerts

Be the first to know and let us send you an email when Ame Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.